ခင္ခJuly 18, 20121min026
၁၉၄ရခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အချိန်ကာလဖြစ်ပါသည်။ မကြာမီအတွင်းမှာပင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း အတည်ပြုသည့် တယ်လီဖုန်းသတင်းနှင့် သခင်နု လွှတ်တော်ရုံးတွင် မရှိဟူသော တယ်လီဖုန်းသတင်းကို ဦးစောရရှိသည်။ ခင်မောင်ရင်ထံမှ ဝန်ကြီးအဖွဲ့အစည်းအဝေးလုပ်ဖြစ်ကြောင်း တယ်လီဖုန်းရပြီးလျှင်ရပြီးခြင်း ဦးစောက “ကဲသွားကြမယ်၊ ထကြ၊ ပြင်ကြ´´ ဟုပြောသည်။ အချိန်က ၁ဝ နာရီခန့်။ မိုးအနည်းငယ်ရွာနေသည်။ ကားပေါ်တက်ရန် လှေကားမှအဆင်း ကင်းဗက်ဖိနပ်စီးထားသည့် ယာဉ်မောင်း သုခ ချော်လဲသွားသည်။ “ ဘယ်နှယ့်နေလဲ၊ ဘယ်နှယ့်နေလဲ´´ဟု ဦးစောကမေးသည်။ လဲရာမှထပြီး သုခက “ကိစ္စမရှိပါဘူး´´ဟုပြောကာ ဂျစ်ကားပေါ်တက်သည်၊ နံနက် ၁ဝ နာရီခွဲတွင်လူသတ်သမားများ၏ဂျစ်ကားသည် အတွင်းဝန်ရုံး ( ဝန်ကြီးများရုံး) အတွင်းသို့ရောက်ရှိလာသည်၊ ရုံးပေါ်သို့ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ တက်သွားသည်၊ ထိုစဉ် […]


ခင္ခJuly 17, 20121min012
ဟိုတယ်နဲ့စားသောက်ဆိုင်တို့ရဲ့ စားဖိုဆောင်တွေမှ အသုံးများတဲ့ ဟင်းသီးဟင်းရွက်အချို့ကလည်းကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုတာ ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲမှာတွေ့လို့  ပြန်လည်ဝေဌလိုက်ပါတယ်။ ပန်းပွင့်စိမ်း – အသားအရေကောင်းမွန်၍ အလှတိုးစေတယ်၊ မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ အူသိမ်ဦးပိုင်းနဲ့အစာအိမ်အနာပေါက်တာ ကာကွယ်ပေး နိုင်တယ်၊ ပန်းပွင့်စိမ်းကိုများများစားရင် အအေးမိတာမဖြစ်လွယ်ပါ၊ အရောင်အရမ်းကျတယ်၊ အဆိပ်အပုပ်စင်တယ်၊တင်းတိတ်အမည်းအပြောက် ပျောက်တယ်၊ အူမကင်ဆာ၊ဆီးအိတ်ကင်ဆာ၊ရင်သားကင်ဆာတွေအတွက်ကာကွယ်မှု့စွမ်းအား မြင့်မားတယ်၊ ပန်းပွင့်အစိမ်း မှန်မှန်စားပေးခြင်းဟာ အသည်းရဲ့အဆိပ် အပုပ် ရှင်းထုတ်အားပိုကောင်းစေပြီး ကိုယ်ခံအားတက်စေတယ်၊ သွေးကြောမာ ကာကွယ်ပေးပြီး လေဖြတ်ရောဂါဖြစ်နိုင်ခြေ လျော့စေတယ်၊ ဂေါ်ဖီထုပ် – မှန်မှန်စားခြင်းဖြင့် မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ ဝမ်းချုပ်တာကာကွယ်ပေးတယ်၊ ဇီဝဖြစ်စဉ်ကို အားပေးတယ်၊ ကိုယ်တွင်းအဆိပ်အပုပ် ရှင်းထုတ်ပေးတယ်၊ အူးကိုပိုအားကောင်းစေတယ်၊ ကိုယ်ဝန်ဆောင်တွေအတွက် ဖိုးလစ်အက်ဆစ်ကြွယ်ဝလို့ အထူးသင့်လျော်ပါတယ်၊ ရောဂါခုခံမှု့အား မြင့်စေတယ်၊ သခွားသီး – ကိုယ်တွင်းပိုလျှံရေကို ရှင်းထုတ်ပေးတယ်၊ ကိုယ်တွင်းက […]


ခင္ခJuly 16, 20121min016
ထမင်းစားပြီး အချိုတည်းရန်တည်ခင်းတတ်တဲ့ သစ်သီးအချို့ဟာ ကျန်းမာရေးကိုဘယ်လိုအထောက်အကူဖြစ်စေလည်းဆိုတဲ့ ပိုစ့်လေးရေးခဲ့ဘူးပါတယ်၊ အဲဒီတုံးကမပါပေမယ့် လူအများစားသုံးတတ်သော သစ်သီးအချို့ရဲ့ ကျန်းမာရေးအတွက် ဘာတွေအထောက်အပံ့ဖြစ်လဲဆိုတာကို ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲက ကောက်နုတ်ပြီးထမ်မံရေးပြပါရစေ။ အုန်းသီး – အဆီဓာတ်နဲ့ ပရိုတင်းပါဝင်မှု့ အထူးမြင့်ပါတယ်၊အုန်းရည်ဟာ ကိုယ်တွင်း အပူကြီးတာသက်သာစေပြီး ရေဖောဖောတာ ပျောက်စေပါတယ်၊ အုန်းသီး အသားက အုန်းရည်နဲ အကျိုးသက်ရောက်မှု့ကပြောင်းပြန်ပါ အပူပွားစာဖြစ်ပါတယ်။ ခန္ဓာကိုယ်ချည့်နဲ့သူများ၊ ခြေလက်အားမရှိသူများ၊ မောပန်းလွယ်သူများ သင့်လျှော်တယ်၊ ကိုယ်တွင်း အအေးဓာတ်ခံကြောင့် ချောင်းဆိုးတဲ့အခါ အုန်းသီးအသားစားပေးရင် ချောင်းဆိုးရပ်ပြီး သလိပ်ကြေနိုင်တယ် ဒါပေမယ့် ချောင်းဆိုးခြင်းမရှီမှီ အုန်းသီးများများစားရင် အပူချောင်းဆိုးတတ်ပါတယ်။ ဒူးရင်းသီး – အရသာစိမ့်ပြီး အပူကြီးစာဖြစ်ပါတယ်၊ အာဟာရအလွန်မြင့်တဲ့အတွက် ခွန်အားပြည့်စေတယ် ကိုယ်တွင်းအအေးဓါတ်ကို ဖယ်ရှင်းပေးတယ်၊ သွေးလည်ပတ်မှု့အားပေးပြီး ကာမအားတိုးစေပါတယ်၊ သားဖွားပြီးနောက်ချမ်းစိမ့်စိမ့်ဖြစ်တာ ခန္ဓာကိုယ် ချည့်နဲ့သလိုခံစားရတာဖြစ်ရင် ဒူးရင်းသီး […]


ခင္ခJuly 14, 20121min027
စားသောက်ဆိုင်တွေမှာ ထမင်းစားပြီး အချိုတည်းဖို့တည်ခင်းတတ်တဲ့ သစ်သီးအချို့ဟာ ကျန်းမာရေးကို ဘာတွေအထောက်အကူပြုသလဲ သိစေချင်လို့ ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာပေတွေက ကောက်နုတ်ပြီးတင်ပြပါရစေ။ သရက်သီး – ဗီတာမင်အေ ကြွယ်ဝစွာပါတာမို့ အန်တာ၊ ခေါင်းမူးတာ ပျောက်စေတယ်၊ ကင်ဆာခုခံ ကာကွယ်ခြင်း အစွမ်းများရှိတယ်၊ ကာရိုတင်းဓါတ်များစွာ ပါတာကြောင့် အမြင်ကြည်လင်အားကောင်းတယ်၊ အသားအရေစိုပြေ ပြောင်လက်စေတယ်၊ ဗီတာမင်စီနဲ့ သတ္တုဓာတ်တွေလည်းပါလို့ ကိုလက်စထရော ချပေးတယ်၊ သွေးလွှတ်ကြောမာတာကို သာမက နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးကိုလည်း ကာကွယ်ပေးပါတယ်၊ အမျှင်ဓာတ်ပါဝင်လို့လည်း ဝမ်းမှန် စေတယ်။ သွားဖုံးရောင်တာ ချောင်းဆိုးသလိပ်များတာဖြစ်ရင်လည်း သရက်သီးစားပါက သက်သာကောင်းမွန်နိုင်ပါတယ်။ သဘောင်္သီး – ဗီတာမင်ပါဝင်မှု့ဟာ သာမန်အသီးတွေနဲ့စာရင်အများကြီးပိုတယ် ဒါပေမဲ့ ကယ်လိုရီကျတော့ နိမ့်တာတွေ့ရတယ်၊ သင်္ဘောသီးမှာပါတဲ့ ပါပိန်းဓာတ်ဟာ အစာအိမ်ထဲရောက်တဲ့အခါ ပရိုတင်းဖြိုခွဲပေးနိုင်တဲ့ အင်ဇိုင်းကိုပေါ်ပေါက်စေလို့ အစာခြေမှုကို အားပေးပါတယ်၊ […]


ခင္ခJuly 14, 20121min013
ကျွန်တော်သူငယ်ချင်း အင်ဂျင်နီယာကြီးကြပ်ပြီးဆောက်နေတဲ့ ဟိုတယ်စီမံကိန်း အဆောက်အဦး လုပ်ငန်းခွင်ကို ကျွန်တော်အလုပ်ကိစ္စလေးရှိလို့ရယ် သူငယ်ချင်းနဲ့လည်းတွေ့ရအောင်ရယ် တစ်နေ့ညနေပိုင်း ရောက်သွားတော့ အဆောက်အဦးရဲ့ဒုတိယထပ် ကြမ်းခင်း ကွန်ကရစ် လောင်းနေတာနဲ့  အဲဒီစလပ်ပြင်ပေါ်မှာထိုင်ရင်း ကွန်ကရစ်လောင်းနေတဲ့ လုပ်ငန်းခွင်မှာ ပန်းရံလုပ်သား အမျိုးသား၊ အမျိုးသမီးတွေ လုပ်ဆောင်နေတာကို ငေးမောကြည ့်နေတာပေါ့။ သူငယ်ချင်းကလည်း ကြမ်းခင်းကွန်ကရစ်လောင်းတာ ပြီးတော့မှာမို့ခဏထိုင်ပါအုံးဆိုလို့ပါ။ ပြီးမှလ္ဘက်ရေဆိုင်လေးထိုင် စကားပြောကြမယ်ပေါ့။ အဲဒီမှာ ပန်းရံဆရာ(သူတို့အခေါ်ပန်းရံခေါင်းပါ)က သူလက်အောက်က အလုပ်သမား၊ အလုပ်သမ တွေကို အော်ဟစ်ကာပြောဆိုခိုင်းနေတာ မရပ်မနားဘဲ တော်တော်လည်း အလုပ်လုပ်နိုင်သလို ထောင့်စေ့အောင်လည်း ကြည့်တတ်ပြောတတ်ပါတယ် အလုပ်ကျွမ်းကျင်မှု့ကတော့ ခဏရောက်ပြီး ကြည့်နေတဲ့ ကျွန်တော်တောင်ချီးကျူးမိပါတယ်။တစ်ခုဘဲ သူ့မှာပြောစရာရှိတာ သူပြောဆိုခိုင်းတဲ့ စကားရပ်တိုင်းမှာ ဘာလိုလိုမှိုလိုလိုတွေရော၊ အမေနှမ ရိုင်းဆိုင်းစွာပေးစားတဲ့ အသုံး အနှုန်း တွေရော၊ သူ့ပိုင်ပစ္စည်းနမ်စားအသုံးနှုန်းရောစုံလင်စွာပါဝင်တဲ့ အဆဲပေါင်းစုံပါဝင်နေတာပါဘဲ။ (အဆဲအသုံးအနှုန်းများကိုတော့ […]


ခင္ခJuly 13, 20121min021
အရင်လက ရန်ကုန်မှာနေတဲ့ အမေအိမ်မှာ ဝါဆိုသင်္ကန်းကပ်၊ဘုန်းကြီးဆွမ်းကြွေးမယ် သားတို့ အချိန်ပေးနိုင်ရင်လာခဲ့စေချင်တယ်လို့ ဖုန်းဆက်ပြောတာနဲ့ စနေနေ့ည ၈ နာရီထွက်တဲ့ မန္တလေး-ရန်ကုန် အဝေးပြေးကားစီးပြီး ရန်ကုန်သို့ချီတက်ခဲ့ရပါတယ်။ နောက်နေ့မနက် ၅း၄ဝ နာရီ ဝန်းကျင်လောက်မှာ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်ဝင်းထဲကို ဝင်ရောက်ဖို့ကျွန်တော်စီး လာတဲ့အဝေးပြေးကားက ရှေ့ကကားတွေလိုဘဲ ကားဝင်းထဲဝင်မဲ့မျိုးစုံသောကားတန်းမှာ တန်းစီရင်ဖြေးဖြေး လိမ့်နေတာမို့ ဒီဂိတ်ဝမှာဘဲ ဆင်းရင်ရပါလား ယာဉ်နောက်လိုက် စပယ်ယာ လေးကိုမေးတော့ အကိုကားဝမ်းပိုက်ထဲမှာပစ္စည်းထုတ်ဖို့ပါသေးလား မပါရင်တော့ရပါတယ်မို့ ကိုယ့်ခရီးဆောင်လက်ဆွဲ အိတ်လေးဆွဲပြီးဆင်းခဲ့ပါတယ်။ ပြီးတော့ လမ်းဘေးလေးရပ်နေပြီး Taxi ဌားဖို့စောင့်နေတုံး၊ အဌားကားလေးတစ်စီးလာတာနဲ့ လက်လေးတားလိုက်တော့ အဌားကားလေးက ကျွန်တော့နားမှာရပ်ရင်း Taxi မောင်းတဲ့သူက ယာဉ်မောင်း – အကိုဘယ်သွားမလဲ ကျွန်တော် – ကမာရွတ်၊လှည်းတန်းလမ်းဆုံကို ယာဉ်မောင်း – ၆၀၀ဝ ကျမယ် ကျွန်တော် […]


ခင္ခJuly 12, 20121min019
ကျွန်တော်အစိုးရဘဏ်တစ်ခုမှာ ငွေသွားထုတ်တုံးက တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးကို ပြန်လည်ပုံဖော်ပြီး ရေးသားတာပါ။ အဲဒီနေ့က လကုန်ခါးနီးရက်ဖြစ်နေလို့ရယ်၊ အစိုးရဝန်ထမ်းပင်စင်စားတွေ ပင်စင်လစာငွေလာထုတ်တဲ့နေဖြစ်နေလို့ ငွေထုတ်တာခါတိုင်းလိုမမြန်ဘဲ နည်းနည်းစောင့်ရမှာမို့ အများထိုင်ဖို့ထားတဲ့ခုံတန်းရှည်လေးမှာ ထိုင်စောင့်နေတုံး ပင်စင်လာထုတ်တဲ့ အဖိုးကြီး(၂)ယောက် ကျွန်တော်ဘေးမှာ လစ်လပ်နေလို့ လာထိုင်ရင်း မိတ်ဆွေအချင်းချင်း သူငယ်ချင်းအချင်းချင်း စကားစမည်ပြောကြတာကို အမှတ်မထင်နားထောင်နေမိသလို ဖြစ်သွားမိတယ်လေ။ အဲဒီအဖိုးကြီး(၂)ယောက်က သူတို့ခေါ်တာ မောင်အောင်နဲ့ ထွန်းသိန်းတဲ့။ ထွန်းသိန်း – မောင်အောင် မင်းအရင်လိုဘဲ ကွမ်းတံတွေး တပျစ်ပျစ်ဘဲလား။ မောင်အောင် – သွားတွေက အမာသိပ်မဝါးနိုင်တော့ဘူးလေ၊ ကွမ်းလည်းဖြတ်လိုက်ရပြီပေါ့၊ ကြာပြီကွ နှစ် နှစ်လောက်ရှိမယ်ထင်တယ်။ ထွန်းသိန်း – အေး မင်းတွေ့တော့ ရုံးမှာ ကွမ်းစားလို့အဆူခံရတာသွားမှတ်မိတယ်၊ အဲဒီတုံးက ငါတို့ရုံးကိုရောက်လာတဲ့ ဦးစီးက အမျိုးသမီးလေ၊ တစ်နေ့ ဖိုင်လေးတစ်ခုကိုင်ပြီး မင်းစားပွဲစီ […]


ခင္ခJuly 12, 20121min025
MG မှာပိုစ့်တွေရေးသားနေကြသော ရွာသူရွာသားအပေါင်းတို့ မိမိရေးသားတင်နေကြတဲ့ ပိုစ့်အားလုံး အတွက် စာဖတ်ပရိတ်သတ်အမြဲရှိနေတယ်ဆိုတာ ကျွန်တော်ယုံကြည်စွာပြောရဲပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်စာဘဲရေးရေး  မြင်နိုင်တဲ့နေရာ၊ ဖတ်လို့ရတဲ့နေရာမှာ ထားထားလိုက်ပြီ ဆိုတာနဲ့စာဖတ်ပရိတ်သတ်ဆိုတာ ရှိကိုရှိပါတယ်။ ဖတ်ရှုသွားတဲ့ စာဖတ်ပရိတ်သတ်အနည်း အများသာကွာခြားပေမယ့် စာဖတ်ပရိတ်သတ် တစ်ယောက်ဘဲ ရှိတယ်ဆိုရင်တောင် အဲဒီတစ်ယောက်ကို အလေးထားပြီးရေး ရပါလိမ့်မယ်။ ဥပမာ – တစ်ယောက်ထဲရှိတဲ့ စာဖတ်ပရိတ်သတ်မျိုးစဉ်းစားရအောင် – ကောင်လေးတစ်ယောက်က သူကြိုက်နှစ်သက် နေတဲ့ ကောင်မလေး တစ်ယောက်ကို ချစ်ကြောင်းကြိုက်ကြောင်း ဖွဲ့နွဲ့ထားတဲ့ ရည်းစားစာရေး ပြီးပေးမယ်ဆိုပါဆို့၊ အဲဒီကောင်ကလေးရဲ့ရည်းစားစာကိုဖတ်စေမယ့် ကောင်မလေးကို အလေးထားတဲ့အသုံးအနှုန်းလေး တွေနဲ့ရေးမလား စော်စော်ကားကား ရေးမလား စဉ်စားကြည့်ပါ ဘယ်လို ရေးသင့်လည်းဆိုတာကို။ ရေးသားထားတဲ့စာတိုင်းမှာ စာဖတ်ပရိတ်သတ်ဆိုတာရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စာကိုဖတ်မယ့် ပရိတ်သတ်ကို ဘယ်လိုခံစားမှု့တွေ သုတ၊ရသတွေ ဖြစ်စေချင်တာလ၊ဲ […]


ခင္ခJuly 11, 20121min08
ချမ်းသာတဲ့သူတွေ ငွေကြေးပိုက်ဆံရှိတဲ့သူတွေမှ အရင်းပြုပြီးတစ်ခုခုဝယ်ထား မြတ်ရင်ပြန်ရောင်းလို့ လုပ်နိုင်ကြတာပါ။ ဆင်းရဲသားတွေ တစ်နေ့လုပ်တစ်နေ့စားတွေ အတွက်တော့ မဆိုင်ဘူး၊ အိမ်မက်တောင်မက်စရာမလိုဘူးလို့ ပြောချင်၊ထင်ချင်သူတွေအတွက် သူဌေးတွေ၊ငွေကြေးရှိသူတွေ မှမဟုတ်ပါဘူး လူတိုင်းအမြဲ အရင်းတစ်ခုပြုနေကြပါတယ်၊ လူတိုင်းလူတိုင်း အရင်းအနှီးတစ်ခု အမြဲပိုင် နေကြတယ်လို့ ပြောပါရစေ။ ဒါကြောင့်ငါတို့မှာ အရင်း(အရင်းအနှီ)မရှိပါဘူးလို့ အားငယ်သူတွေ အတွက် ဒီပိုစ့်လေးရေးပါရစေ။ ဖတ်လို့ပြီးရင် ဝေဖန်မှု့ကိုလည်း ကြိုဆိုပါတယ်၊ လူတိုင်းအမြဲ အရင်းတစ်ခုကို အမြဲပြုနေကြပါတယ် အဲဒီအရင်းကနေ တစ်ချို့လည်း အကျိုးအမြတ် ရသွားကြသလို၊ တစ်ချို့လည်းရင်းလိုက်မှန်းမသိလိုက်ဘဲ အကျိုးအမြတ် မရလိုက်တာပါ။ အဲဒီ လူတိုင်းအမြဲအလုပ်နဲ့ရင်းနေတဲ့ အရင်းကတော့ အချိန် ပါဘဲ။ ကျွန်တော်ပြောတာမယုံဘူးလား၊ဒါဆို ကောက်သင်းကောက်ပြီး သက်သေလေးတွေကြည့်ကြည့် ရအောင်ဗျာ။ မနက်ဈေးမှာ ကောက်ညင်းပေါင်း၊အကြော်ရောင်းတဲ့သူကိုကြည့်ကြည့်ပါ။ မနက်မိုးလင်းတာနဲ့ ဈေးဝယ်သူတွေလာမှာမို့ သူများတွေအိမ်ကောင်းချိန် ၂နာရီလောက်ထပြီး ကြော်ရ၊ပေါင်းရ လုပ်နေတာလေ […]


ခင္ခJuly 10, 20121min020
ဆရာတော်ဦးဇောတိက၏ ဟောကြားသောတရားထဲက ကောက်နုတ်ထားတာပါ။ လောကဓံ(၈)ပါးကို လူတိုင်းကြုံလာတိုင်း အစဉ်ဆောင်ထားအပ်တဲ့ ( ခ ) ၃ လုံးကို စကားလက်ဆောင်ပါးချင်ပါတယ်။ ခံနိုင်ရည်ရှိခြင်း ခွင့်လွှတ်ခြင်း ခံစားမှု့နောက်မလိုက်ခြင်း။ တို့ဖြစ်ပါတယ်။ လောကဓံ(၈)ပါးက- ၁။ လာဘ်ရခြင်း ၂။ လာဘ်မရခြင်း ၃။ အချွေအရံ ပေါများခြင်း ၄။ အချွေအရံ နည်းပါးခြင်း ၅။ ချမ်းသာခြင်း ၆။ ဆင်းရဲခြင်း ၇။ ချီးမွမ်းခြင်း ၈။ ကဲ့ရဲ့ခြင်း  – စသည့်ဖြင့်ရှိကြပါတယ်။ ဝန်ထမ်းတွေဆိုရင် လစာထုတ်ရက်က လာဘ်ရပြီး၊ ကျန်ရက်တွေကတော့ လာဘ်မရဘူးပေါ့။ တစ်ချို့ဝန်ထမ်းတွေမှာ လကုန်ရက်ဆို နံဘေးမှာအချွေအရံတွေ ပေါမှပေါလေ၊ ကြွေးလာတောင်းကြ သူတွေပါ။ လလည်လောက်ဆိုရင် အဲဒီအချွေအရံ နည်းလိုက်တာမှ ကိုယ့်ကိုလှမ်းတွေ့ပြီဆိုတာနဲ့ ပြေးမယ့်သူတွေများလို့လေ။ သူတို့ကငွေချေးမှာကြောက်လို့ပါ။ လဆန်းရက်ကတော့ […]


ခင္ခJuly 7, 20121min017
ကျွန်တော်တို့ခပ်ရွယ်ရွယ် အသက်၁၀~၁၅နှစ်ဝန်းကျင်လောက်က ရန်ကုန်နဲ့မန္တလေး ရထားနဲ့ ခရီးသွားခဲ့ကြစဉ်တုံးက လမ်းခရီးမှာရထားရပ်တဲ့ ကျောက်ဆည်၊ပျဉ်မနား၊ တောင်ငူ၊ဖြူး၊ပဲခူး အဲဒီလိုလမ်းဘူတာတွေမှာ ရထားခေတ္တရပ်နားဖို့ ဆိုက်ရောက်လာပြီဆိုရင် ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး ရေ-ရမယ် ရေ-ရမယ် လို့အော်ပြီး ရထားဘေးနား ရောက်လာတတ်ကြတဲ့ ရေရောင်းကြသူများကိုတွေ့ခဲ့ဘူးတယ်နော်။ သောက်ချင်တဲ့သူတွေ ကလည်း ရေအိုးလေးတွေရဲ့ အဖုံးပေါ်မှာပါတဲ့ ရေခွက်လေးတွေနဲ့ခပ်သောက်ကြ၊ သယ်သွားချင်တဲ့သူတွေအတွက်လည်း သူတို့ကထဲ့ပေးကြ၊ မျက်နှာသစ်ချင် သုံးချင်တဲ့သူ တွေအတွက်လည်း လိုသလောက်ခတ်သုံးကြပြီး ကျသင့်တဲ့တန်ဖိုး အနေနဲ့လည်း သောက်သုံး သူတွေရဲ့ စေတနာ ရှိသလောက်ပေးခဲ့တာကိုဘဲယူတတ်ကြပြီး အဆင်မပြေလို့မပေးခဲ့ကြလည်း ကုသိုလ်ပါလို့ထားတတ်ကြတဲ့ ရေရောင်းကြသူများ ဟိုးတခေတ်တစ်ခါက ရှိခဲ့ကြပါတယ်။ အဲဒီကနေ အချိန်တွေပြောင်းလို့ ၁၉၉ဝကျော်နောက်ပိုင်း အချိန်တွေမှာတော့ ရေသန့် စက်ရုံတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဈေးကွက်ထဲရောက်ရှိလို့  ဆိုင်တွေမှာရောင်းလာကြတဲ့ အချိန် ခုနလမ်းဘူတာတွေမှာ ရေအိုးလေးတွေနဲ့ ရေရောင်းသူများရော၊ ရေသန့်ဗူးအဟောင်း […]


ခင္ခJuly 3, 20121min015
ရုံးဌာနတစ်ခုမှ မန်နေဂျာက စာအုပ်ဘီဒိုထဲက လုပ်ငန်းဖိုင်တစ်ခုကို မနေ့ကမှအလုပ်ဝင်လာတဲ့ ဝန်ထမ်းအသစ်ကိုယူခိုင်းတာ့၊ အဲဒီဝန်ထမ်းယူလာတဲ့ဖိုင်က ဖိုင်အမည်တူပေမဲ့ ပြီးခဲ့တဲ့လရဲ့ဖိုင် ဖြစ်နေလို့ လက်ရှိလရဲ့ဖိုင်ကို မယူလာရကောင်းလားဆိုပြီး ရစရာမရှိအောင် ဆူပူကြိမ်းမောင်းပြုခဲ့လို့ အဲဒီဝန်ထမ်းအသစ်မိန်ခလေးက ရှက်လည်းရှက်၊သူလက်တွဲလုပ်ရမဲ့ မန်နေဂျာနဲ့အဆင်ပြေပါ့မလားတွေးပြီး နောက်နေ့အလုပ်မလာတော့တာတွေ့ဖူးပါတယ်။ (တကယ်ဆို ဖိုင်ထားသိုပုံတွေ၊ ဘယ်လိုစာရွက်စာတမ်းသိမ်းပုံတွေ နားလည်အောင်အရင် သင်ပေးပြောပေးခြင်းဖြင့် ဝန်ထမ်းသစ်ကိုလက်တွဲခေါ်သင့်တာပါ။တစ်ချို့က ဝန်ထမ်းသစ်ဆိုပညာပြချင်ကြတာ ပါဝါပြချင်ကြတာလဲ လောကကြီးမှာရှိတာကိုး) ကျောင်းတွေစဖွင့်လို့ တစ်ပတ်လောက်ဘဲစာသင်ရသေးတယ် သူငယ်တန်းကျောင်းသား ကလေး တစ်ယောက်ကို  က ခ ဂ ဃ င ဆိုခိုင်းတာ ဆိုတဲ့ကလေးတစ်ယောက်က ဂ ကိုမေ့နေပြီး က ခ ဃ င ဘဲ အထပ်ထပ်ဆိုနေလို့ မေ့ရမလားဆိုပြီး ကြိမ်းလုံးနဲ့ အဲဒီကျောင်းသားကလေးကို ရိုက်ပြီးဆုံးမတော့ နောက်နေ့ကျောင်းသွားဖို့အမေက အိပ်ယာကနိုးတာကို ကလေးက ကျောင်းမတက်ချင်ဖူးလို့ […]


ခင္ခJuly 3, 20121min028
ယနေ့(၃.၇.၁၂)မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်များရဲ့မေးမြန်းမှု့ကို ဖြေကြားရာတွင် – ရွေးကောက်ပွဲကော်မရှင်က သတိပေးထားသော ““ မြန်မာ”” ““ ဗမာ”” အသုံးအနှုန်းနှင့်ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားရာတွင် ဥရောပတွင်လည်း United Kingdom နိုင်ငံကို အင်္ဂလန်ဟု ပဲခေါ်ဆိုကြကြောင်း၊ ပြင်သစ်နိုင်ငံကိုလည်း လာမွန်တေးဟု မခေါ်ဘဲ ပြင်သစ်နိုင်ငံဟုပဲခေါ်ကြောင်း၊ ယင်းကဲ့သို့ပင် မြန်မာ၊ ဗမာ အခေါ်အဝေါ်မှာ ပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ ယင်းသည် ဒီမိုကရေစီ၏ အခြေခံသဘောတရားနှင့်သက်ဆိုင်ကြောင်း၊ ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေဖြင့် မိမိနှစ်သက်ရာကို ခေါ်ခွင့်ရှိသည်ဟု ယူဆမိကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။