သောက်ရေသန့်နှင့်သဘာဝရေ မျှတအောင်သောက်ပေးကြဖို့ တိုက်တွန်းပါတယ်။ လူတို့စားဝတ်နေရေးအဆင့်တန်းမြင့်လာတာနဲ့အခုခောတ်မှာသောက်ရေသန့်တွေတံဆိပ်မျိုးစုံပေါ် လာကြတယ်။ကြော်ငြာတွေလည်းအရမ်းကိုများလာပြီး ရေသောက်မှရေငတ်ပြေမယ်၊ကျန်းမာမယ်၊ ခောတ်မှီတယ်ဒါမျိုးတွေဖြစ်လာတယ်။ သောက်ရေသန့်မှာ အကောင်းဆုံးသာလွန်ချက်က ရောဂါပိုးမွှား၊ ဗွိုင်းရပ်စ်တွေ၊မစုပ်ယူနိုင်တဲ့သတ္တု ဓာတ်( hard metal )တွေ၊ ဩဂဲနစ်ပစ္စည်းအညစ်ကြေးတွေကို အကုန်သန့်စင်ဖယ်ရှားပေးထားတယ်။ စံညွှန်းမှီသောက်ရေသန့်ရဲ့ကောင်းကျိုးပါ။ စံညွှန်းမှီသောက်ရေသန့်ရဲ့ချို့ယွင်းချက်က ကယ်စီယမ်၊မဂ္ဂနီစီယမ်၊အိုင်အိုဒင်းနဲ့ဆီလီနီယမ် စတဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဒြပ်စင်တွေကိုလည်း သောက်ရေသန့်ထုတ်လုပ် သန့်စင်မှု့လုပ်တဲ့အခါ ဖယ်ရှားခံထားရတာပါဘဲ။ ဒါကြောင့်သောက်ရေသန့် ကြာရှည်သောက်သုံးရင် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ဒြပ်စင်တွေ အရနည်းနိုင်ပါတယ်။တကယ့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သောက်စရာ အရည်ဟာ ဓါတ်ဗူးထဲမှာလို့ ပြည်တွင်းပြည်ပ ကျွှမ်းကျင်ပညာရှင်တွေက တညီတညွှတ်တည်း ပြောနေကြပါတယ်။ဒါကတော့ ရေကျက်အေး ရေ ပါဘဲ။ ရေကိုကျိုချက်သောက်ပါလို့ဆိုကြပါတယ်။ အဲဒီမှာ တစ်ချို့က ရေသန့်ကိုကျိုတယ်။နဂိုကမှာ လူကိုအကျိုးဖြစ်စေတဲ့ဒြပ်တွေနည်းနေတဲ့ ရေသန့်ကိုထပ်ပြီးကျိုလိုက် ဘာမှကျန်တော့မှာ မဟုတ်ဘူး။ရိုးရိုးသောက်သုံးလို့ရတဲ့ရေကို ကျိ်ုထားတဲ့ရေကျက်အေးမှာ Bioactive ပါဝင်မှု့ဟာ ၄-၅ဆ မြင့်ပါတယ်။အမြဲသောက်ပေးရင် […]
