ပလေးဘွိုင်သန်းနိုင်တို့ ရွှေသီချင်းများက အစပြုလို့ တစ်ခေတ်ပြန်လည်ခေတ်စားလာချိန်မှာ ခင်မောင်ထူးဆိုတဲ့ အဆိုတော်လေးတစ်ယောက်က (ကြံကြံဖန်ဖန်မေးမယ် နင်လေနင်လေချစ်တတ်သလား)ဆိုပြီး (မီးခြစ်)ဆိုတဲ့ ဟာသီချင်းလေး ပေါ်လာပါတယ်။ သည်သီချင်းလေးက လူနည်းနည်းသိလာပါတယ်။ အဲဒီနောက်မှာ ပလေးဘွိုင်သန်းနို်င်တို့ရဲ့တီးဝိုင်းနဲ့အတူ မင်းလမ်းမင်းလျှောက် ဆိုတဲ့ဆီးရီးစ်မှာ (ချိုချိုရေ ကိုယ်တစ်ယောက်ထဲဆွေးပြီ အချစ်ကြီးချစ်လို့ အမုန်းကြီးမုန်းပြီလား………….ဆိုတဲ့ ချစ်အယူခံ ဆိုတဲ့သီချင်းလေးနဲ့ လူအားလုံးလက်ခံလာပါတယ်။ သူ့က သီချင်းဆိုတဲ့နေရာမှာ စတိတ်ရှိုးမှာဆိုရင် ခေါင်းလေးတငြိမ့်ငြိမ့်ခပ်ပြုံးပြုံလေးဆိုတတ်သူပါ။ သူ့သီချင်းထဲက အငြိမ့်ပျက်လုံးမှာတောင် ပါသွားတဲ့သီချင်းလေးကတော့အမှတ်တမဲ့များနားထောင်ရင် (ကျွဲမနေ နဲ့)လို့ကြားနေရတဲ့ ချွဲမနေနဲ့သီချင်းကတော့ အတော်လေးကိုအောင်မြင်တယ်ပြောရပါမယ်။ (ဗန်ဒါပင်လေးအောက်က တို့ထိုင်စောင့်ပြီး………………………..ဆိုတဲ့ မောင့်ဆေးကျောင်းသူ) (မိုးဦးရဲ့ကုန်လွန်တဲ့နေ့ဟောင်းများပြောင်းသွားတော့ဘယ်ဆီကိုရောက်သွားလဲ ………..ဆိုတဲ့ ခွဲမသွားနဲ့) (အမေရေ သားတော့သူ့ကိုအစွဲကြီးစွဲမိပြီ…………….ဆိုတဲ့ အချစ်နတ်သမီး) (ရွှေမန်းသူလေး။စိတ်ရောင်စုံ။မောင့်မူံရွှေရည်)စတာတွေကနာမယ်ကြီးသီချင်းတွေပါ။ အဲဒီတုန်းက နာမယ်ကြီးတဲ့ဟေမာနေဝင်းနဲ့ အိုဆန်းဆန်းပြားပြားဆိုတဲ့ သီချင်းဟောင်းလေးကို အမ်တီဗွီရိုက်တာလေးက အမှတ်တရပါ။ ဟေမာနေဝင်းနဲ့ လဲတစ်ခွေတွဲထုတ်ခဲ့ပါသေးတယ်။ အခုအချိန်မှာဆီးရီးစ်မထုတ်ပေမဲ့ စင်ပေါ်မှာ […]
