ဟိုတစ်နေ့ကအဒေါ်ကမွန်လေးကို သတင်းစာထဲဖတ်ကြည့် Aya ဘဏ်က အကြွေးဝယ်ကဒ်တွေသုံးတဲ့သူတွေ ငွေသွင်းဖို့ပျက်ကွက်တဲ့သူတွေကို တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ရေးထားတယ်လု့ိပြောပါတယ်။ “အကြွေးဝယ်ကတ်အတွက် ငွေသွင်းဖို့ ပျက်ကွက်နေသူတွေအနေနဲ့ အမြန်ဆုံး ပြန်သွင်းကြဖို့ ဧရာဝတီဘဏ်က နိုင်ငံပိုင် သတင်းစာတွေကတဆင့် ကြေညာလိုက်ပါတယ်။ ငွေသွင်းဖို့ ပျက်ကွက်နေသူတွေကို ဘဏ်က အသိပေးစာတွေ ပို့ထားပေမယ့် လာမသွင်းကြဘူးလို့လည်း ဆိုပါတယ်။ ငွေတွေကို လာမယ့် ဇန်နဝါရီ ၂ဝ ရက်နေ့ နောက်ဆုံးထား ပေးသွင်းဖို့နဲ့ ပျက်ကွက်ခဲ့ရင် နာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ထပ်မံကြေညာပြီး တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့လည်း ဖော်ပြကြေညာထားပါတယ်။ အခု ကြွေးကျန်သူတွေဟာ အနည်းဆုံး ၆ လအထိ ငွေမသွင်းကြသူတွေ ဖြစ်တယ်လို့ သိရပြီး ဦးရေ ဘယ်လောက်ရှိတယ်၊ စုစုပေါင်း ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မေးမြန်းစုံစမ်းလို့ မရခဲ့ပါဘူး။ လက်ရှိမှာ […]
