naywoon niDecember 29, 20101min09
Happy New Year 2011 ….လို့စာပို့လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကို့သူငယ်ချင်းတွေက မေ့နေကြလို့ပဲလား သတိမရတာလား? သူတို့အတွက် အရေးမပါလို့ပဲလားမသိဘူး ဘယ်သူဆီကမှဒီလိုစာမျိုး မပို့ကြဘူး။ ညီမလေးကအမှတ်တရ ပို့ပေးလို့သာ နှစ်ကုန်တော့မယ်ဆိုတာ သတိရသွားတာ။ နို့မို့ဆို သင်္ကြန် နှစ်ကူးတာလောက်ပဲ သိတာ ။ ခရစ်နှစ်ပြောင်းသွားတာလောက်တော့ မေ့မေ့လျော့လျော့ပဲ။ တစ်ခါနှစ်ခါကြိုးစားရုံနဲ့ မအောင်မြင်တိုင်း ငါ့ကုသိုလ်ကံက မကောင်းတာပါလို့ ကံကိုလွှဲချခြင်းကို တင်းတိမ်ရောင့်ရဲခြင်းနဲ့ ရောထွေးနေတဲ့ ညီမကို အမြင်မှန်ရအောင်ပြောပြပေးတဲ့ အတွက်ဆိုလို့ ညီမငယ် သောမတ်အက်ဒီဆင်ဆိုတာကြားဖူးမှာပေါ့။ မီးလုံးတွေ ထွင်ခဲ့တာလား? 999 ကြိမ် ထိမအောင်မြင်တော့ သူ့တပြည့်က လက်လျော့လိုက်ဖို့ ပြောတော့ သူကပြန်ပြောခဲ့တာလေ။ “ငါတို မဖြစ်နိုင်မဲ့ နည်းလမ်း 999 ခုတောင်သိသွားပြိ တဲ့ အဲဒိနည်းလမ်းပေါင်း 999 ခုရှောင်ပြီး နောက်တစ်ကြိမ် […]


naywoon niDecember 24, 20101min013
လွန်ခဲ့တဲ့ သုံးရက်လောက်ကဖြစ်ခဲ့တာပါ။ ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ ညီမလေးတစ်ယောက် ဂျီမေးလ်ဖွင့်ထားရင်းကနေ ပိတ်သွားပြီး ပြန်ဖွင့်လို့ မရတော့တာပါ။ ကျွန်တော်လည်း လုပ်တတ်သလောက်လုပ်ကြည့်တာပဲ မရဘူး ။ ဖြစ်နိုင်တာတွေကိုပြောပြပါ့မယ်။ ကျွန်တော်တွေးကြည့်တာတွေလေ…..။ ဂျီမေးလ် ကပိတ်သွားပေမဲ့ ဂျီတော့ကတော့ ပွင့်လျှက်ကျန်ခဲ့ပါတယ်။ ဒီကကောင့်က ဘယ်သူလုပ်ပေးတာလဲ မေးကြည့်တော့ ဒီဆိုင်ကပဲ လုပ်ပေးတာပဲတဲ့။ ကျွန်တော်လည်း ဂိုဂဲလ်ကနေမေးလ်ပြန်ခေါ်ပြီးတော့ အကောင့်ရိုက်ခိုင်းလိုက်ပြီးတော့ Can’t access your account? ကိုဖွင့်လိုက်ပါတယ်။ အရင်တစ်ခါကျွန်တော့အကောင့် အဲဒိလိုဖြစ်ပြီးပိတ်သွားတုန်းကရယ် နောက်ထပ်နှစ်ခါ သူများအကောင့် ဖွင့်မရဖြစ်နေတုန်းကရယ် သုံးကြိမ်လုပ်ဖူးနေတော့ ရမယ်ပဲထင်လို့ပါ ။ အဲဒိလိုဖွင့်လိုက်ရင် ပထမဆုံး အကောင့်ကိုပြန်တောင်းပါတယ်။ နောက်သူရေးပေးထားတဲ့ စာလုံးတွေ မှန်အောင်ပြန်ရိုက်ပေးရတာပါ။ နောက်တစ်ခါကျတော့ ပြန်ဆက်သွယ်ရမဲ့မေးလ်တောင်းပြီး မေးတာတွေဖြည့်ရပါတယ်။ ဒါပေမဲ့ The account you entered is […]


naywoon niDecember 23, 20101min09
သိုက်စာဖတ်တာ နားထောင်ပါ ဥစ္စာရနိုးနိုး..။ ယတြာချေတာ ငွေကုန်မှာ ရောဂါပျောက်နိုးနိုး..။ ကလင်ဒါ(calendar)ကြည့်ကာ နည်းလမ်းရှာ နှစ်လုံးပေါက်နိုးနိုး…။ ဂါထာရွတ်ကာ ပုတီးစိတ်ပါ နိမ္ဗာန်ရောက်နိုးနိုး…။ နေဝန်းနီ


naywoon niDecember 21, 20101min011
အတွေးတွေခဏ ခဏစံလွဲနေတယ်။ ခုလည်း အတော်ကြာကြာ စံလွဲနေခဲ့မိတာ။ စာတောင်မရေးနိုင်အောင်။ ကော်နက်ရှင်ကြောင့်လည်း ပါတာပေါ့။ အကြောင်းအရာတစ်ခုပေါ်မှာသာမဟုတ်ပဲ အကြောင်းအရာပေါင်းစုံ ပေါ်မှာဖြစ်နေတာဆိုတော့ ကိုယ့်အတွေးနဲ့ကိုယ်မနေနိုင်တော့ဘဲ ရွာထဲလည်ပြောလိုက်တာပါ ။ အပြင်မှာ သွားပြောလည်း အရိုက်ပဲခံရမလား အရူးလို့ပြောမလား မသိဘူးနော့။ဒီလိုပါ ကျွန်တော့ရဲ့ စံလွဲနေတဲ့ အတွေးများဆိုတာက……… အတွေး-၁ မနက်မနက်ဈေးထဲဆိုင်ခင်းလို့မပြီးသေးဘူး သူတို့တွေက ရောက်လာကုန်ပြီ အလှူခံကြွလာတဲ့ ဆရာလေးတွေပါ ။”ဒါလေးများကွာ ဘာစံလွဲ အတွေးတွေးစရာ ရှိလို့လဲ” မမေးကြပါနဲ့ဦး ဆက်ပြောပါ့မယ်။ ကိုးနာရီလောက်ကျတော့ဈေးခြင်းလေတွေဆွဲလာတဲ့ ဆရာလေး သုံးပါးရောက်လာရော။ စောစောကအလှူခံနေတဲ့ဆရာလေးတွေ ဆီက အလှူခံရတာတွေသိမ်း ဈေးဝယ် ဈေးဝယ်ရင်းလဲဈေးဆစ်ပြီးအလှူခံသေးတာပဲ ။ အဲဒိတော့ ဒီသာသနာ(အဲဒိလိုပဲပြောပါရစေ) ကဘုရားရှင်လက်ထက်ကခွင့်ပြုတော်မူခဲ့တဲ့ သာသနာမဟုတ်ပါဘူး။ အင်းဝခောတ်မှပေါ်ပေါက်လာတယ်လို့ သီလဝဘာသာရေးစာစောင်မှာလားမသိဘူး ဖတ်ခဲ့တယ်။ အင်းဝခောတ်ဘုရင်တစ်ပါးရဲ့ သမီးတော်လေးက ပူဆာလို့ ဘုန်းတော်ကြီးကျောင်းရဲ့ နံဘေးလေးမှာ […]


naywoon niDecember 4, 20101min06
ကွန်နက်ရှင်မရလို့ ဂျီတော့ဖွင့်မရတာ နှစ်ရက်လောက်ပဲ ရှိဦးမယ်။ခု ကွန်နက်ရှင် ရရချင်း ဖွင့်ကြည့်လိုက်တော့ အောက်ကိုချထားတဲ့ ဂျီတော့က ပြန်ပြန်တက်လာပြီး သူ့အလိုလို အော်တောမစ်တစ် သေနတ်ပစ်သလိုပဲ ။စာတွေ ရိုက်ပို့နေတာ………… ဆိုင်ကိုမေးကြည့်တော့ ဗိုင်းရပ်ပါတဲ့ သွားမဖွင့်ဖွင့်ဖို့ပြောပါတယ်။ တက်လာတဲ့စာက Hey what are you doing Please test my new webcam using private application http://h1.ripway.com/db067/privateCam.exe ပါတဲ့ သိတဲ့သူများပြောပေးကြပါဦး ခဏခဏတက်တက် လာနေလို့ ဂျီတော့ကိုပစ်ထားရပါတယ်


naywoon niDecember 1, 20101min0
ဒီစာကို ကျွန်တော်အွန်လိုင်းပေါ်မှာပဲ ရေးဖြစ်တာပါ။ လို့လဲဆိုတော့ကျွန်တော်က စာရေးပျင်းပါတယ်။ ပြိးတော့စာရေးဖို့ နေရာ စာအုပ် ဘာညာနဲ့ မျက်စေ့အတွက်လည်းအဆင်မပြေလို့ပါ။ (၁) ၁၉၈ဝ ကျော်လောက်က ကွယ်လွန်သူစာရေးဆရာမ တစ်ဦးရဲ့ ” မရဲတရဲ ဘာဝယ်မလဲရှင့်” ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရတယ်။ ဘာအကြောင်းရေးထားထာလဲ ဆိုတော့ ဝန်ထမ်းတွေလစာ တိုးပေးမယ် ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာပြီး ကုန်ဈေးနှုန်းတွေတက်သွားလို့ စာရေးကြီးကတာ် တစ်ယောက် ဈေးထဲမှာ ဟိုဟာမေးကြည့်လိုက်ပြန်ချထားခဲ့လိုက် ဒီဟာဈေးမေးလိုက် လက်ထဲကပိုက်ဆံက အခြားဦးစားပေးဝယ်ရမှာသတိရပြီး ထားခဲလိုက်ရနဲ့ ဘာမှမဝယ်ဖြစ်ပဲ ဈေးခြင်းဆွဲပြီး အစဉ်းစားလွန်ပြီး အိမ်ကိုဒီအတိုင်းပြန်ရောက်လာတာလေးကို ရေးဖွဲ့ထားတာလေးပါ။ ကျွန်တော်ရဲ့ဇာတ်လိုက်ကတော့ ဈေးဝယ်ဖို့ထွက်အလာမှာ ဈေးပေါက်ဝအရောက် နေ့ပြန်တိုး နှစ်ရက်စာ အတောင်းခံလိုက်ရလို့ ဈေးခြင်းဟောင်းလောင်းနဲ့ အိမ်ကိုပြန်ရောက်လာလေရဲ့။ “ဟင် အမေ ဈေးသွားတာ ဘာမှလဲမပါဘူး” သားဖြစ်သူကို စူးစူးရဲရဲကြည့်လို့ […]


naywoon niNovember 30, 20101min014
မနှစ်က 2009 နိုဝင်ဘာလကုန်ရက်..။ နေဝန်းနီတို့ ဘာလုပ်နေတာတယ်ထင်သလဲ။ အွန်လိုင်းပေါ်တက်ချင်လွန်းလို့ ကီးဘုတ်ပေါ်မှာစာရိုက်လေ့ကျင့်နေရတုန်း။ ကွန်ပြူတာဆိုတာကိုလည်း တွေ့သာတွေ့ဖူးတာ ။ ခလုပ်တစ်ချက်မှမနှိပ်ဖူးဘူး..။ ဒီလိုနဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက် ကအွန်လိုင်းပေါ်ကအကြောင်းလေးတွေကို စိတ်ဝင်စားအောင် ပြောပြောနေတော့ ကျွန်တော်လည်းအားကျမခံ အရင်က ဖတ်ထားဖူးတဲ့ ကွန်ပြူတာအကြောင်းလေးတွေ စာအုပ်လေးတွေ ပြန်ရှာပြီး သိလိုရာရာလေးတွေ မေးလို့ ………။ဒီလိုနဲ့အသက်လေးဆယ်ပြည့်မဲ့အချိန်နဲ့ အင်တာနက်သင်တန်းပေးတဲ့ ရက်နဲ့သွားတိုက်ဆိုင်နေလေတော့ နေဝန်းနီရဲ့ဘဝကိုအဲဒိမှာ စခဲ့လိုက်တာပေါ့။ ခင်ဗျားတို့ ပြောဖူးမှာပေါ့။ ဒါမှမဟုတ်ကြားဖူးနေ မှာပေါ့။ ဘာတဲ့ “အသက်လေးဆယ်ပြည့်မှ ဘဝစတယ်” ဆိုတာလေး ဟေးဟေး ။ သင်တန်းရောက်တော့ဘာသင်သလဲမမေးနဲ့။ ဘာမှမသင်ပါဘူး။ ပြောထားတယ်လေ။ နက်ပေါ်ကစာအုပ်ဝက်ဆိုဒ်တွေ အကြောင်းသိရရင်တော်ပြီလို့ ။ဒါပဲ ။ဒီလိုနဲ့ စာရိုက်တာပြန်ကျင့်ပေါ့..။ ပြန်ကျင့်ပေါ့ဆိုတာက အရင်ရုံးတစ်ရုံးမှာလုပ်ခဲ့တုန်းက လက်နှိပ်စက်ကို ကျွမ်းကျင်အဆင့်မဟုတ်ပေမဲ့ တန်းဝင်အောင်တော့ရိုက်တတ်ခဲ့တယ်လေ။ ကီးဘုတ်ပေါ်ကခလုပ်တွေကြည့်ပြီး အဟဲ ဘာခက်တာလိုက်လို့ပေါ့။ […]


naywoon niNovember 28, 20101min09
တစ်လုံး..နှစ်လုံး..သုံးလုံးလို့သာပြောတာကျွန်တော်တွေတာတော့သုံးလုံးက..စကစားတာ..ပြီးမှနှစ်လုံး1999လောက်အထိမန္တလေးမှာသိပ်မကစား ကြသေးဘူး…။ကျွန်တော်ပဲမူးပြီး..မေ့တာလားမပြောတတ်ဘူး..။သုံးလုံးကတော့ပေါပေါထင်ထင်ကစားနေကြပြီ။(မှတ်ချက်-1998/99လောက်ကကျွန်တော်က မန္တလေးတောင်ခြေမှာရှိနေခဲ့လို့ပါ…)2001လောက်ကျမှမြန်မာအောင်ဘာလေထီကပေါက်ဂဏန်းကိုနောက်ဆုံးနှစ်လုံးယူပြီးကစားတာတွေ့ရတယ်..။ အဲဒိတုန်းက7ရက်ထွက်တာဆိုတော့တစ်လမှာခုနှစ်ကြိမ်ကစားရတာပေါ့….နောက်ဒါကိုယူကစားမှန်းသိတော့တစ်ရက်ထဲအပြီးထွက်ပေးလိုက်တော့ အိမ်နီးချင်းနိုင်ငံကနေအစုရှယ်ယာရောင်းတဲ့ဘုတ်ကကြေငြာတာကိုကြည့်ပြီးကစားကြတာပေါ့….။ပထမတော့ကစားတဲ့သူကမကစားရဲသေးဘူး..။ သူကတစ်ပတ်ငါးရက်မှာတစ်နေ့ကိုနှစ်ကြိမ်လာတာဆိုတော့သိပ်မရဲတာလည်းပါတယ်..။သုံးလုံးကတစ်လမှနှစ်ကြိမ်ကိုး….။ဒါကတစ်ပတ်10ကြိမ်တောင် ်နဲနဲလက်တွန့်နေကြသေးတယ်..။အစပိုင်း..မှာညနေ4း30ထွက်တဲ့ဂဏန်းကိုပဲကစားရဲသေးတယ်….နောက်တစ်ဖြေးဖြေးနဲ့မနက်ကောညပါဖြစ်လာကြ တာ…..နှစ်လုံးကစာနည်းကနဲနဲရှုပ်ပါတယ်….ဒါကလည်းဘာလဲဆိုတာသိချင်လို့မေးရင်နဲ့သိခဲ့ရတာပါ..။အိမ်နီးချင်းနိုင်ငံတစ်ခုကလာတဲ့ဂဏန်းပါ…။ သူတို့ဆီမှာအစုရှယ်ယာရောင်းတဲ့ဘုတ်အဖွဲ့တွေရဲ့ပေါက်ကြေးဂဏန်းပေါ့လေ….ဥပမာ…အစုတစ်ခုကို10.15ဆိုပါတော့အဲဒါကျွန်တော်တို့ဆီ မှာကစားတဲ့နှစ်လုံးရဲ့ထိပ်စီး5ဂဏန်းပါ။။နောက်အစုရှယ်ယာရောင်းရတဲ့အရေအတွက်ပေါ့…..ဒီနေ့ဈေကွက်ပိတ်ချိန်ထိဘယ်လောက်ရောင်းရခဲ့သလဲ.. .ဥပမာ..1893စုရောင်းခဲ့ပြီလို့စာရင်းပိတ်ရင်နောက်ပိတ်က3ပေါ့..။အဲဒိတော့တီဗွီမှာအဲဒါကြေငြာပြိးပျောက်သွားတယ်ဆိုရင်အဲဒိနေံအတွက်ထွက်တဲ့ ဂဏန်းက53ပေါ့….သူကလည်းကြေညာတဲ့လိုင်းနှစ်လိုင်းရှိသလိုနေ့12း00နဲ့ညနေ4း30နှစ်ကြိမ်ခွဲကစားကြပါတယ်..။ဘယ်လိုင်းကနေကစားမှာလဲ….. .ရှင်းပါတယ်..ဒိုင်ကအလျောနဲ့တဲ့လိုင်းရွေးပြီးကစားတာပဲ…။အဲ..ဒီဘက်ကထိုးအားမကောင်းရင်ထိုးအားကောင်းတဲ့လိုင်းရွေ့ကိုင်တာပေါ့…….။ နောက်တစ်ရက်နှစ်ကြိမ်ကစားရတာအားမရတော့ဘူး…..။တစ်လုံးလို့ပြောတဲ့ဘောလုံးပွဲကိုပါလောင်းလာကြတော့တာပဲ…။ဘယ်ကလာတဲ့ဘောလုံးပွဲပဲ ဖြစ်ဖြစ်ပေါက်ကြေးသားအတည်ဖြစ်ပါစေ….ကြည့်ရတာမကြည့်ရတာနောက်ထားလို့လောင်းရရင်ပြီးတာပဲဂျာနယ်ကပေးတဲ့တစ်ကြိုနဲ့တွက်ချက်ပြီး လောင်းကြတာပဲ……။ရှုံးလား….တစ်ခါထဲတော့အကုန်ရှုံးရင်ဘယ်သူမှကစားမှာမဟုတ်ပါဘူး…။ရလိုက်ကုန်လိုက်ပေါ့.။ပထမရတာကများတယ်….။ နောက်တစ်ခါအရင်းအဲဒိလိုနဲ့ပါပါသွားတာနေ့တွက်ရတဲ့လုပ်ခတွေ…ဆိုက္ကားနင်းလို့ရတာတွေ..။ဝန်ထမ်းတွေကလစာတွေအားလုံးဒိုင်ဆီကိုရောက်တာပဲ …..အကုန်တော့မဟုတ်ပါဘူး။မနေ့ကကျွန်တော်ပြောခဲ့သလိုပဲကော်မရှင်ခယူပြီးလောင်းကြေးငွေကောက်တဲ့သူနဲ့သက်ဆိုင်ရာကိုတရားမဝင်ပေးရတဲ့ လိုင်းကြေးတွေနှုတ်ပြီးကျန်တာတွေရောက်တာပေါ့..။ကျွန်တော်တို့ဆီမှာတော့2003လောက်ကစခဲ့တာခုထိလိုက်လေ…..ဝေးလေ…နီးလိုဖြစ်လိုက်ပြန ်ဝေးလိုက်နဲ့မြစ်ထဲမျောသွားတဲ့အဝတ်စလိုက်ဆယ်နေကြသလိုပါပဲ…..။သူတို့လောကကပြောနေကြစကားတစ်ခုရှိတယ်..။အိပ်ထဲပိုက်ဆံဘယ်လောက် ရှိသလဲဝင်ကြည့်တာတဲ့….။ဘယ်လောက်အကုန်ခံကစားမလဲ…ပေါက်တဲ့ငွေကိုဝင်ကြည့်ခိုင်လိုက်တာပေါ့………………… ဒီနေရာမျာဘာတွေတွေ့လာသလဲဆိုတော့ချဲပေါက်ရင်ဘောလုံးပွဲလောင်းတာနိုင်ရင်ဆိုတဲ့အတွေးတွေနဲ့တစ်ချိန်လုံး…….လုံးချာလည်လိုက်လာပြီးတော့ တစ်နေကုန်လို့ကုန်မှန်းမသိ…..။တစ်ချိန်လုံးအတွက်အချက်နဲ့ပဲကုန်လွန်ပြီးတော့မှန်းချက်နဲ့နှမ်းထွက်မကိုက်သလိုအကျိုးမဲ့အချိန်ကုန်လာပါတော့တယ်…….။။ ပြီးတော့…….ကိုယ့်ကိုကိုယ်ယုံကြည်လိုစိတ်ပါနဲလာပါတယ်….စတင်လောင်းနေတဲ့အချိန်မှာသာယုံကြည့်စိတ်ပြင်းထန်တတ်ပြီး..လောင်းကြေးငွေထည့် ပြီးတော်တော်လေးကြာလာရင်”ငါလုပ်တာဟုတ်ပါ့မလား…….ဟိုဟာနဲ့တူတယ်”ဆိုတဲ့အတွေးမျိုးဝင်လာတတ်ပါတယ်….နောက်တစ်ယောက်ယောက်ကတစ်မျိုး လာပြောရင်ယုံမှားသံသယနဲ့ကိုယ်လောင်းထားတဲ့ဂဏန်းဒါမှမဟုတ်အသင်းအပေါ်ဝေဝေဝါးဝါးဖြစ်လာပြီးနောက်တစ်မျိုးထပ်လောင်းချင်တတ်ပါတယ်……….။ ဒီတော့ပေါက်မဲ့ဂဏန်းကတစ်ကွက်ကိုအကွက်လေးငါးဆယ်ထိုးမိတဲ့အိဖြစ်လာတတ်ပါတယ်……။အဲဒါကတော့ဆရာတော်ဟောသွားတဲ့အထဲကနံပါတ်……..5 ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်ခြင်းပါပဲ…….။ဒီလောင်းကစားမှာတောင်စိတ်မနိုင်တော့ဘူးဆိုရင်ကျန်တဲ့ကိစ္စတွေပြောဘွယ်မရှိတော့ပါဘူးော်……………..။ နောက်နံပါတ်6….လောင်းကစားချိန်နဲ့ကုန်လွန်ပြီးတော့အချိန်ရဲ့တန်းဘိုးကိုတင်မဟုတ်ဘူး..အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိကြတော့ဘူး..။(ဘောလုံးပွဲ တွေကညနက်ပိုင်းမှလာတာများပါတယ်……။တစ်ခါတစ်လေသန်းခေါင်ကျော်ညအလင်းဖွင့်ရောင်းတဲ့စားသောက်ဆိုင်တွေ..လ္ဘက်ရည်ဆိုင်တွေရောင်းရပါတယ်..။) အဲဒိဆိုင်တွေကတော်တော်များများကဒိုင်ဖြစ်ရင်ဖြစ်..ဒါမှမဟုတ်ကော်မရှင်ယူပြီးလောင်းကြေးကောက်သူဆိုတော့….တစ်ခုခုမှာယူစာသောက်ရင်းဘောပွဲလေးကြည့် မနက်လေးနားရီလောက်မှပြီး….အိမ်ပြန်အိပ်..နိုင်ရင်တော့အိမ်အပြန်လှပါရဲ့…ရှုံတဲ့အခါကများများဆိုတော့ညအိပ်ရေးပျက်တာနဲ့ကုန်ကျစရိတ်နဲ့ကသာမာန်ဝင်ငွေ လေးရှိရုံနဲ့ကတော့…..အိမ်ထောင်တစ်ခုကိုဘယ်လိုမှခေါင်းမဆောင်နိုင်တော့ဘဲအိမ်ရှင်မလက်အပ်လိုက်ရတော့တာပဲ…….။အဲဒါကနံပါတ်(၁၀)ခေါင်းဆောင်လိုစိတ် နည်းပါးခြင်းပါပဲ)ခေါင်းဆောင်လိုစိတ်နဲပါးတာကိုမဟုတ်တော့ဘူး….။ခေါင်းကိုရှောင်သွားတော့တာ…..။ ခေါင်းဆောင်လိုစိတ်မရှိတံ့သူဟာကိုယ့်ကိုကိုယ်လည်းအားမကိုးတော့ပါဘူး..။ဝင်ငွေမလောက်တာလေးအကြောင်းပြလောင်းကစားလုပ်..တစ်ချို့တွေသူ့ အ ကြောင်းနဲ့သူ….တစ်ကြိမ်လောက်များများစားစားထနိုင်တာလေးတွေ့ဖူးမြင်ဖူးပြီးကိုယ်လည်းသူလိုသုံးချင်လို့ကစားဖြစ်တာလည်းရှိပေါ့…….။ မနက်လေးနာရီလောက်မှပြန်အိပ်ပြီးမနက်အလုပ်ဝင်တော့ခေါင်းမကြည်…ခေါင်းမကြည်တော့အပေါင်းအသင်းကကောင်းတယ်… “နဲနဲလောက်ချလိုက်ပါ့လား”တဲ့ မိတ်ကောင်းဆွေကောင်းနဲ့မတွေ့တာကလည်းဆင်းရဲခြင်းပါပဲ…….။ လောင်းကစားတာကကုန်..နောက်အရက်…နောက်…နောက် ဘာမဆိုလာထားဆိုတော့ အဲဒိတော့ဒိလိုပျက်စီးခြင်းတွေဟာ…စနစ်ကြောင့်လို့ပြောရင် စနစ်ပြောင်းလိုက်ရုံနဲ့တော့ဒီလိုလူတွေချက်ချင်းပြန်ကောင်းလာပါ့မလား? ခုဆိုရင်ကျွန်တော်တို့ဆီမှာပေါ့လေ…….ဒီကဖြစ်နေတာကြည့်ပြောရတာကိုးနော့ တစ်လုံးလို့ခေါ်တဲ့ဘောလုံးကယောက်ျားတွေအလုပ်……နှစ်လုံးလို့ခေါ်တဲ့ဂဏန်းလောင်းတာကမိန်းမတွေအလုပ်ဖြစ်နေပြီ ကော်မရှင်ယူပြီးလောင်းကြေးကောက်တာကမိန်းကလေးတွေချည့်ပဲ….။အဲဒိတော့ဘာတွေဖြစ်လာမလဲ ကျွန်တော်တော့မတွေ့ဖူးသေးဘူး…ကြားရုံပဲကြားဖူးတာမို့မပြောရဲဘူး…။တွေးသာကြည့်ကြပေရော့……….. လောကီသမ္ပဒါလေးပါး (က)ဥဌာနသမ္ပဒါ =ထကြွလုံ့လစိတ်နဲ့ပြည့်စုံခြင်း (ခ)အာရက္ခသမ္ပဒါ =လုံ့လဝီရိယကြောင့်ရရှိသောဥစ္စာပစ္စည်းတို့ကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း (ဂ)ကလျာဏမိတ္တသမ္ပဒါ =မိတ်ကောင်းဆွေကောင်းများနဲ့ပေါင်းဖော်ခြင်း […]


naywoon niNovember 27, 20101min09
အက်ဒမင်သို့အိတ်ဖွင့်ပေးစာပါ..အိတ်ပိတ်ပြီးလဲပေးလို့မှမရဘဲကိုး….. အခြားတစ်နေရာမှာလည်းကော်မန့်နဲ့မေးထားပါတယ်..။ဒါကြောင့်ဒီပို့စ်အတွက်ပွိုင့်မထည့်တွက်ပါနဲ့..။ ကျွန်တော်ဒီဆိုဒ်မှာပျော်နေတာကအခြားဆိုဒ်တွေနဲ့မတူ လို့ဗျ….(၁)တင်သမျှပို့တွေကိုမေးလ်ထဲလှမ်းမပို့ဘူး.. (၂)ကွန့်မန့်တစ်ခုသွားပေးရင်အဲဒိပို့စ်မှာနောက်လူလာမန့်ရင်အကြောင်းမကြားဘူး..။ (၃)ပရိုဖိုင်မှာပြင်ဆင်လို့မရဘူး (၄)အဲဒါကြောင့်လာရောက်လည်ပတ်ပါသည်..တ်ု့ဘာညာလာမရေးနိုင်ဘူး…။ အဲဒါကြောင့်မေးလ်ထဲမှာရှုပ်ပွမနေဘူးပေါ့ဗျာ (၅)ကိုယ်တင်တဲ့ပို့စ်ကိုဘယ်လောက်ကြည့်သွားတယ်ဆိုတာပြပေးတယ်……… အရင်ကမူလစာမျက်နှာမှာပါပေါ်တယ်…အခုပျောက်သွားတင်္ယဗျ..အဲဒါပြန်လုပ် ပေးနိုင်ရင်ကောင်းမယ်…။ဘာလို့လဲဆိုတော့ဘယ်ဟာအရင်ဖတ်သင့်လဲ ဘယ်ဟာလူစိတ်ဝင်စားသလဲတစ်ခါထဲရွေးချယ်သွားလို့ရလို့ပါ……….။ (၆)ဒီရွာ(ခင်ဗျားတို့ခေါ်သလိုခေါ်ကြည့်တာနော်)ထဲမှာရှိတဲ့သူတွေဟာသိပ်ငယ်လွန်း မနေကြဘူး…တစ်ခုခုမှာကျွမ်းကျင်သူတွေလို့ယုံကြည်တယ်လေ………အခြားဆိုဒ် တွေမှာဆိုရင်ကလေးတွေများတယ်…ဒီမှာတော့-25ထက်ငယ်တဲ့သူပါမယ်မထင် ပါဘူး..။အဲဒိတော့တွေးခေါ်ဆင်ခြင်မှုရှိတဲ့အရွယ်တွေချည့်ပဲလို့ယူလို့ရပြီးကိုယ် ပြောချင်တာ..ကိုယ်ယုံကြည်ရာချပြဆွေးနွေးလို့ရနိုင်မယ်ထင်လို့ပါ..။ဆွေးနွေးလို့ လည်းရပါတယ်……..။ကျေးဇူးပါပဲ (ရ)ကျွန်တော်ပြောလွန်းလို့ကျွန်တော်သူငယ်ချင်းတွေလည်းဝင်လာနေပါတယ်..။ သူတို့ကတော့စာဖတ်သူပေါ့…။ရေးချင်တဲ့သူကိုလည်းရေးဖို့အားပေးနေပါတယ်..။ (၈)နောက်တစ်ခုကတော့ကျွန်တော်မေးစရာလေးရှိလို့ဗျ…ကျွန်တော်ဝတ္ထုတင်ချင်တယ် အဲဒါရမရ…Categories-မှာshot story..လို့ပဲတွေ့ပြီးstoryတို့novelတို့မပါလို့ မေးတာပါ..။အချစ်အကြောင်းလည်းမရေးတတ်ပါဘူး..။အခုကျွန်တော်ရေးနေတဲ့ အကြောင်းအရာကကျွန်တော်ပြောချင်တာတွေများနေလို့ဖောင်းဖြစ်နေတယ်လို့ ယူဆမိလို့အဲ..မနေ့ကတင်တဲ့လောင်းကစားအကြောင်းနောက်ခံကားချပ်လေးကို ကျွန်တော်တွေ့ကြုံခဲ့တဲ့နေရာကာအပိုင်းအခြား(1985-2010)လောက်ပေါ့ဗျာ ဝတ္ထုအနေနဲ့ရေးကြည့်ချင်တယ်..။လောင်းကစားအကြောင်းဆိုပေမဲ့ကျွန်တော်ပြ ချင်တာကများနေတယ်..။ဝန်တမ်းလည်းပါမယ်ဗျာ..ဈေးသည်လည်းပါမယ်နောက် ရွာသားတွေအကြောင်းလဲပါမယ်..။အဲဒိတော့တော်တော်ရှည်ရှည်လေး ရေးမှလိပ်ပတ်လည်မှာဆိုတော့ရေးလိုရမရ…ရရင်ဘယ်Categoriesမှာဘာတပ် ရမလဲလို့ပါ…။


naywoon niNovember 26, 20101min017
ကျွန်တော်မြန်မာလူမျိုးတွေရဲ့ထူးခြားချက်က..အားနာတတ်တာတနည်းအားဖြင့်တစ်စုံတစ်ယောက်ရဲ့အငြိုငြင်ခံရမှာ ကြောက်တာ..။ဘယ်လောက်ပဲကိုယ့်ဘက်ကမှန်နေပါစေပြန်မပြောရဲကြဘူး.။လွန်တော့မှသာဘယ်တုန်းကဘယ်လိုဘာကြောင့် ဆိုတာပြောတတ်ကြတယ်..။အဲဒိအချိန်ကျတော့လွန်သွားပြီ..ဘာမှလုပ်လို့မရတော့ဘူး.။စောစောကကြွေးကိစ္စပြန်ကြည့်ဒီအလုပ် တွေအများဆုံးလုပ်တာကအိမ်ရှင်မတွေ…အလွယ်တစ်ကူရတော့အလွယ်တစ်ကူလေးကြွေးဝယ်ဝတ်လိုက်ကြွေးဝယ်သုံးလိုက်တော့ အချိန်တန်မဆပ်နိုင်တော့ဝင်ငွေနဲ့မမျှတော့ဘာတွေဖြစ်ကုန်လဲ…အတိုးကိစ္စတွေဝင်လာတယ်။အိမ်ထောင်နဲ့စကားများလာတယ်။ ဒီဟာတွေပြန်ဆပ်နိုင်ဖို့ဝိသမာလောဘနဲ့ငွေရှာလာကြတာပေါ့…။ရိုးရိုးတန်းတန်းရှာလို့ရတဲ့ငွေနဲ့မှဒီအကြွေးတွေ ကိုပြန်မဆပ်နိုင် တော့တာ…… (ခင်ဗျားတို့တော့မသိဘူး.။ကျွန်တော်ကတော့အတိုးဆိုတဲ့အသံကြားရင်ကြက်သီးထတယ်..။ကြွေးလား…….ဟင့်အင်း မတင်ဖူးပါဘူး……ကျွန်တော်ပြောခဲ့ပါကောတစ်ချိန်တုံးကနယ်လှည့်ဝန်ထမ်းဖြစ်ခဲ့ဖူးတယ်ဆိုတာ….အဲဒိတုန်းကကျောင်းတွေ လည်းပိတ်ထားတာအကြာကြီးဆိုတော့ဝင်လုပ်ဖြစ်တာ1989……။အသက်က19/20) တခြားမကြည့်နဲ့တစ်လောလေးကအိမ်ပေါင်တာတွေခေတ်ထလိုက်ပါကော…..အတိုးကတစ်နှစ်မှ18%ရယ်သက်သါ တယ်မထင်လိုက်လေနဲ့ပြန်မဆပ်နိုင်လို့လေလံပစ်သံတွေကြားရမှာပေါ့……သူကလထပ်တိုးဗျ..သုံးလတစ်ကြိမ်အတိုးသွင်းရ တယ်မသွင်းရင်တိုးရင်းပေါင်းနောက်သုံးလအတိုးပြန်တွက်…နောက်သုံးလနေတော့အတိုးပြန်တောင်..မပေးနိုင်ရင်တိုးရင်းပေါင်း ဒီလိုနဲ့ငါးနှစ်ပြည့်ရော….သုံးလိုက်ရတယ်မထင်ရဘူး.။အတိုးကစုစုပေါင်150%ဖြစ်သွားပြီ….ဆိုလိုတာကသိန်တစ်ရာချေးထားရင် အတိုးကသိန်းတစ်ရာ့ငါးဆယ်ဖြစ်သွားပြီ..။ဘယ်လောက်ကြောက်စရာကောင်းလဲဒါက18%ပဲတိုးသေးတာတစ်နှစ်ကိုပြောတာ အပြင်မှာတိုးတာကတစ်လ10%ဆိုတော့တစ်နှစ်ကို120%တိုးတာ…..ဒါကအနဲဆုံးပဲဒီထက်ကြီးတဲ့နှုန်းတွေရှိသေးတယ်….. ပြီးတော့ပြောလက်စနဲ့ဆက်ပြောရဦးမယ်…….အတိုးတွက်တဲ့ကာလကဘယ်တော့မှခရစ်ပြက္ခဒိန်နဲ့မတွက်ဘူး…မြန်မာလနဲ့ တွက်တာ…..ဘာလို့လဲသိလားမြန်မာလကသုံးနှစ်မှာတစ်ကြိမ်ဝါထပ်တော့သွုးနှစ်မှာ37လဖြစ်နေလို့ပဲ…ဒီလိုကြွေးတွေအတိုးတွေ နဲ့လူတွေဘယ်လိုလုပ်ချမ်းသာမလဲ…လွတ်အောင်နေနီုင်တဲ့သူကနဲနဲရယ်။။။တစ်ရာမှာ30%ပေါ့လွန်ရောကျွံရော40%ထား အဲဒိမှာ10%လောက်ကအတိုးပေးသူအကြွေးရောင်းသူ….လွတ်လွတ်ကင်းကင်းနေနိုင်သူဘယ်လောက်ရှိမလဲ? မြန်မာတွေနောက်ငွေရှာနည်းတစ်မျိုးရှိပါသေးတယ်…….။ဒီဘက်ခေတ်မှာတာစားလာတာပါ………………….. ဈေးအချို့တော်တော်များများပါပဲဟုတ်မဟုတ်လိုက်မေးကြည့်ကြပေါ့ကျွန်တော်ကကျွန်တော်ရောက်ဖူးတဲ့ဈေးကြည့်ပြောတာနော့ အဲဒါကဘာလဲဆိုတော့စုကြေးပါတဲ့……။စုကြေးအကြောင်းကဒီလိုပါ…ကြားဖူးတဲ့သူလည်းပါမှာပေါ့…..မဲစနစ်ပါ…………. လူအယောက်လေးငါးဆယ်လောက်စုပြီးတစ်နေ့ဘယ်လောက်ထည့်ဆိုပြီးမဲနှိုက်ထားတဲ့နံပါတ်အလိုက်ယူကြတာပေါ့………. ဥပမာလူငါးဆယ်…တစ်နေ့1000ဆိုရင်ငါးသောင်းရပါတယ်..။နံပါတ်တစ်ကတော့ဦးဆောင်လုပ်တဲ့သူပေါ့ဗျာ..။သူကနှိုက်စရာ မလိုဘူး..။နံပါတိ2ကနေ50ထိနှိုက်ကြတယ်..။အဲဒိမှာစုကြေးဒိုင်ကတာဝန်ယူပြိးလူ50လုံးကိုတစ်နေ့1000လိုက်ကောက်ပေးရတယ် ပထမနေ့ကသူ့နေ့ပေးစရာမလိုဘူး..။နောက်နေ့ကနေစပြီးသူ့အဖွဲ့သားတွေမဲနံပါတ်အလိုက်ကောက်ပေးရပါတယ်…။သူကိုယ်တိုင် မကောက်ပေးနိုင်တော့လည်းလူငှားနဲ့ပေါ့…။သူကစပြီးနောက်ဆုံးနံပါတ်ရောက်တဲ့အထိပေါ……။တစ်ချို့လည်းနှစ်စုသုံးစုဝင်သူတွေ ပါပါတယ်..။အဲနံပါတ်နှစ်ကနေနောက်ဆုံးလူအထိဟာ….50000ဆိုပေမဲ့အပြည့်မရပါဘူး..။49000-ဒါမှမဟုတ်ရင်48000စသည်ဖြင့် သာရပါတယ်..။အကောက်နှုတ်ထားလိုက်တာပါ..။တစ်နေ့တစ်ထောင်ပေးပြီးငွေငါးသောင်းလောက်ရတဲ့ကိစ္စကကောင်းပါရဲ့…… ကိုယ့်နံပါကနောာက်တစ်အားကျနေသလား?စောစောလိုချင်တယ်ရပါတယ်…။ကြိုထုတ်ပေါ့…..လူ50ရက်50ကြာမှာပါ……….. ကိုယ်ကရက်30နောက်မှရမှာဆိုရင်20%လောက်လျော့ယူပေါ့……အဲဒိလောာက်မကြာဘူးရက်20လောက်ပဲဆိုရင်15%လောက်လျော့ ယူပေါ့..။နော်ကနေ့မှရမှာဒီနေ့အပူတစ်ပြင်းငွေလိုနေသလား…နဲနဲပါးပါးညှိပြီးယူလိုက်ရုံပဲ…ကဲဒီဟာကောဘယ်သူထွင်ခဲ့လဲမသိ…… နောက်ဆုံးကျတော့စုကြေးဒိုင်ကပဲအားလုံးသိမ်းသွားတာ……ဒါနမူနာပြောတာနော်……တစ်ချို့ဆိုတစ်နေ့တစ်နေ့သောင်းနဲ့သိန်းနဲ့ စုနေကြတဲ့ချွေတာစုဆောင်းသူဌေးလောင်းတွေကရှိသေးတယ်လေ…..ရိုးရိုးတန်းတန်းအတိုးနဲ့ငွေချေးရတာမလွယ်ကူတော့ဒီလိုစုကြေး လိုက်စုပြီးကြိုရောင်းသုံးနေကြတာပါ…..သူကလည်းအတိုးနဲ့ငွေချေးသလိုပါပဲ…..ခုနောက်ပိုင်းဆုံးတာများလို့အပေါင်ပစ္စည်းမပါရင်ငွေ ချေးဖို့ခက်ပါတယ်…..ဒီစနစ်ကတော့သူ့ဟာနဲ့သူအဆင်ပြေနေတာပေါ့…..တစ်ခါတစ်လေကြတော့လည်းအဖွဲ့သားထဲကပြေးတာတို့ စုကြေးကောက်တဲ့ဒိုင်ပြေးတာတို့ရှိသေးတာပေါ့…….။ အကြေးယူထားတဲ့ပစ္စည်းလက်ငင်းငွေသားနဲ့လျော့ရောင်းတာတော့ရိုးနေပါပြီ..မပြောတော့ဘူး…….။ ဒီလိုတွေဘာကြောင့်ဖြစ်လာသလဲ? အစကပြန်ကောက်ကြည့်ရင်ကျွန်တော်တို့တစ်တွေဟာ…..ပျော်ပျော်နေတတ်တယ်..။တင်းတိမ်ရောင့်ရဲတယ်.. လုပ်ခကိုပေးသလောက်ယူတယ်..။ဘယ်ရွေ့ဘယ်မျှပေးပါလို့မတောင်းတတ်ဘူး..။လူဦးရေကလည်းနည်းသေးတော့ကိုယ့် ထွက်ကုန်လေးနဲ့လုံလောက်နေတယ်….။ပြီးတော့ဆက်သွယ်ရေးဆိုလို့ရေဒီယိုလောက်ကလေးပဲရှိသေးတာ…တစ်မြို့မှရုပ်ရှင် ရုံလေးနှစ်လောက်ရှိရင်ပဲဟုတ်လှပြီ…..။တစ်နေရာကနေတစ်နေရာကိုလည်းအရေးပေါ်အကြောင်းကိစ္စရှိမျသာသွားဖြစ်ကြတာ ဒါက1980လောက်အထိ….နိုင်ငံရပ်ခြားသွားဖို့မပြောနဲ့ဦး..။နိုင်ငံခြားကားတောင်တစ်လနေလို့တစ်ကားကြည့်ဖြစ်တဲ့သူက တော်တော်လေးဟုတ်နေပြီ…..ကုန်ဈေးနှုန်းကလည်းထိန်းချုပ်ထားတော့လူတွေလည်းမျက်စိပိတ်နားပိတ်..ကက်ဆက်လေး တစ်လုံးလောက်ထောင်ထားနိုင်ရင်လ္ဘက်ရည်ဆိုင်ဖွင့်မလား..ထမင်းရောင်းမလား…ဘာဆိုင်မဆိုလူရာဝင်တယ်……….။ ဘာမှလည်းမသိဘူး..ဘာမှလည်းထွေထွေထူးလုပ်စရာမရှိဘူး..။အားလုံးအမှောင်ချထားတာကိုး…..သိတာတတ်တာတွေလည်း လုပ်ခွင့်မှမရှိတာ……မရှိဆိုဘာမှမရှိ..အားလုံးကောင်းပါ၏နဲ့နေလာကြတာ….လောင်းကစားဆုလို့ဖဲနဲဂျင်လောက်ပဲ……… ဒါတောင်တော်တော့်လူကမကစားတတ်ဖူး..။ပြီးတော့လူလေးငါးယောက်တစ်နေကုန်ထိုင်ကစားရတာဆိုတော့လာဖမ်းမှာ…. (တစ်ကယ်တော့ပိုက်ဆံလာတောင်းသွားတာကများပါတယ်)ဆီးမှာကြောက်လို့မလုပ်ရဲကြသေးဘူး..။ဒါပေမဲ့တစ်မြို့မှာတစ် ယောက်စနှစ်ယောက်စတော့နာမယ်ကြီးကစားသမားတွေရှိတတ်ပါတယ်……ခုလိုဘောလုံးပွဲလောင်းတာ..။နှစ်လုံးသုံးလုံးဆို တာတွေကြားတောင်မကြားဖူးသေးဘူး..။ခုတော့ကိုယ့်အလုပ်မပျက်ကစားနိုင်တယ်..ဒိုင်တစ်ဒိုင်သာရှိတစ်မြို့လုံးထိုးသားဖြစ် ကုန်တာမျိုးအရင်ကလူတွေအံ့ဩစရာဖြစ်မှာ……. […]


naywoon niNovember 24, 20101min07
အလှူတစ်ခုကိုပေးလှူတာကုသိုလ်ရချင်လို့လား?ဂုဏ်ရှိချင်လို့လား?ငါလှူနိုင်တယ်ဆိုတာပြချင်လို့လား? တစ်ဖက်သားရဲ့လိုအပ်ချက်တစ်စုံတစ်ရာအဆင်ပြေသွားအောင်လို့ပေးလှူတာလား?အလွန်ပဲဆင်ခြင်ဖို့ကောင်းပါ တယ်..။ခုတော့သူများလှူလို့ဘာမသိညာမသိနဲ့အပြိုင်အဆိုင်လိုက်လှူ..။ဂုဏ်တုဂုဏ်ပြိုင်တွေလိုက်လုပ်……… မလိုအပ်တဲ့မအပ်မရာတွေလိုက်ထည့်..။ဆိုင်လားမဆိုင်လားမစဉ်းစားကြတော့ဘူး..။ရှေ့ကလူထက်သာဖို့ပဲစဉ်းစား အဲဒိလိုနဲ့အလှူရဲ့ရည်ရါယ်ချက်တွေက..ကမောက်ကမတွေဖြစ်ကြ..။ဘယ်နေရာဘာလှူသင့်တယ်ဆိုတာမကြည့်.. (ရဟန်းသံဃာဆိုတာကဝိနည်းသက္ခာပုဒ်တွေနဲ့အညီနေကြရတာမတွက်ပဲလူတွေလိုပဲသဘောထားပြီးလောကီဇိမ်ခံ ပစ္စည်းတွေလှူနေကြတာ…ကုသိုလ်ကနေအကုသလိုလ်ဖြစ်တတ်တယ်ဆိုတာကိုမတွေးကြဘူး..။)လှူတိုင်းကုသိုလ်ရ တယ်အောက်မေ့ပြီးလုပ်ချင်တာတွေလုပ်နေကြတာ…ပြောမဲ့တားမဲ့သူမရှိ..။ ကျောင်းတစ်ကျောင်းမှာလျှပ်စစ်အားသွင်းခြင်သတ်တဲ့ဘက်တံလှူထားတာတွေ့ခဲ့ဖူးပါတယ်…။ဒါဟာဖြစ်သင့်ပါသလား? စဉ်းစားကြည့်ဦးနော်….။အလှူခံပုဂ္ဂိုလ်ကဘာပြောရမလဲ…။သူများလှူသမျှလက်ခံေပေးရမယ့်ဝိနည်းရှိနေပြီသားကိုမအပ်စပ်တော့ လည်းပြန်စွန့်ပေါ့…ဒါပေမဲ့သတ္တဝါသတ်တဲ့လက်နက်ဖြစ်နေလို့မစွန့်ပဲဒီအတိုင်ပဲထားလိုက်ရပါသတဲ့..။ နောက်ရှိတာတွေပြောနေရရင် မကုန်နိုင်တော့ဘူး..။ ဆရာတော်ညွှန်ပြခဲ့ပထမအချက်အတိုင်း ဘယ်နေရာမှာဘာလှူသင့်တယ်ဆိုတာမြင်သာပါပြီ…ဘယ်လိုစိတ်မျိုးနဲ့လှူရမယ် ဆိုတာရောပေါ့……….။ ဒါဆိုကျွန်တော်တို့တစ်တွေကုသိုလ်လုပ်ရင်းနဲ့ဒါမဟုတ်အမှတ်တစ်မဲ့ပြုလုပ်လိုက်မိတဲ့အကုသိုလ်လေးတွေပြောကြည်ံကြရ အောင်….။ ဒါကပိုအရေးကြီးပါတယ်……ဘာသာရေးအမြင်နဲ့တင်မဟုတ်ပဲကျွန်တော်တို့လည်းကမ္ဘာကြည့်ကြည့်မြင်ကြည့်ပြီးအကုသိုလ် ဆိုတာကိုဆန်းကြည့်ရအောင်……။ ဘာလိုလဲဆိုတော့နေ့စဉ်လူနေမှုဘဝတွေထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေဟာကိုယ်ကောင်းစားရေးကိုသာကြည့်နေကြတာတွေ များနေလို့ပါ..။အကုသိုလ်ဆိုတာ..ကုသိုလ်ရဲ့ဆန့်ကျင်ဘက်လိုပြောတဲ့သူများပါလိမ့်မယ်..။ကျွန်တော်ကတော့ဒီလိုမတွက်ချင်ပါဘူး..။ အကုသိုလ်ဆိုတဲ့ကိစ္စဟာအချိန်မရွေးနေရာမရွေးထိုးဖောက်နိုင်တဲ့အရာမျိုးပါ..။ဘယ်လိုလဲ?ကျွန်တော်တို့ရဲ့စိတ်ကူးတွေကအချိန်နဲ့ အမျှပြောင်းလဲနေကြတာပါ..။ခုချိန်စိတ်ကောင်းဝင်ပြီးခဏနေရင်ညစ်ချင်တာမျိုး..။ပြီးတော့ကျွန်တော်တို့ဟာအမြဲတမ်းအနိုင်လိုချင်တဲ့ ဘယ်သူကိုမဆိုအသာစီးရချင်တဲ့စိတ်အခံလေးကလည်းရှိနေတာပဲ..။ကိုယ်ပြေလည်ရင်ပြီးရောဆိုတဲ့သဘောနဲ့အဆင်ပြေရာလုပ်နေ ကြတာကအများစုပါ..။ ဒီကနေ့ဘာတွေတွေ့လာရသလဲ?ဆီဈေးတက်လာတော့စားအုန်းဆီနဲ့နှမ်းဆီ..ပဲဆီရောလာတယ်..။ဒါကပြဿနာသိပ်မရှိသေး ဘူး..။စားအုန်းဆီမှာအရောင်တင်ဆီလို့ခေါ်တဲ့ဆီတစ်မျိုးရောနေကြတာကြာတော့ကြာပါပြီ….။သစ်သားအရောင်တင်တဲ့ဆီမျိုးလို့ပြောပါတယ်..။ နားလည်သူများဆန်းစစ်ကြည့်ကြပါဦး..။ နောက်တစ်ခုကအလှူတွေမှာ…လာရောက်လုပ်ကိုင်ပေးတဲ့သူတွေအရက်တိုက်တဲ့ကိစ္စ…….။ အရက်ဆိုတာလှူရမဲ့အရာမဟုတ်သလိုလှူလို့လဲကုသိုလ်မရပါဘူး..။ကိုယ်ကတိုက်လိုက်လို့တစ်စုံတစ်ယောက်ပြဿနာဖြစ်သွားရင် ကိုယ်ကသာအကုသိုလ်တိုးပါတယ်..။ဒီလိုပဲနေ့စဉ်လူနေမှုထဲမှာအရက်သမားတွေအရက်ဖိုးလိုက်တောင်းရင်လက်လွယ်လွယ်ပေးတတ်တဲ့ အကျင့်……ကိုယ်ကသူငယ်ချင်းမို့ပေးလိုက်တာမျိုး..။မပေးရင်ထွက်သွားမှာမဟုတ်လို့ပေးလိုက်တာမျိုးတွေရှိမှာပါ..။ နောက်မေတ္တာပို့နေရင်းကြွေးတောင်းနေတဲ့အဘွားကြီးတွေ့ဖူးသေးတယ်…။”အရှေ့အရပ်၌ ရှိသော…….မောင်တင်အေးကြွေးလာမပေးသေးဘူး”တဲ့လေ…….သူမေတ္တာပို့နေရင်းနဲ့ရစရာရှိတဲ့အကြောင်းတွေစဉ်းစားနေရင်းအဲဒိလို အသံထွက်သွားတာလေ……. အဲဒိလိုမေတ္တာပို့နေလို့ကော….ဘယ်သတ္တဝါတွေသူ့မေတ္တာရတယ်လို့မကြားမိပါဘူး..။မေတ္တာပို့တယ်ဆိုတာအဲဒိလောက်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး..။တော်တော်လေးကိုစိတ်သန့်ရှင်းနေသူဖြစ်ပါမှထိရောက်ပါတယ်..။မဟုတ်ရင်အကုသိုလ်ပွားနေတာနဲ့မထူးပါဘူး..။ ဒါကိုအလွယ်တစ်ကူလုပ်လို့ရတယ်ထင်ရင်မှားပါလိမ်ံ့မယ်..။ ကျွန်တော်ပြောတာမဟုတ်ဘူးထင်ရင်အနားမှာရှိတဲ့စာတတ်ပေတတ် ဘုန်းတော်ကြီးတစ်ပါးပါးကိုမေးလျှောက်ကြည့်ပါ….။။အသံထွက်ကောင်းရုံရွတ်ဖတ်နေလို့ကုသိုလ်မရပါဘူး..။ကျွန်တော့ကိုခရစ်ကနေ ပြောင်းလာတဲ့ကိုယ်တော်တစ်ပါးမိန့်ကြားဖူးလို့ပါ..။သူကဘယ်လောက်ထိပြောခဲ့လဲဆိုအဲဒိလိုအသံထွက်ကောင်းရုံလူထင်ကြီးခံရရုံ.(ဘာသာရေးတွေလုပ်နေတယ်ဆိုတဲ့ဂုဏ်ပုဒ်ကလည်းလိုချင်သေးတာကိုး) ရွတ်ဖတ်ပြနေလို့ကတော့ပါးစပ်ပဲသစ်ခေါင်းဖြစ်သွားမယ်..။ဘာမှတော့ရမှာမဟုတ်ချေဘူးတဲ့ခင်ဗျ….။ နောက်သရဏဂုံကိစ္စ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ…ဘာသာကူးပြောင်းသွားတဲ့အခါမှာသရဏဂုံပျက်ပါတယ်..။အသိစိတ်ကုန်ပြီးအသက်ပျောက် သွားတဲ့အခါမှာလဲသရဏဂုံပျက်ပါတယ်..။နတ်တွေကိုအယုံကြည်လွန်ရင်လည်းပျက်ပါတယ်..။ဒီတော့သုဿန်မှာ သရဏဂုံတင်တဲ့ကိစ္စ…သေသူကလိုက်မဆိုနိုင်ရင်သရဏဂုံမတည်ပါဘူး..။အော်……..မောင်နေရယ်……… .သေသူကတော့ဘယ်လိုက်ဆိုတော့မလဲလို့မပြောပါနဲ့…အစဉ်အလာအတိုင်းပဲဆိုပြီး…….လှေနံဓားထစ်နေလို့ပြောနေရတာပါ..။ ဒီတော့အဲဒိအပိုအလုပ်ကိုဘယ်သူကမှစဖောက်ရဲကြဘူး..။ဒါဆိုဘုန်းတော်ကြီးတွေကဘာလို့မပြောလဲ…သွားရန်မရှာပါနဲ့..။ ဒါကလည်းအကြောင်းရှိပါတယ်..။သုဿန်ဆိုတဲ့နေရာမျိုးဟာမကျွတ်မလွတ်သူတွေရှိတတ်တဲ့နေရာမျိုးပါ……..အဲဒိလိုနေရာမျိုးမှာ.. အမျှဝေလို့သာဓုခေါ်လိုက်ရရင်..သူတို့အဖို့အကျိုးရှိနိုင်တယ်လို့ယူဆထားကြလို့ပါ..။အသုဘရှင်ကိုတော့တည့်တည့်ပြောမှာမဟုတ်ပါဘူး..။ ဘာလို့လဲဆိုတော့ပူဆွေးဝမ်းနဲနေတဲ့ကျန်ရစ်သူမိသားစုကိုဒီလိုသွားပြောကြည့်ပါလား…….ဘယ်လက်ခံမလဲ…ဒီလိုအကျိုးရှိနိုင်လို့ အလှူရှင်ကျေနပ်အောင်လိုက်လုပ်ပေးနေတဲ့ကိစ္စကို..အိမ်မှာတင်သရဏဂုံတင်လိုက်ကြသတဲ့ဗျာ…ကောင်းရော….အိမ်နားကျောင်းနား ဆိုတာကအဆင့်မြင့်တဲ့ပြိတ္တာတွေပဲနေနိုင်တာမျိုး..။အမျှဝေတာနေ့တိုင်းရနေပြီးသားကိစ္စ..။ အင်းပြီးတော့အင်တာနက်စာမျက်နှာတွေပေါ်မှာ…..ခြင်ထောင်ခန်းတွေပွင့်ပွင့်လင်းလင်ရေးနေတဲ့ကိစ္စ […]


naywoon niNovember 22, 20101min09
ဘာကြောင်ံဆင်းရဲရသလဲပြောရင်းစိတ်ဆင်းရဲရတဲ့အကြောင်းပြောချင်သေးတယ်…ဒါကတော့ကြားဖူးချင်လည်းကြားဖူးကြ မှာပါ…။နန်းမတော်မယ်နုနဲ့ဆရာတော်ဦးဗုဓ်စကားပြောခန်းလေး…..နန်းမတော်မယ်နုကတိုက်ကျောင်းကြီးဆောက်ပြီးဆရာတော်ကို ကိုးကွယ်ပါသတဲ့…။ဒါပေမဲ့ဆရာတော်ကသူမကိုစကားတစ်ခွန်းမှမပြောပဲသူ့အလုပ်သူပဲလုပ်နေတာပဲ….ကြာလာတော့နန်းမတော်ကြီး ကစားမရှိစကားရှာပြီးတင်လျှောက်ပါသတဲ့…။ “တပြည့်တော်ဒီကျောင်းကြီးကိုဆောက်လှူဒါန်းတာသုံးသိန်းကျော်ကုန်ပါတယ်ဘုရား…။နောင်လည်းဆောက်လုပ်လုပ်လှူဒါန်းဖို့ ကျန်ပါသေးတယ်….။ဒါနဲ့တင်အားမရသေးဘဲပစ္စည်းလေးပါးကိုလည်းမပြတ်ဆက်လက်လှူဒါန်းဦးမှာပါ..ဒီကောင်းမှုတွေအတွက်ကုသိုလ် တွေဘယ်လောက်များရနိုင်ပါသလဲဘုရားလို့လျောက်သတဲ့” ဆရာတော်ကဘာပြောတယ်ထင်သလဲ?ရေတစ်ခွက်အပြည့်သွားခပ်ချုင်းသတဲ့…။ပြီးတော့အဲဒိရေခွက်ကိုအကုန်သွန်ခိုင်းလိုက်သတဲ့ ပြီးမှဆရာတော်က “မယ်နု…..နင်လှူလိုက်လို့ကုန်သွားတဲ့ပစ္စည်းဥစ္စာကသွန်ပစ်လိုက်တဲ့ရေပမာဏနဲ့တူတယ်..။ကုသိုလ်ကတော့ရေခွက်မှာကျန်တဲ့ ပမာဏလောက်ပဲ” လို့ပြောလိုက်သတဲ့……။ အင်းမိဖုရားလှူတဲ့အလှူနော်….ဘယ်လောက်များကောင်းချီပေးဖို့ကောင်းလဲ? ဒါပေမဲ့အမှန်တရားဘက်သာလိုက်တဲ့ဆရာတော်ကမှန်တာပဲပြောလိုက်တယ်……..ဟုတ်သလေ.။မိဖုရားလှူတာဆိုပေမဲ့ကုသိုလ်ရဖို့ရှေ့တန်း တင်ပြီးလှူတာ…။ပါရမီမထိုက်ပါဘူးတဲ့ခင်ဗျား…..အလှူခံပုဂ္ဂုလ်ကောင်းကျိုးကိုသာရှေ့တန်းတင်ပြီးလှူမှပါရမီထိုက်ပါသတဲ့……………..။ ခုခောတ်အလှူများပြောပါတယ်……ဒီလိုဆရာတော်မျိုးနဲ့တွေ့လိုက်စမ်းစေချင်တယ်……အဲဘွာတေး..ရှိလိုက်သမှပေါမှပေါတစ်ပါးတောင်မဟုတ် ဆရာတော်များဟောနေပြောနေလည်းဟောတုန်းခဏပါပဲ……ကျွန်တော်တို့တွေကကိုပကာသနတွေမက်မောပြီးတော့ဟိုလုပ်ဒီလုပ်ရှောက်လုပ်နေကြ တာမဟုတ်လား…..။ဒီတော့လှူတယ်ဆိုတဲ့နေရာမှာဘာကိုပဲလှူလှူစိတ်ထားတတ်ဖို့အရေးကြီးပါတယ်…..။ပြောသာပြေရတယ်ကျွန်တော်ကောဘာ ထူးလဲ..။ဒီပုတ်ထဲကဒီပဲ..ဒီနေ့ဆူးမတို့ရေလှူတယ်ပြောတယ်..ဘယ်လိုလှူလိုက်သလဲမသိဘူး..။ဒါပေမဲ့သူကဆရာလးပဲလှူတတ်မှာပါ………….. နောက်ဆက်ပြောချင်တာကတော့ဦးပုညရေးခဲ့တဲ့သူအိုမကြီးဇာတ်ပါ….ကျွန်တော်ဒုတိယနှစ်မှာနှစ်ခါပြန်ကျက်ခဲ့ရပြီးရေရေလည်လည်ဖြေခဲ့ရတာ မှတ်မိနေသေးတယ်…..။ဖတ်ရင်းနဲ့အိပ်ပျော်သွားမှာလဲစိုးရသေးတယ်………။အဲဒိဇာတ်က(၅၅၀)ဇာတ်တော်ထဲကပါ..။ဒါပေမဲ့တစကယ့်ဇာတ်တော်က ၅၅၀-မပြည့်လို့ထပ်ဖြည့်ထားတဲ့ဖြည့်စွက်ဇာတ်ပါ…..၃-ဇာတ်လားမသိဘူး…ဘရားရှင်လက်ထက်တော်ကထူးခြားတဲ့အကြောင်းတွေကိုဇာတ်ဖွဲ့ပြီး ထပ်ဖြည့်ခဲ့လို့ပါ…… ပြောချင်တာကအဲဒိဇာတ်ထဲမှာပါတဲ့သူအိုမကြီးကဆင်းရဲသူပါ…။အိမ်တစ်ကာလှည့်လည်ပြီးခိုင်းသမျှလုပ်ပြီးပေးသမျှယူရသူပါ..။တစ်နေ့ကျ တော့မြို့ထဲမှာဆူဆူ…ဆူဆူနဲ့မို့စုံစမ်းကြည့်လိုက်တော့ဘုရားရှင်သီတင်းသုံးရာကျောင်တော်ကနေစာရေးတံမဲနှိုက်ပြီးရဟန်ဒတွေပင့်ပြီးပြန်လာတာတွေ့ တာနဲ့သူလည်းဒီလိုလှူရရင်ကောင်းမှာပဲဆိုတဲ့စိတ်ကူးဝင်လားပြီး..အလုပ်တွေကိုပြီးအောင်မြန်မြန်လုပ်ပြီးအိမ်ပြန်လာတာပေါ့..။ရလာတဲ့ဆန်ရင်းကိုဆွမ်း အတွက်ချက်….ဆန်ကွဲကိုရာဂုကြို..ဟင်းအတွက်တော့နီးစပ်ရာဟင်းသီးဟင်းနှံနဲ့ပေါ့..။သူလည်းသူတတ်နီုင်သလောက်ချက်ပြုတ်ပြင်ဆင်ပြီးအဲဒိမှာဇေတဝန် ကျောင်းနဲ့တူရဲ့..။စာရေးတံမဲနှိုက်ဖို့အပြေးလာတာပေါ့…။ကျောင်းရောက်တော့ကျောင်မှာတွေ့တဲ့စာရေးတံမဲချတဲ့သူတွေကိုအကျိုးအကြောင်းပြောပြတော့ တာဝန်ရှိသူတွေကလည်းစိတ်မကောင်းဘူးပေါ့…။ရှင်သာရပုတ္တရာကိုယ်တော်ကြီးကလွဲပြီး..ရဟန်းတစ်ပါးမှမဲချဖို့မကျန်တော့တာကို..။အဲဒါနဲ့ပဲ “စာရေးတံမဲချဖို့လက်ယာရံကိုယ်တော်ကြီးတစ်ပါးပဲထီးထီးကျန်တော်မူတယ်…။အဲဒါသွားပင့်ကြည့်ချေတော့.။သူသနားလို့ဆွမ်းပင့်လိုက်တော်မူလျှင် ပင့်ချေတော့” လို့ပြောလိုက်တယ်..။သူအိုမကြီးလည်းဝမ်းသာသွားတာပေါ့….။လက်ယာရံကိုယ်တော်ကြီးဆိုတော့…….။ဒါပေမဲ့စိုးရိမ်စိတ်ဝင်သွားတယ်….. သူကသူဆင်းရဲမကြီး..။ပင့်ဖိတ်သားများဖြစ်နေလေမလား…ပေါ့။ခြေလှမ်းတွေလေးသွားတယ်.။ဒါပေမဲကမဖြစ်ချေဘူး.။ဒီနေ့ဆွမ်းလှူဖို့ရာကျိုးစားထားတဲ့ ဆွမ်းပွဲကိုအချည်းနှီးမဖြစ်စေရဘူးပေါ့….။ဒါပေမဲ့ကိုယ်တော်ကြီးကသိတော်မူတယ်……။ဒါကြောင့်သူအိုမကြီးကိုမြင်လျှင်ပဲသူ့သပိတ်ကိုကမ်းပေးတော်မူသတဲ့ သူအိုမကြီးလည်းဝမ်းသာအားရနဲ့သပိတ်လေးပိုက်ပြီးအိမ်ကိုပင့်ဆောင်လာတာပေါ့..။အချိန်ကမွန်းတည့်ချိန်နီးပြီ……ဒါကိုဘယ်ကဘယ်လိုမြို့ထဲကလူတွေ… သိကုန်ရလဲမသပါဘူး..။ရှင်သာရပုတ္တရာကိုယ်တော်ကြီးကိုသူအိုမကြီးပင့်ဆောင်သွားတယ်ဆိုတာနဲ့နောက်ကနေလိုက်ပြီးသူံအိမ်ကိုပေးပင့်ပါ..ငါ့အိမ်ကိုပေးပင့် ပါနဲ့လိုက်တောင်းကြတာပေါ့……အဲဒိအချိန်မှာမြို့ထဲမှာရှိတဲ့အနာတပိဏ်သူဌေးကြီးနဲ့ဝိသာခါကျောင်းအမကြီးတို့ကလည်းကြားသတဲ့….။လက်ယာရံကိုယ် တော်ကြီးတော့ဆွမ်းဆင်ရဲရလေရဲကဆိုပြီးငယ်သားတွေကိုပင့်ခိုင်းချေပါတယ်….။ အဘွားကြီးကလည်းခပ်တည်တည်ပဲဗျ……။ဘယ်သူ့မှအဘက်လုပ်ပြီးစကားပြန်မပြောဘူး..။သပိတ်ကြီးပိုက်ပြီးသူပြုရမဲ့ကုသိုလ်ကိုပဲစဉ်းစားပြီး ပြုံးပြုံးကြီးလျှောက်လှမ်းနေပါသတဲ့…။အနာတပိဏ်အိမ်ကပါ..ဝိသာခါအိမ်ကပါလို့ပြောပြီးကိုယ်တော်ကြီးကိုပင့်ဖိတ်ခိုင်းလို့ပါလို့ပြောပြီးတောင်းတာကိုတောင် မမှုဘူး..။မရတော့ငယ်သားတွေလည်းပြန်ပေါ့…။ဒါနဲ့သူဌေးကြီးနဲ့ကျောင်းအမကြီးကိုယ်တိုင်လိုက်ပြီး..သူတို့ကိုပေးပင့်ရင်ဘာပေးမယ်ညာပေးမယ်လာဒ်ထိုးတာပေါ့ လက်ယာရံကိုယ်တော်ကြီးကိုပင့်ချင်တာက..ပကာသနကြောင့်မဟုတ်ပါဘူးတဲ့..။စောစောကမိမိကျတဲ့ရဟန်းတွေနဲ့ဆွမ်းကွမ်းကိစ္စတွေကြောင့်ကိုယ်တော်ကြီး…. အထီးတည်းကြွင်းကျန်တော်မူတာသတိမထားမိတာပါတဲ့..။ပြီးတော့ကိုယ်တော်ကြီးဆွမ်းကွမ်းဆင်းရဲမှာကိုစိုးရိမ်လို့ရလိုရငြားလာဒ်ထိုးကြည့်တာပါတဲ့(………. ကဲ..ကစားဖြတ်အဲလေ…စကားဖြတ်ပြောလိုက်ဦးမယ်….လာဒ်ထိုးတယ်ဆိုတာဘုရားရှင်လက်ထက်မှာလည်းရှိခဲ့တာပါနော်……ဤကားစကားချပ်———) အဲဒိတော့မှအဘွားကြီးကဘာပြန်ပြောလိုက်သလဲဆိုတော့…….. “အနာတပိဏ်သောမောင်ပိန်သော…….ဝိသာခါသောမယ်သာခါသော….နောဇာနာမိ..တို့မသိဘူး…တို့အကြောင်းကံနဲ့တို့ပင့်ခွင့်ရချေတာ…….. တို့ကိုယ်တော်တို့လုပ်ကြွေးမယ်” ဆိုပြီးဆက်လက်ပင့်ဖိတ်ပြီးသွားလေရဲ့တဲ့......။တစ်ကယ့်အာဇာနည်အလှူ့ရှင်ပါ...။ တစ်ကယ်လို့ခင်ဗျားတို့ကျွန်တော်တို့ဆိုရင်သူလိုသတ္တိရှိပါ့မလား?သူဌေးကြီးနဲ့ကျောင်းအမကြီးကလာဒ်ထိုးတယ်ဆိုတာနဲနဲလေးတော့ဟုတ်ဟန်မတူ ဘူးနော်.........။ဆင်းရဲသူမကြီးတစ်သက်စာမကလောက်ဖူး..။ထားပါ...ဒီခောတ်အလှူ......ဒီခောတ်စာရေးတံတွေနဲ့ယှဉ်ပြချင်လို့ပါ..........။ ဒီခောတ်မှာတော့မဟုတ်ပါဘူး..။ကျွန်တော်တို့ဆီမှာစာရေးတံမဲနှိုက်တဲ့အခါဘုရားမဲဆိုတာပါပါတယ်...။ဘုရားမဲပေါက်တဲ့အိမ်ကမတတ်နိုင်ရင်အဆင်ပြေအောင် ဆိုပြီးစာရင်းပေးကတည်းကသံဃာတစ်ပါးကို-500/အလှူခံပေးပါတယ်....။သံဃာတစ်ထောင်လောက်ရှိတော့ငါးသိန်းလောက်ရတာပေါ့...။အထွေထွေကုန်ကျစရိတ် တွေနှုတ်လိုက်ဦးလေးသိန်းကျန်တယ်ထား..။ဘုရားမဲနှိုက်တဲ့နေ့မှာမဲပေါက်တဲ့သူက(နှစ်စဉ်တော့မဟုတ်ပါ)ကားနဲ့ဘုရားပင့်ရင်းလှည့်လည်အလှူခံထွက်တတ်ပါ တယ်.......။တစ်ချို့နှစ်တွေကျတော့လည်းလှူတတ်တဲ့သူပေါက်တော့ဘယ်သူပေါက်လိုက်မှန်းတောင်မသိလိုက်ရဘူးပေါ့......။ မကွာချေဘူးလား....ဇာတ်တော်လာသူအိုမကြီးနဲ့...။ကျွန်တော်ပြောတာထက်ဦးပုညရဲ့ဝတ္ထုကဖတ်လို့ပိုကောင်းပါတယ်.....ကျွန်တော်ပြောတာကောင်း […]


naywoon niNovember 21, 20101min05
မနေ့ကဆူးမပိုစ့်လေးဖတ်ပြီးကထဲက…သတိရလို့လိုက်ရှာရတာတော်တော်နဲ့ကိုမတွေ့နိုင်ဘူး….။ လွန်ခဲ့တဲ့သုံးလလောက်ကသူငယ်ချင်းတစ်ယောက်ကဓမ္မဒါနပြုဝေထားတဲ့…မေတ္တရှင်ရွှေပြည်သာရဲ့ဩဝါဒလေးတွေပါ ဆရာတော်ကစာတစ်အုပ်ထဲမှာရေးခဲ့ပါသတဲ့…မြန်မာတွေအလှူတွေမပြတ်ပြုနေပါလျက်နဲ့ဘာလို့ဆင်းရဲနေကြရသလဲဆိုတာကို ဆန်းစစ်မိတော့ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပေါ်လာပါတယ်…။ အဲဒါတွေကတော့……. ၁။လိုအပ်သောနေရာတွင်မလှူဘဲ..မလိုအပ်သောနေရာတွင်လှူကြခြင်း ၂။သမ္ပဒါလေးပါးချို့ယွင်းခြင်း ၃။စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲဝိသမာလောဘဖြင့်ရှာဖွေခြင်း ၄။ပျင်းရိခြင်းကိုရောင့်ရဲခြင်းဟုအထင်မှားခြင်း ၅။ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်ခြင်း ၆။အချိန်တန်ဘိုးကိုမသိခြင်း ၇။ကိုယ့်ထက်သာလျှင်မနာလိုခြင်း ၈။စာပေဗဟုသုတမရှိခြင်း ၉။ဒေသန္တရဗဟုသုတမရှိခြင်း ၁၀။ခေါင်းဆောင်စိတ်နဲခြင်း ၁၁။ကိုယ့်အားကိုယ်ကိုးလိုစိတ်နဲခြင်း…….တို့ဖြစ်ပါသတဲ့.။ဒါလေးကိုသူငယ်ချင်းကစာစီပြီးတော့ဒါနပြုဝေထားတာပါ ခေါင်းစဉ်က”ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပါတဲ့…….။ကျွန်တော်တို့ကောဘယ်နှစ်ချက်လောက်နဲ့လာညှိနေပါသလဲ? နံပါ(၂)ဖြစ်တဲ့”သမ္ပဒါလေးပါးချို့ယွင်းခြင်း”ဆိုတာကိုမရှင်းလို့စာအုပ်တွေမှာလိုက်ရှာကြည့်ကြတော့ဆရာကြီးဦးသုခရဲ့ “သုခမှတ်စု”မှာဒီလိုလာတွေ့ပါတယ်…….။ လောကီသမ္ပဒါလေးပါး (က)ဥဌာနသမ္ပဒါ =ထကြွလုံ့လစိတ်နဲ့ပြည့်စုံခြင်း (ခ)အာရက္ခသမ္ပဒါ =လုံ့လဝီရိယကြောင့်ရရှိသောဥစ္စာပစ္စည်းတို့ကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း (ဂ)ကလျာဏမိတ္တသမ္ပဒါ =မိတ်ကောင်းဆွေကောင်းများနဲ့ပေါင်းဖော်ခြင်း (ဃ)သဇီဝိတသမ္ပဒါ =ဥစ္စာအင်းအားနဲ့တိုင်းထွာ၍ညီမျှစွာအသက်မွေးခြင်း လို့တွေ့ပါတယ်……။ ကျွန်တော်တို့ရဲ့တရားတော်မှာ..ဆင်းရဲခြ်ငးအကြောင်းချမ်းသာခြင်းအကြောင်းတွေရှိပြီသားပါ…။ဒါကိုဗုဒ္ဓဘာသာလို့ပြောထားတဲ့ သူတိုင်းကမလိုက်နာကြတာလို့ပါ……။မှတ်သားထားဖူးပါသေးရဲ့..ဗုဒ္ဓဘာသာလို့ပြောပြီးဗုဒ္ဓအဆုံးအမကိုမလိုက်နာနိုင်တာလည်းမြန်မာ ပြည်ပါပဲတဲ့လေ.. ဆူးမပြောသလိုမလှူတတ်…မမျှဝေတတ်ရင်ဆင်းရဲခြင်းကတော့နောက်ကကပ်ပါလာမှာမဆန်းပါဘူး..။ဘုရားစင်ပေါ်အသီးစိမ်းတွေ တင်လှူတာကနဲနဲတော်ဦးမလားပဲ…..အုန်းသီးစိမ်း..ငှက်ပျောသီစိမ်းတွေတင်ထားထာကနတ်ပွဲကျနေတာပဲ..။တကယ့်တော့သာသနာပြု နေတဲ့သူတွေထက်ဖျက်နေတဲ့သူတွေများနေတာပါ……။အုန်းပွဲ..ငှက်ပျောပွဲဆိုတာကနတ်နဲံ့ပဲဆိုင်တဲ့နတ်ရိုးရာဓလေ့ပါ..။ကျွန်တော့ဘကြီး ပြောခဲ့တာပြန်ပြောရရင်တော့မကောင်းဘူး..။ဒါပေမဲ့မှန်နေတာတွေချည့်ဆိုတော့..ခုလူငယ်လေးတွေကြားဖူးအောင်တော့ပြန်ပြောရမှာပဲ…။ “တစ်ကယ်တော့နတ်ဆိုတာအစိမ်းသေနဲ့သေကြတဲ့သူတွေချည့်ပဲငါ့မြေး….ပြီးတော့သူတို့ကဒေါသနဲ့သေခဲ့ကြတာဆိုတော့လူတွေကကြောက် ကြတယ်..။.ငှက်ပျောသီးအစိမ်းတောင်မှသူတို့ဒေါသတွေကြောင့်အမြန်မှည့်ကြရတယ်..အုန်းသီးကလည်းသူတို့ဒေါသကြောင့်ပဲတစ်ခါတစ်လေ ပွင့်ထွက်ကုန်တာ……လူတွေကမစဉ်းစားတတ်လို့သာသူတို့ကိုကိုးကွယ်နေကြတာ….မစဉ်းစားတတ်တာမဟုတ်ပါဘူးလောဘကြီးကြလို့ပေါ့ ကိုယ်လုပ်ထားတဲ့အလုပ်ထက်ပိုပြီးလိုချင်တတ်မက်မောတဲ့သူ..။ဘာမှမလုပ်ထားပဲသူများဥစ္စာလိုချင်နေတဲ့သူကိုလောဘကြီးတယ်လို့ခေါ်တယ်.. သူတို့ကိုပုံမှန်မပူဇော်မပသရင်..ဒေါသပိုကြီးတယ်..။လူတွေကိုဒုက္ခပေးတတ်တယ်..။ကိုယ့်ကိုမစဖို့မသေချာပဲဒုက္ခပေးဖို့သာသေချာတဲ့သူကို အိမ်မှာမထားသင့်ဘူး..။ဒါကြောင့်ဘကငါကအိမ်ဦးနတ်..ငါ့အပြင်တစ်ခြားနတ်မရှိရဘူးဆိုပြီးလုပ်ထားတာ..။အိမ်တွင်းအုန်းလဲဆွဲမထားရဘူး..။ အိမ်လေးလို့….အရက်သမားနတ်တွေ..သူတို့ဘယ်ဆက်သနေမလဲ..ကိုယ့်ဖာသာတောင်သောက်မဝရတဲ့ခြားထဲက……………………” သူတို့အတွက်ကုန်မဲ့အစားဘုန်းကြီးကျောင်းသွားပြီးလိုအပ်နေတာလေးတွေလှူလိုက်ရတာကချက်ခြင်းချမ်းသာတယ်…………………… ဘာလို့လဲသိလား..နတ်ပွဲတွေမြင်ဖူးတယ်မို့လား..။ဆိုင်းသံတစ်ညံညံနဲ့..နတ်ဝင်ရင်ဆဲတဲ့နတ်ကပါလိုက်သေးတယ်..။ဘုန်းကြီးကျောင်းသွား လှူလိုက်တော့ဆိုင်းသံလည်းမကြားရဘူး.။ဆဲသံလည်းမကြားရဘူး..။ဘုန်းကြီးကဆုတွေပေး…ကိုယ်ကသာဓုလိုက်ခေါ်ဘယ်လောက်ဧချမ်းသလဲ? ပြီးတော့ဘုရားကိုမလှူရတဲ့အရာတွေရှိသေးတယ်…အရက်နဲ့မူးယစ်စေတတ်တာတွေမလှူရဘူး..။စားဖွယ်တွေလှူရင်လည်းချက်ခြင်းစားသောက် နိုင်တာကိုပဲရွေးလှူရတယ်..။ပြီးရင်မွန်မတိမ်းခင်ပြန်စွန့်ရတယ်..။သစ်သီးတွေကိုလည်းအစိမ်းမလှူရဘူး..။အဆင်သင့်ဘုန်းပေးနိုင်ရုံပြုပြင်ပြီးမှကပ်လှူ ရတယ်…။ခုတော့မဟုတ်ကြပါဘူး..။ငှက်ပျောသီးကိုလည်းအစိမ်း..။သရက်သီးဆိုလည်းအတွဲလိုက်..။မလုပ်ရဘူး.။ကိုယ့်ထက်ကြီးတဲကသူ..။ဧည့်သည် လာရင်တောင်မှအဲဒိလိုကျွေးဖူးသလား?ဟိုကဘုရား….။ပြီးတော့သက်ရှိရှင်ကြားရှိစဉ်ကတည်းက..ဆားတစ်ဆုပ်သိမ်းထားခဲ့တယ်လို့ဘယ်ကျမ်းဟန်မှာ မှမရှိခဲ့ဘူး..။မင်းတို့နတ်တွေသာ..ဝါဝင်ကဝါထွက်သူတို့စင်ပေါ်အတင်ခံတာ..။ပြီးတော့ဝါဝင်တာထွက်တာနဲ့ပါတ်သက်ပြီးပြောစရာရှိသေးတယ်..။ နောက်မှဆက်ပြောပြမယ်..။ခုတော့လှူတာလောက်နဲ့ပဲရပ်ကြစို့………။လူတွေကမလှူတတ်လို့ကုသိုလ်ရသင့်သလောက်မရ.. ဘယ်လိုလုပ်ရပါ့မလဲ..လှူတယ်ဆိုတာကိုယ်ပိုင်ပစ္စည်းဥစ္စာကိုစွန်ံလွှတ်လိုက်တာပဲဒါကိုငါ့အလှူဆိုတဲ့စိတ်ကစွဲနေတယ်……..။သံသရာကိုတိုတိုဖြတ်ရမှာ သံသရာရှည်ချင်နေကြတော့ဆင်းရဲကြတာပေါ့..။