naywoon niMay 11, 20111min08
အသက်ကြီိးလာတောကလည်း လွမ်းစရာတွေများနေရုံပ..။ တစ်ခုခုကြုံလာရင် အရင်ဘယ်လို ဘယ်ကဲ့သို့ပေါ့လေ….. ။အရင်နဲ့အခုကဘယ်လိုကွာတာ ဘာနဲ့ ညာနဲ့ ပြောလို့မဆုံးတွေးလို့ မဆုံး..။ ညက အင်တာနက်ဆိုင်ကပြန်လာတော့ အရင် နှစ်နှစ်ဆယ်ကျေယ်လောက်က လ္ဘက်ရည်ဆိုင်သီချင်းလေးတွေ ကြားလိုက်မိတာနဲ့ အဲဒိလ္ဘက်ရည်ဆိုင်လေးထဲ အလိုလိုရောက်သွားတယ်..။ စိတ်ထဲက ဘာရယ်လို့တော့ မဟုတ်ဘူး.။ ဖွင့်ထားတဲ့သီချင်းလေးက ဆိုင်းထီးဆိုင်ရဲ့ သီချင်းလေးပါ.။ mp3 ကိုဆောင်းဘောက်လေးနဲ့ ဖွင့်ပေးထားတာ..။ အရင်တုန်းက တော့ ကက်ဆက်နဲ့ တိတ်ခွေနဲ့ ဖွင့်ရတဲ့သီချင်းလေးတွေပေါ့ ဖွင့်ထားတဲ့သီချင်းလေးက…” ခွဲစိတ်ခန်းကဆရာမလေး”တဲ့လေ..အချိန်က ည ကိုးနာရီလောက်ပဲရှိသေးပေမဲ့..ဆိုင်ကလူရှင်းနေပြီ..။ ဆိုင်အတွင်းပိုင်းထဲမှာ လူမရှိတော့ဘူး..။ အတွင်းထဲမှာ နိုင်ငံခြားကား ထိုးထားပြီး ဆိုင်က ကလေးတွေကြည့်နေတယ်..။ တစ်ခြားဆိုင်တွေလိုပဲ ဘောလုံးပွဲ မပြလို့ ဆိုင်ထဲလူမရှိတာလည်းဖြစ်နိုင်တယ်..။ ဘာလို့လဲဆို အချိန်ကအစောကြီးရှိသေးတာကိုးးး။ ဘောလုံးပွဲပြနေတဲ့ ဆိုင်တွေကတော့ လူရှိနေတာပဲ..။ မိုးရွာနေလည်း ထီးဆောင်းလာကြတာ..။ ဆိုင်ထဲရောက်မှ […]

Hein-Latt-CV-520x800.jpg

naywoon niMay 10, 20111min02
မေးလ်ထဲဝင်လာတဲ့ ဖိတ်စာလေးပါ……။ ရွာထဲမှာပြောသံမကြားသေးလို့ ဖြန့်ဝေပေးလိုက်တာပါ….။ နေဝန်းနီတို့က တော့ အခမဲ့ ဆိုလည်း သွားနားမထောင်နိုင်ဘူးလေ….။ အဲဒိတော့ စိတ်ဝင်စားတဲ့သူများ သွားနားထောင်နိုင်ဖို့နဲ့ ဘာတွေ ဟောပြောလေမလဲ ပြန်ပြောပြကြမလားလို့တင်ပေးလိုက်တာပါ……။ အောက်မှာဟောပြောမဲ့သူရဲ့ ကိုယ်ရေးအကျဉ်းလေးပါတွဲပေးလိုက်ပါတယ်နော်………။


naywoon niApril 28, 20111min09
အွန်လိုင်းပေါ်ရောက်တာက 16 လလောက်တော့ရှိပြီ။ အပြင်မှာ ဝါသနာတူ စိတ်တူ ကိုယ်တူ ပေါင်းလို့ သင်းလို့ ပြောလို့ ဆိုလို့ရတာဆိုလို့ သူငယ်ချင်းဗစ်တာစိုးမိုး (m)တစ်ယောက်ရယ်..။။ ငယ်သူငယ်ချင်းလဲဖြစ်တော့ အကြောင်းသိ..။ စာရေးတာ စာဖတ်တာ အကြိုက်တူ ။ အတွေးအခေါ်ချင်းကလည်း တစ်ခေတ်ထဲဖြတ်သန်းလာရသူချင်း ဝန်ထမ်းဘဝမှာ ကျင်လည်ခဲ့ရသူချင်း ဆိုတော့ အတော်များများမှာ တူတယ်..။ မတူတာလည်း ရှိတာပေါ့လေ..။ အွန်လိုင်းပေါ်က အကြောင်းကိုလည်း သူနဲ့ပဲပြောလို့ရတယ်..။ ကျန်တဲ့သူတွေက ချက်တင်လောက် ထိုင်တာဆိုတော့ အမြင်ချင်းမတူချင်ဘူး..။ သူတို့နဲ့ပြောရင် ကောင်မလေးတွေ အကြောင်းလောက်ပဲပြောလို့ရတာ..။ စာအကြောင်း ပေအကြောင်း ဝက်ဆိုဒ်တွေ အကြောင်း ပြောလို့ရတာမဟုတ်ဘူး..။ တစ်ချို့တစ်လေကျတော့လည်း ဝက်ဆိုဒ်တွေထဲတော့ ဝင်ပါရဲ့..။ ဒါပေမဲ့ သူတို့ဝင်ကြည့်တဲ့ ဝက်ဆိုဒ်တွေက ဟိုလိုလို ဒီလိုလို ဖွယ်ဖွယ်ရာရာမျိုးတွေ ဟုတ်ဟုတ်ဟတ်ဟတ် လူကြားသူကြားထဲ ပြောလို့ရတဲ့ […]


naywoon niApril 18, 20111min08
လူတိုင်းလူတိုင်းမှာ အတ္တကိုယ်စီ ။မာန်မာန ကိုယ်စီ ထောင်လွှားမှုကိုယ်စီ ထင်ပေါ်လိုမှုကိုယ်စီ ဂရုစိုက်ခံလိုမှုကိုယ်စီ အဲ… ပြီးတော့ တွေဝေမှုကိုယ်စီ နဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကိုယ်စီ နဲ့ သက်ဝင်လှုပ်ရှားနေကြတာ။ အဲဒိလိုသက်ဝင်လှုပ်ရှားနေရင်းက အမှားတွေ လည်းကျူးလွန်းမိရင်းပေါ့..။ မဖြစ်နိုင်မှန်းသိရက်နဲ့ ဖြစ်လာမလား ဖြစ်လာမလားလုပ်ရင်းနဲ့ လုပ်ကြည့်ရင်းနဲ့ ငှက်များပျံရင်း သေရသလိုသာပ…။လူမှာလည်း ကြံစည် စိတ်ကူးရင်း သေကြရတာ.တွေချည့်ပဲ။ ဘယ်သူ့ကိုပဲကြည့်ကြည့် နောက်ဆုံးထွက်သက် ချသွားချိန်မှာ သူ့အလိုပြည့်သွားတယ်..။ သူ့မျှော်လင့်ထားသမျှ ရသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ခပ်ရှားရှား..။ အဲဒိ အတ္တ ကိုယ်စီနဲ့ အဆင်ပြေသလို လှုပ်ရှားနေကြရင်းနဲ့ ပြောနေကြ စကားပြော လိုက်ရရင်တော့ ဘာတဲ့….” လူတစ်ကိုယ်ထင်တစ်လုံး “တဲ့ လေ..။ ကိုယ့်ကိုကိုယ်တော့ သူများထက် နှာတစ်ဖျားလောက်တော့ အနဲဆုံး သာတယ်ထင်တဲ့သူချည့်ပဲ..။ ငါသာငါထက် မာန်တွေတက်ရင်း ငါနဲ့ငါပြိုင် […]


naywoon niApril 16, 20111min012
တို့လူမျိုးက ကမ္ဘာပေါ်မှာ ရှားတယ်ကွ..။ တစ်နှစ်လုံး 365 ရက်ရှိတဲ့အထဲက 361 ရက်လုံး မျက်နှာဖုံးစွပ်တစ်ခုတပ်ပြီးနေတာ..။ ပကတိ မျက်နှာနဲ့ ပကတိ စိတ်ရင်းနဲ့နေတာမဟုတ်ဘူး.။ လေးရက်ပဲ မျက်နှာဖုံး စွပ်ကိုဖြုတ်ချပြီး ပကတိ မျက်နှာ ပကတိ စိတ်ရင်းနဲ့နေတာ.။ ကြည့်ပါလား။ ဒီလိုရက်မျိုးဆိုရင် တစ်နှစ်လုံး အောင့်အီးပြီး ဟန်ဆောင်ပန်ဆောင် နေခဲ့ကြရတာတွေကို အတိုးချပြီး လုပ်ချင်တာအကုန်လုပ်ကြတော့တာ.။ ဒါကိုများ နှစ်ကူးတာတဲ့…။ နာမယ်လှလှလေးပေးလို့လေ..။ ဒီလိုရက်မျိုးမှာ အရက်သောက်မယ်..။ မူးမယ်..။ လူကြားသူကြားထဲ မရှက်မကြောက် ကမယ် ခုန်မယ်….။ ဘယ်သူကမှ ဒီလိုအချိန် နှာခေါင်း မရှုံ့ ကြဘူး။ ပျော်တတ်သတဲ့..။ တစ်နှစ်တစ်ခါပျော်ပါစေ …တဲ့ ။သင်္ကြန်ရေ ကစားတာအကြောင်းပြ ပြီး စမယ် နောက်မယ်..။ ကိုယ်ချင်းစာ စိတ်မထားကြဘူး..။ (ဒီမှာ စိတ်ဆိုးတဲ့သူအပြစ်တဲ့…………။) […]


naywoon niApril 13, 20111min06
မနုသတ္တ ဒုလ္လဘတဲ့ အဲဒါဆိုရင် မောင်ချောနွယ်နွယ်လည်း ဒုလ္လဘ တစ်ခုနဲ့ပဲတဲ့..။ ဟုတ်ပါ့ …ဆရာချောရေ လူမှာလည်း ဒုလ္လဘနဲ့ နွားမှာလည်း ဒုလ္လဘနဲ့ ငါးမှလည်းဒုလ္လဘနဲ့ပေါ့လေ….။ နှစ်ဆန်းတစ်ရက်နေ့မှာ ငါးသက်စေ့လွှတ်မယ်ဆိုတဲ့ ထင်ပေါ်ချင်တဲ့အတွေးနဲ့ ရေထဲက ငါးတွေ ဖမ်းဖမ်းနေကြတာ တရားမလွန်ဘူးလားဗျာ..။ ပြီးတော့…. ရေထဲကငါးကိုဖမ်းပြီး ရေထဲပြန်လွှတ်နဲ့ ပြန်မလွှတ်ခင်စပ်ကြားမှာ ဈာန်လျောကုန်ရတဲ့ငါးတွေ….ငါးတွေ ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာဆိုတာ ဒါမျိုးလားဗျာ စဉ်းစားကြည့်ကြပါဦး…။ ဒီလို ဓလေ့ စရိုက်ဆိုးကို ရိုက်ပုတ်လို့ နှင်ထုတ်သင့်ပြီ…။ နေဝန်းနီ


naywoon niApril 5, 20111min018
သားသား နာမယ်က လဝင်းညိုပါ။ လဆိုတဲ့အက္ခရာနဲ့ ညိုဆိုတဲ့ အရောင်ကိုမကြိုက်လို့ ပြောင်းနေရင်းကနေ နေဝန်းနီ ဖြစ်သွားရတာပါ။ သားသား 11နှစ်ကျော်ကျော်လောက်ကထဲ ဆေးလိပ်သောက်တတ်တာပါ..။ ကျောင်းသားကြီးတွေက သင်ပေးတာပါ။ အခုပုံက 14ျနှစ်ကျော်ကျော် ကိုးတန်းစားမေးပွဲအပြီးကျောင်းဝင်းထဲမှာပဲ ရိုက်ထားတဲ့ပုံပါ..။ သားဆေးလိပ်သောက်တော့ ဆေးပေါ့လိပ်က နှစ်လိပ် တစ်မတ် (25ပြား)ပါ..။ ဒူးယား အညို ဘူးပြော့က တစ်လိပ်ကို ပြားလေးဆယ်လားမသိဘူး။ အဲဒိလောက်ပဲရှိသေးတယ်..။ ရွာထဲက ကိုကို မမ ဦးဦး ဒေါ်ဒေါ် ဘဘ တို့ သားကိုဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီးမေးချင်တာမေးလို့ ရပါတယ်။ ဒီပုံက စကင်ဖတ်ဖို့ အလကား လုပ်ပေးမဲ့ ဦးဦးဗစ်တာစိုးမိုးမအားလို့ နောက်ကျသွားတာခွင့်လွှတ်ပါ..။ ဦးဦးခိုင်က ဝယ်မယ်မဝယ်မယ် မသေချာလို့ စကင်အလကားဖတ်ပေးမဲ့သူကို စောင့်ရင်းနောက်ကျသွားတာ ခွင့်လွှတ်ကြပါ နော်


naywoon niMarch 31, 20111min012
မတူကွဲပြားခြင်းတဲ့.လား.။ ကျွန်တော်က ဒီလိုမမြင်ဘူးဗျ.။ ကျွန်တော်တို့ နေရာဒေသဟာ ကမ္ဘာ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့ အယူအဆ ၊အတွေးအခေါ် ယုံကြည်မှု အားလုံးကို လက်သင့်ခံထားတဲ့ နေရာဒေသ တစ်ခုလို့ပဲမြင်မိတယ်..။ ဘာကိုအဓိကထားလဲလို့ ပြောရအောင် လည်းမယ်မယ်ရရ ပြောလို့မရဘူး။ ရှေးထုံးမပယ်နဲ့ တဲ့ ။ ဒီစကားလုံးနဲ့ ချုပ်ကိုင်ထားပြီး ကိုယ့်အရင်က လုပ်ခဲ့သမျှ တွေးခဲ့သမျှှ အတွေးအခေါ်အယူအဆတွေကိုလည်း ပြန်လည်ဆန်းစစ်ခြင်းမရှိပဲ လက်ခံထားကြတာပဲ..။ နတ်။ဗေဒင်။နက္ခတ္တ..။လက်မလွှတ်ဘူး။ ဒီကြားထဲ ဘာဂန္ဓာရီ ညာဂန္ဓာရီ ဝင်လာသေးတယ်။ ဝိဇ္ဖာမှာ လိပ်စာမရှိဘူးဆိုလည်း ယုံလိုက်တာပဲ။ ပြီးတော့ စာကလေးဗေဒင်ဆိုလည်း လာဦး ထဲက..။ နောက်ရှိသေးတယ်..။ ဂဏန်းဗေဒင်တဲ့..။ ဟော ထီဗေဒင်တဲ့…။ ပေသီးနှိုက်တဲ့ ထီကိုတောင်ဗေဒင်က လက်မလွှတ်ဘူး။ ဟော ဘိုးတော်တဲ့ မယ်တော်တဲ့ လက်အုပ်လေးချီလို့..။ လာဦးမယ် အန်ကုံးတို့ […]


naywoon niMarch 24, 20111min013
သမိုင်းထဲက သမိုင်းပေါ့ဗျာ……. အခါတစ်ပါး မြန်မာပြည်ဖွား သမိုင်းပါရဂူတစ်ယောက်ကို မြန်ပြည်သား ကမ္ဘာကျော်စာရေးဆရာကြီးတစ်ယောက်က မေးခွန်းတစ်ခုမေးခဲ့တယ်။ (သူ့ဝတ္ထု အတော်များများကို နိုင်ငံတော်တော်များများက ဘာသာပြန်ခြင်းခံခဲ့ရသူပါ)။ ဘယ်လိုမေးခဲ့လဲဆိုတော့ ” သမိုင်းကို ဘာကြောင့်သင်ရသလဲ” တဲ့လေ……။ ဟိုဆရာကြီးက တခွန်းထဲပဲထိထိမိမိ ပြန်ဖြေပေးခဲ့တယ်။ ” မအ, အောင်လို့” တဲ့ ။ပညာရှိပီသ ပါပေရဲ့။ အဲဒိတော့ ကျွန်တော်တို့လည်း သမိုင်းကို (ခုဆို မူလတန်းကတည်းက သင်တယ်နဲ့တူရဲ့) သင်နေကြသူများပိပီ.. အ, နေလို့တော့ မဖြစ်ချေဘူးနော်..။ ကျွန်တော် ပြောမဲ့ သမိုင်းကြောင်းက ခေါင်းစဉ်ပေးထားတဲ့ အတိုင်းပါပဲ။ ” မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား “အကြောင်းပါပဲ။ အဲ… သမိုင်း ဘာသာရပ်မှာ သင်ခဲ့ရတာတော့မဟုတ်ဘူးဗျို့။ မြန်မာစာမှာပါ.။ 1984-85 ပညာသင်နှစ်က ဆယ်တန်းမြန်မာစာမှာပါ..။ မှီလိုက်တဲ့သူ တွေတော့ […]


naywoon niMarch 19, 20111min08
အရင်ကသိထားမှတ်ထားတာလေး ဝင်ပြောချင်လို့ပါ။ ပြောချင်ဇောနဲ့ ဆိုတော့ မှားရင်လည်း ပြင်ပေးကြပေါ့ နော့။ ဘယ်ဆားမဆို အိုင်အိုဒင်းဓါတ်က ပါပြီးသားပါ။ ပြီးတော့ ရေစပ်စပ်မှာ ပေါက်တဲ့ အရွက်တွေ အပင်တွေမှာလည်းပါတတ်ပါတယ်။ ဥပမာ ကန်စွန်းရွက်တို့ … ဟင်းနုနွယ်တို့… မှာလည်းပါပါတယ်။ ရာနှုန်းနဲပါးစွာပါကြတာပါ။ ထားပါ။ ဆားမှာတော့ အိုင်အိုဒင်းဓါတ်ကို ဖြည့်စွက်ပေးထားလို့ရပါတယ်။ ဒါပေမဲ့ ဆားအနုမှာ ချွတ်ဆေးနဲ့သန့်စင်ပြီး သးဖြူဖွေးနေတဲ့ဆားမှာ ထည့်လို့မရပါဘူးတဲ့။ ဆားအတုံးအခဲ ပေါ်မှာပဲထည့်လို့ ဖြည့်စွက်လို့ရပါသတဲ့။ ဒါကြောင့်လည်း ပလပ်စလစ်ပေါ်မှာ တံဆိပ်ရိုက်ပြီး ပါကင်ထုတ်ထားတဲ့ အိုင်အိုဒင်းဆားတွေဟာ နဲနဲကြမ်းနေတတ်ပါတယ်။ အဲဒိဆားထုတ်တွေက စပြီးထုတ်ခါစကတော့ တစ်ကီလို (61.111)ကျပ်သားရှိပါတယ်။ နောက်တော့ ဈေးမတက်ပဲ ဆားပဲလျော့သွားတာ ခုဆို ငါးဆယ်သားတောင်မပြည့်တတ်တော့ဘူး။ ဈေးကလည်းအများသုံးဆားရဲ့ နှစ်ဆလောက်ဖြစ်သွားပါတယ်။ အများသုံး ဆားဆိုတာကတော့ ပိဿာချိန်ငါးဆယ်ပါတဲ့ အိတ်ကြီးဆားတွေပါ။ အဲဒိမှာလည်း […]


naywoon niMarch 18, 20111min010
17-3-2011 နေ့ညနေပိုင်း ဈေးပိတ်ချိန်မှာ နေပြည်တော် ဆားဈေးဟာ ပိဿာချိန်-50 ပါတစ်အိတ်ကို -11500 ကျပ်ပဲရျိပါသေးတယ်။ လက်လီ တစ်ပိဿာကို -250 ကျပ်နဲ့ ပျော်ပျော်ကြီးရောင်းလို့ကောင်းတုန်း ဒီကနေ့ ဈေးပြန်ဖွင့်ချိန်မှာ ဆားဖြန့်တဲ့ ကိုယ်စားလှယ် ဆိုင်ကြီးတွေမှာ ဆားရောင်းစရာမရှိတဲ့ဆိုင်နဲ့ မနက် 07း00နာရီလောက်က -12000 ကျပ်ဖြစ်သွားပြီလို့ ပြောတဲ့သူက 08း30 လောက်မှာ -16000 ဖြစ်သွားပါသတဲ့။ လက်လီဈေးကိုလည်း သူတို့က စပြီး တစ်ပိဿာ -500 နဲ့ရောင်းနေပါတယ်။ ကျန်တဲ့ သူတွေကိုလည်း ဆားဈေး ဘယ်လောက်ဖြစ်မယ်မသိ ရောင်းစရာလက်ကျန်မရှိ ဆိုပြီး -500 နဲ့ရောင်းဖို့ လည်ပြောပေးနေပါတယ်။ တစ်ခဏချင်းမှာပဲ တစ်ဈေးလုံး ဆားတစ်ပိဿာ -500 အတည်ဖြစ်သွားပြီး ရော်းချနေကုန်ပါပြီ။ ဘာတန်းခိုးနဲ့များနှစ်ဆတိုးသွားတာလဲ ဆားဈေးရယ်လို့ ပြောရမလိုဖြစ်နေပြီဗျို့………။ ကျန်တဲ့ ကုန်ပစ္စည်း […]


naywoon niMarch 2, 20111min013
ဒီပို့စ်ဟာ ဘာသာရေး ပို့ မဟုတ်ပါဘူး။ ကိုယ်သိသလောက်လေးချရေးကြည့်တာပါ။ တော်ကြာနေ ဘယ်ကျမ်းကတော့ ဘယ်လိုဆိုတယ် ဆိုတဲ့ စကားလုံးကြီးနဲ့ ကိုင်ပေါက်တတ်တဲ့ ဆရာတော် ကိုအောင်ပုကို ကြောက်လို့ ကြိုတင်ပြောထားတာပါ။ ကျွန်တော် သိထားတာကတော့ အသိမရှိရင် သတိဆိုတာ မရှိပါဘူး။ ဘာမှမသိတဲ့ သူတစ်ယောက်ဟာ ဘာကိုမှသတိရစရာ အောင့်မေ့စရာ မရှိနိုင်ဘူးဆိုတဲ့ သဘောလေးပါ။ ဘာမှမသိတဲ့ သူရယ်လို့တော့ ဘယ်ရှိနိုင်မလဲနော်။ သူ့အသက်အရွယ်အရ တွေ့ကြုံသိလောက်တော့ ရှိမှာပေါ့။ ကျောင်းနေဖူးတဲ့သူ ဆိုရင် သင်ကြားတဲ့အသိပါရှိမှာပဲ။ ဒါက သေချာတယ်။ ဒါတွေကို သတိရ ဆင်ခြင်ပါမှ ဆင်ခြင်သိရယ်လို့ဖြစ်လာတာပါ။ ဆင်ခြင်သိဆိုတာက သင်ကြားထားတဲ့ အသိနဲ့ တွေ့ကြုံသိတွေကို သတိရပြီး ယုတ္တိ ရှိရှိ တွေးတော ဆင်ခြင်ပါမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချနိုင်မှာပါ။ အဲဒိတော့ ယထာဘူတ ကျကျ […]


naywoon niMarch 1, 20111min022
တစ်ချို့က ပြောကြတယ်။ “ဘာလို့ဒီအရွယ်ထိ နေနေတာလဲ” တဲ့။ တစ်ချို့ကလည်း ပြောကြတယ်။ “သီတင်းကျွတ်တော့မယ်” တဲ့။ တစ်ချို့က လည်းအားပေးကြပါတယ်။ “ယောက်ျား မောင်ပဉ္ဇင်း မိန်းမ ပုခက်တွင်း”တဲ့ ။ “ဒွေးချိုး လေးတိုး”တဲ့။ ဘာတွေ မှန်းလည်းမသိ။ ဒါနဲ့ အနားက သူငယ်ချင်းကို ပြန်ပြန်ပြီးမေးနေရသေးတယ်။ သူငယ်ချင်းကလည်း သိပ်ပြီး ကျောက်ပြင်မကပ်ရှာဘူး( မြင်ပြင်းကပ်တာကို ပြောတာပါ- ကျွန်တော်တို့က ဆဲတာကိုလူကြားကောင်းအောင်ဆဲတတ်ကြပါတယ်။ တစ်ချို့က ပြောသေးတယ်။ မင်းတို့ဆဲတာကချစိစရာကောင်းတယ်တဲ့။ ဆဲပါတယ်ဆိုမှ ချစ်စရာကောင်းတယ်ဆိုသူကရှိသေး။ အင်းလေ ကလေးလို မပီ့တစ်ပီဆဲတာကိုးနော့)။ မင်းကို သေခါနီးကျမှလည်း မိန်းမယူလို့ရတယ်လို့ပြောနေကြတာတဲ့။ ညီလေးကောင်းစားစေ့ချင်ယူလိုက်ပေါ့တဲ့။ သဘောကတော့ ကျွန်တော့်ကို မိန်းမယူဖို့ အသက်လွန်နေပြီ ဆိုပြီး မင်းမိန်းမယူပြီးသေရင် ဟိုက မင်းထားခဲ့တာတွေ့နဲ့ နောက်တစ်ယောက်ထပ်ယူမှာ အဲဒိသဘော နဲ့ အားပေးရှာပါတယ်။ […]