verylovemanMarch 12, 20151min07
အမေ……….။ အမေဘယ်မှာလဲအမေ…..? အမေဘယ်သူလဲအမေ…..? အမေက ချောလားဟင်………..? သားကအမေနဲ့တူလားအမေ……?   အမေ့ကို အမေ….လို့ အားရပါးရနဲ့ အကျယ်ကြီး အော်ခေါ်လိုက်ချင်ပါတယ် အမေရယ်။ တခါတလေ အမေ့ကို တမ်းတရင်း သားအားငယ်စိတ်တွေ ဝင်မိတယ်။ ဒါပေမဲ့သားတို့ ဆရာတော်က သဘောကောင်းတယ်အမေရဲ့။ မုန့်တွေလဲဝယ်ကျွေးတယ်။ စာတွေလဲသင်ပေးတယ်။ အားမငယ်ဖို့လဲ အမြဲဆုံးမတယ်။ အမေ.. သားအတွက် ဟိုး…..အဝေးတစ်နေရာကနေ စိတ်ပူမနေနဲ့နော်။ သားဒီမှာနေရတာ အဆင်ပြေပါတယ်အမေ။ သားနဲ့ဘဝတူ သူငယ်ချင်းတွေလဲ အများကြီး ရှိတယ်အမေရဲ့။ တခါတလေ အမေ့ရင်ခွင်ထဲ ခေါင်းလေးဝှက်ပြီး တစ်ညလောက် ဖြစ်ဖြစ်တော့ အိပ်ခွင့်ရချင်တာပေါ့အမေရယ်။ ဒါပေမဲ့ အမေ့ရဲ့ နို့ရည်နံ့သင်းတဲ့ ရင်ခွင်ထဲမှာ သားအိပ်စက်ခွင့် မရခဲ့ပေမဲ့ ဆရာတော်ရဲ့ သင်္ကင်္န်းနံ့ကြားမှာ သားပျော်အောင် အိပ်တတ်နေပါပြီအမေ…။ ————————&&———————— အဖေ……….။ အဖေဘယ်မှာလဲအဖေ…..? အဖေဘယ်သူလဲအဖေ…..? […]


verylovemanFebruary 22, 20153min04
ပန်းကလေးနဲ့မိန်းကလေး ================ မွှေးရနံ့ရယ်ကြိုင် ထုံအီမွှေးပျံ လှသွေးရယ်ကြွယ် လောကအလယ်မှာ ပွင့်ဖူးလာတဲ့ ပန်းလေးတစ်ပွင့်ရယ် ရှိလို့နေရဲ့………။ ပန်းရဲ့အလှ ပန်းဘဝကို ဝတ်ရည်စုပ်ယူ ဝတ်မှုန်ကူးဖို့ ပျားနဲ့ပတုံးများ ရစ်ဝဲနေတော့ ဒါသဘာဝမို့ ပျော်ရွင်စွာရယ် လှသွေးကြွယ်ကာ အခွင့်ရယ်ပေးခဲ့ ကူးလိုသည်ကား ကူးပါကွယ် အစာရယ်ဝ ဌာနကိုပြန် ပျားပတုံးကောင်ရယ် အသစ်ရှာလေတော့ ပင်ယံထက်မှာ လှပတင့်တယ် နေချင်သော်လဲ ရာသီရဲ့ဒဏ် အချိန်ရယ်တန်တော့ ပန်းကလေးငြိုးပေါ့ ပန်းကလေးခမျာ ပြန်လည်နိုးထ မထူးတဲ့ဘဝမို့ ရှိစေတော့ရယ် နောက်တစ်ကောင်ခွင့်ပြု နောက်တစ်ကောင်ကို…..ခွင့်ပြုရင်းနဲ့ ဝတ်ရည်ခမ်းခြောက် ဝတ်မှုန်ပျောက်လို့ မြေပြင်မရောက်ခင် ကြွေလုဆဲမှာ ပန်းကလေးဘဝ နွမ်းရပြီပေါ့ ပန်းဦးလေးမှာ ငြိုးရပြီပေါ့ အဆင်းမလှ အနံ့ရယ်ကုန်တော့ ရေလောင်းပေါင်းသင် ပျိုးသူရယ်မရှိ ဘုရားလဲမတင် ပန်ချင်သူမဲ့ နမ်းတောင်မနမ်းတဲ့ ဒီအဖြစ်ဆိုးဝယ် ဝတ်ရည်လဲခမ်း ပန်းလဲနွမ်းတော့ […]


verylovemanFebruary 20, 20152min024
Mandalay Gazette သို့ပေးစာ ===================== ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ရေကန်အသင့် ကြာအသင့်၊ ခူးခပ်ပြီးသား အသင့်စားနိုင်မဲ့ ဘုန်းကြီးပွဲတစ်ပွဲလို့ ထင်မြင်မိပါတယ် ဝါသနာကိုအရင်းတည်လို့ တတ်သလောက်မှတ်သလောက် ပညာလေးနဲ့ ရေးထား မှတ်ထားတဲ့ စာ၊ ကဗျာလေးတွေကို Note Pad နဲ့သာ ဖြေသိမ့်ခဲ့ရတဲ့ ညတွေလဲ များလှပေါ့။ ရောင်းစားဖို့လဲ မရောင်းချင်၊ (ဘယ်သူမှလဲ ဝယ်မယ်မထင်) အလကား ပေးပစ်ဖို့ကလဲနှမြော၊ သိမ်းထားပြန်တော့လဲ အကျိုးမရှိ၊ ဖော်ပြဖို့အတွက် နေရာရှာကြည့်တော့……၊ မထင်မှတ်ပဲ သူနဲ့ဆုံခဲ့တယ် ထူးခြားတဲ့ အကြံဉာဏ်ကောင်းတွေနဲ့အတူ ဖန်တီးထားပြီး အတိုင်းတာတစ်ခုထိ ပြည့်စုံစွာ တည်ဆောက်ထားတဲ့ ရွာကလေးတစ်ရွာကို အလည်ရောက်ခဲ့တဲ့ တစ်ပတ်ဆိုသော ကာလအတွင်းမှာတော့……၊ တစ်ရက်မှာ အနည်းဆုံး နှစ်ကြိမ်တော့ မကြည့်ရ မနေနိုင်အောင် ဆွဲဆောင်မှူတွေ ရှိနေခဲ့တယ်လေ […]


verylovemanFebruary 18, 20151min013
အဖေနဲ့အမေသို့ ———————— ပျော်ရွင်ခဲ့တဲ့ အချိန်တွေဟာ တစ်ကယ့်ကို တဒင်္ဂ ခဏလေးပါပဲအမေရယ် လူမှန်းသိတတ်စမှာပဲ မိသားစုဆိုတဲ့ နွေးထွေးခြင်းတွေ ပျက်သုဉ်းခဲ့ရတယ်အဖေ အဲဒီ ပျော်ရွင်ခဲ့ရတဲ့ အချိန်ခဏလေးကိုတော့ သားဘဝမှာ အမြဲတမ်း သတိရနေမှာပါအမေ။ ကံတရားရဲ့ လှည့်ကွက်တွေလို့ပဲ အမြဲ ဖြေသိမ့်နေပါတယ်အဖေ ပူဆွေးခြင်းတွေနဲ့ အစပြုခဲ့ရတဲ့ ဘဝတစ်ခုမှာ သားပျော်အောင်နေတတ်ခဲ့ပါပြီအဖေရယ် စိတ်မပူနဲ့နော်အဖေနဲ့အမေ တစ်ချိန်ကပေါ့ နွေးထွေးမှူတွေလဲ ပျောက်ဆုံးခဲ့ရသလို မိသားစုဆိုတဲ့ ဘဝလေးလဲ ဆုံးရှုံးသွားပြီး ဝမ်းနည်းလို့ ကျတဲ့မျက်ရည်တွေလဲ မျက်ဝန်းထဲမှာ အပြည့်နဲ့ပေါ့အမေ သားတို့ရဲ့မျက်ရည်တွေကို မြင်လှည့်ပါအဖေ အေးချမ်းတဲ့ ဘဝလေးတစ်ခုကို သားအမှန်တကယ် ပိုင်ဆိုင်ချင်ပါသော်လည်း ကံကိုသာ အပြစ်ပုံရင်း နေသားကျအောင် ကြိုးစားနေပါတယ် သားတို့ဘဝတွေအတွက် မရပ်မနား လျှောက်လှမ်းရမဲ့ လမ်းများစွာရဲ့ အနာဂတ်တွေမှာ အမေ့ကို အနားမှာအမြဲ ရှိနေစေချင်သလို အားဆေးတစ်ခွက်လို […]


verylovemanFebruary 16, 20151min027
ပရဟိတ…တဲ့ အလွန်ပဲ ကျက်သရေ မင်္ဂလာရှိလှတဲ့ စကားစုလေးပါ ပရဟိတဆိုတဲ့ အသံကို ကြားရသူ့ရင်မှာ စိတ်နှလုံး အေးချမ်းလှပါဘိ။ အခုဆိုရင် အများအကျိုး ထမ်းရွက်သူ ပရဟိတသမား ကျွန်တော်တို့ လူငယ်များ လောကကြီးထဲမှာ များစွာ ထွက်ပေါ်လာခဲ့ပါပြီ “ဂုဏ်ယူပါတယ် ပရဟိတ မောင်နှမများ”   အများအကျိုးအတွက် ပရဟိတ အစစ်အမှန်ကို တာဝန်သိစိတ်နဲ့ တာဝန်ယူ ဆောင်ရွက်တာဟာ မိဘက သားသမီးကို ကျွေးမွေးစောင့်ရှောက်တာနဲ့ အလားသဏ္ဌန် တူတယ်လို့ပဲ ကျွန်တော်မြင်မိပါတော့တယ် ပြန်ရယူလိုစိတ် စိုးစဉ်းမျှမရှိ ပေးဆပ်ချင်ရုံ သက်သက်နဲ့ မျှော်လင့်ချက်မထား ကူညီဆောင်ရွက် ပေးနေကြတာကြောင့် အလွန်ပဲ မွန်မြတ်လှပါတယ် ဘုရားဟောနဲ့လဲ ကိုက်ညီတဲ့အတွက် လက်ရှိဘဝမှာရော သံသရာအတွက်ပါ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါပဲလို့ ဆိုချင်ပါတယ်   အရာအားလုံးဟာ စိတ်ထားတတ်ရင် ပရဟိတဖြစ်သွားတယ်လို့ […]