Mon LayAugust 1, 20191min02
ကိုယ့်နာမည်ကို ခေါ်ရင် ချစ်စရာကောင်းတယ်ဆိုတာလေးကို ပြန်ရှယ်ချင်လို့ပါ။ မွန်လေးဆို အရင်ကဆို..မွန်လေးလို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးပြီး ခေါ်တတ်တဲ့အကျင့်မရှိခဲ့ပါဘူး။ မသိတဲ့သူတွေ၊ လူကြီးတွေတွေ့ပြီဆို သမီးကသမီးကနဲ့ ဆိုပြီးခေါ်ရာကနေ အဒေါ်က ကိုယ့်နာမည်ကို ခေါ်ပြီးပြောပါလားတဲ့..ချစ်ဖို့လည်းကောင်းသလို..ယဉ်လည်းယဉ်ကျေးတယ်တဲ့။ သူကပြောပေမဲ့ ကိုယ်မှ အဲလိုပြောပြီးမပြောတတ်တာ မခေါ်ဘူးဆိုပြီး ဒီလိုပဲနေခဲ့ရော။ တစ်ရက်လည်းကျရော မွန်လေးတို့အိမ်ကို အမျိုးအသိကလေးလေးတစ်ယောက်လာလည်ရော။ ပြီးတော့ မွန်လေးတို့အိမ်ရ ဲ့ဧည့်ခန်းမှာ ဆက်တီခုံတွေပြီးရင် ခြေထောက်တင်ဖို့ ခုံအပုလေးတစ်ခုံလေးလည်းထားထားသေးတာဆိုတော့ အဲ့ကလေးလေးက အဲ့ခုံအပုလေးလည်းမြင်ရော သူ့အမေကို မေမေ..ဒါဝိုင်းတို့မူကြိုကခုံလေးလိုပဲတဲ့..လို့ဆိုပြီး သူကယူထိုင်ရော..သူ့ကိုယ်သူ သူက ဝိုင်းတဲ့လေ။ သူ့အမေကို နာမည်ကဝို်င်းတဲ့လားလို့မေးတော့ မဟုတ်ရပါဘူးဟယ်တဲ့.. ဘယ်ကသူ့ကို်ယ်သူ ဝို်င်းလို့ခေါ်လာမှန်းမသိဘူးတဲ့..အဲ့မှာ..အဒေါ်ကဝင်ပြောပါလေရော..တွေ့လားတဲ့ နာမ်စားနာမည်နဲ့ ကို်ယ့်ကို်ယ်ကိုခေါ်တာ ဘယ်လောက်ချစ်ဖို့ကောင်းလဲတဲ့..ဆိုတော့မှ ကိုယ်လည်း သဘောတွေကျသွားပြီး..ကိုယ့်နာမည်တပ်ပြီး ခေါ်မယ်ပေါ့နော်.. နာမည်ရွေးတော့ ရှေ့နာမည်က အေးဆိုတော့ အေးကလေ အေးကလေ လို့လည်းခေါ်ရတာမကြိုက်..အလယ်စလုံးကျတော့ ခေါ်ရတာမကြိုက်ပြန်။ […]


kaiJuly 30, 20193min01
ယခင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် လေ့ကျင့်ခဲ့ကြတယ်နော်။ နမူနာအဖြစ် Winners and Loser နဲ့ Givers and Takers ဆိုတဲ့ Paragraph လေးနှစ်ပုဒ်တိတိ ရေးသားဖော်ပြခဲ့ပါတယ်။ Givers and Takers မှာ conclusion လေးကိုချန်ထားခဲ့ပြီး စာဖတ်သူများကိုယ်တိုင် ရေးကြည့်ကြဖို့ မှာကြားခဲ့ပါတယ်။ ယခုလမှာ ဖော်ပြပေးမဲ့ conclusion လေးနဲ့ ယှဉ်ကြည့်ကြပေါ့နော်။ ယခုလမှာတော့ narrative paragraph လေးတွေအကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ Narrative ဆိုတာကတော့ ဇာတ်လမ်းသဘောမျိုးပေါ့။ မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သို့မဟုတ် ကြားဘူးတဲ့ အဖြစ်အပျက်လေးတွေအကြောင်း ရေးသားရတာပါ။ ဒီ narrative paragraph ရဲ့ထူးခြားချက်ကတော့ အခြား paragraph […]


kaiJune 27, 20194min02
  အရင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် Winners and Loser ဆိုတဲ့ နမူနာ paragraph လေးကိုဖော်ပြပေးခဲ့ပါတယ်။ စာဖတ်သူတွေကမြန်မာပီပီ ဉာဏ်ရည်ထက်မြတ်ကြတော့ နမူနာလေးတစ်ခုလောက်နဲ့ဘဲ Compare and contrast paragraph တို့ကို ကောင်းကောင်းရေးတတ်သွားလောက်ပါပြီ။ ဒါပေမဲ့ ထပ်မံပြီးလေ့ကျင့်ကြပါဆိုလျှင် မည်သူမျှ ငြင်းကြလိမ့်မည် မထင်ပါ။ practice makes perfect ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ဒီတော့ ဒီလမှာ Givers and Takers ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Paragraph လေးတစ်ပုဒ် ထပ်ပြီးရေးကြရအောင်။ ဦးစွာပထမ topic sentence လေးကိုရေးရမှာပါ။ အားလုံးမှတ်မိကြပါတယ်နော် ။ ဆိုပါစို့ There are three […]


Mon LayJune 26, 20191min02
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


Mon LayApril 30, 20191min00
နို်င်ငံခေါင်းဆောင်ဆိုတာ..ဒီလိုဖြစ်နေရမယ်..အရမ်းကြီးပညာတတ်စရာမလိုပေမဲ့. ကိုယ်က အင်္ဂလိပ်စကားကို one by one ပြောနိုင်ရမယ်။ ဒေါ်စုကတော့ ပညာပါတတ်တော့ ပိုကောင်းသွားတာပေါ့။..အဲဒါမှ ပြောချင်တဲ့ လျှိ့ဝှက်ချက်ကိုတူနှစ်ကိုယ်ပဲ ပြောနို်င်မှာ။ ကြားလူကစိတ်ချရလားမရလားမသိ…။လေးစားပါတယ် ဒေါ်စု.


kaiApril 27, 20191min02
နှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ကြည်နူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မြန်မာပြည်ကို တကယ်လွမ်းစရာအချိန်မျိုးပေါ့နော်။ သင်္ကြန်ရက်ဆိုတော့ လူကြီးတွေရော၊ ကလေးတွေပါ အထူးပျော်မြူးကြတဲ့ အချိန် အခါမျိုးပါ။ ဥပုသ်စောင့်သူတွေက စောင့်ကြ ဘုန်းကြီးကျောင်းသွားသူတွေက သွားကြ ၊ရေပက်သူတွေပက်ကြ၊ ရေပက်ခံသူတွေခံကြနဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ ဦးနှောက်စားစေမဲ့ paragraph လေးတွေကို ခေတ္တရပ်ထားပြီး ပျော်စရာကောင်းတဲ့ နှလုံးသားရှိသူတိုင်းခံစားနိုင်မယ့် ကဗျာလေးတွေ ရေးကြရအောင်။ နောက်လကြမှ paragraph လေးတွေအကြောင်း ပြန်ဆက်ကြတာပေါ့။ အလွယ်ကူဆုံးဖြစ်တဲ့ Haiku လို့ ခေါ်တဲ့ ဂျပန်ဘာသာကလာတဲ့ ကဗျာတိုလေးတွေကို နမူနာယူပြီး Haiku လ ိုရှုပ်ရှုပ်ထွေးထွေး syllable ဘာတွေထည့်မတွက်တော့ဘဲ Line 3 lines ကဗျာလေးတွေ ရေးကြရအောင်။ အဓိကရည်ရွယ်ချက်ကတော့ paragraph တို့ essay တို့ ရေးတတ်ဖို့ပေါ့။ […]


kaiFebruary 27, 20196min01
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]


kaiSeptember 28, 20183min01
ယခုလမှာ complex sentence လေးတွေကို ရေးတတ်၊ ပြောတတ်လာအောင် လေ့လာကြပါစို့။ complex sentence လေးတွေကို လူတွေက simple sentence လေးတွေ compound sentence လေးတွေထက် ပိုပိုနှစ်သက်ပြီး သုံးလိုကြပါတယ်။ လူ့သဘာဝပေါ့နော်။ လူ့ဘဝကိုရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူလေးနေသွားလိုသူ နည်းပါးလှပါတယ်။ ဘုန်းကြီးအရေအတွက်နဲ့ လူအရေအတွက် ယှဉ်ကြည့်လိုက်ပါလား။ ဘဝကို ရှုပ်ရှုပ်ထွေးထွေးလေး ခက်ခက်ခဲခဲလေး ကျော်သွားနိုင်မှ လူဖြစ်ရကျိုး နပ်သလို ထင်တတ်သူတွေကများပါတယ်။ ဒီတော့ Complex sentence လေးတွေကို လူကြိုက်များတာ မဆန်းပါဘူး။ complex sentence လေးတွေကို transition words လေးတွေနဲ့သုံးစွဲရပါတယ်။ transition များစွာရှိတဲ့အနက် လူသုံးအများဆုံးတော့ because ဖြစ်ပါတယ်။ Because ပါတဲ့ adverb clause လေးဟာ […]


2018/ဇွန်လထုတ်/ ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြပြီးတဲ့ ကျနော့် ဆောင်းပါးကို သံယောဇဉ်တွယ်နေတဲ့ ဂဇက်ရွာထဲမှာ မှတ်တမ်း ချန်ခဲ့ပါကြောင်း         ကဗျာစာအုပ်ပါးပါးအတွက် ဝေဖန်၊ခံစားမှုပါးပါး ဆရာကျော်စွာခေါင်နဲ့ ဆရာမဝင့်ပြုံးမြင့် ၂ယောက် တွဲဆက် ရေးသားပြီး Journalist Publishing စာအုပ်တိုက်ကနေ ၂၀၁၈၊ မတ်လမှာ တန်ဖိုး ၂၀၀ဝိ/ကျပ်နဲ့ ထုတ်ဝေလိုက်တဲ့ “အချစ် ကဗျာများ” ဆိုတဲ့ ကဗျာစာအုပ်ခပ်ပါးပါးကို ကျွန်တော် ခပ်ပါးပါး ဝေဖန် / ခံစား ကြည့်ပါမယ်။ စကားအတင်း စပ်ပြီး ပြောရရင် ကျွန်တော်တို့ဆီမှာ စာပေ လေ့လာ/ ဝေဖန်သူတချို့က စာအုပ်တစ်အုပ်/ စာပေ အနုပညာ လက်ရာ တစ်ခုကို ဝေဖန်ရာမှာဖြစ်စေ၊ ခံစား ညွှန်းဆိုရာမှာ ဖြစ်စေ ပုံမှန်အားဖြင့် “SUBJECTIVISM” လို့ […]


ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


Mon LayMay 30, 20182min02
ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်ဟု 7 days news မှာဖတ်လိုက်ရပါတယ်။ ဘယ်အချိန်မှာ ထုတ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်းပြောထားပါတယ်။ အဲလိုဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မှာကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိတယ်လို့လည်းသိရပါတယ် အမှန်က ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံက အစကတည်းကရှိတာပါ။ ဆရာစံပိုက်ဆံပုံတို့က။ နောက်ပိုင်းသုံးခွင့်တွေပိတ်ပြီး ဆင်တို့၊ခြင်္သေ့တို့ပုံတွေဖြစ်လာပါ တယ်။ သူများနိုင်ငံတွေဆို.မွန်လေးရောက်ဖူးတဲ့နိုင်ငံတွေရဲ ့ပိုက်ဆံတွေကိုအရင်ပြောချင်ပါတယ်။ ထိုင်းပိုက်ဆံ ဘတ် သူတို့ဘုရင် ဘူမိဘောပုံနဲ့ထုတ်ထားတာပါ..ဘယ်လောက်ကျက်သရေရှိလဲ. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ ဗီယက်နန်ပိုက်ဆံ ဒေါင် သူတို့လေးစားရတဲ့ဟိုချီမင်းပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ လာအိုပို်က်ဆံ ကစ် သူတို့ချစ်ရတဲ့ […]


Min Paing Myat ThuMay 30, 20182min05
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။   အပိုင်း (၁) နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ (အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။) ———————————————————————————- ———————————————————————————- “နောက်တစ်ခါပေါ့..” သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။ “နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။ […]


zaw winMay 26, 20181min03
မိုးရွာနေရင် လသာတယ်လို့မှတ်ထားလိုက် ပူလောင်နေတဲ့ မင်းရဲ့စိတ်တွေ အေးချမ်းသွားလိမ့်မယ်။ နေပူနေရင် နှင်းကျနေတယ်လို့ မှတ်ထားလိုက် သောကစိတ်တွေ ငြိမ်းအေးသွားလိမ့်မယ်။ အရာရာကိုသည်းခံပြီး ရင်ဆိုင်ကျော်လွှားလိုက် မင်းဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းသုတ 25.5.2018 18:15 P.M