ပီးခဲ့တဲ့ 2010 ဝါဆိိုလပြည့်နေ့တုန်းက ပြင်ဦးလွင်က ပြည်ချစ်ဘုရားရဲ့အရှေ့ဘက်မှာ ရှိနေတဲ့ ကျယ်ပြန့်သော                                                                                                                       လွင်ပြင်နောက်က တောင်တန်းပေါ်မှာ စီးမိုးနေတဲ့ မိုးတိမ်တွေကို မှတ်တမ်းတင်ထားတဲ့ပုံလေးပါ။မူံရီရီနဲ့ လှပသောလွမ်းစရာရူ့ခင်းလေးမို့ တင်ပေးလိုက်တာပါ။ ပထမပုံက ဆိုက်သေးနေလို့ ထပ်တင်ပေးလိုက်တာပါ။


သူကမန်းလေးတောင် အဝင်ဝမှာရှိတဲ့အရှေ့ဖက်ကခြင်္သေ့ပေါ့။                                                                                                                                                                                                                  ဒီပုံက (7-11-2010)နေ့မှာအမှတ်တရရိုက်ထားတာပါ။


ပြီးခဲ့တဲ့နေ့ကတင်လိုက်တဲ့ အပိုင်း(17)မှာ စကားအသုံးမှားတာလေးတွေကို ထောက်ပြလာသူရှိတဲ့အတွက်ကျနော်အရေးမှားခဲ့တာကို ပြင်ပေးလိုက်ပါတယ်။ ကျနော်က ဆွမ်းလောင်းတာကို ဆွမ်းတန်းလို့ သုံးတာမှားပါတယ်။ အမှန်က “တန်းဆွမ်း “ဖြစ်ပါတယ်။နောက်သံဃာတော်များကို အိမ်မှာထို်င်ကိုယ်တော်အဖြစ်လာဘို့ ဒကာ ဒကာမကနေလျှောက်ထားတာကို “ဆွမ်းဖိတ်”တယ်လို့ပြောပြီး သံဃာတော်က တောင်းဆိုရင်တော့ “ဆွမ်းရပ် “တယ်လို့ သုံးပါမှ မှန်ပါတယ်။ အခုလိုလွဲမှားသွားတာလေးတွေကိုထောက်ပြပေးတာကိုကျေးဇူးအထူးတင်ပါတယ်။ အရင်ကကျနော်တို့မန်းလေးမြို့ဟာ အေးဆေးသော ဆိတ်ငြိမ်သော မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဒါကြောင့်လဲကျနော်တို့မန်းလေးသားများ ရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်ခဲ့ရင် ကြာကြာမနေနို်င်ဘဲပြန်ပြေးကြတာပါဘဲ။ ရန်ကုန်မြို့ကြီးက လူတွေအားလုံးကလဲ သုတ်သုတ်သုတ် ဘတ်စကားတွေ သုံးဘီးကားတွေကလဲ တဝူးဝူးတဝေါဝေါနဲ့ အပြေးအလွှား။ အချိန်အတွက် ဘာမှ စိုးရိမ်ကြောင့်ကြစရာမလိုတဲ့ မန်းလေးမြို့ကလာတဲ့လူတွေနဲ့ကြတော့ ကြည့်ရမြင်ရတာကိုက ရင်မောစရာဖြစ်နေတာကိုးဗျ။ မန်းလေးမှာတော့ နေ့စဉ်မြင်တွေနေရတဲ့ မြင်ကွင်းကလည်းခပ်အေးအေး ဘတ်စကားအိုကြီးတွေကလဲ လမ်းပေါ်မှာသွားနေတာ ခပ်လေးလေး တအိအိနဲ့။ လမ်းတွေကလဲခပ်ကျဉ်းကျဉ်း တွေပေါ်မှာခပ်ဖြည်းဖြည်းဘဲမောင်းတဲ့ မြင်းလှည်းတွေကထွက်လာတဲ့ မြင်းခွာသံလေးက လမ်းပေါ်မှာတခွပ်ခွပ်။ […]


မန္တလေးမြို့ လေးပြင်လေးရပ်မှာ ရှေးကတည်းက ကုသိုလ်ရှင်များက လှူဒါန်းခဲ့ကြတဲ့ ဘုန်းကြီးကျောင်းတွေအများကြီး ရှိပါတယ်။ ဒီကျောင်းတွေမှာဘုရားသားတော်များဖြစ်ကြတဲ့ သံဃာတော်ပေါင်းမြောက်များစွာ သီတင်းသုံးနေထိုင်တော်မူကြပါတယ်။ ဒီသံဃာတော်များကလည်း အနယ်နယ်အရပ်ရပ်ကနေ မန်းလေးမြို့ကို အကြောင်းကိစ္စအမျိုးမျိုးနဲ့ လာရောက်လို့သီတင်းသုံးကြတာဖြစ်ပါတယ်။ စာဝါလာလိုက်တဲ့သံဃာတော်(ဘာသာရေးဆိုင်ရာ စာတွေလာသင်တဲ့သံဃာတော်)များကတော့ မိမိပညာသင်ကြားတဲ့အခါမှာ လိုအပ်တဲ့စာအုပ်စာတန်းတွေ နဝကမ္မအတွက် လှူဒါန်းမယ့် ဒကာ ဒကာမ များကို ကိုယ့်ဒေသက အသိမိတ်ဆွေများက ဖြစ်ဖြစ် မန်းလေးမှာစာဝါ လိုက်သွားဘူးတဲ့ သံဃာတော်ကဖြစ်ဖြစ် တစ်ဆင့်ဆက်သွယ်ပေးလိုက်တဲ့သူများကို မန်းလေးမြို့ခံအိမ်ကို ရှာဖွေလို့ ဆွမ်းဖိတ် ကြရပါတယ်။ တကယ်တန်းပြောရရင် မန်းလေးမြို့မှာ သီတင်းသုံးနေကြတဲ့ သံဃာတော်များအတွက် နေ့စဉ် ဆွမ်းကိစ္စက သိပ်ခက်ခဲတဲ့ထဲမှာတော့ မပါ ပါဘူး။ ရပ်ကွက်တိုင်းတိုင်းရပ်ကွက်တိုင်းမှာ မနက်အာရုံတက်က စလို့ ဆွမ်းချက် အိမ်ရှေ့ထွက်ဆွမ်းလောင်းကြတဲ့အိမ်တွေများပါတယ်။ ဒါတင်မကသေးဘူး ဥပုသ်နေ့မျိုးမှာဆိုရင် အချို့သောရပ်ကွက်များက ထူထောင်ထားတဲ့ ဘုံဆွမ်းလောင်းသင်းလေးတွေကနေ ဆွမ်းတန်းလောင်းတာရှိသလို […]


“ မလွမ်းစကောင်း လွမ်းစကောင်း ရှေးရှေးက မန္တလေး-အပိုင်း(16)“ မန္တလေးမြို့သစ်ကိုပြောင်းနေကြတဲ့ လူတွေအကြားမှာ ဥစ္စာစောင့်လိုလို သူရဲလိုလိုပုံပြင်လေးက ခေတ်စားလာခဲ့ပါတယ်။ ညမှောင်တယ်ဆိုရင် ရှင်ပင်အုံးအင်ဘုရားနားက မိန်းမတစ်ယောက်ထွက်လာတယ် ဒီဘုရားမှာစောင့်နေတဲ့အစောင့်တွေက လူလဲချိန်တန်ပြီတို့ဘာတို့ဆိုပြီး ဖြစ်လာပါတယ်။ ဘယ်သူစလိုက်တဲ့ဇာတ်လမ်းလဲတော့မသိပါဘူး ညကိုးနာရီကျော်ကျော် လောက် မှာစက်ဘီးနင်းလာတဲ့လူကို လက်ပြတားတဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလို့ လှည့်မကြည့်ဘဲဒုန်းစိုင်းပြေးလာလိုက် တာတစ်ပါတ်လောက်တောင်ဖျားပြီး ကယောင်ကတမ်းတွေပြောနေလို့ဆေးတောင်အတော်ကုယူရတယ်ဆိုတာတို့၊ တစ်ညမှောင်မဲနေတဲ့အချိန်လမ်းလျှောက်ပြန်လာတဲ့သူကို မီးတတို့လောက်ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ အရပ်အမြင့်ကြီးနဲ့မိန်းမတစ်ယောက်ဖြစ်နေတယ်တို့ဆိုတဲ့အရပ်ပုံပြင် တွေကို ကြားလာရတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ညမှောင်ရင် တစ်ယောက်ထဲလည်းဖြစ်နေတယ်ဆိုရင် အဲဒီဘုရားနားကို တော်ရုံတန်ရုံသတ္တိနဲ့မဖြတ်ရဲကြတော့ပါဘူး အဲဒီအချိန် မြို့သစ်ကို မီးလောင်တဲ့အရပ်ကလူတွေစနေစတုန်းက ရှင်ပင်အုန်းအင် ဘုရားနားမှာလူနေအိမ်ခြေကလည်းမရှိသလောက်ပါဘဲ။ နောက်တော့မှဇာတ်ရည်လည်သွားကြတာကတော့ ဒီဘုရားနဲ့အရှေ့ဘက် နားမှာနေတဲ့ စိတ်သိပ်မနှံ့တဲ့မိန်းမတစ်ယောက်က ညည ဆိုရင် ဖီးလိမ်းဝတ်စားပြီးထွက်လာတတ်ပါသတဲ့။ သနပ်ခါးကိုဘဲကြား ရို်က်တဲ့အခါရိုက် မိတ်ကပ်တွေလိမ်းတဲ့အခါလိမ်းဆိုတော့ ပြူးတူးပြဲတဲဖြစ်နေတာရယ် နေဝင်ရီတစ်ယောရယ်ဗြုန်းဒိုင်းကြီးမြင်ရတော့ လန့်တဲ့သူကလန့်ပြီး ထင်မြင်ချက်တွေလျှောက်ပေးကြတော့တာပေါ့။ မြို့သစ်ကို ပိုိုမိုစည်ကားအောင်ဖန်တီးလိုက်တဲ့အကြောင်းတရားက […]


” မလွမ်းစကောင်း လွမ်းစကောင်း -(ရှေးရှေးကမန္တလေးအပိုင်း-15)” မန်းလေးညဈေးတန်းအကြောင်းကိုပြောတော့ ညဈေးတန်းကို အဖယ်ခိုင်းတဲ့အကြောင်းပြချက်ကလဲ မှန်တယ်လို့ယူဆစရာရှိပါတယ်။ဘာလို့လဲဆိုတော့ မန်းလေးညဈေးတန်းဖွင့်ထားတဲ့နေရာက မန်းလေးမြို့ရဲ့ အလည်ခေါင်ဖြစ်နေတာရယ် အနောက်ဘက်ခြမ်းကနေ တောင်နဲ့မြောက်ကို ဆက်သွယ်စရာ လမ်းမကျယ်ကျယ်ဆိုတာကလဲ ဒီ84လမ်းမကြီးဘဲရှိတာကိုး။ နောက်ပြီးတော့ အနောက်ကနေ အရှေ့ဘက်ကိုတက်မယ်ဆိုရင်လဲ ဆက်သွယ်စရာလမ်းမကြီးက 26ဘီလမ်းမကြီးဘဲရှိပြန်ပါတယ်။ ဒီထောင့်ချိုးနေရာကျတဲ့နေရာမှာ ဟိုဘက်ဒီဘက်ပိတ်လို့ဈေးဖွင့်ထားပြန်တော့လဲမီးရေးထင်းရေးလို အရေးပေါ်ကိစ္စမျုးိကြုံလာရင် လှည့်ပါတ်ပြီးသွားရတော့ ကြန့်ကြာတာပေါ့လေ။ ဒီညဈေးတန်းကို ပြောင်းဘို့အကွက်ဆိုက်လာတာကလဲ မန်းလေးမှာ မကြုံစဘူးထူးကဲလှတဲ့ မီးလောင်မူ့တွေကို ကြုံလာရတာကြောင့်ဖြစ်ပါတယ်။ ကျနော်တို့ ငယ်ငယ်က မန်းလေးမှာ မီးအကြီးအကျယ်လောင်တာသိပ်မကြားမိပါဘူး။ တစ်ခါတစ်လေများ ညကြီးမင်းကြီးမီးလောင်တယ်အသံကြားလို့များ ကလေးတွေက အိပ်မူံစုံမွှားနဲ့ထလာရင်လူကြီးတွေက ပြန်အိပ်ခိုင်းပါတယ်။ မီးလောင်တဲ့နေရာနဲ့ကိုယ်နေတဲ့အရပ် လေးငါးပြလောက်ဝေးတယ်ဆိုရင် အေးဆေးပါ အချိန်တန်ငြိမ်းသွားမှာဆိုပြီး ပြန်အိပ်ကြတာများပါတယ် ။တစ်ခါတစ်လေမှာတိုက်ဆိုင်မူ့ဆိုမလား တွက်ချက်တာ တော်တယ်မှန်တယ်ဘဲဆိုမလား ဆိုတဲ့ ဒွိဟဖြစ်စရာကိစ္စတွေက လောကမှာကြုံတတ်ပါတယ်။ သက်သေပြတိုင်းတာလို့မရဘူးလို့လဲဆိုချင်ဆိုနိုင်ပါတယ်။ ကျနော်ကြုံဘူးတာလေးနဲ့ဆက်စပ်ပြီးပြောပြချင်လို့ပါ။ ခုနှစ်ကတော့ […]


ကျနော်ငေးချင်ရာငေးတွေးချင်ရာတွေးနေတုန်းမှာ ဗြုန်းဆိုပြီးနောက်ကနေ ပုခုံးကို တစ်ယောက်ယောက်ကလှမ်းတို့လိုက်တော့လန့်သွားပါတယ်။ လန့်တာမှ ဆံပင်တွေကို ထောင်ထွက်သွားလောက်အောင်လန့်တာသွားတာပါဗျာ။ လန့်ဆို ဟိုရှေးရှေး ကတည်း က လူပြောများတဲ့ဇာတ်လမ်းလေးတပုဒ်လဲရှိခဲ့ဘူးပါတယ်။ ဒီကျုံးလမ်းမပေါ် မှာ မြင်းလှည်းတွေသွားခဲ့ရတဲ့ အချိန်ကပေါ့။ မြောက်ပြင်မှာနေတဲ့ မြင်းလှည်းသမားတစ်ဦး ကြုံခဲ့တဲ့ဇာတ်လမ်းလေးပေါ့ဗျာ။ တစ်ည ညကိုးနာရီပွဲရုပ်ရှင်ပြီးချိန်ဆိုတော့ ညသန်းခေါင်ကျော်ကျော်လောက်ပေါ့။ ဒီအာဠဝီတံတားနားရောက်တော့ မိန်းကလေးတစ်ယောက်က လက်ပြပြီးတားပါသတဲ့။ သူမြင်းလှည်းပေါ်တက်လာတော့ အရမ်းကိုမွှေးကြိုင်သွားပါသတဲ့။ ဘယ်ထိလိုက်မှာလဲလို့ မေးတော့ မဖြေပါဘူးတဲ့။ လမ်း20ကျော်လာတော့ မြင်းလှည်းသမားကိုလက်တို့ပြီး လက်ထဲကို ပိုက်ဆံထည့်ပေးပြီး နောက်လှည့်မကြည့်နဲ့လို့ ပြောပါသတဲ့။ 19လမ်းက စက်ရှင်တံတားနားလဲရောက်ရော မြင်းက တစ်ချက် ဟီပါသတဲ့။ 19လမ်းအလွန်မှာ မြင်းလှည်းက ငြိမ့်ကနဲတစ်ချက်ဖြစ်သွားသလိုခံစားရပြီး အမွှေးရနံ့တွေလဲပျောက်သွားလို့ နောက်ကြည့်လိုက်တော့ စောစောကလိုက်လာတဲ့မိန်းကလေး မရှိတော့ပါဘူးတဲ့။ဖြစ်ချင်တော့နောက်လှည့်လဲကြည့်လိုက်ရော လမ်းပေါ်မှာ အလွန်ကိုရှည်လျားတဲ့အရပ်အမောင်းနဲ့မိန်းမတစ်ယောက်ကိုမြင်လဲမြင်ရော မြင်းလှည်းကို ဒုန်းစိုင်းလို့မောင်းပြေးခဲ့ရပါသတဲ့။ အဲဒီမြင်းလှည်းဆရာလည်းတစ်ပါတ်လောက်ဖျားယူပါသတဲ့။ သူ့လက်ထဲမှာပါလာကတော့ ရွှေဒင်္ဂါးပြားလေးတွေပါတဲ့။ […]


” မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးက မန်းလေး အပိုင်း13)” ကြောက်စရာရုပ်ရှင်အကြောင်းပြောလို့ ငယ်ငယ်က ရုပ်ရှင်ကြည့်ခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။ ပြောရမယ်ဆိုရင် ကျနော်ရဲ့အဖေ့ဘက် က တစ်မျိုးလုံးရုပ်ရှင်ကြိုက်ပါတယ်။ အခုတော့ရုပ်ရှင် ရှေးရှေးက အဖွားတို့ကတော့ ဘိုင်စကုပ်လို့ခေါ်တတ်ပြီး ဓါတ်ရှင်လို့လဲခေါ်ပါတယ်။ မြင်ကွင်းကျယ်ဆိုရင်တော့ စီနီမာစကုပ်လို့ခေါ်ပါတယ်။ ် အဖွားနဲ့ အဒေါ်တွေက မြန်မာကား ကုလားကားကြိုက်တယ် အဖေတို့ ဦးလေးတို့က အင်္ဂလိပ်ကားကြိုက်တယ်။ ကျနော်ကတော့ ရုပ်ရှင်သာကြည့်ရမယ်ဆိုရင် ဘယ်သူခေါ်ခေါ်ဘာကားဖြစ်ဖြစ်အကုန်လိုက်လို့ကြည့်ပါတယ်။ မခေါ်ရင်လဲဇွတ်လိုက်ပါတယ် မလိုက်ရရင်ငိုပါတယ်။နားပူမခံနိုင်တော့ခေါ်ကြပါတယ်။ ဦးလေးတို့အဖေတို့က နေ့ပွဲကြည့်တတ်ပြီး အဖွားတို့အဒေါ်တို့ကတော့လူရှင်းတဲ့ညပွဲကိုကြည့်တာများပါတယ်။ အရင်တုံးက ရုပ်ရှင်တွေကတစ်နေ့ကိုလေးပွဲပြပါတယ်။ ပထမဆုံးပွဲက နေ့လည်(12)နာရီ၊ဒုတိယပွဲကညနေ(3)နာရီ၊ညနေပွဲက ညနေ(6)နာရီနဲ့နောက်ဆုံးပွဲလို့ခေါ်တဲ့ညပွဲကည(9)နာရီမှာပြပါတယ်။ တစ်ခါတစ်ရံလူကြိုက်များတဲ့ကားတို့ ထူးထူးခြားခြားကားတို့ ဆိုရင်တော့ တနင်္ဂနွေနေ့မှာမနက်( 9)နာရီမှာအထူးပွဲဆိုပြီးပြလေ့ရှိပါတယ်။ အဲဒီနေ့မျုးိဆိုရင်တော့ တစ်ရက်ထဲငါးပွဲပေ့ါဗျာ။ ဟိုအရင်တုံးက ရုပ်ရှင်ပြလို့ဇာတ်ကားတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ “အင်တာဗယ်”လို့ခေါ်တဲ့ ခဏနားချိန်ပေးလို့ ရုပ်ရှင်ပြတာကိုခဏနားပါတယ်။ ဘာလို့လဲဆိုတော့ […]


ကျနော့်ရဲ့ လက်ဆောင်ရထားတဲ့ ဒိုမိန်းအသစ်လေး မြန်မာသူငယ်ချင်းများနေ့ အဖွဲ့(MYANMARFRIENDS DAY)အဖွဲ့ကနေ ကျနော်ကို ဒိုမိ်န်းလေးတစ်ခုလက်ဆောင်ပေးထားပါတယ်။ လောလောဆယ် အဲဒီအထဲမှာ ကျနော်ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓါတ်ပုံလေးတွေကို တင်ပေးထားပါတယ်။ နောင်ကြရင် ကျနော်ရေးပြီးသမျှတွေကို သတ်ပုံမှန်အောင် စစ်ပြီးရင် ပြန်တင်မှာဖြစ်ပါတယ်။ လက်ဆောင်ပေးတဲ့ မိ်တ်ဆွေ (ဂျေဂျုဝိုင်)ကို အထူးကျေးဇူူးပါ။ ကျနော်က ကိုယ်ပိုင်ဝက်ဆိုက် မလုပ်တတ်တော့အရမ်းကို အဆင်ပြေသွားပါတယ်။ ဝင်ရောက် ဖတ်ရူ့ဘို့ ဖိတ်ခေါ်ပါတယ်။ ဒီနေရာကိုကလစ်ထောက်လိုက်ရင်ရပါပြီ။ http://kopaout.myanmarfriendsday.net/ ကလစ်ခေါက်လို့ ပွင့်လာရင် ကိုပေါက်(မန္တလေး)ရဲ့လက်ဆောင် အတွေးပါးပါးလေးကို ဆက်ကလစ်ခေါက်လိုက်ပါ ပိုစ်တွေ တွေ့မှာပါခင်ဗျာ။ ကိုပေါက် (မန္တလေး)


သေခြင်းတရားဆိုတာကတော့ လူတိုင်းတကယ်ကို မလွန်ဆန်နိုင်တဲ့ တရားဖြစ်ပါတယ်။ လောကကြီးကို ကျောခိုင်းသွားကြသူတွေကို ဘယ်လိုလူမျိုးကိုမဆို အတန်းအစားမခွဲဘဲလက်ခံတဲ့နေရာကတော့ “သုသာန်၊ သင်္ချိုင်းမြေလုတ်တိုင်း”ပါဘဲ။ တစ်ခါက ညဆယ်နာရီလောက်မှာ ကျနော်တို့သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ကပြန်လာကြတဲ့လမ်းမှာ ငိုနေတဲ့ကလေးတစ်ယောက်ကိုတွေ့ပါတယ်။ ဝိုင်းမေးကြည့်တော့ လူကြီးတွေနဲ့ကွဲသွားတော့ အိမ်အပြန်လမ်းပျောက်သွားလို့ပါတဲ့။ထမင်းကျန်ဟင်းကျန်လေးတွေကိုလိုက်တောင်းစားတဲ့ကလေးလေးပါ။ ဘာလို့ငိုလဲလို့မေးကြည့်တော့ သူရဲကြောက်လို့ပါတဲ့ သူအခုရပ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်ကကားတိုက်လို့ လူတစ်ယောက်သေသွားပါသတဲ့။ အဲဒါနဲ့ ပြန်ပို့ပေးဘို့ သူနေတဲ့နေရာမေးကြည့်တော့ မန်းလေးမြို့တောင်ဘက်အထွက်စစ်ကိုင်းမန်းလေးလမ်းမပေါ်က တရုပ်သချိင်းနေရာမှာဖြစ်နေပါတယ်။ ဒါနဲ့တစ်ယောက် က “သင်္ချိုင်းထဲနေတဲ့ကောင်က သူရဲကြောက်ရတယ်လို့ကွာ”လို့ပြောတဲ့အခါ အဲဒီကလေးက ပြန်ပြောလိုက်တော့ ကျနော်တို့တောင်ဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားပါတယ်။ “သချိုင်းကသေပြီးသားလူတွေဘဲရှိတာဗျဘာမှကြောက်စရာမရှိဘူး သေတဲ့လူက သူသေတဲ့နေရာမှာဘဲစိတ်စွဲပြီး သူရဲဖြစ်နေမှာ သချိုင်းကိုသူကလာမနေဘူး”ပါတဲ့။ ဒါကတော့ ကလေးလေးရဲ့အတွေးပါဗျာ။ သချိုင်းတွေကို ကျနော်မြင်ရသလောက် ကျနော်တို့ မြန်မာသချိိုင်းတွေက အများအားဖြင့် သစ်ပင်ကြီးတွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ကြောက်စရာလိုလို တရားသံဝေဂရစရာလိုလိုနဲ့ စိတ်ကို ချောက်ခြားစေပါတယ်။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သချိုင်းဆိုတာကို ကျနော်တို့အနေနဲ့ ကြောက်လန့်စရာ နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ […]


မြန်မာနောက်ဆုံးဘုရင်သီပေါမင်းနဲ့စုဖယားလတ်တို့အပါအဝင် မြန်မာနန်းတွင်းသူနန်းတွင်းသားတွေကို အင်္ဂလိပ်အစိုးရကနေ ဖမ်းဆီးသွားတယ်ဘဲပြောပြော လှည့်စားလို့ခေါ်သွားတယ်ဘဲပြောပြော ပါတော်မူသွားတယ်ဘဲပြောပြော အဲဒီအချိန်တုံးက သူတို့တစ်တွေကို မြစ်ဆိပ်ကိုသွားကြတဲ့အချိန်မှာအရှင်နှစ်ပါးရဲ့ဆန္ဒအရ အခု35အေလမ်း (85-86)လမ်းကြားလမ်းတောင်ဘက်မှာရှိတဲ့မြတောင်ကျောင်းတိုက်ရှေ့ကနေ ဖြတ်သွားပါသတဲ့။နောင်တစ်ချိန် မြန်မာ့ နို်င်ငံရေးသမိုင်းမှာ စာပေသမိုင်းမှာ ငြိမ်းချမ်းရေးဆရာကြီးလေးချုးိဆရာကြီးသခင်ကိုယ်တော်မိူင်းဆိုပြီးဖြစ်လာမယ့် ဆယ်နှစ်သားအရွယ်မောင်လွန်းကအဲဒီကျောင်းတိုက် ပေါ်ကနေပြီး ပါတော်မူပုံကိုငေးကြည့်ရင်းဝမ်းနည်းခဲ့ရဘူးပါသတဲ့။ အခုတော့မြတောင်ကျောင်းတိုက်က ခန့်ခန့်ငြားငြား နဲ့ သံဃာတော်ပေါင်းများစွာသီတင်းသုံးနေတဲ့ကျောင်းတိုက်ကြီးဖြစ်ပါတယ်။ 35လမ်းကနေမြောက်ဘက်ကို 84လမ်းမကြီးအတိုင်းပြန်သွားမယ်ဆိုရင် လမ်း30ကိုရောက်တာနဲ့အရှေ့ဘက်ကိုပြန်တက်လိုက်မယ်ဆိုရင် လမ်းအလယ်ခေါင်မှာရှိနေလို့ အလွယ်တကူဘဲ ခေါ်လိုက်တဲ့လမ်းလယ်ဘုရားရှိပါမယ်။ အဲဒီကနေဆက်သွားလို့ 82လမ်းပေါ်ကိုရောက်မယ်ဆိုရင် မန်းလေးမြို့ဘုရားပွဲများမှာ ပထမဦးဆုံးကျင်းပတဲ့ “ဘုရားသုံးဆူဘုရား”ဖူးတွေ့ရမှာဖြစ်ပါတယ်။ 26ဘီလမ်းကျုံးဘေးအတိုင်းဆက်လျှောက်သွားမယ်ဆိုရင် (76)လမ်းရောက်တဲ့အခါမှာ ” ဆုတောင်းပြည့်ဘုရား”ကိုဝင်ဖူးနိုင်သလိုတောင်ဘက်ကိုဆက်သွားပြီး 27လမ်းရောက်လို့အရှေ့ဘက်ကိုတက်မယ် ဆိုရင် ” ဆုတောင်းရဘုရား “ကိုရောက်မှာဖြစ်ပါတယ်။ မန်းလေးမြို့မှာရှေးကထက်ပိုပိုပြီးနာမယ်ကြီးလာတဲ့ဘုရားကတော့ 63လမ်းပေါ်မှာတည်ရှိတဲ့ “အောင်တော်မူဘုရား”ဖြစ်ပါတယ်။ ဒီဘုရားကလဲ ကိုယ်တိုင်ကိုယ်ကျ ရွှေသင်္ကန်းကပ်လှူနိုင်တဲ့ဘုရားတစ်ဆူဖြစ်ပါတယ်။ အောင်တော်မူရပ်ကွက်မှာရှိတဲ့အပြင် အောင်နိမိတ်ကောင်းတဲ့အတွက် ယတြာချေလိုသူတွေ အဓိဌာန်လိုသူတွေအတွက် အလွန်နှစ်သက်တဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။ ဟိုအရင်ကထက်စာရင် […]


မန်းလေးမြို့တွင်းမှာတော့ အရှေ့ပြင် အနောက်ပြင် တောင်ပြင်မြောက်ပြင် လေးပြင်လေးရပ်စလုံးမှာ ရှိတဲ့ ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာနာမယ်ကြီး တန်ခိုးကြီးဘုရားတွေ ရှိပါတယ်။ ဟိုးမြောက်ဘက်အစွန်ဆုံး ကစပြောရင် ” အရိပ်မထွက်ဘုရား”ကနေစပြောရမယ်ထင်ပါတယ်။ သူကတော့ လမ်း80နဲ့တည့်တည့်မြောက်ပြင် (5)လမ်းလောက်မှာရှိပါတယ်။ ငယ်ငယ်ကတော့ အရိပ်မထွက်ဆိုတာကို စေတီတော်က အရိပ်မထွက်ဘူးလို့ထင်မှတ်မှားမိခဲ့ပါတယ်။ အမှန်တကယ်ဆိုလိုရင်းကတော့ ဘယ်အချိန် ဘယ်ကာလ ဘယ်ရာသီမှာမဆို စေတီတော်ရဲ့အရိပ်က ဘုရားတံတိုင်းရဲ့အပြင်ဘက်ကိုမကျရောက်ဘူးလို့ဆိုလိုတာပါ။ တနည်းအားဖြင့်ပြောရရင် ရှေးမြန်မာတွေ ခေတ်သစ်ဂဏန်းသချင်္ာဖြစ်တဲ့ တြီဂိုနိုမေထရီ အတတ်ပညာကိုကျွမ်းကျင်တယ်ဆိုတာပြလိုက်တာပါဘဲ။ နောက်ဘုရားနှစ်ဆူကတော့ ပုလဲငွေရောင်ရပ်ကွက် 81လမ်း (22စီလမ်းနဲ့ 20လမ်းကြား)မှာရှိတဲ့ “ဘုရားနီဘုရား”နဲ့ “ဗောင်းတော်ကျဘုရား” ဖြစ်ပါတယ်။ ရှေးစကားအကြားကိုပြန်လည်ဖောက်သည်ချရရင်ဖြင့် ဘုရားနီဘုရားကိုမော့ဖူးလိုက်တဲ့ဘုရင်ရဲ့ ခေါင်းပေါင်းတော် ပြုတ်ကျသွားတဲ့နေရာမှာ “ဗောင်းတော်ကျဘုရား”ကိုတည်ထားခဲ့ပါသတဲ့။ဒါကြောင့်လဲဗေဒင်ဆရာများက ယတြာချေခိုင်းရင် ဒီဘုရားမှာ ယတြာမချေဘို့မှာတတ်ပါတယ်။ ယကြတာမအောင်မှာစိုးလို့ပါတဲ့။ ဒီဘုရားနှစ်ဆူကနေတောင်ဘက် ဆက်သွားမယ်ဆိုရင် 24လမ်းနဲ့23လမ်းကြား 82လမ်းမှာရှိတဲ့ အရပ်အခေါ်”ရွှေကျီးမြင့်” တကယ်ဘွဲ့တော်က “ရွှေကျီးမြင်” […]