တစ်ရက်မတွေ့တာကြာတဲ့ ကိုအောင်မောင်းနဲ့ 34လမ်းက လက်ဖက်ရည်ဆိုင်မှာ မထင်မှတ်ဘဲဆုံကြပါတယ်။ တကယ်တမ်းပြောရရင် အလုပ်လုပ်နေတဲ့သူတွေဆိုတာ တစ်ရက်နဲ့တစ်ရက် ကိုယ့်အချိန်ဇယားနဲ့ကို်ယ်ကျင်လည်နေရတယ်ဆိုတော့ အရင်ငယ်ငယ်ကလို ခဏခဏ မတွေ့နိုင်ကြတာကလည်းအမှန်ပါဘဲ။ တွေ့ကြပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက်မတွေ့တဲ့အချိန်က သတင်းပလင်းလေးတွေမေးကြရပါတယ်။ ဟိုရက်က ကိုကျော်ကြီးနဲ့တွေ့တော့ အောင်မောင်းတစ်ယောက် အလုပ်ရှုပ်နေတယ်ဆိုတာတော့ကြားမိပါတယ်။ နောက်အောင်မောင်းတစ်ယောက်သူ့အလုပ်မှာသူ့ဝန်ထမ်းတွေနဲ့လည်းပြသနာတက်တယ်လို့လဲပြောသွားပါသေးတယ်။ ဒါနဲ့ဘဲအောင်မောင်းကြီးကိုအကျိုးအကြောင်းမေးရပါတယ်။ အဲတော့အောင်မောင်းကြီးကလဲ မတွေ့ကြလို့မပြောဖြစ်တာတွေကိုပြောပြပါတော့တယ်။ “ဟုတ်တယ်ကိုပေါက်ရေ ပြီးခဲ့တဲ့လက ငါ့မှာအတော်ကိုစိတ်တွေလေသွားတာ။ ဝန်ထမ်းပြသနာပေါ့ကွာ၊၊ဒီပြသနာကဖြစ်ချင်းဖြစ်ရင် ပိုင်ရှင်နဲ့ဖြစ်ရမှာ။ တကယ်ဖြစ်တော့အားလုံးနဲ့ငါတယ်ရတော့တာဘဲ။ အားလုံးဆိုတာ ဝန်ထမ်းအားလုံးနဲ့မဟုတ်ပါဘူး၊ဒါပေမဲ့ငါကမနေတတ်တာလဲပါတယ်၊ တစ်ချို့ကတော့ ငါ့ကို ကွယ်ရာမှာမေးငေါ့တာပေါ့။ “ဝန်ထမ်းအချင်းချင်းကို နှိပ်ကွပ်တယ်၊ပိုင်ရှင်ထက်တောင်ကြောက်နေရတယ်”လို့ပေါ့။ ဒါပေမယ့်ငါက ဒီလိုဝေဖန်တာတွေကို ခေါင်းထဲသိပ်မထည့်ပါဘူး။ ငါက အားနည်းတဲ့ဘက်ရပ်တဲ့လူမဟုတ်ဘူး မှန်တဲ့ဘက်ကိုရပ်တဲ့ကောင်ဘဲဟာ၊ ခက်တာက ငါတို့ဆီကလူတွေရဲ့ပြင်မရတဲ့စရိုက်ဘဲ။ ပြသနာရယ်လို့ဖြစ်လာခဲ့ရင် မှန်တာမှားတာ အပထား အားနည်းသူဘက်ကနေဝိုင်းပြီးရပ်တည်လိုက်ကြတာဘဲ။ ငါပြောချင်တာက အားနည်းတယ်ဆိုတိုင်းအမြဲမှန်တယ်လို့ လက်ခံမလားဆိုတာကိုပေါ့။ ဥပမာကွာ လမ်းပြောင်းပြန်စီးဝင်လာတဲ့ စက်ဘီးနဲ့လမ်းမှန်အတိုင်း ဝင်လာတဲ့ကားတိုက်မိတယ်ဆိုရင် […]
