ခင္ခJune 29, 20121min019
မြို့ကြီး(၂)မြို့ဖြစ်တဲ့  ရန်ကုန်မြို့နဲ့မန္တလေးမြို့ရဲ့ ဘတ်စ်ကားလိုင်းတွေရဲ့ ယာဉ်နောက်လိုက်လို့ ခေါ်တဲ့ စပယ်ယာများ လုပ်ဆောင်ပုံ ဓလေ့စရိုက်များ ကွာခြားပုံလေးကို ရေးမလို့ပါ။ ကျွန်တော်ရန်ကုန်မှာနေခဲ့စဉ် တလျှောက်လုံး လိုချင်တဲ့နေရာကိုရောက်ဖို့ ဘတ်စ်ကား(လိုင်းကား)ကိုဘဲ အားထားသွားလာခဲ့တဲ့ထဲက မြင်ကွင်းတစ်ခုလောက်ကိုဘဲ နမူနာပြောပါရစေ။ တစ်နေ့အလုပ်ကိစ္စရှိလို့ ရန်ကုန်မြို့ထဲ ဆူးလေးဘက်သွားမလို့ အင်းစိန်-ဆူးလေပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီး မှတ်တိုင်ကိုရောက်လာလို့ တိုးဝှေ့တက်ကြရင်း ဘတ်စ်ကားပေါ်ကျွန်တော်ရောက်သွားပြီး ထိုင်စရာနေရာလွတ်မရှိလို့ အဆင်ပြေရာမှာ မတ်တပ်ရပ်လိုက်တာပေါ့။ အဲဒီမှာ စပယ်ယာ အသံကြားရပါပြီ ဇာတ်ကလို့ ရအောင်ရပ်မထားနဲ့ ချောင်ချောင်ချိချိစီးချင်ရင် Taxi ဌားစီးသွား–တဲ့။ အဲဒီအချိန်မှာဘဲ ကားကထွက်ဖို့အရှိန်ယူနေတုံး ကလေးမလေး တစ်ယောက်နဲ့ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက် ကားရှေ့မျက်နှာမူက ပြေးလာတာတွေ့လို့ ကားကဘရိတ်မှေးပြီးရပ်စောင့်နေလိုက်တယ်။ ကလေးမလေးက ငယ်ရွယ်သူမို့ ဘတ်စ်ကားစီအရင်ရောက်တော့ စပယ်ယာက တက်တက်ကလေးဆိုပြီး လက်မောင်းလေးဆွဲပြီးတင်လို့ ကလေးမလေးကားပေါ်ရောက်တုံး ခုနက အသက်ကြီးကြီးအမျိုးသမီးက တံခါးဝအရောက် တက်မယ်ဟန်ပြင်တော့ […]


ခင္ခJune 27, 20121min0
လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁ရ ရက်မှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ ရက် နံနက်ပိုင်းအ ထိ အန်ထွက်ရာနှင့် မစင်စွန့်ရာမှ သံချောင်း ၁၂ဝ ချောင်းခန့် ထွက်လာကြောင်း သိရသည်။ “စပြီးသတိထားမိ တုန်းက ဇွန်လ ၁၆ ရက်လောက်ကပါ။ စပြီးအန်တာတော့ ၁ရ ရက်ကစပြီး အန်တာ ဆေးခန်းမှာသွားပြတော့ Ultrasond ရိုက်တာ အထဲမှာဘာမှမတွေ့ရဘဲနဲ့ ကျွန်တော်က အောင့်တာမခံနိုင်အောင်ဖြစ်နေပြီ” ဟု အသက် ၂၅ နှစ်အရွယ် ယင်းဖြစ်စဉ်ကို ခံစားနေရသူ ကိုအောင်ချိုချိုကပြောကြားသည်။ “ရပ်ကွက်ထဲမှာတော့ ဒီကိစ္စကို တော်တော်ပြောကြပါတယ်။ […]


ခင္ခJune 25, 20121min025
ဟိုနေ့ကဘဲ ရွာသား Kalink ရဲ့ တန်ဖိုးနည်းဖုန်းတွေကို မြန်မာ့ဆက်သွယ်ရေးက အရစ်ကျနဲ့ ရောင်းမှာမို့ ဟန်ကျတာဘဲ ၅ရစ်ဆိုတော့ ဘယ်လိုငွေသွင်းရမလဲ စိတ်ကူးနေရင်း ဒီနေ့သတင်းတစ်ခု ထပ်ဖတ်လိုက်တော့ ဘယ်လိုလုပ်မှန်းကို မသိတော့ဘူး၊ အရစ်ကျနဲ့ဘဲ ဝယ်လိုက်ရမလား၊ မဝယ်သေးဘဲစောင့်နေရမလား လုပ်ကြပါအုံး အကြံလေးဘာလေး၊ ခေတ်လူငယ်သတင်းကိုသိရှိအောင်ဖော်ပြပေးလိုက်ပါတယ်။ အခုကြားရတဲ့သတင်း ၂၀၁၂ ခုနှစ်မကုန်မီ ကျပ် (၂) သိန်းထက် တန်ဖိုးနည်းသည့်ဖုန်းများ ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတာဝန်ရှိသူမှ ‘တန်ဖိုးဘယ်လောက်နည်းမယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ ကိုးလပိုင်းလောက်မှာ ပေါ်နိုင်အောင်တော့ ကြိုးစားနေတယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ၉ လပိုင်းတွင် စချထားပေးနိုင်ရန် စီစဉ်နေသည့် တန်ဖိုးနည်းဖုန်း […]


ခင္ခJune 23, 20121min015
ဒီနေ့မနက် အလုပ်လာရင်း အချိန်စောနေတာနဲ့ လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်နဲ့မုန့်မှာစားနေတုံး  လူလတ်ပိုင်းအမျိုးသားနှစ်ဦး ဆိုင်ထဲဝင်လာပြီး စားပွဲခုံအလွတ်မရှိသေးတာနဲ့ ကျွန်တော်ထိုင်နေ တဲ့စားပွဲမှာ ထိုင်တဲ့လူရှိလား ကျွန်တော့ကိုမေးပြီး ကျွန်တော်ကမရှိပါဘူးမို့ ဝင်ထိုင်မုန့်စားရင်း စကားပြောတာကို ကြားမိလိုက်တာလေးကို ပြန်ရေးပြမယ်နော်။ တီရှပ်ဝတ်ထားတဲ့သူက – မန္တလေးက နောက်လဆန်းလောက်ဆို မိုးမှန်တော့မှာ၊ နယ်ကပစ္စည်း အမှာတွေပို့ရမှာကအများကြီးကွာ လကုန်ဖို့ကလည်း တပတ်ဘဲကျန်တော့တာ အချိန်ကလည်း ကုန်လွယ်လိုက်တာ။ ဝန်ထမ်းယူနီဖောင်းဝတ်ထားသူ- မင်းတို့ကုန်သည်တွေဘဲငြီးနေ ငါတို့ဝန်ထမ်းတွေဘက် လည်းအားနာအုံး၊ခုမှ ၂၃ ရက်ဘဲရှိသေးတော့ လကုန်ဖို့တပတ်ကြီးများတောင် လိုသေးတာပေါ့ အချိန်ကလည်းကုန်ခဲလိုက်တာကွာ—တဲ့။ ကျွန်တော်လည်း အလုပ်သွားရမှာမို့ ကျသင့်ငွေရှင်းပြီး ဆိုင်ကယ်လေးမောင်းထွက်လာရင်း အတွေးလေးတွေ တွေးမိပါတယ်။မိမိလုပ်ဆောင်ကျင်လည်နေရတဲ့ အသက်မွေးမှု့၊ ရှာဖွေမှု့ အခြေအနေပေါ်မူတည်ပြီး ပြောဆိုငြီးတွားမှု့တွေဖြစ်ကြတာဖြစ်ပေမယ့် အဲဒီ၂ယောက်လုံးရဲ့ ဦးတည်မှု့ကတော့တူညီပါတယ်။ အဲဒါဘာလဲဆိုတော့ ငွေကိုဘယ်လိုရမလဲ၊ဘယ်တော့ရမလဲ ဆိုတာပါဘဲ။    


ခင္ခJune 21, 20121min08
မန္တလေးမှာဒီမနက်စောစော အိမ်ရှေ့ထွက်ထိုင်စဉ် မိုးလေးအုံမှိုင်းနေလို့ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကျော်လောက်တုံးက မှော်ဘီ၊မြောင်းတကာမှ ၅မိုင်လောက်သွားရတဲ့ ရွာလေးတစ်ခုက မူလတန်းအဆင့်စာသင်ကျောင်းလေးမှာ လုပ်အားပေး စေတနာဝန်ထမ်း  ကျောင်းဆရာအလုပ် လုပ်ခဲ့စဉ်က တွေ့ကြုံခဲ့ရတာလေးကို  သတိရရင်း၊တွေးနေမိတာလေးကို ရေးချင်စိတ်ပေါက်တာနဲ့ရေးဖြစ်တာပါ။ အဲဒီအချိန်တုံး ကျွန်တော်လုပ်အားပေးသွားလုပ်တဲ့ မူလတန်းကျောင်းရဲ့ မလှမ်းမကန်းမှာ အဖိုးနဲ့အဖွား နှစ်ယောက်တည်းနေတဲ့ အိမ်ခြံဝင်းလေးရှိတယ်။ အဲဒီတုံးက အဖိုးရဲ့အသက်က ၇ဝနှစ်၊ အဖွားရဲ့အသက်က ၆၈ နှစ်စီလောက်ရှိတယ်။အဖွားက အိမ်ရှေ့ခြံထောင့်မှာ အရပ်ထဲက လိုတာလေးဝယ်ရရုံ ကုန်စုံအိမ်ဆိုင်လေးဖွင့်ထားတယ်။ ငရုပ်သီး၊ကြက်သွန်၊ အာလူး စတဲ့မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ မုန့်ထုပ်လေးတွေ၊ဆေးပေါ့လိပ်တွေ စသည်ဖြင့်ပေါ့။ အဖိုးကတော့ မှော်ဘီ၊မြောင်းတကာက ဆန်ဂိုဒေါင်မှာ တာလီစာရေးလုပ်တယ်၊တာလီစာရေး ဆိုတာ ဂိုဒေါင်ကဆန်အိတ်ကို ကားပေါ်တင်တဲ့အခါ ဆန်အိတ်ထမ်းတဲ့သူက လက်ထဲမှာ တုတ်ချောင်းလေးကိုင်ပြီး ထမ်းသွားရင်း ကားပေါ်တင်ခါနီးမှာ အဲဒီတုတ်ချောင်းကို သတ်မှတ်ထားတဲ့တုတ်ချောင်းပုံထဲပစ်ထဲ့သွားတယ်။ အဲဒီတုတ်ချောင်းတွေကို ရေတွက်လိုက်ရင် […]


ခင္ခJune 20, 20121min06
ရှေးပုဂံခေတ်ကထဲက စတင်ခဲ့တဲ့ ဝတ်ဆင်ရန် ပုဆိုး၊ဘောင်းဘီ၊ထဘီ စသော အဝတ်အစားများ ဝယ်ခြင်းကို မြန်မာလဆန်း၊လဆုတ် ဘယ်နေ့တွေမှာဝယ်ရင် ကောင်းကျိုးဖြစ်မယ်၊ ဘယ်နေ့တွေ မှာဝယ်ရင် ကောင်ကျိုးမရနိုင်ဘူး စတဲ့အကျိုးအပြစ်တွေကြည့်ပြီး အဝတ်အစားဝယ်လေ့ရှိတယ်လို့ သိရပါတယ်။အဲဒီတော့ ဘယ်နေ့တွေမှာအဝတ်ဝယ်ခြင်းဖြင့် ကောင်းကျိုးဘယ်လိုရမလဲဆိုတာ သိရအောင် မြန်မာလဆန်း၊လဆုတ်ရက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ မြန်မာလဆန်းရက်များ ၁ရက် – အထူးကောင်းကျိုးပေးသည်။ကောင်းခြင်းလာဘ်နှင့်ပြည့်စုံသည်။ ၂ရက် – ပီယကောင်းခြင်း၊မျက်နှာပွင့်ခြင်းဖြစ်စေသည်။ ၃ရက် – အလိုပြည့်သောဓာတ်ခိုအောင်းအံ့။ ၄ရက် – ဘေးဥပါဒ် အန္တရယ်ကြီးစွာတွေ့စေ၏ ၅ရက် – စုတ်၊လာဘ်နှစ်ပါးကောင်းသောဓာတ်ဝင်၏ ၆ရက် – နာဖျားသောဓာတ် ခိုအောင်းနေ၏ ရရက် – စိတ်သောကရောက်စေ၏ ၈ရက် – ဘေးဒုက္ခရောက်စေ၏ ၉ရက် – ရန်ဖြစ်သည့်ဓာတ်ဝင်အံ့။ ၁ဝရက် – စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းဆိုးကြားအံ့။ […]


ခင္ခJune 19, 20121min04
လက်ဖက်ရည်ကြမ်း(အစိမ်း)ကို လူအတော်များများ သောက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်းရင်း ရေနွေးကြမ်းခေါ်တဲ့ လက်ဖက်ရည်ကြမ်းကို စကားပြောရင်းသောက်ကြသလို၊ အိမ်တွေမှာလည်း သောက်ကြပါတယ်၊ ကျွန်တော်တို့အညာဖက်မှာတော့ အိမ်ရှေ့ခြံဝင်းထိုင်ရင်း စကားပြောရင်းသောက်ကြတာပေါ့။ လက်ဖက်ရည်ကြမ်းက ဘာတွေအကျိုးပြုလဲ လေ့လာကြည့်တော့ လက်ဖက်ရည်ကြမ်းထဲမှာ တန်နင်း(Tannin)ဆိုတဲ့ ဓာတ်ပါပြီးတော့ ဒီဓာတ်က ကင်ဆာရောဂါကိုကာကွယ်ပေးတယ်တဲ့။ တစ်ရက်ကို လက်ဖက်ရေကြမ်း(၄)ခွက် သောက်ပေးရင် ဒီကင်ဆာဆဲလ်တွေ ဆပွားမှု့မရှိနိုင် တော့ဘူးတဲ့။ ပြီးတော့ လက်ဖက်ရည်ကြမ်းမှာ ဖလိုရင်းပါပါတယ်။ဒီဖလိုရင်းက သွားတွေကို ကြံ့ခိုင်စေပြီး သွားပိုးတွေကိုနှိမ်နင်းနိုင်ပါတယ်။ဒါကြောင့် သွားဆေးခန်းတွေက လက်ဖက်ရည်ကြမ်းနဲ့ ပလုပ်ကျင်းဖို့တိုက်တွန်းကြပါတယ်။ ပြီးတော့ လက်ဖက်ရည်ကြမ်းမှာ ပိုလီဖိနှော(Polyhenol) ပါ ပါတယ်။ဒီဓာတ်က သွေးကြောတွေရဲ့ ကြံ့ခိုင်မှု့အားကို တိုးပွားစေလို့ သွေးကြောမပေါက်ကွဲလွယ်ဘူးပေါ့။ဒါကြောင်မို့ ဦးနှောက်သွေးကြောပေါက်တဲ့ ရောဂါကကင်းဝေးနိုင်ပါတယ်။တစ်ချို့က လက်ဖက်ရည်ကြမ်းသောက်လို့ အိပ်မပျော်တာ ရှိရင်တော့ အိပ်ခါနီးရှောင်သောက်ပါ။ ဒါကြောင့်လက်ဖက်ရည်ကြမ်းသောက်ရင်(၁)ကင်ဆာရောဂါကာကွယ်နိုင်တယ်၊ (၂)သွားတွေကြံ့ခိုင်နိုင်တယ်၊ (၃)ဦးနှေင့်သွေးကြောမပေါက်လွယ်ဘူး လို့တွေ့ရပါတယ်။ ကျွန်တော် […]


ခင္ခJune 18, 20121min031
ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာစုထဲက စံ-ဇာဏီဘိုရဲ့ ငွေစုမိပြီး၊လာဘ်ပွင့်စေဖို့ လုပ်ဆောင်ရတာလေးကို ပြန်ရေးပြပေးလိုက်ပါတယ်။ ငွေကြေးအဆင်မပြေသူတွေ ပြေလည်ဖို့နဲ့ ငွေကြေးအဆင်ပြေသူတွေလည်း လိုသလောက်ထက် ပိုမောက်စွာရစေလိုတဲ့ ဆန္ဒလေးနဲ့ပါ။ ဘာသာမရွေး၊ လူမျိုးမရွေး၊မည့်သည့်နေ့ သားသမီးမဆို အလွယ်တကူလုပ်လို့ရတဲ့နည်းလေးပါ။ လုပ်ရမည့်နည်းက– စာရွက်အဖြူတစ်ခုပေါ်မှာ အောက်ပါသက်ဆိုင်တဲ့ အက္ခရာတစ်ခုကို မင်အနက်ရောက်ဖြင့် ရေးပြီးပိုက်ဆံအိတ်ထဲထည့်ဆောင် ထားလိုက်ရုံပါ။ စာရွက်က မိမိပိုက်ဆံအိတ်ထဲ ထဲ့လို့ရတဲ့ အရွယ်လောက်ဆိုရပါပြီ။ တနင်္ဂနွေနေ့မွေးသူများ – တနင်္ဂနွေနေ့နံနက် ၈း၁၅ နာရီတိတိမှာ ဩ အက္ခရာကိုရေးပြီးဆောင်ပါ။ တနင်းလာနေ့မွေးသူများ – တနင်းလာနေ့ မွန်းလွဲ ၃း၄၅ နာရီတိတိ ဂ အက္ခရာကိုရေးပြီးဆောင်ပါ။ အင်္ဂါနေ့မွေးသူများ – အင်္ဂါနေ့ မွန်းလွဲ ၃း၄၅ နာရီတိတိ ဇ အက္ခရာကိုရေးပြီးဆောင်ပါ။ ဗုဒ္ဓဟူးနေ့မွေးသူများ – ဗုဒ္ဓဟူးနေ့ နံနက် ၉း၄၅ […]


ခင္ခMay 31, 20121min015
ဆေးသောက်ဆေးစား မမှားရအောင် အခုခေတ်ရောဂါတွေလည်း များလာသလို ဆေးတွေလည်း စုံနေတယ်။ ငယ်ငယ်တုံးကဆေးသောက်ခါနီးဆို အစာစားပြီးမှသောက် အစာစားပြီးပြီလား လို့လူကြီးတွေသတိပေးခဲ့ ကြတယ်။အခုကြီးလာလို့ စာတွေဖတ်တော့မှသိလာရပြီး အစာစားပြီးသောက်ရတဲ့ဆေး အစာမစားမီ သောက်ရတဲ့ဆေးနဲ့ ဆေးသောက်ပုံတွေကို ဗဟုသုတသိအောင် ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာစုထဲက ပြန်ရေးပြပါရစေ။ တချို့ဆေးတွေက အစာမစားမီ သောက်ရပါတယ်။ အစာမစားမှီ သောက်ရတဲ့ဆေးဆိုရင် အစာတစ်ခုခု မစားမီ နာရီဝက်အလိုဆိုတာ သိထားရပါ့မယ်။ အစာမစားမီ အနေအထားမှာ အစာအိမ်ဟောင်းလောင်း အနေအထားမို့ဆေးဟာအစာအိမ်ထဲရောက်တဲ့အခါ အားပျော့စရာ အကြောင်းမရှိလို့ ပိုထိရောက်ပါတယ်၊ ဥပမာ- အူလမ်းကြောင်းကူးဆက်ရောဂါကုသဆေး၊ဝမ်းပိတ်ဆေး၊သည်းခြေဆေး၊ကျောက်ပျော်ဆေး၊ အစာအိမ်အနာအတွက် အချဉ်ဓာတ်ထိန်းဆေး စသည့်ဆေးများဖြစ်ပါတယ်။ တချို့ဆေးတွေက အစာစားပြီးသောက်ရပါတယ်၊ အစာစားပြီးသောက်ရတဲ့ဆေးတွေကို အစာစားပြီး ၁၅-၃ဝ မိနစ် အတွင်းသောက်သင့်ပါတယ်။ အစာစားပြီးတာနဲ့ တပြိုင်နက်မသောက်သင့်သလို၊ ဆေးသောက်ဖို့သတိရတဲ့ အစာစားပြီး ၁ နာရီ ၂ […]


ခင္ခMay 30, 20121min06
ကျွန်တော်တို့ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ လမ်းမှာထိုးရပ်သွားပြီး၊ စက်ပြန်နိုးမရရင် ဆီပျောက်တာလား၊ မီးပျောက်တာလား စစ်ကြည့်ကြပြီး  ဆီပျောက်တာဆိုရင် နီးရာဆီဆိုင်မေးလို့ ဆီဝယ်နိုင်အောင်ကြိုးစားပြီး ဆီထဲ့ဆက်မောင်းလို့ရတယ်၊ မီးပျောက်တာဆိုရင်တော့ နောက်ကားတစ်စီးနဲ့ ဆွဲပြီးဝပ်ရှော့ပို့ပြင်ပေတော့။ အခုကျွန်တော်တို့တိုင်းပြည်ကြီး ဆီဆိုင်တွေပေါလို့ ဆီမပျောက်ပေမဲ့၊ မီးပျောက်တာကျတော့ ဝပ်ရှော့ပို့ရတော့မှာလား၊ ပို့ရမယ့်ဝပ်ရှော့သိရင် ညွှန်ပေးလိုက်ပါအုံး၊ တိုင်းပြည်မှာလည်း မီးပျောက်နေလို့။


ခင္ခMay 25, 20121min014
လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က အဖြစ်အပျက်ကလေးတစ်ခုကို သတိရမိလို့ပါ။ အဲဒီအချိန်တုံးက တက္ကသိုလ်မှာကျောင်းပြီးလို့ အလုပ်တစ်ခုလုပ်ရအောင် နေ့တိုင်းနီးပါး ရန်ကုန်မြို့ ကမ်းနားလမ်းက ခြောက်ထပ်ရုံးကိုရောက်ခဲ့ပြီး အလုပ်ခေါ်တဲ့ ကြော်ငြာကိုလာဖတ်လိုက်၊ သူငယ်ချင်းတွေနဲ့ အဲဒီခြောက်ထပ်ရုံးနားက လ္ဘက်ရည်ဆိုင်ထိုင် လေပစ်လိုက်နဲ့ ပေါ့။ တစ်နေ့သူငယ်ချင်းက ဘယ်ကဘယ်လိုသိလာသလဲတော့မသိဘူး မြို့ထဲ လမ်းတစ်ခု (လမ်းနံပါတ်မမှတ်မိတော့လို့)မှာ အလုပ်ကိစ္စလေးအဆင်ပြေအောင် ဗေဒင်မေးရအောင်တဲ့ တစ်ခါမေးမှ ၂၀ဝ ကျပ်ဆိုပြီး သူငယ်ချင်း နှစ်ယောက်သွားကြတယ်။(အဲဒီအချိန်ကာလက ငွေ ၂၀ဝ ကျပ်ဟာ ဆီချက်တစ်ပွဲနဲ့ အအေး တစ်ပုလင်း ရတယ်။) အခန်းရှေ့ရောက်တော့ ဆိုင်ဘုတ်တွေ့တယ် စိ်တ် ကို စိတ် ဖြင့်ဟောသည် တဲ့။ ဒါနဲ့ သူငယ်ချင်းနှစ်ယောက် ဝင်သွားပြီးဧည့်ခန်းမှာ ထိုင်လိုက်ရင်ဘဲ၊ လိုက်ကာကာထားတဲ့ အခန်းလေးအတွင်းကနေ တစ်ယောက်ဆီဝင်ခဲ့ပါ ဆိုလို့ဝင်သွားတယ်။ အခန်းလေးထဲမှာ […]


ခင္ခMay 22, 20121min07
ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာတွေထဲက ပြန်ပြီး share တာနော်။ အခုခေတ်ရေပန်းစားနေတဲ့ ကိုလက်စထရောအကြောင်းလေးပြန်ရေးပြချင်လို့။ များသောကြောင့်မကောင်းသော ကိုလက်စထရောနှင့် နည်းသောကြောင့် မကောင်းသော ကိုလက်စထရောဟူပြီး သွေးထဲမှာ နှစ်မျိုးရှိပါသည်။ သွေးထဲရှိ ကိုလက်စထရောဆိုသော ဓာတ်ပစ္စည်းမှာ သူ့ချည်းသက်သက်အားဖြင့် အန္တရာယ်မပြုနိုင်ပါ။ကိုလက်စထရောဟုခေါ်သော ထိုပစ္စည်းများသွေးထဲတွင် ထိခိုက်လောက်အောင် များလာမှသာ ပြသနာဖြစ်တာပါ။ကိုလက်စထရောမှာ အဓိကအားဖြင့် နှစ်မျိူးရှိပါတယ်။ သိပ်သည်းမှု့နည်းသော LDL ဟုအတိုခေါ်တဲ့ Low Density Lippoprotein ဆိုသည့် ဘေးပြုတတ်တဲ့ပစ္စည်းဖြစ်တယ်။ထို LDL သွေးထဲများနေရင်သွေးကြောများ၏ နံရံအတွင်းမှာ အဆီဖတ်များကပ်လာပြီး နှစ်ကြာတဲ့အခါ ထူထဲမှုဖြစ်လို့ သွေးကြောပိတ်ဆို့တာတွေဖြစ်ပြီး သွေးမလျှောက်တော့ရင် လူကိုအန္ဒရာယ်ပေးနိုင်ပါတယ်။ သွေးဖောက်စစ်လို့ သွေးထဲမှာ LDL ကိုလက်စထရောများ ၁၀ဝ နှုန်းထက်များနေရင် မကောင်းဘူး၊၁၀ဝ အောက်မှာရှိသင့်ပါတယ်။ နောက်တစ်မျိုးက HDL ဟုအတိုခေါ်တဲ့ High Density […]


ခင္ခMay 21, 20121min017
ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီ စာစုလေးတွေထဲက ပျားရည်အသုံးဝင်ပုံလေးတွေပြောပြချင်ပါတယ်။ ပျားရည်သည် တွဲဖက်အသုံးပြုသော ဆေးဝါးများအား အာနိသင်တိုးပွားစေသည့်သတ္တိရှိသည်။ ဒါကြောင့်မြန်မာဆေးအတော်များများမှာ ပျားရည်နဲ့ရေစပ်ပြီးအသုံးပြုကြတာတွေ့ရပါလိမ့်မယ်။ ပျားရည်သည်အချိုဖြစ်သော်လည်း သတ်မှတ်သည့်ပမာဏအတိုင်း ဆေးနှင့်ရောနှောစားသုံးပါက ဆီးချိုရောဂါသည်များ သို့မဟုတ် အဝလွန်သူများကို ဥပဒ်မပေးကြောင်းတွေ့ရပါတယ်။(ပျားရည် မစစ်ဘဲ သကြားရောရောင်းတဲ့ အတုတွေတော့ သတိထားရမှာပါ။) ပျားရည်သည်ရှေးအကျဆုံးအချိုဓါတ်ဖြစ်ပြီး ချိုစေသည့် ပစ္စည်းဟု လူတို့နားလည်ထားကြ ပါတယ်။ရှေးဘေဘီလုံခေတ်တွင် လူတစ်ဦးသည် မိမိ၏ သမက်ဖြစ်သူအား ပျားရည်အရက်ကို သမက်ဖြစ်သူသောက်နိုင်သလောက် ထောက်ပံ့ပေးရန် တာဝန်ရှိသည်ဟု အစဉ်အလာတစ်ခုကို သိရပါသည်။ထိုအရက်ကို အိမ်ထောင်ပြုပြီးသည့်အချိန်မှ တစ်လတိတိသောက်ကြရသည်။ ထိုအချိန်မှစပြီး ပျားရည်( honey moon )ဟူပြီး စကားရပ်ပေါ်လာခြင်းဖြစ်သည်။ယခုခေတ်တွင်    ( honey moon )ကို ပျားရည်ဆမ်းခရီးဟု လူသိများလာခဲ့ပါသည်။ ပျားရည်သည်ပန်းဝတ်ရည်ဖြစ်ပါသည်။ထို့အပြင် ပျားရည်တွင် ဗီတာမင် ဘီ-၁၊ ဘီ-၂၊ စီနှင့် […]