ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရတဲ့ ပါရီ

Mon LayOctober 31, 20171min01

ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီ (ပဲရစ်)ကို ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်က ယဉ်ကျေးမှုအနုလက်ရာနဲ့ဖက်ရှင်ကျတဲ့နေရာ ၁၀ဝ စာရင်းမှာ နံပါတ်တစ်နေရာက ရပ်တည်နေတာဖြစ်ပါတယ်။

 

ဒီစာရင်းဟာ ဗိသုကာဆိုင်ရာအလှအပကနေ လူတွေနေထိုင်ကြပုံ၊ အလုပ်လုပ်ပုံ သို့မဟုတ် လည်ပတ်ခဲ့ကြပုံ စတဲ့အချက်အလက်တွေကို အခြေခံထားတယ်လို့ သိရပါတယ်။ သန့်ရှင်းမှု၊ ယဉ်ကျေးမှုလက်ရာနဲ့ စတိုင်လ်တွေကလည်း အဆင့်သတ်မှတ်ရာမှာ ထည့်သွင်းတွက်ချက်နိုင်ဖို့အတွက် ဖက်ရှင်ကျွမ်းကျင်သူတွေ၊ ဗိသုကာပညာရှင်တွေနဲ့ အခြားပညာရှင်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

 

 

ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ရာမှာ ပါရီရဲ့နောက်က လန်ဒန်၊ ဗီယင်နာမြို့တို့ ရပ်တည်နေပြီး နယူးယော့ခ်နဲ့ ဘာစီလိုနာတို့လည်း ပါဝင်ပါတယ်။ အချက်အလက်တွေကို စုဆောင်းတာကတော့ ဖက်ရှင်အက်ပလီကေးရှင်း Zalando ဖြစ်တယ်လို့ သိရတယ်။

 

အလှဆုံးမြို့တော်စာရင်းရဲ့ ထိပ်ဆုံးမြို့တော် ၃ဝ မှာ တိုကျိုလည်းပါဝင်ခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကားက မဟုတ်ဘဲ ထိပ်ဆုံးစာရင်းမှာရှိနေတဲ့မြို့တော်လည်းဖြစ်ပါတယ်။

#credit

မွန်လေးအသွားချင်ဆုံးမြို ့လေးလည်းဖြစ်ပါတယ်။ တစ်နေ့နေ့တော့ မွန်လေးရောက်အောင်သွားပါမယ်..europe ဘက်ကိုသွားရင် ပြင်သစ်ကိုရောက်

အောင်ဝင်လည်ပါမယ်။ ချစ်သူနဲ့လည်းသွားလည်ပြီး ပြင်သစ်အီဖယ်မျှော်စင်ရှေ ့မှာ romantic ဆန်ဆန် အနမ်းဖလှယ်ချင်ပါတယ်  အိုက်စ် 😛

 

One comment

  • “ ချစ်သူနဲ့လည်းသွားလည်ပြီး ပြင်သစ်အီဖယ်မျှော်စင်ရှေ ့မှာ romantic ဆန်ဆန် အနမ်းဖလှယ်ချင်ပါတယ် ”
    တောင်းတဲ့ဆုတောင်းပြည့်စေဗျား…..

    Reply

Leave a Reply

Your email address will not be published.