zaw winJuly 17, 20121min09
– ငယ်စဉ်ခါက မိဘများကကျွေးမွေးပြုစု မြေတောင်မြှောက်ခဲ့ အရွယ်ရောက်လာ ကြင်ယာစုံတော့ သားသမီးတွေရလာပြန်ခဲ့ မိဘများက ကိုယ့်သားသမီး မြေးမြစ်များပေါ် သံယောဇဉ် ပူပင်ထားလျက်ရှိနေတုန်း – အိုမင်းလာပြန် မရှာဖွေနိုင် ကိုယ့်မှာလုပ်ကျွေး ကျေးဇူးဆပ်ဖို့လိုလာ မေ့လျော့ကာ ကိုယ့်သိုက်မြုံတွင်းကျင်လည်နေလျက် – ဘဝဆုံးလေပြီးမှ ကိုယ့်အလှည့်ကြုံလာ အော်-မိဘကျေးဇူး နေ့ခြားသိလာ “ရေစီးသာရှိ ရေဆန်မရှိပါ” ပြောစကား နောင်မှသိလာ ချိန်ခါမှီစောင့်ရှောက်ကြပါ။ မင်းသုတ 10:25 AM 13.2.2012


alinsettJuly 16, 20121min05
နောက်တစ်ပတ်အကြာတွင် ပါကစ္စတန်နိုင်ငံတကာလေကြောင်းမှ လေ ယာဉ်ပေါ် ကျွန်တော်ရောက်ကာ ပြတင်းပေါက်ဘေးခုံတွင်ထိုင်ရင်း ယူနီဖောင်း ဝတ်လေယာဉ်အမှုထမ်းများကို ကြည့်နေသည်။ မကြာခင် လေယာဉ်ထွက်လာ နိုင်ခဲ့ကာ တိမ်လွှာထုကို ထိုးခွဲနေပြီ။ ကျွန်တော့်မှာတော့ ပြတင်းခေါင်းမှီလျက်သား အိပ်ပျော်အောင်စောင့်နေပါသော်လည်း အချည်းနှီး။…………….. ………………… ___________________________ အခန်း (၁၅) သုံးနာရီကြာ လေယာဉ်စီးပြီး ပက်ရှဝါကိုရောက်ပြီ။ ဆေးလိပ်ခိုးထောင်းထောင်း ထနေသော အငှားယာဉ်၏နောက်ဘက်ထိုင်ခုံ အစုတ်အပြတ်တွင် ကျွန်တော် ထိုင်လိုက်လာသည်။ ဆေးလိပ်ကို လက်ကမချတမ်းသောက်လာသော ချွေးထွက်သန်သည့် လူကောင်သေးသေး ယာဉ်မောင်းက သူ့အမည် ဂိုလမ် ဖြစ်ကြောင်းမိတ်ဆက်သည်။ ကားချင်းမတိုက်မိအောင် ပွတ်ကာသီကာ ရှောင်ရင်းတိမ်းရင်း ကားကိုသွေးအေးအေးနှင့် ဗရမ်းဗတာမောင်းလာသော ယာဉ်မောင်းသည် စကားကိုသာ အမျှင်မပြတ်ပြော လာသည်။ ”ခင်ဗျားတို့ တိုင်းပြည်မှာကတော့ ကြောက်စရာကြီးနော် … ကျွန်တော်ပြော မယ်၊ အာဖဂန်နဲ့ […]


alinsettJuly 14, 20121min07
စမ်းသပ်မှုများပြီးသောအခါ ကျွန်တော်တို့စုံတွဲ အဘယ်ကြောင့် သားသမီး မရသည်ကို သူရှင်းမပြတတ်ကြောင်း ဖြေလေသည်။ ကြည့်ရသည်မှာ သိပ်ပြီးပုံမမှန် ဖြစ်ခြင်းမျိုးတော့မဟုတ်။ ဤပြဿနာကို ‘ဖြေရှင်းပြ၍မရသော သန္ဓေမအောင်ခြင်း’ ဟုခေါ်ဆိုသည်။ ________________________ ထို့နောက် ကုသခြင်းအဆင့်များ ရောက်လာသည်။ စိုးရာယာကိုယ်တိုင် မိမိကိုယ်ကို ဆေးပြင်းများ အတွဲလိုက်ထိုးခဲ့သည်။ ဤအဆင့် ကျရှုံးပြန်သောအခါ ဒေါက်တာရိုဆန်သည် ဖန်ပြွန်သန္ဓေသားကို အကြံပြုသည်။ ကုန်ကျစရိတ်ကို မဖာထေးပေးနိုင်ကြောင်း၊ ကံကောင်းပါစေကြောင်း၊ HMO မှ ယဉ်ကျေးသော စာတစ်စောင်ကို ကျွန်တော်တို့လက်ခံရရှိသည်။ ဧည့်စောင့်ခန်းတွင်ထိုင်ပြီး ရီဒါးစ်ဒိုင်ဂျက်စ်၊ အိမ်ထောင်ထိန်းသိမ်းမှု စသော မဂ္ဂဇင်းများကို လပေါင်းများစွာ ဖတ်ရှုနေခဲ့ရသည်။ မီးချောင်းလင်းနေသော စမ်းသပ် ခန်းပေါင်းများစွာ၊ ဆေးထိုးခြင်းများ၊ ထောက်စမ်းကရိယာများ၊ နမူနာစုဆောင်းခြင်းများ၊ သူစိမ်းတစ်ယောက်နှင့် ကျွန်တော်တို့၏ အိမ်ထောင်သည်ဘဝကို နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးခဲ့ရသော ဟီရိဩတ္တပ္ပကင်းမဲ့သည့် ဆွေးနွေးခြင်းအမှုပေါင်းများစွာ […]


alinsettJuly 12, 20121min09
နောက်ဆုံးသော အသုဘရုှု ထွက်သွားပြီမို့ ဗလီထဲတွင် မိုက်ခရိုဖုန်းဖြုတ် နေသော ဘာသာရေးဆရာမှလွဲ၍ လူသူမရှိ။ ဘာသာရေးဆရာသည် ကိုရန်ကျမ်းကို အစိမ်းရောင်အဝတ်စဖြင့် ပတ်သည်။ နေစောင်းချိန်တွင် ဗိုလ်ချုပ်ကြီးနှင့် ကျွန်တော် ဗလီမှထွက်၊ လှေကားထစ်များအတိုင်းဆင်း၍ ဟိုတစ်စုသည်တစ်စု ဆေးလိပ် သောက်နေသော လူများကိုဖြတ်လာခဲ့ရာ ပြောနေကြသောစကားများ တစ်စွန်းတစ်စ လွင့်လာသည်။ နောက်အပတ်ကစားမည့် ဘောလုံးပွဲ … စန်တာကလာရာတွင် အသစ်ဖွင့်လိုက်သော အာဖဂန်စားသောက်ဆိုင် … ။ ဘဝသည် ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။ ………………………………… …………………………………… ___________________________ ”နေကောင်းရဲ့လား” ဟု ဗိုလ်ချုပ်ကြီးမေးသည်။ တစ်နေ့လုံးခြိမ်းခြောက်နေသော မျက်ရည်များကို ကျွန်တော်အံကြိတ်ပြီး သိမ်းဆည်းထားသည်။ ”စိုးရာယာကို သွားရှာလိုက်ဦးမယ်” ဗလီ၏ အမျိုးသမီးဘက်ဆီကို ကျွန်တော်သွားရာ လှေကားထစ်တွင် အမေနှင့်အတူ […]


TTNUJuly 11, 20121min039
တစ်နေကွယ် သေနယ်ကူးကြမဲ့အရေး တစ်နေ့တစ်နေ့ နေထွက်လာလိုက်၊ နေဝင်သွားလိုက်နဲ့ ကျွန်မတို့ မဆုံးတေးတွေသီနေသလိုပါပဲ။ ကိုစိန်သော့ရိုက်တဲ့ နေဝင်ချိန်ကိုကြည့်ပြီးတော့ ကျွန်မ စဉ်စားနေမိတာပါ။ နောက်ကိုပေါက်ရဲ ့ နေထွက်ချိန်ကိုကြည့်ပြီးတော့လည်း ထပ်မံ အတွေးတွေ ပွားမိပါတော့တယ်။ ( ဒါကြောင့် ဒီပုံလေးနှစ်ပုံကို ကျေးဇူးတင်စကားပြောပြီးယူသုံးခွင့်ပေးပါနော်။) ဟို အပေါ်ဆုံးပုံကတော့ ပိုင်ရှင်မသိတော့ပါ။ ဆိုက်တစ်ခုခုက ကူးမိပါတယ်။ မသိသူရေ..ကျေးဇူးပါနော်။ အင်ထရိုကကြာနေပြီ။ ဒီလိုပါ။ကျွန်မ ဆရာကြီးမင်းသုဝဏ်ရဲ့ဒီကဗျာလေးဖတ်ပြီး ခံစားမိတာလေးမျှဝေချင်လို့ပါ။ ဝေးလျက်ပင်...တဲ့။ ဒီကဗျာလေးကို ဆရာကြီးမင်းသုဝဏ် (၁၉၈၄) မှာရေးခဲ့တာပါ။ ကျွန်မတို့ ငယ်ငယ်တုန်းက စာမကြိုးစားရင် မြန်မာစာဆရာကြီး ဦးမြသန်းက “မင်းတို့တွေ ငယ်စဉ်အခါပညာ ကြိုးစားရမှာကွ။ အသက်ကြီးမှ ကျောင်းနေချင် စာဖတ်ချင်နေလို့ မရဘူး။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်ရင် တစ်လွဲ နင့်ပြင်ရှိသေးရှာလိမ့်လား။ […]


alinsettJuly 11, 20121min07
‘ ‘ဒီကိစ္စကြောင့် စိတ်ပြောင်းသွားပြီလား” ”ဟင့်အင်း။ နည်းနည်းလေးတောင် မပြောင်းပါဘူး။ စိုးရာယာ ဘာပြောပြော ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ထပ်ချင်ပြီ” စိုုးရာယာ ချုံးပွဲချငိုသည်။ သူမကို ကျွန်တော် မနာလိုဖြစ်မိသည်။ သူမကတော့ လျှို့ဝှက်ချက်ကို ပြောထုတ်လိုက်နိုင်ပြီ။ ကိုင်တွယ်ဖြေရှင်းလိုက်နိုင်ပြီ။ ဟက်ဆန့်ကို ကျွန်တော်လိမ်ခဲ့ပုံ၊ သစ္စာဖောက်ခဲ့ပုံ၊ နှင်ထုတ်ခဲ့ပုံ၊ ဘာဘာနှင့် အလီတို့၏ နှစ်လေးဆယ်သံယောဇဉ်ကို ဖျက်ဆီးခဲ့ပုံ … ကျွန်တော် စိုးရာယာကို ဖွင့်ပြောမိတော့မလိုဖြစ်ပြီးမှ ပြောမထွက်ခဲ့။ စိုးရာယာတာဟီရီသည် နည်းလမ်းပေါင်းများစွာဖြင့် ကျွန်တော့်ထက် ပိုပြီး လူပီသ နေမလား ကျွန်တော် သံသယရှိသည်။ ထိုအထဲတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သတ္တိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ xxxxxxxxxxxx အခန်း(၁၃) နားဖောက်ပွဲအခမ်းအနားအတွက် တာဟီရီအိမ်သို့ နောက်တစ်နေ့ညနေတွင် ကျွန် တော်တို့ရောက်လာသောအခါ ကားကို […]


alinsettJuly 9, 20121min06
”ဟေး … ဒီမှာလာကယ်ပါဦး” ဖိလစ်ပိုင်သား၏ ထိတ်လန့်တကြား ထအော်သံ။ ကျွန်တော် ချာခနဲ လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်လဲကျနေသော ဘာဘာ။ ခြေလက်များ အကြောဆွဲ နေသည်။ ”ကယ်ကြပါဦး” ကျွန်တော် အော်ဟစ်ပြီး ဘာဘာ့ထံပြေးသည်။ ဘာဘာ့ပါးစပ်မှ အမြှုပ် တစီစီထွက်နေသည်။ မျက်ဖြူလန်ကာ မုတ်ဆိတ်များလည်း စိုရွှဲနေပြီ။ ကျွန်တော်တို့ ထံ လူတွေအပြေးအလွှား ရောက်လာကြသည်။ လေသင်တုန်းဖြတ်တာဟု ပြောသံ ကြားသည်။ ”၉၁၁ ကိုခေါ်” ဟု အော်သူကလည်းအော်ကြသည်။ ပြေးလွှားလာသော ခြေသံများ။ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ………………….. ………………………………… __________________________ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ဘာဘာ့တံတွေးများ နီစွေးလာသည်။ လျှာကိုကိုက်ထားသော ဘာဘာ့အနီး ကျွန်တော် ဒူးထောက်၍ ဘာဘာ့လက်မောင်းများကို ကိုင်ကာ ”ကျွန်တော်ရှိတယ် ဘာဘာ၊ ကျွန်တော်ရှိတယ်” […]


alinsettJuly 7, 20121min06
တနေ့တော့ ဆိုင်တွင် စိုးရာယာနှင့် ကျွန်တော် နှစ်ဦးတည်း ထိုင်စကား ပြောနေကြသည်။ ဖရီးမောင့်၊ အိုလုန်းကောလိပ်တွင် ကျောင်းတက်ပုံကို စိုးရာယာက ပြောပြနေသည်။ ”ဘာမေဂျာယူလဲ” ”ကျွန်မက ဆရာမဖြစ်ချင်တာ” ဟု စိုးရာယာဆိုသည်။ ”တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ________________________________ ‘တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ”အမြဲတမ်း ဖြစ်ချင်ခဲ့တာ။ ဗာဂျီးနီးယားမှာနေတုန်းက ကျွန်မ ESL အောင်လက်မှတ်ရတယ်လေ။ အခုဆို စာကြည့်တိုက်မှာ တစ်ပတ်ကိုတစ်ည ကျွန်မ စာပြတယ်။ အမေကလည်း ဆရာမပဲဟာ။ ကဘူးမှာနေတုန်းက မိန်းကလေးအထက် တန်းကျောင်းမှာ ဖာစီစာနဲ့ သမိုင်းသင်တယ်” သမင်လိုက်ဦးထုပ်ဆောင်းထားသော ဗိုက်ရွှဲရွှဲလူဝကြီးတစ်ဦး ငါးဒေါ်လာ တန် ဖယောင်းတိုင်စိုက်ညှာတံကို သုံးဒေါ်လာပေးသည်။ စိုးရာယာ ရောင်းလိုက်သည်။ ခြေရင်းမှ ဘူးကလေးထဲ ပိုက်ဆံထည့်ပြီး ကျွန်တော့်အား ရှက်ရွံ့စွာကြည့်သည်။ […]


zaw winJuly 5, 20121min04
ငါ့ဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြပြီ ငါရော ဘယ်နေ့ပျောက်မှာလဲ သူတို့တွေ ဘာတွေယူသွားကြသလဲ ကုသိုလ်တွေလား အကုသိုလ်တွေလား ဘယ်ကိုရောက်သွားကြမှာလဲ ငါရော ဘာတွေယူသွားရမလဲ ဒါန သီလ ဘာဝနာ ဒါတွေယူသွားရင်ကောင်းမယ် မင်းသုတ 13:25 5.7.2012


alinsettJuly 5, 20121min07
” ဘာဘာ ကျွန်တော့်အား လေးလေးနက်နက်ပြောနေပုံမှာ စိုးရာယာ တွင် ရင်သားကင်ဆာပဲ ရှိနေတော့သယောင် အတည်ကြီးဖြစ်နေသည်။ ”ဖြစ်ရလေ …” ”ကောင်မလေးက သိက္ခာရှိတယ်လို့ကြားတယ်။ အလုပ်လုပ်တယ်။ စိတ်သဘော နူးညံ့တယ်။ ဒါပေမယ့် ချစ်ရေးဆိုတဲ့လူ မရှိတော့ဘူူး။ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။ _______________________ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။ ”လောကကြီးဟာ မတရားဘူး။ သုံးလေးရက်အတွင်း ဖြစ်ခဲ့တဲ့ကိစ္စကြောင့် တစ်ဘဝလုံး ပြောင်းလဲသွားတယ်။ တစ်ခါတလေများ တစ်ရက်ထဲဖြစ်ခဲ့တဲ့ ကိစ္စကြောင့် တစ်ဘဝ လုံး ပြောင်းလဲသွားတယ်” ထိုညက ကျွန်တော်သည် အိပ်ယာထဲ မျက်လုံးကြောင်တောင်နှင့် စိုးရာယာ၏ တံဇဉ်ပုံ မွေးရာပါအမှတ်ကလေးကို သတိရနေသည်။ ကျွန်တော့်ရင်က ပရမ်းပတာ။ ပြေပြေကလေး […]


၁။ ””မေ့တတ်လိုက်ပုံများ”” စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်မ ျား ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့် ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင် မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။ မိန်းမ…” ဟဲ့..ယောကျင်္ား ဒါကဘယ်တုန်း ” ယောကျင်္ား… ” ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ” မိန်းမ…” ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို ” ယောကျင်္ား…” အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်..”


alinsettJuly 3, 20121min07
”ကောလိပ်တက်ဖို့ ကားလိုမယ်လေကွာ” ကျွန်တော် မျက်ရည်ဝိုင်းရပြီ။ ဘာဘာ့လက်ကို ကျွန်တော်ဆွဲယူပြီး ဖျစ် ထားသည်။ မျက်နှာများကိုကွယ်ထားသော မှောင်ရိပ်ကိုသာ ကျေးဇူးတင်မိတော့သည်။ ”ကျေးဇူးတင်ပါတယ်၊ ဘာဘာ” ကျွန်တော်တို့ကားထဲမှ ထွက်ပြီး ဖို့ဒ်ကားထဲဝင်သည်။ အပြာရင့်ရောင် ဂရင်းတော်ရီနိုကားဟု ဘာဘာဆိုသည်။ တိုက်တန်းကိုပတ်ပြီး ကျွန်တော် ကားမောင်း သည်။ ဘရိတ်၊ ရေဒီယိုနှင့် အချိုးအကွေ့ပြခလုတ်တို့ကို စစ်ဆေးသည်။ တိုက်တန်း မြေကွက်လပ်တွင် ကားရပ်ပြီး အင်ဂျင်ကို စက်သတ်သည်။ ”ကျေးဇူးတင်ပါတယ် ဘာဘာ” ……………………… ………………………. ………………………….. ____________________________________- ”ကျေးဇူးတင်ပါတယ် ဘာဘာ” တကယ်တော့ သည့်ထက်များများ ပြောပြချင်ပါသည်။ ဘာဘာ့မေတ္တာ အတွက်၊ ဘာဘာလုပ်ပေးခဲ့သမျှ အဝဝအတွက် ကျွန်တော် မည်မျှတန်ဖိုးထားကြောင်း၊ မည်မျှစိတ်ထိခိုက်ရကြောင်း ပြောပြချင်ပါသည်။ သို့သော် ”ကျေးဇူးတင်ပါတယ်” ဟုသာ ပြောထွက်ခဲ့သည်။ […]


alinsettJuly 1, 20121min05
____________________- –”သားလေး … အသက်လည်းမရှူဘူး။ အလာဟ်အရှင် … သားလေးအသက်ရှူလာအောင် ကယ်တော်မူပါ” ဘာဘာက အနီးတွင် ဒူးထောက်ထိုင်ချပြီး ငိုကြွေးနေသူ၏ ပခုံးကိုသိုင်း ဖက်သည်။ သို့သော် ကာမဲ၏ဖခင်သည် ဘာဘာ့ထံမှလွှဲဖယ်ပြီး ယာဉ်မောင်းကာရင် ဆီ ဝုန်းခနဲရောက်သွားသည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းအားကြီး၍ အသတ် အပုတ်ဟုပင်ပြော၍မရ။ ကာရင်သည် တစ်ချက်သာအော်လိုက်နိုင်ပြီး မြောက်သွား သောလက်တစ်ဖက်နှင့် ခြေတစ်ချက်ကန်အထုတ်ကိုသာ ကျွန်တော်မြင်လိုက်သည်။ ကာမဲဖခင်ကြီး၏ လက်ထဲတွင် ယာဉ်မောင်းကာရင်၏သေနတ်။ ”မပစ်ပါနဲ့” ဟု ကာရင်အော်သည်။ ဘယ်သူမှမတားလိုက်နိုင်ခင် ကာမဲ၏အဖေသည် သေနတ်ပြောင်းဝကို သူ့ပါးစပ်ထဲ သူပြန်ငုံလိုက်သည်။ ထိုသေနတ်ပေါက်ကွဲသံကို ကျွန်တော် သည်တစ် သက် ဘယ်တော့မှမမေ့နိုင်တော့ပြီ။ ဝင်းခနဲမီးပွင့်ကာ ဖြန်းခနဲပန်းထွက်လာသော သွေးများ …။ ……………………….. _______________________________ အခန်း (၁၁) ဖရီးမောင့်၊ […]