မန်းလေးအကြောင်းရေးမယ်ဆိုရင် တစ်မြို့လုံးအနှံ့မှာရှိနေတဲ့ ဘုရားတွေအကြောင်းမှ မပါဘူးဆိုရင်မပြည့်စုံဘူးဖြစ်နေမှာပေါ့နော်။ တန်ခိုးအကြီးဆုံးနဲ့လူသိအများဆုံးလို့ပြောရရင်တော့ ရခိုင်ပြည်ကနေ ပင့်ဆောင်လာခဲ့တဲ့မဟာမြတ်မုနိရုပ်ရှင်တော်ပါဘဲ။ မန်းလေးမြို့ရဲ့တောင်ဘက်အဖျားမှာ ရှိတာပါ။ ရန်ကုန်-မန်းလေး ရထားလမ်းပေါ်က မန်းလေးကိုဝင်ခါနီး ရှမ်းစု ဘူတာရောက်လို့ အနောက်ဖက်ကိုလှည့်ကြည့်လိုက်ရင်ဘဲ ရွှေရောင်တွေပြောင်ဝင်းနေတဲ့ “မဟာမြတ်မုနိ” ဒါမှမဟုတ် မန်းလေး အခေါ်”ဘုရားကြီး”ကိုဖူးမြင်ရမှာပါ။ လမ်းအနေနဲ့ပြောရမယ်ဆိုရင် မြောက်ဘက်နေ တောင်ဘက်ကိုတည့်တည့်ကြီး လာတဲ့ 82လမ်းမက “ဘုရားကြီး”ရှေ့မှောက်မှာအဆုံးသတ်ပါတယ်။ “ဘုရားကြီး”ရဲ့ပုရဝုဏ်က တစ်ပြပါတ်ပါတ်လည် အကျယ်ကြီးပါ။ အရှေ့ဘက်ကနေလာမယ်ဆိုရင် 78လမ်းမကြီးဖြစ်တဲ့ ရန်ကုန်မန်းလေးလမ်းမကြီးကနေလာရင် ပြတိုက်ကွေ့လို့ခေါ်တဲ့နေရာရောက်ရင် အနောက်ဘက်ကိုချိုးဝင်လိုက်တာနဲ့ ဘုရားကြီး အရှေ့စောင်းတန်းကို ရောက်ပါတယ်။ အဲဒီလမ်းကတော့ တစ်လမ်းမောင်းပါ အရှေ့ကနေ အနောက်ကို ဘဲသွားလို့ရပါတယ်။ (အရင်ကတော့ ဒီလမ်းက စက်ဘီးတစ်စီးစာသာ သွားလို့ရတဲ့ လူနေအိမ်တွေနဲ့ပိတ်နေတဲ့ ကျပ်ညပ်နေတဲ့လမ်းပါ။ အခုခေတ်မှသာ လမ်းဖောက်လိုက်တဲ့အတွက် ကောင်းကောင်းသွားလို့ရတဲ့လမ်းဖြစ်သွားတာပါ) အနောက်ဘက်ကလာမယ်ဆိုရင်တော့ ဈေးချိုနာရီစဉ်ကြီးရှိတဲ့ 84လမ်းကနေ တောင်ဘက်ကိုတည့်တည့်လာ […]


အခုအချိန်များမှာဆိုရင် တစ်ခါတစ်လေ သောက်ရေသန့်မှာလိုက်ရင် ချက်ခြင်းမရောက်လို့ ဖုန်းခဏခဏဆက်ရသောက်စရာရေက မရှိတော့။ သုံးရေပြတ်တော့ ရေထမ်းသမား လိုက်ခေါ်တော့ ခဏနေလာမယ်သာပြောတယ် ညနေစောင်းထိရောက်မလာ။ ညသန်းခေါင်သန်းလွဲ မီးလာရင် အိပ်ရေးအပျက်ခံလို့ ထ ထပြီးရေတင်ရတဲ့ ဒုက္ခ၊ မီးလာတာနဲ့ရေရအောင်မော်တာတွေနဲ့သူအိမ်ကိုယ့်အိမ်အပြိုင်အဆိုင်ဆွဲကြတဲ့ အခါမော်တာသံတွေသာဆူညံနေပြီး ရေမလာတော့ မော်တာလောင်သွားတယ်ဆိုတဲ့ ဒုက္ခတွေကိုကြုံရတဲ့အခါ ငယ်ငယ်ကဖောဖောသီသီကြီးကိုတပြားမှမပေးရဘဲ အလကားသုံးခဲ့ရတဲ့ ကျုံးရေကို တမ်းတမိပါတယ်။ မန်းလေးမြို့မှာ ကျုံးဘေးပါတ်ပါတ်လယ်က ရပ်ကွက်တွေက ကျုံးရေကိုသုံးတာများပါတယ်။ လမ်းဘေးမှာ ကျုံးရေကန်လေးတွေရှိပါတယ် အလကားဖြန့်ဝေပေးထားတာပါ၊ ကျနော်တို့နေတဲ့ ကျုံးဘေးမှာဆိုရင် လမ်းအပြတိုင်းမှာ ကျုံးရေပေးတဲ့ကန် တစ်ကန် ဒါမှမဟုတ်နှစ်ကန်ရှိပါတယ်။ အဲဒီကန်လေးတွေက ကျုံးကနေပိုက်လုံးကြီးနဲ့ဆက်ထားတော့ ရေအမြဲစီးနေပါတယ်။ ဒါကြောင့်ကျုံးရေကို ရေရှင်လို့ ပြောတာပါ။ ကျနော်16လမ်းမှာနေတုန်းကတော့ ကျနော်တို့ အိ်မ်ဝိုင်း ထဲမှာတင် ကျုံးရေနဲ့အိမ်က ကန်ကိုဆက်ထားပါတယ်။ 25လမ်းမှတော့ အများသုံးကျုံးရေကန်ကနေသုံးပါတယ်။ ကျနော်တို့လိုဝင်းထဲမှာနေတဲ့သူတွေက ရေချိုးရင်အဝတ်လျှော်မယ်ဆိုရင် […]


မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်း7) ဒီမင်္ဂလာတံတား ဆိုတာက နန်းတွင်းကနေထွက်ရင်တောင်ဘက်အရပ်မှာရှိတဲ့တံခါးပေါက်ပေ့ါ၊ သူနဲ့တည့်တည့်လမ်းကြီးက( 73)လမ်းမကြီးပါ။ (73)လမ်းမကြီးရဲ့အဆုံးကတော့ အရင်က မန်းလေးမြို့ နဲ့အထက်မြန်မာပြည်က ကျောင်းသားများ အတွက်တစ်ခုတည်းသော အဆင့်မြင့်ပညာရင်နို့သောက်စို့ရတဲ့ (M.A.S.U)(မာဇူး)လို့အတိုကောက်တဲ့ မန္တလေးတက္ကသိုလ်ကြီးဖြစ်ပါတယ်။ မင်္ဂလာတံတားကထွက်လိုက်ရင် သူ့ရဲ့အရှေ့ဘက်ခြမ်း မှာတော့ ကျုံးနဲ့မြို့ရိုးကြားကမြေကွက်လပ်ကတော့ ဘာမှမရှိပါ။ တစ်ခါတစ်ရံစစ်တပ်က အစောင့်တပ်သားလေးတွေက အသီးအနှံစိုက်ခင်းလေးတွေလုပ်ထားတာဘဲရှိတတ်ပါတယ်။ သူ့အနောက်ဘက်မှာတော့ လှပသော အေးချမ်းသောဆိုတဲ့ ဝိသေသဂုဏ်ထူးတွေနဲ့ပြည့်စုံခဲ့ဘူးတဲ့ နာမယ်ကျော်” မန်းသီတာဥယျာဉ်”ပါ။ နိုင်ငံခြားကအတိုင်း မြို့လယ်ခေါင်မှာ ရှိတဲ့ ပန်ုးဥယျာဉ်ကလေးပါ။ မြန်မာပြည်သိန်းတန် သီဆိုဘူးခဲ့တဲ့ “မန်းမြေမှာလေးနှစ်တာ”ဆိုတဲ့သီချင်းလေးမှာ ” မန်းသီတာ လူငယ်လူကြီးအလည်ရောက်လို့လာတာ “လို့ထည့်ပြီးသီဆိုဘူးပါတယ်။သူပြောတာ အမှန်ပါဘဲ။ ဒီမန်းသီတာဥယျာဉ်လေးရဲ့ဖွဲ့တည်ပုံလေးကိုပြောရမယ်ဆိုရင် အနံတိုတို အလျားရှည်ရှည် စတုယန်းပုံလေးပါ။ အနံကတော့ ကျုံးရေပြင်နဲ့ နန်းမြို့ရိုးကြားက ကွက်လပ်ကလေးပါ။ အလျားကတော့ အနောက်ဘက် (79)လမ်းက […]


ရန်ကင်းတောင်ပေါ်ကနေ ဘေးဝဲယာကို ကြည့်မယ်ဆိုရင် အရှေ့ဘက်ခြမ်းမှာဆိုရင် ရေတံခွန်တောင် ရှမ်းရိုးမနဲ့ရေနီမြောင်းကြီး အနောက်ဘက်ခြမ်းမှာကတော့ တပြန့်တပြောကြီးရှိနေတဲ့ အောင်ပင်လယ် ၊မနီးမဝေးမှာ ပုသိမ်ကြီးဆိုတဲမြို့ပေါက်စကလေး၊ ပါတ်ပါတ်လည်မှာတော့ဘယ်နေရာကြည့်ကြည့် ကောက်စိုက်စအချိန်ဆိုရင် စိမ်းမြလို့ယိမ်းကနေတဲ့ စပါးခင်းတွေ၊ စပါးတွေရင့်မှည်ချိန်ရောက်ရင်တော့ ရွှေဝါရောင်ကော်ဇောကြီးခင်းထားသလိုတွေ့ရမှာပါ။အင်မတန်လှပတဲ့ရူ့ခင်းပါ။ ရန်ကင်းတောင်ကနေကြည့်ရင် အနောက်တည့်တည့်လမ်းက (19လမ်း)ဖြစ်ပြီး မန်းလေး နန်းတော်ကြီးက19လမ်းကို အရှေ့ဘက်နဲ့နောက်ဘက်ဖြစ်အောင် ခြားထားပါတယ်။ ဒီလမ်းကမန်းလေးနန်းတော်ထဲကို ဝင်တဲ့ တံခါးနဲ့တည့်တည့်ပါ။ ဟိုအရင်ကတော့ ရန်ကင်းတောင် ပုသိမ်ကြီးဆိုတာ သွားဘို့ နည်းနည်းလှမ်းတယ်လို့ ပြောရင်ရပါတယ်။ လှမ်းဆိုစီးစရာကလည်းစက်ဘီးဘဲရှိတာကိုးဗျ။ လူနေအိမ်ခြေလည်းကျဲပါးပါတယ်။ကျနော်တို့လူငယ်များတောင် တစ်လနေလို့တစ်ခေါက်မရောက်တဲ့နေရာပါ။ ခုနောက်ပိုင်းမှာရန်ကင်းတောင်ခြေမှာရှိတဲ့ မြကျောက်ဘုရားမှာရှိတဲ့ ရေတွင်းကထွက်လာတဲ့ ရေက အန္တရာယ်ကင်းတယ်ဆိုတာနဲ့ဘဲ ဆရာတော်ဆီကနေ ခွင့်တောင်းလို့ ရေတွေကိုဘူးကြီးဘူးငယ် ကားကြီးကားငယ်နဲ့သယ်လို့ အသုံးပြုကြပါတယ်။ ဓါတ်ခွဲကြည့်တဲ့အခါ တကယ်ကို ရေသန့်ဖြစ်တယ် PH-7 ဖြစ်တယ်ဆိုတာကိုတွေ့ရပါသတဲ့။ အခုအချိန်မှာတော့ မြကျောက်ရေသန့်ဆို ပြီး ဝမ်းလီတာဗူးလေးနဲ့ထည့်ထားတာကို […]


လွမ်းတယ်ဆိုတဲ့အကြောင်းပြောရရင် မန်းလေးတောင်အတက်လမ်းက စကားဖြူပန်းနံ့လေးတွေကိုလည်းလွမ်းပါတယ်။ ကုသိုလ်တော်ဘုရားထဲက ခရေပန်းတွေကိုလည်းလွမ်းပါတယ်။ အောင်ပင်လယ်ကန်ဘောင်ရိုးကနေမြင်ရတဲ့ မူံပြပြရှမ်းရိုးမကိုလည်းလွမ်းပါတယ်။ ရန်ကင်းတောင်သွားတဲ့လမ်းက ကြာပင်အိုင်ကြီး ကိုလည်းလွမ်းပါတယ်။ လူငယ်လူကြီးအလယ်ရောက်ဘူးတဲ့ “မန်းသီတာဥယျာဉ်”ကိုလည်းလွမ်းပါတယ်။ တက္ကသိုလ်ထဲက တမာနံ့သင်းသင်းလေးကိုလည်းလွမ်းပါတယ်။ ချစ်သူနဲ့အတူထိုင်စကားပြောဘူးတဲ့ ရေနီမြောင်းထဲက ရေနီကျင်ကျင်တွေကိုလည်းလွမ်းပါတယ်။ ပေတရာလမ်းမပေါ်မှာ တခွပ်ခွပ်နဲ့ အသံပေးတဲ့မြင်းလှည်းလေးရယ် လှည်းဘီးကို ကြိမ်တုတ်နဲ့ထောက်လိုက်လို့ထွက်လာတဲ့ တတောက်တောက်အသံလေးကိုလည်းလွမ်းပါတယ်။ ကျုံးနံဘေးက အေးမြတဲ့အရိပ်တွေကိုပေးတဲ့ ကုက္ကိုပင် ကြီးတွေကိုလည်းလွမ်းပါတယ်။ လွမ်းမယ်ဆိုရင်တော့ လွမ်းစရာတွေချည်းပါဘဲ။ ****************** ***************************** ************************************* ကျောက်တော်ကြီးဘုရား ကတော့ မန်းလေးမှာရှိတဲ့ကြည်ညိုဘွယ်ရာ ဘုရားများထဲမှာ ထုထည်အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ရွှေကျင်ကျောက်စခန်းကနေထွက်ပေါ်လာတဲ့ ထုထည်ကြီးမားလှသောသောစကျင်ကျောက်တုံးကြီးတစ်တုံးကနေ ပြီး ကိုးကွယ်စရာ ဘုရားတစ်ဆူဖြစ်အောင်ထုလုပ်ထားတာပါ။ အင်မတန်မှ သပ္ပါယ်လှသော မျက်နှာတော်ရှိပြီးအချိုးအစားကျနလှသော ကျောက်ဆင်းတုတော်ကြီးဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ အင်္ဂျင်နီယာအတတ်ပညာ ကျောက်ဆစ်အတတ်ပညာမှာ မညံ့ဘူးလို့ မြန်မာ့ဂုဏ်ရည်ကို ပြထားတဲ့ ပြယုဂ်တစ်ခုလို့လဲဆိုနိုင်ပါတယ်။ ကျောက်တော်ကြီးဘုရားအရှေ့ဘက်စောင်းတန်းဘက်က […]


တစ်ရက် ကိုအောင်မောင်းရယ်ကျနော်ရယ် မိတ်ဆွေတစ်ယောက်အိမ်က ဝါဆိုသင်္ကန်းကပ်တာကိုဖိတ်တာနဲ့နှစ်ယောက်အတူသွားကြပါတယ်။ အဲဒီမှာ ကိုအောင်မောင်းတို့ ကုမ္ပဏီက ကိုယ်စားလှယ်ယူထားတဲ့ ပစ္စည်းကို ထုတ်လုပ်သူရဲ့သားလေးတွေနဲ့ဆုံကြပါတယ်။ သူတို့လေးတွေနဲ့ရောက်တတ်ရာရာ ပြောနေကြရင်း ထုံးစံအတိုင်း အရောင်းအဝယ်အကြောင်းတွေကိုရောက်သွားပါတယ်။ အဲဒီကလေးလေးတွေက အသက်နှစ်ဆယ်နဲ့အစိတ်ကြားမှာရှိနေတဲ့ နှစ်နှစ်ကြီး နှစ်နှစ်ငယ် ညီအကိုသုံးယောက်ပါ။ သုံးယောက်စလုံး ပညာတတ်ဘွဲ့ရလေးတွေလဲဖြစ်သလို စကားပြောတာဆိုတာ မွန်မွန်ရည်ရည်ရှိကြတဲ့အပြင် နေပုံထိုင်ပုံကြည့်တာနဲ့တင် မိဘက သေချာစွာ ဆုံးမပဲ့ပြင်ထားတဲ့ကလေးတွေဆိုတာသိနိုင်ပါတယ်။ နောက်ပြီးစကားပြောနေရင်းနဲ့သိလာတာတစ်ခုက သူတို့အလုပ်အပေါ်မှာ အလေးအနက်ထားပြီး စိတ်ဝင်စားတယ် ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတာကို အမြဲစဉ်းစားနေတယ်ဆိုတာကိုလဲ တဖြည်းဖြည်းသိလာရပါတယ်။ ပိုပြီးသိလာတာကတော့ သူတို့လေးတွေသည် သူတို့ထုတ်လုပ်တဲ့ကုန်ပစ္စည်းကို သိပ်ပြီးအလေးအနက်ထားတယ် ရှိသမျှဈေးကွက်ကို သူတို့အားလုံး စိုးမိုးထားချင်တယ်ဆိုတာကိုပါ။ သူတို့ထုတ်လုပ်နေ့တဲ့ လူသူုံးကုန်ပစ္စည်းကလည်း တပြည်လုံးအတိုင်းအတာနဲ့ ကိုအောင်မြင်နေတဲ့ပစ္စည်းလည်းဖြစ်ပါတယ်။ နေရာတကာမှာ သူတို့မူပိုင်လုပ်ထားတဲ့ တံဆိပ်က မြင်တွေ့နေရပါတယ်။ ဒါပေမယ့်ဒီလောက်အောင်မြင်နေတာကို သူတို့က လူငယ်ပီပီ အားမရနိုင်သေးဘူးဖြစ်နေပါတယ်။ အဲဒီအချိန်မှာ […]


“သီတင်းကျွတ်ပွဲတော်ကြီး ပြီးတော့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင် မသိုးမြတ်သင်္ကန်းနဲ့……………..ကထိန်ပွဲခင်းပါတဲ့လတန်ဆောင်တိုင်………..မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် “လို့ဆိုထားခဲ့ဘူးတဲ့ ကိုမြကြီးသီချင်းထဲကလို တန်ဆောင်မုန်းရောက်ပြီဆိုတာနဲ့ “ကထိန်ပွဲတော် “ကိုဆင်နွဲဘို့ပြင်ဆင်ကြပါတော့တယ်။ ဒီတန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်မှာ သံဃာတော်တွေသီတင်းသုံးတဲ့ကျောင်းတွေကို ကထိန်သင်္ကန်း ကပ်လှူကြပါတယ်။ ဒီကထိန်အလှူတော်ကို လက်ခံရတဲ့ကျောင်းမှာလည်း တိကျသတ်မှတ်တဲ့စည်းကမ်းချက်တွေနဲ့ပါ။ ပထမဦးဆုံးလာပြီး ကထိန်အလှူတော်ကို လက်ခံပြီးရင် နောက်ထပ်အလှူကိုလက်မခံရပါဘူးတဲ့။ ဆိုလိုတာက ပထမလာပြီးလှူတဲ့လူက လှူဘွယ်နည်းမယ် ဒါပေမယ့် လက်ခံပြီးတယ်ဆိုရင် နောက်လာလှူမယ့်သူက ဘယ်လောက် လှူဘွယ်များများပြောင်းပြီးလက်ခံလို့မရတာပါ။ တန်ဆောင်မုန်းလဆန်းပြီဆိုကတည်းက ကထိန်ခင်းမယ့်အဖွဲ့တွေက ကိုယ်ကထိန်ခင်းချင်တဲ့ကျောင်းကို ရှာလို့ ကြိုတင်လျှောက်ထားရပါတယ်။ တစ်ချို့ကကြတော့လဲ ဘယ်ကျောင်းကို လှူမယ်ဆိုတာကို ကြိုတင်လို့ ရှာမထားဘဲ ကထိန်ခင်းချင်တဲ့နေ့ကျမှ လှူဘွယ်ပစ္စည်းတွေကို တင်လို့ ကထိန်လက်မခံရသေးတဲ့ကျောင်းကို ရှာလို့ ပုံတိုက်ပြီးလှူလိုက်ပါတယ်။ အဲလိုလှူတာကိုတော့ “မိုးပေါ်ကျ ကထိန် “လို့ခေါ်ပါတယ်။ အများအားဖြင့်ကတော့ကထိန်လှူဘွယ်ပစ္စည်းတွေကို ကထိန်ခင်းမယ့်ကျောင်းကို မပို့ခင်မှာ လှပအောင် မျက်စိပသာဒဖြစ်အောင် […]


“ငွေနှင်းမူံရီထုံဝေစီမြောက်လေဆော်သွေး အေးတဲ့လရာသီ သမယခါဆီ “ ဆိုတဲ့သီချင်းစာသားလေးအတိုင်းဝါလကင်းလွတ်သီတင်းကျွတ်လို့ ့ဆောင်းဥတုစပြီဆိုတာနဲ့မန္တလေးမြို့အနှံ့မှာ ရှိတဲ့ရပ်ကွက်အားလုံးဘုရားပွဲတွေ ကျင်းပကြဘို့ပြင်ဆင်ကြတဲ့အချိန်ပါဘဲ။သီတင်းကျွတ်ပြီဆိုတာနဲ့ “ဘုရားပွဲအစ လမ်းလယ်က အဆုံး ရတနာမဉ္ဖူ” ဆိုတဲ့စာသားအတိုင်းဘုရားပွဲတွေကို သူရက်နဲ့သူ အစဉ်အလို်က်အတိုင်းနှစ်စဉ်ကျင်းပကြပါတယ်။ စက်တင်ဘာလလယ်ရောက်ပြီဆိုတာနဲ့ မန္တလေးမြို့ 82လမ်း( 29-30)လမ်းကြားမှာ ရှိတဲ့ ဘုရားသုံးဆူဘုရားရှေ့မှာ အိုးပုတ်သယ်လေးတွေစရောက်လာပါတော့တယ်။ ဒီအသယ်လေးတွေတွေ့ပြီဆိုရင် မန်းလေးမြို့မှာ ပွဲလမ်းသဘင်တွေစတော့မယ်ဆိုတာကို အသိပေးလိုက်တာပါဘဲ။ဒီအချိန်ရောက်တာနဲ့ကျနော်တို့ကတော့ ဘုရားပွဲတကာသွားမယ် အငြိမ့်ကြည့်မယ် ဇာတ်ကြည့်မယ် အသိမိတ်ဆွေအိမ်တွေမှာမုန့်လိုက်စားမယ်ဆိုတာတွေလုပ်ဘို့ အသင့်ပြင်ကြပါတော့တယ်။ ဒီမန္တလေးမြို့ဘုရားပွဲတွေကမမေ့နိုင်စရာ ကျနော့်ငယ်ဘဝနဲ့အများကြီးပါတ်သက်နေပါတယ် ၊ကျနော်အဖေ့ရဲ့မိဘများက ပန်းကန်တွေ စားပွဲခုုံတွေကို ပြန်ငှားတဲ့အလုပ်ကိုလုပ်ပါတယ်။သာမန်အလှူအတန်းတွေကလာငှားတယ်ဆိုရင် ငှားခအတွက် အဖိုးအခကိုသတ်မှတ်ထားတဲ့ကြေးနဲ့ယူပါတယ်။ ရပ်ကွက် ဘုရားပွဲတွေက လာငှားတယ်ဆိုရင် ဘုရားပွဲအတွက်လှူဒါန်းထားကြတဲ့ ဆွမ်းတော်ကြီးပွဲရဲ့တစ်ဝက်ကိုကျနော်တို့ကယူပါတယ်။ ဆွမ်းတော်ကြီးပွဲဆိုတာကတော့ ဘုရားပွဲကျင်းပတဲ့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက လှူဒါန်းဘို့အတွက် မုန့်တွေ အသီးအနှံတွေ ဆွမ်းဟင်းတွေကို ဘုရားပွဲရက်မတိုင်ခင်တစ်ရက်မှာ ဘုရားထဲကိုလာပြီးပို့ထားရပါတယ်။ လာပို့ထားကြတဲ့ ဆွမ်းတော်ပွဲတွေကို […]


(ပထမဆုံး ကျနော်အရေးမှားတာကို အမှားပြင်လို့ ပြောရရင် ကျနော်မွေးခဲ့တဲ့ 16လမ်းက ပြည်လုံးချမ်းသာရပ်ကွက်ပါ။ မေဃ ဂီရိက ဒီရပ်ကွက်ရဲ့တောင်ဘက်ကရပ်ကွက်ပါ။ကျနော်နောက်မှပြောင်းနေတဲ့ရပ်ကွက်ပါ။) မန်းလေးလမ်းတွေအကြောင်းပြောမယ်ဆိုရင် အရင်ဆုံး လေးဒေါင့်စပ်စပ်မြို့ရိုးနီနီကြီးကို စိတ်ထဲမှာပုံဖော်ကြည့်လိုက်ပါ။ နန်းမြို့ရိုးကြီးရဲ့ အရှေ့ဘက် အောင်တော်မူရပ်ကွက် ထိပ်62လမ်းက မန်းလေးလမ်းရဲ့အစဖြစ်ပါတယ်။ သူကမြောက်ဘက်ကနေ တောင်ဘက် ကို တန်းနေတဲ့လမ်းမကြီးပါ။ နန်းမြို့ရိုးရဲ့မြောက်ဘက်အရပ်မှာရှိတဲ့ မန်းလေးတောင်ရဲ့ အရှေ့ဘက်ကနေ အစပြုပါတယ်။ တောင်မြောက်တန်းနေတဲ့ ကန့်လန့်ဖြတ်လမ်းမကြီးတွေဟာ အရှေ့ဘက်ကနေစလာလိုက်တာ အနောက်ဘက်ရောက်လေ လမ်းနံပါတ်က ကြီးကြီးလာလေဖြစ်ပါတယ်။ နန်းရှေ့ 62လမ်းကစတဲ့လမ်းက သူ့အနောက်ဖက် အောင်တော်မူဘုရားလမ်းရောက်ရင် 63လမ်းဖြစ်ပါတယ်။ အနောက်ဘက်ကိုဆက်ဆင်းလာလိုက်လို့ အရှေ့ကျုံးလမ်းရောက်တော့ (66)လမ်း အနောက်ကျုံးလမ်းရောက်တော့ လမ်း(80) ဈေးချိုနာရီစင်ရောက်တော့ (84)လမ်းပေါ့။ အနောက်ဘက်ဆင်းလေ လမ်းနံပါတ်က ကြီးလာလေပါ။ လမ်းကိုးဆယ်ကျော်ရင် မရမ်းခြံဆိပ်ကမ်းကိုရောက်လို့ ဆက်သွားရင် မြစ်ကြီးဧရာဝတီကို ဘွားကနဲ့တွေ့ရမှာပါ။ ဒါကတောင်မြောက်တန်းနေတဲ့လမ်းပါ။ အရှေ့အနောက်တန်းနေတဲ့လမ်းကတော့ […]


ဟိုလွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က ဆိုပါတော့ ကျနော်ကို မန္တလေး မြို့၊လမ်း80 အနောက်ကျုံးလမ်း 16လမ်း အခုရွှေဘဲစားတော်ဆက်ဖွင့်ထားတာရဲ့အနောက်ဘက်ငါးအိမ်ကျော်လောက်မှာ ဇူလိုင်လထဲကလကွယ်ရက် တစ်ရက်ရဲ့ မိုးတွေသဲနေတဲ့ညနေစောင်းမှာမွေးဖွားခဲ့ပါသတဲ့။ ကျနော်တို့ အမေဖက်က ဘိုးဘိုးတို့ရဲ့အိမ်မှာပေါ့ အရပ်ကတော့ မေဃဂီရိရပ်ကွက်ကြီး ၊ဝင်းကတော့ ထီးရိုးဝင်းပေါ့။ ကျနော်မွေးတဲ့အိမ်ရဲ့တောင်ဘက်က ဝင်းကို တော့ ကသဲဝင်းလို့ခေါ်ပါတယ်။ ကျနော်အထင်တော့ အမေတို့နေတဲ့ရပ်ကွက် က ယိုးဒယားတို့ ကသဲလူမျိုးတို့နဲ့သွေးမကင်းဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ငယ်ငယ်က အခုလမ်း30 (82×83)ကြားမှာရှိတဲ့ ရာမနတ်စင်ရှိတဲ့ဝင်းထဲကိုခဏခဏသွားပြီးကန့်တော့ရတာရယ် အစိမ်းရောင်မဝတ်ရဘူးလို့ အမေကမှာတာကိုရယ်ဆက်စပ်တွေးမိလို့ပါ။ နောက်ကျနော်မွေးတဲ့ 16လမ်းဘက်က ဘုရားပွဲတွေဆွမ်းကြွေးတွေအလှုအတန်းတွေရှိတယ်ဆိုရင် “ခနုံထုပ်” လို့ခေါ်တဲ့မုန့်ကို အမြဲပါအောင်ထည့်ပါတယ်။ ဒီမုံ့က ကြက်ဥကိုဖောက်ပြီးတော့အကာနဲ့ အနှစ်တွေကိုရောပြီးခလောက် ပြီးရင် မီးဖိုပေါ်မှာမီးအေးအေးနဲ့တင်ထားတဲ့ဒယ်အိုးပြားပေါ်ကို ဇွန်းလေးနဲ့ အဝိုင်းပြားပြား ပါးပါးလေးလေးဖြစ်အောင်ထည့်လိုက်ပါတယ်။ မြင်အောင်ပြောရရင် မုန့်ပြစ်စလက် ရေပါးလုပ်သလိုပေါ့။ ပြီးတော့ ကြက်ဥပါးပါးလေးကျက်ပြီးဝါလာပြီပေါ်မှာ အချိုကြိုက်ရင် သကြားနဲ့အုန်းသီးထဲ့ […]


ကျနော်တို့ငယ်ငယ်တုံးက အဖေ့ရဲ့အမေဘက်ကအဖွားရဲ့အမွေဆိုင်ခြံထဲမှာ အမျုးိတွေအားလုံး စုနေခဲ့ကြပါတယ် တော်တော်လေး ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ တစ်မိသားစုကို အိမ်တစ်လုံးစီနဲ့ပေါ့။ အိမ်ထောင်အသစ်ထူထောင်လို့ မိသားစုတစ်ဖွဲ့တိုးရင် လွတ်နေတဲ့ ကွက်လပ်မှာ အိမ်တစ်လုံးထပ်ဆောက်ပေါ့။ မှတ်မှတ်ရရ ရှစ်အိမ်ကိုးအိမ်လောက်တောင် ရှိမယ်ထင်ပါတယ်။ အဲတော့ကျနော်တို့ခြံကြီးထဲမှာ လူတွေအများကြီး ရှိသလို အဖိုးအဖွားတွေ ဦးကြီးဒေါ်ကြီးတွေ ဦးလေး ဒေါ်လေးတွေနဲ့ အတူတူ သိုက်သိုက်ဝန်းဝန်းကြီးနေရတာပေါ့။ မကောင်းတာကတော့ လူများတော့ ဇာတ်လမ်းများတယ် ။ လူကြီးတွေနဲ့ နေရတော့ ဟိုလိုမလုပ်နဲ့ ဟိုဟာမလုပ်နဲ့လို့ အချုပ်ချယ်ခံရတော့ လွတ်လပ်တာကို နှစ်သက်တဲ့လူငယ်အတွက် စိတ်တွေညစ်တာပေါ့။ ကျနော်တို့များ သူတို့မျက်စေ့ထဲမတွေ့တဲ့ အဝတ်အစားဝတ်တာ အပြုအမူကိုတွေ့တော့ ပြီဆိုလို့ကတော့ အဆူခံရတဲ့အပြင် အမြဲကြားရတဲ့စကားလေးတစ်ခွန်းကတော့ ” ငါတို့တုံးကနဲ့များ ကွာပါ့”ဆိုပြီး ခေတ်တစ်ခေတ်နဲ့တစ်ခေတ်ကို နုှိင်းယှဉ်တဲ့စကားလေးပါဘဲ။ စစ်ပြီးခေတ်ကရှေးဟောင်းရုပ်ရှင်ထဲကလို တစ်ခါတစ်ရံဘောင်းဘီအတို ဖော့ဦးထုပ် အောက်က ဘွတ်ဖိနပ်စီးတဲ့အခါစီးပြီး (ဆောင်းတွင်းဆိုရင်တော့ကုတ်အကျီအရှည်ကြီးနဲ့) […]


တစ်ရက် ထိုင်နေကျလက်ဖက်ရည်ထဲကို ဝင်လို်က်တဲ့အချိန် “ဟေ့ပေါက်တို .ဒီကိုလာ “ဆိုပြီးလှမ်းခေါ်လိုက်တဲ့အသံကြားလို့ လိုက်ရှာလိုက်တော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ “ဗျတ်စုတ်”ရယ် “ပေါက်ရှည် “ရယ် “ကျွဲကြီး “ရယ်ကို တွေ့လိုက်ပါတယ်။ ဘော်ဒီတောင့်တောင့် မဲမဲ တုတ်တုတ်ခိုင်ခိုင် ကောင် “ကျွဲကြီး “ကတော့ ဘိနပ်ထောင်လုပ်ပါတယ်။ အမွှာညီနောင် နှစ်ကောင်ဖြစ်တဲ့ “ဗျတ်စုတ် ” နဲ့ “ဗျတ်ပဲ့ “ကတော့ စားသောက်ဆိုင်လုပ်ငန်းလုပ်ကြပါတယ်။ အဲထူးခြားတာကတော့ သူငယ်ချင်းတွေထဲမှာ ” ကိုပေါက်”နှစ်ယောက်ရှိပါတယ်။ အရပ်ရှည်သလိုစိတ်လည်းရှည်တဲ့တစ်ယောက်ကတော့ “ပေါက်ရှည် “သူက လမ်း80ပေါ်မှာဘိနပ်အရောင်းဆိုင်လေးဖွင့်ထားပါတယ်။ သူ့ထက်အရပ်ပုပြီးထစ်ကနဲ့ရှိစိတ်တိုတတ်တဲ့ကျနော်က တော့ ” ပေါက်တို”ပေါ့။ ကျနော်သူတို့ဝိုင်းထိုင်ပြီးလက်ဖက်ရည်မှာပြီးတော့မှာ ” ပေါက်ရှည်”ကပြောလက်စ စကားကိုဆက်ပြောပါတယ်။ သူက “ကျွဲကြီး “ထုတ်တဲ့ကိုယ်ပိုင် တံဆိပ်နဲ့ဘိနပ်ကို အဓိကထားပြီးရောင်းပါတယ်။ အခုရက်ကတောင်ပြုံးလာတဲ့ဧည့်သည်တွေများပါတယ်၊ သူ့ဆိုင်ကလဲ လမ်းမကြီးပေါ်မှာဆိုတော့ ဖြတ်သွားဖြတ်လာတွေလဲ ဝင်ဝယ်တတ်တာရှိပါတယ်။ […]


တစ်ရက်က လက်ဖက်ရည်သောက်ကြရင်း အောင်မောင်းရယ် ကျနော်ရယ်ကတစ်ဖက် နောက်ကိုစိန်မောင်တို့ ကိုသောင်းဝေတို့အပါအဝင်လေးယောက်ကတဘက်နဲ့ အငြင်းအခုံလေးတစ်ခုဖြစ်ကြပါတယ်။ စတာကတော့ ကျနော်တို့ အလုပ်အတွက်အင်တာဗျူးထိုင်ကြတဲ့အကြောင်းပြောတာကနေစတာပါ။ သူတို့ကကျနော်နဲ့အောင်မောင်းကို မင်းတို့ company သမားတွေအလုပ်ကိုရှုပ်တယ်ပေါ့ လူတစ်ယောက်အလုပ်ပေးဘို့ကို ဟိုမေးဒီမေး ဟိုစာရွက်တောင်းဒီစာရွက်တောင်းနဲ့ပေါ့။ သူတို့ကတော့ လူတစ်ယောက်မှာ အောင်လက်မှတ်ရှိဘို့မလိုဘူးတို့လုပ်ငန်းအတွေ့အကြုံဆိုတာသင်ယူရင်ဖြစ်ဖြစ်ကြာလာရင်ဘဲဖြစ်ဖြစ်အလွယ်တကူရနိုင်တယ်လို့ပြောတာကိုကျနော်တို့ကလက်မခံတာပါ။ သူတို့က အလုပ်လျှောက်လာလျှောက်တယ်ဆိုရင် အောင်လက်မှတ်တို့ထောက်ခံစာတို့မလိုဘူးပေါ့ ဒါတွေမပါလည်းတတ်ချင်တတ်မှာဘဲ လက်မှတ်ရှိလဲမတတ်တဲ့ကောင်တွေအများကြီးပေါ့။ နောက်အတွေ့အကြုံမရှိသေးရင်လဲ ဘာမှကိစ္စမရှိဘူးနောက်ကြာလာရင်တတ်သွားမှာဘဲလို့အလွယ်ပြောပါတယ်။ အရေးကြီးတာကတော့ ရိုးသားတဲ့လူရဘို့ဘဲလိုတယ်တို့ပြောတာကို ကျနော်နဲ့အောင်မောင်းကလက်မခံတော့ ထုံးစံအတိုင်းငြင်းကြတာပေါ့။ ကျနော်တို့တတွေက ငယ်သူငယ်ချင်းတွေလဲဖြစ်တော့ တစ်ယောက်တစ်ယောက် ပြောမနာဆိုမနာလဲဖြစ်ပြန်တော့ အားမနာတမ်းငြင်းကြတာပါ။ အဲဒီအခါမှာ ကျနော်က ဒီအဖြစ်အပျက်လေးကို သူတို့ကို အရင်ဆုံးပြောပြလိုက်ပါတယ်။ (တစ်ခါကလို့ဘဲပြောလိုက်ပါတော့ မယ် ရုံးကိစ္စလေးရှိတဲ့အတွက် လ.၀.က လို့ခေါ်ကြတဲ့လူဝင်မူ့ကြီးကြပ်ရေးရုံးကိုရောက်သွားပါတယ်။ ကျနော်ဦးစီးမှူးနဲ့တွေ့ဘို့စောင့်နေတုန်းစားပွဲတစ်ခုမှာ အသက်အတော်ကြီးကြီး လူကြီးတစ်ယောက်နဲ့စားပွဲမှာထိုင်နေတဲ့ယူနီဖောင်းဝတ်စာရေးမလေးရယ် ဘေးမှာမတ်တတ်ရပ်နေတဲ့ ယူနီဖောင်းဝတ်ကောင်လေးရယ်သုံးယောက်သားအခြေအတင်ပြေနေတာကို သေချာမကြားရပေမယ့် ပြဿနာ တက်နေတယ်ဆိုတာတော့ ့မြင်တာနဲ့သိနိုင်ပါတယ်။ကျနော်လဲစပ်စုချင်တာနဲ့ရှေ့နည်းနည်းတိုးထိုင်ပြီး […]