naywoon niFebruary 25, 20111min019
ညီမလေးရေ……… ညီမလေး ပြောတဲ့ ဆာဖာရီလား.. ဘာလား ။ အဲဒါဖွင့်ပွဲလုပ်တာ သိတာပေါ့။ ဒါပေမဲ့ အားမကျပါဘူး။ အားလည်းမပေးချင်ပါဘူး။ ခုလိုအချိန်မျိုးမှာ တို့ဆီမှာ ဒါကြီး(ဆာဖာရီ ဥယျာဉ်ကြီး)ရှိတယ်ဆိုပြီးတော့လည်း ဝမ်းလည်းမသာနိုင်ပါဘူး။ ဂုဏ်လည်းမယူချင်ဘူးလေ။ တစ်ကယ်တမ်း လိုအပ်နေတဲ့ အရာမှမဟုတ်တာ။ တစ်ကယ်တမ်းလိုအပ်နေတာက ခုထိ ကမ္ဘာမပြားသေးတဲ့ လူမွဲတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လူငယ်လေးတွေအတွက် ခက်ရာခဲဆစ် သင်ကြားနေရတဲ့ နည်းပညာတွေ လွယ်လွယ်ကူကူ အခမဲ့/အခမဲ့နည်းပါး သင်နိုင်ခွင့်တွေ ။ ဒါတွေလိုအပ်နေချိန်မှာ…..။ ပြီးပြည့်စုံပြီးသား လက်တစ်ဆုတ်စာလောက်ရှိတဲ့ သူတွေ အပမ်းဖြေဖို့ ဥယျာဉ်တွေ မလိုချင် မလိုအပ်သေးဘူးလို့ထင်တယ်လေ။ တစ်ကယ်လို့များပေါ့လေ… ။ ခုညီမလေးပြောတဲ့ ဆာဖာရီ ဥယျာဉ်ကြီး လုပ်မဲ့အစား ကွန်ပြူတာ အခြေခံကို အထက်တန်းကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ပြဌာန်းပြီး စနစ်တစ်ကျသင်ကြားလို့။ […]


naywoon niFebruary 23, 20111min011
ပိုက်ဆံ ရှိရင်ကောင်းတယ်။ ပိုက်ဆံမရှိရင်မကောင်းဘူး။ ပိုက်ဆံဆိုတာရှိတိုင်း ကောင်းတာမဟုတ်ဘူး လာမပြောနဲ့။ ခံစားလာရတာ အနှစ်လေးဆယ် အံမရှိတော့ဘူး။ ဗိုက်ထဲကိုအစာ ထည့်ချင်လည်း ပိုက်ဆံရှိမှ ကိုယ်စားချင်တာစားလို့ရတယ်။ တစ်ခုပဲ စားချင်တာ မရတဲ့ ရှားပါးပြတ်လပ်နေရတဲ့ နေရာမျိုး မှာ ရောက်နေမှာပဲဋ္ဌေကြာက်တယ်။ ညက ဟာမျိုးပဲကြည့်။ ဗိုက်တွေ အောင့်လာတယ်။ အောင့်တာမှ ညာဘက်ခြမ်း ခါးကနေလက်ခွထောက် လိုက်ရင် ရှေ့လက်ညိုးထိပ် နောကျောဘက်က လက်မထိပ် နှစ်ဘက်ညှပ်ပြီးအောင့်တာ။ လေတွေပဲ တစ်အေ့အေ့ တက်နေတယ်။ လေမလည်ဘူး။ ဝမ်းချုပ်နေတယ်။ ဆေးခန်းတွေက ပိတ်ပြီ။ ဒီအချိန်သွားနှိုးလို့ မကောင်းဘူး။ မနေ့က ဝယ်ထားတဲ့ ဝမ်းနှုတ်ဆေးရှိတယ်။ ပိုက်ဆံရှိတုန်းဝယ် ထားဦးမယ်ဆိုပြီး ဝယ်ထားလိုက်လို့သာပေါ့။ နို့မို့ဆို ဘာသောက်ရမှန်းတောင်သိမှာမဟုတ်ဘူး။ ဆေးတော်တော်များများစားပြိးလည်း ဝမ်းမသွားဘူး။ အောင့်တဲ့နေရာက အောင့်ေနေတုန်း။ ပါးစပ်ထဲလက်ညိုးထိုးပြီး အံတယ်။ […]


naywoon niFebruary 9, 20111min04
8-2-2010 နေ့က လွှတ်တော်မှာ ကျွေးမွေး ဧည့်ခံ ဖို့ သယ်ယူလာတဲ့ ကြက်တွေကနေ တုတ်ကွေးဖြစ်ပြီး အကောင် 600 လောက်သေသွားတယ်လို့ သိရပါတယ်။ တရားဝင်တော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး နေပြည်တော် ခရိုင်တွင်းမှာ တောင် သိပ်မသိကြသေးပါဘူး။ ဒါက နေပြည်တော်ကို သွားရောက်တာဝန်ထမ်းဆောင်ရတဲ့သူတွေက ပြောတဲ့သတင်းဖြစ်ပါတယ်။ သိတဲ့သူတွေကလည်း ကြက်သား ကြက်ဥ စားသင့် မစားသင့် ဝေခွဲမရသေးပါဘူး။ ခုလောလောဆယ်မှာတော့ သိတဲ့သူက ရှောင်သွား မသိတဲ့သူက ဝယ်စား နေကြတာပါပဲ။ မွေးမြူရေးသမားတစ်ဦးက ပြောတာကတော့ တုတ်ကွေး ဖြစ်တဲ့ ကြက်တွေက ဥ မဥတော့ပါဘူးတဲ့။ အသားကိုပဲ ခုလောလောဆယ် ရှောင်သင့်တာလို့ ဆိုပါတယ်။ ဒေသတွင်း ကြက်တွေက ဖြစ်တာမဟုတ်ပဲ သယ်လာတဲ့ ကြက်တွေက ဖြစ်တာဆိုတော့ စဉ်းစားစရာပေါ့လေ။ […]


naywoon niFebruary 5, 20111min09
အလုပ်တဲ့…..။ လူမှန်ရင် အလုပ်တစ်မျိုး မဟုတ်ရင် တစ်မျိုးတော့ လုပ်ကြရမေမယ်။ ဤသည်မှာထူးဆန်းသည်မဟုတ်။ နို့ မောင်မင်းက ဘာများထူးထူးဆန်းဆန်း ပြောချင်လို့ပါလဲ။ ကျွန်တော်တွေးမိသလောက်လေး စာစီလိုက်တာပါ။ လူတွေမှာအလုပ်ကိုလုပ်ကြရမှာ ရွေးချယ်ခွင့်ရှိပါတယ်။ ဘာတွေကို ခင်ဗျားတို့ ရွေးချယ်ခဲ့ကြသလဲ။ ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်။ ခွဲခြမ်း စိတ်ဖျာနေကြရအောင် ငါတို့မှာ အချိန်မရှိဘူး။ ဟုတ်စ..။ မင်းဟာ ခွဲခြမ်းစိတ်ဖြာနေရအောင် ငါတို့ အလုပ်က ထင်းခွဲတာလည်းမဟုတ်။ သါးလုံး ဝါးခြမ်းတွေနဲ့ နှီးဖြာတောင်းရက်နေတာလည်းမဟုတ်။ က်ပြီးမပြောကြပါနဲ့ဦး။ ဆက်နားထောင်ကြည့်ကြပါ။ အလုပ်ဆိုတာကိ်ု ကျွန်တော်က ဒီလို ခွဲခြားကြည့်ပါမယ်။ ခင်ဗျား ဘာအလုပ်လုပ် နေသည်ဖြစ်စေ အကျုံးဝင်ရပါစေမယ်။ အဲဒါတွေကတော့……. ၁။ ဝါသနာ ပါရာအလုပ် ၂။ ဝတ္တရားအရ လုပ်ရတဲ့အလုပ် ၃။ ကြွားဝါဖို့ မာနတက်လို့ လက်မထောင်ဖို့ လုပ်တဲ့ အလုပ် […]


naywoon niJanuary 21, 20111min012
ဘယ်နေရာဘာဖြစ်ဖြစ် သန့်သနဲဆို နှံ့ကနဲ စီကနဲဆိုရှေ့ဆုံးက ဘာအကြောင်းပြောပြော နေဝန်းနီ မသိတာမရှိစေရ။ နဲနဲလေးတော့ဝင်ပြောလိုက်ရမှ ကျေနပ်တာ။ သိတယ်မဟုတ်လား။ ဘာသာရေး အကြောင်းပဲ ပြောပြော လူ မှုရေးအကြောင်း ပြောမလား နိုင်ငံရေး စီးပွားရေးအကြောင်း အားလုံးလာခဲ့။ ဒါပေမဲ့ညက အိပ်မက်ထဲမှာ ကိုယ့်ကိုကိုပြန်တွေ့လိုက်ရမှ ဘာမှမသိတဲ့ ငတုံး တစ်ကောင်ဖြစ်နေမှန်း သိလိုက်ရတယ်။ ဟုတ်တယ်။ နေဝန်းနီ ဘာမှမဟုတ်ရှာပါဘူး။ သူသိတာလေးက သူအရက်သမားဖြစ်တုန်းက လူပေါ်လူဇော်လုပ်နိုင်ဖို့ စကားနဲ့အရက်မူးမူး အနိုင်ယူနိုင်ဖို့လောက်လေ့လာထားတာ။ ခုချိန်မှာ ဘာလေ့လာဖြစ်သလဲ။ သူ့ကိုယ်သူတောင် ကောင်းကောင်းမသိတဲ့ငကြောင်တစ်ကောင်။ ဘာသာရေး နဲ့ ဟိုပြောဒီပြောပြောလားပြောခဲ့။ ” မင်းပြောနေတာဘယ်သူကဂရုစိုက်နေမှာတုန်းတဲ့ သူ့သသနာအဖွဲ့အစည်း သူ့ဝိနည်းနဲ့သူရှိပြီးသား မင်းကအချာင် ငရဲဝင်ယူနေတာလားတဲ့” အိပ်မက်ထဲမှာအပြောခံလိုက်ရတာပြောပါတယ်။ ဟုတ်သားပဲ နော့ သူ့လမ်းစဉ်နဲ့သူ သွားနေကြတာ ။ လူမှုရေး မှာကော […]


naywoon niJanuary 20, 20111min00
နောက်တစ်ခုက- အကြွေအနှုတ် ရှားပါးနေတဲ့ကိစ္စ ဒိကနေ့ ဘယ်သူမှ တစ်ရာတန် ငါးဆယ်တန်ကို ကိုင်ပြိးသုံးစရာမရှိကြတော့ဘူး။ ရှားပါးပစ္စည်းဖြစ်နေပြီ။ ဒါပေမဲ့ ဈေးထဲမှာက ငါးဆယ် တစ်ရာနဲ့ အတော်ခေါင်းစားအောင်ရောင်းနေ ဝယ်နေကြရတာပါ။ အရင်တုန်းကဆိုရင် အကြွေ အနှုတ် ငါးပြားစေ့ ဆယ်ပြားစေ့လေး တွေကို တူရာထပ်ပြီး စက္ကူနဲ့ပတ်ထုတ် ဒါမှမဟုတ်ရင် ပလပ်စတစ်အိတ်ခွံထဲ ထည့် မီးပိတ်ပြီး သုံးကြရတာ။ ဈေးသသည်တိုင်းလက်မခံချင်ကြဘူး။ အကြွေနဲ့ ဈေးဝယ်ရတာက တော်တော်မျက်နှာငယ်ခဲ့ရတာ။ ခုတော့မဟုတ်ပါဘူး။ ငါးကျပ်တန် ဆယ်တန်လောက်ကိုအထပ်လိုက်ပေးဝယ်ရင်လည်း စိတ်မဆိုးဘူး။ ပြန်အမ်းခိုင်းရင် သာအမ်းပေးစရာမရှိလို့စိတ်ညစ်ကြတာ။ အခြားပစ္စည်းနဲ့အစားထိုးအန်းတော့လည်း တစ်ချိဲု့ကမယူချင်ကြဘူး။ အားလုံးတော့မဟုတ်ပါဘူး။ သူရို့ မှာလည်းသူတို့ မခက်အခဲနဲ့ဆိုတော့…. အဲဒိလိုငါးဆယ်တန် တစ်ရာတန် ဘာကြောင့် ရှားပါး သွားသလဲဆိုတာတော့ လမ်းကြောင်းစောင်းသွားမှာရယ် ငရဲ ရယ်ကြောက်လို့မပြောတော့ပါဘူး။ ဒီတော့ အများဆုံး ကိုင်နေကြတာက […]


naywoon niJanuary 19, 20111min010
ခု အချိန်မှာ ကျွန်တော်ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ တစ်တွေ ဘာလို့ မတိုးတက်တာလဲ? တိုးတက်သင့်သလောက်မတိုးတက်တာလဲ ဆိုတာကို ကျွန်တော်တွေးမိသလို တွေးတတ်သလိုလေး ပြောချင်တာပါ။ တိုးတက်ခြင်း=စည်းကမ်း ပါ စည်းကမ်း ဆိုတဲ့နေရာမှာ ကိုယ့်နဲ့မဆိုင်တဲ့ ကိုယ်ရသင့်ရထိုက်တာမဟုတ်တဲ့ အရာကို အချောင်လိုချင်နေကြတာ စာရိတ္တ မဏ္ဍိုင်လဲပြိုနေကြတာလေ။ အဲဒိလိုပြောလိုက်တော့ သိပ်များကြီးကျယ်သွားမလားမသိဘူး။ ဟိုတစ်ရက်တော့ “ကျွန်တော်တို့ဘာကြောင့် မတိုးတက်သလဲ” ဆိုတာကို တစ်ချို့က ဘာသာရေးနဲ့ ရိုးရာ ထုံးတမ်းစဉ်လာကို ဖက်တွယ်ထားကြလို့တဲ့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲဒိလိုမမြင်ပါဘူး။ ဘာသာရေးနဲ့ ရိုးရာအစဉ်အလာတွေကို ဖက်တွယ်ထားကြသူတွေဟာ မရှိမဟုတ် ရှိနေပါတယ်။ လူလတ်တန်းစားလို့ ခေါ်တဲ့ ပညာတတ်ချင်ယောင်ဆောင်နေတဲ့ ဘူဇွာစိတ်ဝင်နေတဲ့ အုပ်စုသေးသေးလေးနဲ့ သိပ်ပြီးချမ်းသာကြွယ်ဝနေတဲ့ ရေပေါ်ဆီ လူတန်းစား တွေပါ။ သူတို့ကလည်း ဟန်ပြကောင်းရုံ လူတွင်ကျယ်လုပ်နိုင်ရုံ လောက်ပဲ နွေခေါင်ခေါင်မှာ […]


naywoon niJanuary 15, 20111min02
လူနေမှု စည်းကမ်း ၁၈။ အောက်ဖော်ပြပါ တို့ကိုရှောင်ကျဉ်မည်။ (က) အများပြည်သူသွားလာနေသောလမ်းအား ပိတ်ဆို့စေခြင်း။ (ခ) လမ်းဘေးတွင် ကျင်ငယ်စွန့်ခြင်း (၈) ဆေးလိပ်တို မစ်ခြင်း (ဃ) ကွမ်းသွေးထွေးခြင်း (င) အမှိုက်ပစ်ခြင်း (စ) အရက်သေစာသောက်စားမူးယစ်ခြင်း (ဆ) ဆူပူခိုက်ရန်ဖြစ်ခြင်း (ဇ) ဟုတ်မှန်သည့် အကြောင်းအရာဖြစ်စေ မဟုတ်မမှန်သည့် အကြောင်းအရာဖြစ်စေ ငြင်းခုန်ခြင်း (ဈ) ဆူညံမှုဖြင့် အများအား အနှောက်အယှက်ဖြစ်စေခြင်း (ည) လိင်ပိုင်းဆိုင်ရာဝက်ဆိုဒ် များအား အလွန်အကျွံ ဝင်ရောက်ကြည့်ရှုခြင်း။ (ဋ) ချက်တင်ထိုင်ပြိး အရည်မရ အဖတ်မရ ပိန်ဖျဉ်းသော စကားများပြောဆိုခြင်းဖြင့် အချိန်ကုန်နေခြင်း (ဌ) တစ်ရက်လေးနာရီထက်ကျော်လွန်၍ အင်တာနက်ပေါ်နေခြင်း (ဍ) လာအက်သမျှ လက်ခံထားပြီး အကျိုးမဲ့စကားများ ပြောလာသူတို့အား စိတ်မရှည်နိုင်ပါက ရည်းစားစကားပြော ၍ […]


naywoon niJanuary 15, 20111min06
မိမိကိုယ်ကိုကိုယ်ဒီမိုကရေစီထူထောင်ခြင်းဥပဒေ အခန်း(၁) နိဒါန်း ၁။ ကမ္ဘပေါ်ရှိမည်သည့်တိုင်းပြည်တွင်မဆို အများပြည်သူတို့၏ သဘောအလျှောက်ဖြစ်စေ ရှိရင်းစွဲထူထောင်ပြီး စနစ်များဖြင့်ဖြစ်စေ အုပ်ချုပ်လျှောက်လှမ်း စခန်းသွားနေကြသည့် နည်းတူ ကျွန်ုပ်(နေဝန်းနီ) သည်လည်း ကိုယ်ပိုင်လျှောက်လှမ်းရမည့် ဘဝအတွက် ဤကိုယ်ပိုင် ဒီမိုကရေစီစနစ်ကို (မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရန် သဘောမူ၍ )ပြဌာန်းလိုက်ရပေတောသည်။ သို့ဖြစ်၍ ဤစနစ် ဥပဒေသည် မိမိကိုကိုယ် ထူထောင်ခြင်း ဥပဒေ ဖြစ်သည်နှင့်အညီ မည်သူ တစ်ဦးတစ်ယောက်နှင်မျှ သက်ဆိုင်ခြင်း အလျဉ်းမရှိစေရ။ ရည်ရွယ်ချက် ၂။ မည်သည့် စနစ်ကို ကျင့်သုံးသည် ဖြစ်စေ လိုက်နာရမည့်စည်းကမ်းမျျား ရှောင်ကျဉ်ရမည့် အချက်များ ရှိသည်နှင့်အညီ မိမိကိုကိုယ်မိမိ တိကျစွာ စည်းကမ်းများ သတ်မှတ်ပြီး တိတိကျကျ မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်တတ်စေသော အကျင့်ကောင်းများ ရရှိစေရန် ။ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက် […]


naywoon niJanuary 12, 20111min03
အေ ဘီ စီ ဒီ မတတ်ပဲနဲ့ အရပ်ထဲကိုဝင် ဖိနပ်ခိုးတာနင်……..တဲ့။ ငယ်ငယ်တုန်းက ကျောင်းသွားကျောင်ပြန် အော်ဆိုခဲ့ စာသားလေး ခု အင်တာနက်ပေါ်ရောက်တော့ ဘာကြောင့်မှန်းမသိ အတွေးထဲဝင်ဝင်လာတယ်။ ဟုတ်တော့လည်းဟုတ်သား ကွန်ပြူတာနဲ့ ပတ်သက်လို့ ဘာသင်တန်းမှမယ်မယ်ရရ မတက်ခဲ့ပဲနဲ့ ဒီလိုဖြစ်အောင် အသဲအသန် လုံးပန်းခဲ့ရတာ ပြန်တွေးကြည့်ရင်တော့ရယ်ချင်စရာ ကောင်းနေတယ်။ 2006 လောက်က ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ကိုဖတ်ပြိးကတည်းက ရူူးသွပ်ခဲ့ရတဲ့ ဒီအင်တာနက်ကို ။ ခုတော့ အတော်အတန် သိအောင် အသဲအသန်လုံးပမ်း ပြီးသကာလ ကိုယ်လျှောက်ခဲ့ရတဲ့ လမ်းကို ပြန်ကြည့်တော့ ဖြူးဖြူးဖြောင့်ဖြောင့်မရှိတာတော့အမှန်။ ဘယ်ဖြောင့်နိုင်ပါ့မလဲ။ ပထမဆုံး ကြုံတွေ့ရတာက ဘာသာစကားအခက်အခဲ စကားလုံးစလုံးတွေ့လိုက်လို့မှ ဘာကိုဆိုလိုမှန်းမသိ။ စာအုပ်ထဲမှတ်ထား သူငယ်ချင်းကို ပြန်မေး။ သုံးနေသူချင်းမေး။ ဂျီတော့ထဲမှာမေး။ အားလုံးက စိတ်ရှည်လက်ရှည် […]


naywoon niJanuary 12, 20111min08
ခုတစ်လော တင်ကြတဲ့ ပို့စ်အတော်များများမှာ Comments Off ဆိုတာတွေ တွေ့ရတာများနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ ခင်ဗျာ ။ သူကြီးက စာတင်တဲ့သူတွေကိုအလှည့်ကျ off နေတာလား(ဝင်ပြီးဆွေးနွေး မဲ့သူ များမှာစိုးလို့ ။လူများများ Comments တွေဝင်ရေးရင် 10….10 နဲ့ ပေးရမှာချွေတာရေးလုပ်တာလားလို့ပါ ) တစ်ချို့ ပိုစ့်တွေက အတော်များများ ရွာဆူအောင်ပြောမဲ့ ပို့တွေချည့်ဖြစ်နေတော့ ပို့တင်နေတာကို သူကြီး ကြည့်ပုံရတယ် ။ မသိလို့ မေးကြည့်တာနော် စိတ်ဆိုးတော်မမူပါနဲ့ စာတစ်ပုဒ်တင်ရင် ကိုယ့်စာ Comments Off ဖြစ်နေသလား အရင်ကြည့်နေရတယ်။ တစ်ခါတစ်ခါ error ပြနေတာနဲ့ publish ထပ်ထပ် လုပ်မိတာတွေရှိနေတယ်။ ဒီဘက်ကလွန်တာလား အဲဒိဘက်ကလွဲသလား မသိဘူးနော် တစ်ခုခု တော့ တစ်ခုခုပဲ ။


naywoon niJanuary 9, 20111min014
ခုနှစ် သက္ကရာဇ်ရဲ့ ပဲ့တင်သံကို မိရအောင်ဆုတ်ကိုင်ပြနိုင်ပြီး ရင်ခုန်သံစည်းချက်မှန်သူဟာ မှော်ပညာရှင်ဆိုရင် မောင်ချောနွယ်လည်း သူ့ကဗျာတွေကို မှော်အတတ်နဲ့ရေးခဲ့တာ..။ ကိုပေါက်လည်း သူ့စာတွေကိုမှောအတတ်နဲ့ ရေးတင်ထားတာ..။ မနောလည်း……………… ဆူးဆိုတဲ့ကောင်မလေးလည်း ……………………………. နောက်………………… တို့လည်းမှော်ပညာရျင်တွေပါပဲလေ..။ သူရို့မှာတော့ မြို့ကြီးပြကြီးတွေ ထွန်းကားနေကြပေါ့..။ အဲ…နေဝန်းနီခင်မြာမှာတော့ မီတာခနဲ့ ရေသန့်ဘူးဘိုးမတတ်နိုင်လို့ နဝင်းချောင်းလေးဘေးမှာ ရွာလေးတစ်ရွာတည်ထားရရှာတယ်….။ နေဝန်းနီ


naywoon niJanuary 4, 20111min024
နှစ်မကူးခင်ကပေါ့။ 26ရက်နေ့ကလား27 လားတော့ မှတ်မထားမိဘူး။ ငယ်သူငယ်ချင်း တစ်ယောက်ရဲ့ စာအုပ်ဆိုင်လေး ရွေ့တယ်။ ကိုယ်ပိုင်နေရာ မဟုတ်တော့ ပိုင်ရှင်က ဖယ်ခိုင်းတော့လဲ ရွှေ့ပေးရတာပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ကူညီကာ ဝိုင်းမပြီး ရွှေ့ပေးကြတာပေါ့။ သိပ်ဝေးဝေးလံလံလည်း မဟုတ်ပါဘူး။ တစ်လမ်းပဲ ကျော်ရတာဆိုတော့။ ခဏလေးနဲ့ ပြီးပါတယ်။ ဆိုင်အသစ်လေး ရောက်တော့ ဟေ့ ဒီနေ့ ရွှေ့တာ ရက်ရွေးထားလို့လား ဆိုတော့ ဟာ အမှတ်တောင်မရလူးတဲ့။ ကိုကို့ တပြည့်ပဲတဲ့လေ။ ဟုတ်ပါတယ် ကျွန်တော်တို့ဆီမှာ ကိုကိုဆိုတဲ့သူက စာအုပ်ဆိုင်စဖွင့်တာ အင်္ဂလိပ်လရဲ့ 13 ရက်ပါ။ မြန်မာလို ပြဿဒါး ရက်ပါ။ ဒါပေသိ တမင်လုပ်လိုက်တာတော့ မဟုတ်ပါဘူးတဲ့။ ဗေဒင် ဘာညာ ယုံတဲ့ သူ့ဇနီးက ပြန်ကြည့်မှသိလိုက်တာပါ။ ခုထိလည်းရှိပါတယ်။ […]