ဗိုလ်ချုပ်ပိုက်ဆံ

Mon LayMay 30, 20182min02

ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်ဟု 7 days news မှာဖတ်လိုက်ရပါတယ်။

ဘယ်အချိန်မှာ ထုတ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်းပြောထားပါတယ်။

အဲလိုဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မှာကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိတယ်လို့လည်းသိရပါတယ်

အမှန်က ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံက အစကတည်းကရှိတာပါ။ ဆရာစံပိုက်ဆံပုံတို့က။ နောက်ပိုင်းသုံးခွင့်တွေပိတ်ပြီး ဆင်တို့၊ခြင်္သေ့တို့ပုံတွေဖြစ်လာပါ

တယ်။

သူများနိုင်ငံတွေဆို.မွန်လေးရောက်ဖူးတဲ့နိုင်ငံတွေရဲ ့ပိုက်ဆံတွေကိုအရင်ပြောချင်ပါတယ်။

ထိုင်းပိုက်ဆံ ဘတ်

သူတို့ဘုရင် ဘူမိဘောပုံနဲ့ထုတ်ထားတာပါ..ဘယ်လောက်ကျက်သရေရှိလဲ. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။

ဗီယက်နန်ပိုက်ဆံ ဒေါင်

သူတို့လေးစားရတဲ့ဟိုချီမင်းပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။

လာအိုပို်က်ဆံ ကစ်

သူတို့ချစ်ရတဲ့ ဘုရင် Kaysone Phomvihaneပုံ.. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။

ကမ္ဘောဒီးယားပိုက်ဆံ ရီရယ်

သူတို့အထွတ်အမြတ်ထားရတဲ့ ဘုရင် Norodom Sihanoukပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။

စင်ကာပူပိုက်ဆံ စင်ကာပူဒေါ်လာ

သူတို့နိုင်ငံရဲ ့ပထမဆုံး သမ္မတ Yusof bin Ishakပုံ………. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။

အမေရိကန်နိုင်ငံမှာဆိုလည်း နာမည်ကြီးကျော်ကြားခဲ့တဲ့ သူရဲကောင်းတွေရဲ ့ပုံတွေနဲ့ ငွေကြေးလုပ်ကြတာတွေတွေ့ရပါတယ်။

ခုဆို မွန်လေးတို့ဗိုလ်ချုပ်ပုံပါတဲ့ပိုက်ဆံတွေ ပြန်ထုတ်တော့မယ် ဆိုတော့ အရင်ငယ်ငယ်ကသိမ်းထားခဲ့တဲ့ဗို်လ်ချုပ်ပုံပါပိုက်ဆံလေးတွေပြန်ပြီး

အသက်ဝင်လာတော့မယ်တူပါရ ဲ့။

2 comments

  • ဦးကြောင်ကြီး

    June 23, 2018 at 8:57 am

    အခြစ်သျှားကိုဖဲ့ချဉ်

    Reply

  • Shar Thet Man

    June 26, 2018 at 5:20 pm

    ကြောင်ကြီးကို သတ်ချင်

    Reply

Leave a Reply

Your email address will not be published.