မန်းလေးအကြောင်းရေးမယ်ဆိုရင် တစ်မြို့လုံးအနှံ့မှာရှိနေတဲ့ ဘုရားတွေအကြောင်းမှ မပါဘူးဆိုရင်မပြည့်စုံဘူးဖြစ်နေမှာပေါ့နော်။ တန်ခိုးအကြီးဆုံးနဲ့လူသိအများဆုံးလို့ပြောရရင်တော့ ရခိုင်ပြည်ကနေ ပင့်ဆောင်လာခဲ့တဲ့မဟာမြတ်မုနိရုပ်ရှင်တော်ပါဘဲ။ မန်းလေးမြို့ရဲ့တောင်ဘက်အဖျားမှာ ရှိတာပါ။ ရန်ကုန်-မန်းလေး ရထားလမ်းပေါ်က မန်းလေးကိုဝင်ခါနီး ရှမ်းစု ဘူတာရောက်လို့ အနောက်ဖက်ကိုလှည့်ကြည့်လိုက်ရင်ဘဲ ရွှေရောင်တွေပြောင်ဝင်းနေတဲ့ “မဟာမြတ်မုနိ” ဒါမှမဟုတ် မန်းလေး အခေါ်”ဘုရားကြီး”ကိုဖူးမြင်ရမှာပါ။ လမ်းအနေနဲ့ပြောရမယ်ဆိုရင် မြောက်ဘက်နေ တောင်ဘက်ကိုတည့်တည့်ကြီး လာတဲ့ 82လမ်းမက “ဘုရားကြီး”ရှေ့မှောက်မှာအဆုံးသတ်ပါတယ်။ “ဘုရားကြီး”ရဲ့ပုရဝုဏ်က တစ်ပြပါတ်ပါတ်လည် အကျယ်ကြီးပါ။ အရှေ့ဘက်ကနေလာမယ်ဆိုရင် 78လမ်းမကြီးဖြစ်တဲ့ ရန်ကုန်မန်းလေးလမ်းမကြီးကနေလာရင် ပြတိုက်ကွေ့လို့ခေါ်တဲ့နေရာရောက်ရင် အနောက်ဘက်ကိုချိုးဝင်လိုက်တာနဲ့ ဘုရားကြီး အရှေ့စောင်းတန်းကို ရောက်ပါတယ်။ အဲဒီလမ်းကတော့ တစ်လမ်းမောင်းပါ အရှေ့ကနေ အနောက်ကို ဘဲသွားလို့ရပါတယ်။ (အရင်ကတော့ ဒီလမ်းက စက်ဘီးတစ်စီးစာသာ သွားလို့ရတဲ့ လူနေအိမ်တွေနဲ့ပိတ်နေတဲ့ ကျပ်ညပ်နေတဲ့လမ်းပါ။ အခုခေတ်မှသာ လမ်းဖောက်လိုက်တဲ့အတွက် ကောင်းကောင်းသွားလို့ရတဲ့လမ်းဖြစ်သွားတာပါ) အနောက်ဘက်ကလာမယ်ဆိုရင်တော့ ဈေးချိုနာရီစဉ်ကြီးရှိတဲ့ 84လမ်းကနေ တောင်ဘက်ကိုတည့်တည့်လာ […]
