အခုတလော ကျန်းမာရေးသိပ်မကောင်းလို့ ဆေးခန်းကို သွားပြရတယ်။…. ဒီရက်ပိုင်းတွေ ခေါင်းကလဲ သိပ်မကြည်၊ အစာစားပြီးရင်လဲ ခေါင်းကမူး၊ နှလုံးခုန်နှုန်းတွေက လဲ မြန်နေလို့ နေထိုင်မကောင်းတာနဲ့ ဆေးခန်းကို သွားလိုက်ရတာပါ။ စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ…… အသက်က လူ့သက်တန်း တစ်ဝတ်တောင် မရောက်သေးဘူး။ ဆေး ကူ နေရပြီ။ ဆေးသောက်နေရတာ တော့ ၉ လလောက်ရှိပါပြီ။ ဒီနေ့ နောက်တစ်ဆင့် တက်သွားတယ်၊ ဆေးနောက်တစ်မျိုး တိုးပေးတယ်လေ။ ဆေးတွေ အမြဲ သောက်နေရတယ်။ ဆေးသောက်မပျင်းပေမယ့် ၉ လ ကို ဆေးတစ်မျိုးထပ်တိုးမယ်ဆိုရင် အသက်ဘယ်လောက်ဆက်နေရမလဲ…….. ကျန်းမာနေသေးသူများ အမြဲ ကျန်းမာ နေအောင် အားကစား လိုက်စားကြပါ။ ကျန်းမာရေး ကို အမြဲဂရုစိုက်ကြပါလို့ အကြံပေးလိုက်ပါတယ်။ တကယ် မကျန်းမာတဲ့ အချိန်ရောက်မှ […]


asiamastersAugust 24, 20111min011
ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ တာဝါလိန်းလမ်းက အိမ်ကိုသွားခဲ့တာ ၁၉၉၈ ခုနှစ်ကဖြစ်ပါတယ်။ ယခင်ဂျပန်ခောတ်မှာဆေးရုံကြီးဖြစ်ခဲ့တဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေချိန် ဂျပန်ခောတ်ဆေးရုံကြီးစာအုပ်ကိုဖတ်နေချိန်လဲဖြစ်ပါတယ်။ သိလိုသေးတဲ့ကွင်းဆက်တွေက အများကြီး ကျန်သေးတော့ ဗိုလ်ချုပ်ပြတိုက်ကိုသွားဖို့ရည်ရွယ်ခဲ့တာပါပဲ။ အိမ်ဝကိုရောက်ရောက်ခြင်းမှာပဲ ဂိတ်ရဲ့ညာဘက်မှာရပ်ထားတဲ့ ဗိုလ်ချုပ်အသုံးပြုခဲ့တဲ့ကားကိုတွေ့ရပါတယ်။ ဒီကားပေါ်မှာရပ်ပြီး ဗိုလ်ချုပ်စကားပြောနေတဲ့ ဓါတ်ပုံလေးတစ်ပုံရှိဖူးပါတယ်။ ဗိုလ်ထွန်းလှပြောပြတဲ့ ဗိုလ်ချုပ်ရဲ့ ဒရိုင်ဘာအကြောင်းလေးကို သတိရမိပါတယ်။ ပြီးတော့အိမ်ပေါ်ကိုတက်ခဲ့တော့ အောက်ထပ်မှာပဲ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့နဲ့ စာအုပ်ဘီရိုလေးကို သတိထားမိပါတယ်။ စာအုပ်ဘီရိုလေးက မှန်နဲ့သစ်သားလုပ်ထားတဲ့ဘီရိုလေးပါ။ ဒီအထဲမှာတော့ စာအုပ်အတော်များများတော့ရှိပါတယ်။ အများစုကတော့ အင်္ဂလိပ်စာပေတွေများပါတယ်။ ကျွန်တော်ဟာ စာဖတ်ဝါသနာပါသူမို့ စာအုပ်ဘီရိုလေးကိုကြည့်ပြီး ဗိုလ်ချုပ်ကိုအောက်မေ့မိပါတယ်။ ကျွန်တော်က ဗိုလ်ချုပ်ကို ဓါတ်ပုံမှာပဲမြင်ဖူးခဲ့တာပါ။ ဒါကြောင့် ဗိုလ်ချုပ်နဲ့သိမှီခဲ့တဲ့လူတိုင်းကို ဗိုလ်ချုပ်အကြောင်းမေးမြန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးခဲ့သမျှကို တစ်လုံးမကျန်အကုန်ဖတ်ပါတယ်။ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့ကိုကြည့်တော့ ဗိုလ်ချုပ်ဟာ ခန္ဒာကိုယ်သေးငယ်တာကို သတိထားမိပါတယ်။ အိမ်ပေါ်ကနေတောင်ဖက်အောက်ကို ကြည့်လိုက်တော့ ဗိုလ်ချုပ်သားလေးရေနစ်သေဆုံးခဲ့တဲ့နေရာလေးကိုတွေ့ရပါသေးတယ်။ အလိုလိုနေရင်း ကျွန်တော့်ရဲ့မျက်လုံးထဲမှာ မျက်ရည်များဝေ့တက်လာသလိုခံစားရပါတယ်။ […]


asiamastersAugust 23, 20111min017
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝ လောက်က ရန္တပိုစာချုပ်အပြီးမှာ အောက်မြန်မာနိုင်ငံကို  အင်္ဂလိပ်တို့က သိမ်းပိုက်ထားပြီး ဖြစ်ပါ တယ်။ မအူပင်မြို့မှာ ထောင်တစ်ခုရှိပါတယ်။ မအူပင်ထောင်ရဲ့ ထောင်မှုးဖြစ်သူဟာ ပေါ်တူဂီလူမျိုးဖြစ်ပါတယ်။ သူဟာ ဒေသခံမြန်မာအမျိုးသမီးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ သမီး (၇) ယောက်ထွန်းကားပါတယ်။ အငယ်ဆုံးသမီးလေးဟာ ပေါ်တူဂီကဗျားမလေးဖြစ်တာမို့ အလွန်ချောမောလှပပြီး ရတနာပုံနေပြည်တော်မှ အင်္ဂလိပ်စာသင်ဆရာလေးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ အိမ်ထောင်ရာသားကျပြီးချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူနေပြည်တော်မှာလိုက်နေပါတယ်။ သားလေးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ တစ်ဦးက မောင်ဘသော်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ မောင်ဘမော်ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားကို အင်္ဂလိပ်စာသင်ပေးရပါတယ်။ မိသားစုဘဝလေးဟာအလွန်ကို အေးချမ်းသာယာနေပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ မမျှော်မှန်းထားတဲ့ ကြမ္မာဆိုးကြီးကျရောက်လာပါတော့တယ်။ မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းလို့လူသိများပါတယ်။ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားနှစ်ပါးက အာဏာသိမ်းရန်ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်းခြင်း မအောင်မြင်ပါ။ မင်းသားနှစ်ပါးနဲ့ နောက်လိုက် နောက်ပါ […]


asiamastersAugust 23, 20111min06
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကနေ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲချိန်မှာ လွတ်လပ်ရေးတိုက်ပွဲအတွင်း ပါဝင်ခဲ့သူအားလုံးဟာ တပ်မတော်မှာနေရာပြန်မရကြပါဘူး။ တစ်ချို့ကလည်း ကိုယ့်အိမ် ကိုယ်ပြန်ကြပေမဲ့ တစ်ချို့ကလည်း ပြန်စရာနေရာမရှိသလို စားစရာနေစရာကအစ အဆင်မပြေပါဘူး။ ဒီတော့ ဒီလူတွေဟာ ဗိုလ်ချုပ်ကို နည်းအမျိုးမျိုးနဲအပူကပ်ကြပါတယ်။ ဗိုလ်ချုပ်ကလည်း လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်နေတော့ အတော်လုပ်ရ ကိုင်ရ ခက်ပါတယ်။ ဒါကြောင့် သူတို့ကို ပြည်သူ့ရဲဘော် (People Volunteer Organization) ဆိုတဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ပြည်သူ့ရဲဘော်အဖွဲ့ဟာ တဖြည်းဖြည်းနဲ့အင်အားများလာပါတယ်။ လက်နက်မကိုင်ရသော်လည်း လက်နက်မဲ့ စစ်ရေးလေ့ကျင့်ခြင်းတွေ၊ ရပ်အကျိုးရွာအကျိုးဆောင်ရွက်ခြင်းတွေလုပ်ကြပါတယ်။ တစ်ချို့နိုင်ငံရေးသမား တွေကလည်း မျက်စိနောက်တာပေါ့။ ခက်တာက ပြည်သူ့ရဲဘော်အဖွဲ့ထဲ ဝင်လာသူတွေကို တိတိကျကျ မစစ်ဆေးနိုင်ပါဘူး။ ကောင်းသူတွေလည်းပါသလို မကောင်းသူတွေလဲပါလာတာပါပဲ။ တစ်ချို့ကိစ္စတွေမှာ မကောင်းသူတွေကြောင့် ပြည်သူ့ရဲဘော် အဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်လာစေတာမျိုးလဲရှိပါတယ်။ ဂဠုန်ဦးစောဟာ […]


asiamastersAugust 22, 20111min08
တစ်ရက်မှာတော့ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ကျွန်တော့ကိုသူ့ရုံးကိုဖိတ်ပါတယ်။ ကျွန်တော်က သူ့ကိုဂေါက်သီး ရိုက်သင်ပေးနေတာပါ။ ကျွန်တော့်ဘဝမှာက ဂေါက်သီးရိုက်သင်ဆရာလဲလုပ်ခဲ့ပါတယ်။ အခုလည်း အခါအားလျှော်စွာ သင်ပေး နေတုန်းပါပဲ။ ဖိတ်ကြားခဲ့တဲ့သံအမတ်ကြီးကတော့ အခုသံအမတ်ကြီးရဲ့ အရင် နှစ်ဦးခန့်ကဖြစ်ပါတယ်။ နဲနဲတော့ကြာပါပြီ။ အိန္ဒိယသံရုံးဟာ ကုန်သည်လမ်းပေါ်မှာ တည်ရှိပါတယ်။ ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းဒေါင့်မကျတကျလေးဖြစ်ပါတယ်။ သံအမတ်ကြီးကဖိတ်တယ်ဆိုတော့ ကျွန်တော်ကလည်း လေးလေးစားစားပဲ ဝတ်စားဆင်ရင်ပြီး၊ အချိန်မီရောက်အောင် သွားရ ပါတယ်။ သံရုံထဲကိုရောက်တော့ သူ့အတွင်းရေးမှုးကကျွန်တော့်ကိုစောင့်နေပြီး သံအမတ်ကြီးအခန်း အပေါ်ထပ်ကို ခေါ်သွားပါတယ်။ တံခါးဝမှာ သံအမတ်ကြီးက ပြုံးပြီးစောင့်နေပါတယ်။ ပြီးတော့ အခန်းဝမှာ ကပ်ထားတဲ့ ဓါတ်ပုံကြီးတစ်ပုံကိုပြပါတယ်။ ဒီဓါတ်ပုံက အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ ဗိုလ်ချုပ်ရဲ့ အရာရှိဦးထုပ်နဲ့အပေါ်က လောင်းကုတ် အကျီနဲ့ပုံဖြစ်ပါတယ်။ သံအမတ်ကြီးက ကျွန်တော့်ကို ပြုံးပြီးညင်သာစွာမေးပါတယ်။ ဒီဓါတ်ပုံကဘာထူးလဲတဲ့။ ကျွန်တော်လည်းသေသေချာချာကြည့်ပါတယ်။ ဘာမှထူးတာမတွေ့ပါဘူး။ ဒီတော့ ဘာမှမတွေ့ဘူးလို့ပဲပြန်ပြောရတာပေါ့။ […]


asiamastersAugust 22, 20111min07
ကျွန်တော် ဂဠုန်ဦးစောအိမ်ကိုရောက်ခဲ့တဲ့အချိန်ဟာ ညနေဆည်းဆာအချိန်လေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေအိမ်ထဲကို ဝင်သွားချိန်မှာ ကျွန်တော်ဟာ တစ်ယောက်ထဲ လျှောက်ကြည့်နေမိပါတယ်။ အင်းယားကန် ရေစပ်စပ်ဟာ လေအဝှေ့မှာ တဖြတ်ဖြတ်ရိုက်ခတ်နေပါတယ်။ အလင်းရောင်နဲသော်လည်း ရေဟာကြည်လင်နေတယ်ဆိုတာခံစားရပါတယ်။ ငါးမျှားရရင်ကောင်းမှာပဲလို့ စိတ်ထဲကပေါ်ပေါက်ဖူးပါတယ်။ ဒီအင်းယားကန်ကြီးရဲ့ ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်ရင်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ နိုင်ငံရေးလောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အမြင်သစ်များ၊ ကြိုးပမ်းအားထုတ်မှုများ၊ ဥစ္စာဓနပိုင်ဆိုင်မှုများ၊ နာကြည်းချက်များ၊ ကလဲ့စားများကို တစ်စိမ့်စိမ့်တွေးပြီး ကျောချမ်းလာမိခဲ့ပါတယ်။ အင်းလျှား ကန်ကြီး မှာတော့ ပြောစရာတွေအများကြီးရှိနေခဲ့မှာပါ။ ဗိုလ်တထောင် ကုန်လှောင်ရုံ (Depot) ကထုတ်လာတဲ့ ဘရင်းဂန်းတွေကို စည်ပိုင်းထဲမှာထည့်ပြီး ရေမဝင်အောင်ချိတ်နဲ့ပိတ်ကာ ဒီအင်းလျှားကန်ရေထဲမှာ မြုပ်ထားခဲ့ပါတယ်။ ဒီလက်နက်တွေထုတ်လာခဲ့တဲ့ရည်ရွယ်ချက်က ရွှေဘုံသာလမ်းနဲ့ ကုန်သည်လမ်းဒေါင့်မှာရှိတဲ့ မာကင်တိုင်ဘဏ် (ယခုမွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်) ကို ဓါးပြတိုက်ရန်ဖြစ်ပါတယ်။ အစိုးရကလည်း ပီပီပြင်ပြင်မဖွဲ့နိုင်သေးတော့ အချင်းချင်း ဂိုဏ်း ဂနတွေ ဖွဲ့ပြီးကာကွယ်နေရတဲ့ […]


KyaemonAugust 22, 201121min025
BBC News – Scenes of joy as Libya rebels enter central Tripoli http://www.bbc.co.uk/news/world-africa-14608807 VIDEO INSIDE A convoy of Libyan rebels has rolled into central Tripoli past celebrating crowds after a day of heavy fighting in and around the capital. Crowds on Green Square cheered them, waving flags and firing salutes. President Obama said the Gaddafi […]


KyaemonAugust 22, 201130min023
   liby8 Rebels enter Tripoli, crowds celebrate in streets | Reuters http://www.reuters.com/article/2011/08/21/us-libya-idUSTRE77A2Y920110821 (Reuters) – Rebel fighters streamed into Tripoli as Muammar Gaddafi’s forces collapsed and crowds took to the streets to celebrate, tearing down posters of the Libyan leader. video inside A convoy of rebels entered a western neighborhood of the city, firing their weapons […]


KyaemonAugust 22, 201140min023
  Libya rebels in Tripoli, Gadhafi defenses collapse Libya rebels in Tripoli, Gadhafi defenses collapse – Yahoo! News TRIPOLI, Libya (AP) — Libyan rebels raced into Tripoli in a lightning advance Sunday that met little resistance as Moammar Gadhafi’s defenders melted away and his 40-year rule appeared to rapidly crumble. The euphoric fighters celebrated with […]


asiamastersAugust 22, 20111min07
ကျွန်တော်ရန်ကုန်မြို့ကို ပထမဦးဆုံးအကြိမ်ရောက်ဖူးခဲ့တာက ၁၉၇၅ ခုနှစ်ကဖြစ်ပါတယ်။ လေးတန်း စာမေးပွဲ ဖြေပြီးချိန်မှာ အဖွားဖြစ်သူနဲ့ရန်ကုန်မြို့ကိုပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းပါပဲ။ ၃၁ လမ်းမှာ အဖွားရဲ့ မောင်တစ်ဦးရှိပါတယ်။ အဲဒီအိမ်မှာပဲ တည်းခိုပါတယ်။ အတော့်ကို ဧည့်ဝတ်ကျေပွန်ပါတယ်။ အဖွားရဲ့မောင်ဟာ မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ထားဝယ်ကနေရန်ကုန်ကို မြန်မာ့လေကြောင်းလိုင်း  ဖော်ကာ F-27 လေယာဉ်ကို စီးခဲ့တာ ဖြစ်ပါ တယ်။ ဒီ နယ်သာလန်နိုင်ငံက ထုတ်တဲ့ ဖေါ်ကာ F-27 ကို ကျွန်တော် Pilot ဖြစ်တဲ့ အချိန်ထိ လဲသုံးနေဆဲပါပဲ။ အဲဒီတုန်းက ရန်ကုန်မြို့တော်တွင်း နောက်ဖေးလမ်းကြားများဟာ အလွန်ညစ်ပတ်နံစော်ပါတယ်။ ရန်ကုန်မြို့ကို ပထမဆုံးရောက်တဲ့ အထိမ်းအမှတ်က ကားပေါ်ကဆင်းတာနဲ့ အန်ထွက်လာတာဖြစ်ပါတယ်။ လေယာဉ်မူးတာရယ်၊ ကားမူးတာရယ် အနံ့အသက် တွေရယ်အားလုံးပေါင်းဆုံလို့နဲ့တူပါတယ်။ အဲဒီတုန်းကတော့ ရန်ကုန်မှာဘယ်တော့မှ မနေတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ […]


asiamastersAugust 21, 20111min05
အခြေအနေက အတော်ကြီးကိုမြန်မြန်ဆန်ဆန်တိုးတက်လာပါတယ်။ ဆရာမကိုပဲ ချစ်မိပြီ သီချင်းကလဲ ပိုမြိုင်ဆိုင် လာပါတယ်။ မင်္ဂလာဆောင်ဖို့အခြေအနေထိရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်တာကလည်း ဒီဆေးရုံကြီးရဲ့ ဆင်ဝင်နှစ်ခုကြား မြေညီထပ်မှာရှိတဲ့ ရုပ်ရှင်ပြခန်းမှာဖြစ်ပါတယ်။ စစ်သေနာပတိချုပ်ကြီးရဲ့ မင်္ဂလာပွဲလဲဖြစ်ပြန်တော့ ဂျပန်ဗိုလ်ချုပ်ကြီးတွေ အတော်များများတက်ရောက်ပါတယ်။ ဂျပန်ဗိုလ်ချုပ်တွေရဲ့ကားတွေဟာ အလံပြဘုရားလမ်း အတိုင်း အပေါ်က အောက်ကို ဆင်းလာပြီး လာရောက်အားပေးတဲ့အတွက် အလွန်ခန်းနားကြီးကြယ်တဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဒီအခန်းကို သွားရောက်ရှာဖွေခဲ့စဉ်က အတော်ရှာရမယ်ထင်ထားတာ၊ တကယ်တော့ ကျွန်တော့နေ့တိုင်း ထမင်းစား ဆင်းရင် ဖြတ်သွားနေတဲ့နေရာဖြစ်နေတယ်။ မင်္ဂလာပွဲမှာ ဒေါက်တာဘသန်းရဲ့ သမီးလေး ကစ်တီ (နောင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့်အကြောင်းပါသည့် ဒေါ်ခင်မေသန်း) က စန္ဒယားတီးပါတယ်။ ဗိုလ်ချုပ်အိမ်ထောင်ကျပြီးချိန်မှာတော့ တာဝါလိန်းလမ်းမှာရှိတဲ့ ယခုဗိုလ်ချုပ်ပြတိုက်ကိုပြောင်းနေပါတယ်။ ဒီတော့ ကျွန်တော်လည်း ဒီအိမ်ကိုသွားတာပါပဲ။ အိမ်က ကိုလိုနီအိမ်ပုံလေးဖြစ်ပါတယ်။ မျှော်စင်လေးပါတယ်။ ခြံထဲစဝင်တာနဲ့ ညာဖက်မှာ ဗိုလ်ချုပ်စီးခဲ့တားကားရပ်ထားတဲ့ […]


asiamastersAugust 21, 20111min07
ဗိုလ်ချုပ်အတော်နေထိုင်မကောင်းဖြစ်ပြီဆိုတော့ ထုံးစံအတိုင်း ဆေးရုံအုပ်ကြီးကို ဖုန်းဆက်ပြီပေါ့။ နေမကောင်းတာက အမှန်ကတော့ ဝမ်းချုပ်တာပါ။ ဒီတော့ ဖျားလည်းဖျားတော့တာပေါ့။ ဆေးရုံအုပ်ကြီးဒေါက်တာဘသန်းဟာ ဒီသတင်းကိုရတာနဲ့ သူနာပြုဆရာမတစ်ဦးကို ဗိုလ်ချုပ်ကိုပြုစုဖို့လွှတ်လိုက်ပါတယ်။ သိပ်မကြာပါဘူး၊ သူနာပြုဆရာမလေးဟာ ရှိုက်ကြီးတငင်ငိုပြီးပြန်လာပါတယ်။ သူ့အပြောကတော့ ဗိုလ်ချုပ်က ဆဲလွှတ်လိုက်တယ်ပြောပါတယ်။ နောက်ဘယ်လိုချော့မော့ လွှတ်လွှတ် မသွားတော့ပါဘူး။ ဒီအချိန်မှာ ဒေါက်တာဘသန်းဟာ သူနာပြုတာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ပြီးလွှတ်လိုက်ပါတယ်။ အဆင်ပြေသလားမပြေသလားတော့မသိဘူး၊ တော်တော်နဲ့ကို ပြန်မလွှတ်တော့ပါဘူး။ ဒီလိုနဲ့ပဲ ဒေါ်ခင်ကြည်ဟာ နေ့စဉ်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်ခင်ကြည်မသွားတဲ့နေ့ဆိုရင်တောင် တယ်လီဖုန်း ဆက်ပြီး လှမ်းခေါ်တဲ့အဆင့်ကိုရောက်လာပါတယ်။ နေကောင်းသွားတဲ့အချိန်မှာ ယခင်က မှုံကုတ်နေတဲ့ ဗိုလ်ချုပ်ရဲ့ မျက်နှာဟာရွင်လန်းအသက်ဝင်လာပါတယ်။ တစ်ခါမှ မလာဖူးတဲ့ ဆေးရုံကြီးဘက်ကို လမ်းလျှောက်လို့ လာပါတော့တယ်။ ဒီဆေးရုံကြီးမှာက ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်ရီညီအစ်မနှစ်ဦးစလုံးသူနာပြုအလုပ်လုပ်ကြပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ်ဖက်ကဖြစ်ပါတယ်။ ရန်ကုန်ရောက်ခါစမှာတော့ ဗဟန်းမှာ အခန်းငှားပြီးနေပါတယ်။ […]