၁၉၉ရ ခုနှစ်မှာ နောက် ဒုတိယဝန်ကြီးချုပ်တစ်ဦးရဲ့ ထပ်မံတာဝန်ပေးချက်အရ ရန်ကုန်မြို့မှာရှိတဲ့ စစ်ထောက်ချုပ်ရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ရ ပါတယ်။ အခုတော့ရုံးတွေကပြောင်းလဲကုန်ပါပြီ။ ယခင်စစ်ထောက်ချုပ်ရုံးဆိုတာက ယခု အထက-၁ ဒဂုံရှိတဲ့ အလံပြဘုရားလမ်း အတိုင်း ဆူးလေဘက်ကို မဆင်းပဲ အပေါ်တက်သွားလိုက်ရင် စစ်ရုံးတံခါးကြီးကိုတွေ့ရပါလိမ့်မယ်။ ဒီတံခါးကြီးကို အတွင်းကိုဆက်ဝင်သွားမယ်ဆိုရင် ဘယ်ဘက်လေးမှာရှိတဲ့ဒုတိယမြောက် အုတ်နီ အဆောက်အဦ တစ်ခုဖြစ်ပါ တယ်။ အဆောက်အဦဟာ (၃) ထပ်ရှိပြီး P ပုံသဏ္ဍာန်ရှိပါတယ်။ P ရဲ့အတွင်းနေရာလေးမှာတင်းနစ်ကွင်းလေးရှိပါတယ်။ P ရဲ့ ခြေရင်းလေးမှာ ဘော်လုံးကွင်းအရွယ် မျက်ခင်းရှိပါတယ်။ ကိုလိုနီအဆောက်အဦတစ်ခုဖြစ်ပြီး အုတ်နီနဲ့ တည်ဆောက်ထား တဲ့အတွက် ကြည့်ရတာရိုးရိုးလေးနဲ့ အလွန်လှပါတယ်။ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေတော့ နေပူထဲကလာရင်တောင်အေးမြ သွားစေပါတယ်။ စစ်ထောက်ချုပ်ရုံးက ပထမထပ်မှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရုံးခန်းဟာလည်း အဆောက်အဦရဲ့မြောက်ဘက် […]
