ခင္ခAugust 3, 20121min019
မနေ့က ဝါဆိုလပြည့်နေ့ ရုံးပိတ်တာနဲ့ ညနေခင်းအိမ်ရှေ့မှာထိုင်ရင်း ဝယ်လာတဲ့ဂျာနယ်ဖတ်နေတုံး အိမ်ရှေ့လမ်းပေါ်မှာ ကလေးအုပ်စုတွေစော့ကစားနေကြတာကို ငေးကြည့်နေမိတယ်။ ကစားတဲ့ကလေးအုပ်စုကနှစ်စုလောက်ဖြစ်ပြီး သူတို့ကစားနေကြပုံမှာ – အုပ်စုတစ်စုက – အဖွဲ့လိုက် – အရူးမကြီး မစာဥ ဘယ်သွားမလို့လဲ၊ တစ်ယောက်သမား – တိရိစ္ဆာန်ရုံသွားမလို့၊ အဖွဲ့ – ငါတို့လည်းလိုက်မယ်၊ တစ်ယောက် – မလိုက်နဲ့၊ ဟိုရောက်ရင် ကျားတွေ ဆင်တွေ ကိုက်လိမ့်မယ်၊ အဖွဲ့ – ကိုက် ကိုက် သေ သေ တစ်ယောက် – ဒါဆိုငါ့ကို အရူးမကြီး မစာဥ လို့ မခေါ်နဲ့၊ အဖွဲ့ – ခေါ်မယ် ၊ အရူးမကြီး မစာဥ အရူးမကြီး မစာဥ ( အော်ဆိုသူကဆို လိုက်သူကလိုက် […]


ခင္ခAugust 1, 20121min021
ကျွန်တော် ကာလတိုအတွင်းမှာ ပိုစ့်လေးတွေ ဟိုအကြောင်းဒီအကြောင်း လျှောက်ရေးခဲ့ပါတယ်၊ ရွာသူ/သားတွေလည်း ဖတ်ကြပြီး ကွန့်မန်းလေးတွေနဲ့ ပြောကြဆိုကြပျော်ခဲ့ကြရပါတယ်၊ ရွာသူ/သားတွေမဟုတ်တဲ့ ( MG member ဝင်မဟုတ်တဲ့) သူတွေလည်း ကျွန်တော်ပိုစ့်တွေကို ဖတ်ခွင့်ရပါတယ်၊ ကျွန်တော်က မန္တလေးမှာနေတာ ကျွန်တော်အမေကရန်ကုန်မှာနေတာပါ၊ အမေနေ့ခင်းဆိုတစ်ယောက်ထဲ အိမ်မှာပျင်းနေတော့ ကျွန်တော်တင် တဲ့ပိုစ့်လေးတွေဖတ်ပြီး အမေကမန့်ဘာတွေ ဘာတွေဝင်ရတာ၊ မန့်တာတွေမလုပ်တတ်တော့ သားဘယ်ပိုစ့်တော့ အမေဖတ်ရတယ် အဲဒီမှာ ဘာကဘယ်လို ဘာကတော့ ဘာဆိုမကောင်းဘူးလား ဖုန်းလေးဆက်ပြီး ကွန့်မန့်တွေပေးတတ်တာကို နားထောင်ရင်း  အမေပျော်နေတဲ့အသံနဲ့အားရ ပါးရ  ဝေဖန်ပြောတာ တွေကြုံရလို့လည်း စိတ်ကြည်နူးပြီး ဒီဂေဇတ်ကိုလည်းကျေးဇူးတင်မိခဲ့တယ်ပေါ့။ ဒါပေမယ့် အခုတော့စိတ်မကောင်းစရာက မမျှော်လင့်ဘဲကြုံရပါပြီ ဒီရက်ပိုင်းတင်ခဲ့တဲ့ – ၁။ နားလည်မှု နဲ့ စည်းကမ်းလိုက်နာမှု့ ယှဉ်ကြည့်မိတာပါလို့ ၂။ မွေးနေ့အမှတ်တရ လက်ဆောင်ပန်း […]


ခင္ခJuly 31, 20121min08
“ Happy Birthday ´´ လို့အော်လျှက် ကပ်ထားတဲ့ ပန်းစည်း လေးကိုလှမ်းအကြည့်မှာ ပန်းစည်းလေးနေရာမှာ စာရွက်လေးတစ်ရွက် အစားထိုးဝင်ရောက်ကပ်ထားတာကိုဘဲ တွေ့လိုက်တယ် ဆိုရင်ဘဲ မာမီစံတစ်ယောက် “ ဟောတော့——´´ ဆိုပြီး စာရွက်လေးမှာ ရေးထားတဲ့ စာကိုဖတ်ဖို့ စာရွက်အနီးတိုး၍ ဖတ်လိုက်တယ်။ စာမှာရေးထားတာက ———။ မာမီ ခုနလေးကမှ သူငယ်ချင်းနဲ့ဖုန်းပြောရင်း ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးရဲ့ မွေးနေ့က မနက်ဖြန်ဆိုတာသိရလို့ လက်ဆောင်ပန်းဆိုင်တွေဖွင့်သေးလား လိုက်ကြည့်တာ ဘယ်ဆိုင်မှမဖွင့်တော့လို့ မာမီဆိုင်ရှေ့လိပ်တံခါးကို စိတ်ပျက်ပြီးမှီထိုင်လိုက်တာ၊ လိပ်တံခါးက အပေါ်ကိုကြွ သွားတာနဲ့ မာမီမပြန်သေးဘူးဆိုပြီး လိပ်တံခါး မပြီး ဆိုင်ထဲကြည့်မိတော့  မီးပိတ်ထား တာတွေ့ရတုံး မှန်မှာကပ်ထားတဲ့ ပန်းစည်းအသစ်လေးမို့ ယူသွားလိုက်ပြီနော်။ မနက်ဖြန်မနက်ဆိုင်ဖွင့်မှ ပန်းဖိုးလာပေးရင်း မာမီကိုတောင်းပန်တော့မယ်၊ လိပ်တံခါးတော့ပြန် ချခဲ့ပါမယ်။ ဒါနဲ့ မာမီ […]


ခင္ခJuly 31, 20121min08
Flower Gift Shop အမည်လေးနဲ့ မန္တလေးမြို့ဈေးချိုတော်နဲ့ မနီးမဝေး ၂၂လမ်းပေါ်မှာဖွင့်ထားတဲ့ မွေးနေ့များ၊ ချစ်သူများနေ့အတွက် လက်ဆောင်များ စသည်ဖြင့် ပန်းတွေကို အလှဆင်ထိုးပေးတဲ့ ဆိုင်လေးတဆိုင်ရဲ့အမည်လေးပါ။ ဆိုင်အနေအထားက ၁၅ ပေ ပတ်လည်လောက်ရှိပေမယ့် အခန်းအတွင်း လှလှပပ ပြင်ထား တဲ့ စင်လေးများ နဲ့ ခုံလေးတွေကို ဒီဇိုင်းဆန်းကျယ်ပြုလုပ်ပြီး ပန်းခြောက်၊ ပန်းအစို မျှသစွာထားခြင်းနဲ့ လေအေးပေးစက်တပ်ဆင် ထားမှု့ကြောင့် ပန်းအစို (သဘာဝပန်း) များလည်း လန်းဆန်းနေသလို လာရောက်ကြသည့် Customer ( စားသုံးသူ၊ဖောက်သည်) များလည်း သက်တောင့်သက်သာ   အေးအေးဆေး ရှိတဲ့ဆိုင်လေးပါ။ လမ်းမ ကနေဖြတ်သွားသူတိုင်း ဆိုင်ထဲကိုမြင်နိုင်တဲ့ မျက်နှာစာမှန်များဖြင့်တပ်ဆင်ဖန်တီးထားပြီး လူဝင်ပေါက်ကိုလည်း မှန်တံခါးတပ်ထားခြင်း သည်လည်း ဆိုင်ကိုပိုပြီးသစ်လွင်စေပါတယ်၊ ညဆိုင်ပိတ်ရင်တော့ မှန်တံခါး၊ မှန်မျက်နှာပြင်ရဲ့အရှေ့ […]


ခင္ခJuly 30, 20121min04
“ နားလည်မှု နဲ့ စည်းကမ်းလိုက်နာမှု့ ယှဉ်ကြည့်မိတာပါလို့ ´´( ခေါင်းစဉ်စာသားပါ) ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ရန်ကုန်ကသူငယ်ချင်းတစ်ယောက် မန္တလေးကို အလုပ်ကိစ္စနဲ့ရောက်လာလို့   မနက်ကုမ္မဏီရုံး အလုပ်တွေလုပ်ပြီး ထမင်းစားချိန် မတိုင်မှီ နေလည်စာအတူူစားရင်း စကားပြောကြရအောင် သူတည်းခိုတဲ့ဟိုတယ်ကနေခေါ်ပြီး မြန်မာထမင်းဆိုင်ကို ကားနဲ့သွားတော့ မန္တလေးလမ်းပေါ် မှာ မောင်းနေကြတဲ့ဆိုင်ကယ်၊စက်ဘီးနဲ့ ကားတွေကို ကျွန်တောကတော့ သူအရပ်နဲ့သူ့ဇာတ်ဆိုသလို မောင်းနှင်သွားတာကို သူငယ်ချင်းက ဘေးကထိုင် လိုက်ရင်း “မင်းတို့မန္တလေးက ဆိုင်ကယ်တွေ၊ ကားတွေမောင်းတာ လမ်းစည်းကမ်းလည်း မလိုက်နာဘူး  ဖြစ်သလိုမောင်းနေကြတာဘဲ၊ ရန်ကုန်မှာဆို အခုလိုမောင်း ပုံမျိုးနဲ့ဆို အဆဲကြည်ခံနေရမှာကွာ´´ လို့ပြောတော့ ကိုယ်နေတဲ့မြိုကိုလာပြောတာမို့ ကျွန်တော်ကလည်း“မင်းတို့ရန်ကုန် မီးပွိုင့်တွေဆိုတာ လမ်းဆုံ၊လမ်းခွတွေမှာရှိပြီး အဲဒီမီးပွိုင့်က နီ ဝါ စိမ်း ကိုကြည့်ပြီး မောင်းကြသလို၊ ဦးစားပေးလမ်း၊ လမ်းသွယ် ဒါတွေလည်းစည်းကမ်းလိုက်နာမောင်းကြတာပေါ့ကွာ၊ […]


ခင္ခJuly 30, 20121min07
အပေါ်ကခေါင်းစဉ်က နားလည်မှု့   လို့ရေးချင်တာပါ။ အခုလိုဖြစ်နေလို့ပါ ။ ဘာလုပ်ရမလဲလို့ ညွှန်ပေးကြပါအုံး၊ ပိုစ့်ရေးချင်ပေမယ့်ခေါင်းစဉ်တောင်ထိုးမရလို့ ဆက်မရေးရဘူးဖြစ်နေတယ်။ သူကြီးရေ။ ဒီဟာကပိုစ့်မဟုတ်ပါ ။ ငွေမပေါင်းပါနဲ့။ ကူညီကြပါအုံးနော်။


ခင္ခJuly 25, 20121min012
ဒီနေ့မနက် ကုမ္မဏီရုံးသို့ထွက်လာတာစောနေသေးလို့ ကောင်ညင်းပေါင်းနဲ့အကြော်လေးကို၊ ရေနွေးကြမ်းလေးနဲ့ စားသောက်ရင်ကောင်းမယ်စိတ်ကူးပြီး ရုံးနားက ၆၈လမ်းနဲ့၃၂လမ်းထောင့်မှာရှိတဲ့ ကောက်ညင်းပေါင်း၊အကြော်ရောင်းတဲ့ဆိုင်လေးမှာ ထိုင်စားမိနေတုံးတွေ့ ကြုံခဲ့ရတာလေးတွေကို အခြေပြုပြီး ဒီပိုစ့်လေးရေး ဖြစ်တာပါ။ ကျွန်တော် ကောက်ညင်းပေါင်းနဲ့အကြော်ကို ကျွန်တော်မဟေသီနဲ့စားနေတုံး ၆-ရ နှစ်အရွယ်ကလေးတစ်ယောက်က ၃နှစ်လောက်ရှိမယ်ကလေး တစ်ယောက်ကို လက်လေးဆွဲပြီး“မုန့်ဖိုးလေးပေးခဲ့ပါ လေးလေးတို့ရယ်´´လို့ လာတောင်းတော့ အိတ်ကပ်ထဲရှိတဲ့ ၂၀ဝ တန်အသစ်ကလေး တစ်ရွက်ကိုထုတ်ပေးလိုက်မိတယ်၊ ပြီးတော့အဲဒီကလေးနှစ်ယောက်က ကျွန်တော်တို့ရှေ့နားကစားပွဲမှာစားနေတဲ့ အဒေါ်ကြီး(၃)ယောက် စားပွဲနား သွားပြီးတော့ခုနအတိုင်း “မုန့်ဖိုးလေးပေးခဲ့ပါ အဒေါ်ကြီးတို့ရယ်´´ လဲဆိုရော၊ ထိုင်နေတဲ့(၃)ယောက်ထဲက (၁)ယောက်က မျက်နှာတည်တည်နဲ့ “ဟဲ့ ကလေးတွေ၊ ဒီမှာစားသောက်နေတာမမြင်ဘူးလား၊သွားဝေးဝေးသွား´´ ဆိုပြီး ဟောက်ပါလေရော၊ အဲဒီမှာ ကလေးနှစ်ယောက်ထဲက (၃)နှစ်အရွယ်ကလေးက လန့်ပြီးအသံပြဲနဲ့ငိုပါလေရော၊ ထိုအချိန်မှာ ခုနအဒေါ်ကြီး(၃)ယောက်ထဲက တစ်ယောက်က “ဟဲ့ ဟဲ့ ဒီမှာအသံပြဲနဲ့ရပ်ငိုမနေနဲ့၊ သွား သွား […]


ခင္ခJuly 24, 20121min09
အခုခေတ်မှာအတော်များများကြားနေရတဲ့ သွေးတိုးရောဂါအကြောင်း  ကျွန်တော်ရဲ့ တိုလီမိုလီစာပေစုထဲကစုစည်းပြီး   ပြန်လည်၍ရေးပြပါရစေ။ ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအားလုံး ရှင်သန်ဖို့အတွက် သွေးလိုပါတယ်၊ အဲဒီသွေးထဲမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ အောက်စီဂျင်ဓာတ်တွေ ပါဝင်ပါတယ်၊ အဲဒီသွေးတွေကို သွေးကြောလေးတွေကနေ အဆင့်ဆင့်ပေးပို့ရပါတယ်၊ ဒီလိုပို့နိုင်ဖို့ နှလုံးကနေညှစ်ပြီး ပို့ပေးရပါတယ်၊ အဲဒီတော့ သွေးကြောတွေထဲမှာ ဖိအား(Pressure) ဆိုတာဖြစ်လာတာပါ၊ ဒါကို သွေးဖိအား (Blood Pressure) လို့ခေါ်ပါတယ်၊ နှလုံးညစ်လိုက်တဲ့အခါ သွေးကြောထဲမှာ ဖိအားအများဆုံးဖြစ်ပြီး ဆေးပညာအရ Systolic BP လို့ခေါ်ပါတယ်၊ အရပ်အခေါ်ကတော့ အပေါ်သွေးလို့ လူသိများပါတယ်၊ နှလုံးကညှစ်ပြီးပြန်လျော့ရပါတယ် အဲဒီမှာ သွေးကြောထဲမှာဖိအားအနည်းဆုံးဖြစ်တာကို Diastolic BP လို့ခေါ်တဲ့ အောက်သွေးပါ။ စတဲ့အပေါ်သွေးနဲ့ အောက်သွေး အနေအထားဟာပုံမှန်ဖြစ်နေမှ နှလုံးသွေးကြောတွေဟာ ကျန်းမာပြီးအန္တရာယ်ကင်းမှာဖြစ်ပါတယ်၊ သွေးတိုးရောဂါ (Hypertension) ဆိုတာ ရှိသင့်တာထက်ပိုနေတဲ့ […]


ခင္ခJuly 24, 20121min025
အခုလိုရာသီမှာ တညင်းသီးပြုတ်တွေရောင်းကြတာများသလို စားတဲ့သူတွေလည်းမနည်း ရှိကြပါတယ်၊ ဒါပေမယ့် အဲဒီတညင်းသီးဟာ ကျန်းမာရေးကို အကျိုးဖြစ်စေဖို့ထက် အဆိပ်သင့်အစာလို့ခေါ်ရလောက်အောင် ဆိုးကျိုးတွေရှိတဲ့အကြောင်း ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲက ကောက်နုတ်တင်ပြပါရစေ။ တညင်းသီးဟာ အဆိပ်တက်တဲ့အစာတစ်ခုဖြစ်ပါတယ်၊ သူအထဲမှာ Djenkolic acid လို့ခေါ်တဲ့အဆိပ်ပါဝင်ပြီး ကျောက်ကပ်ကိုပျက်စီးစေပါတယ်၊ အဲဒီအဆိပ်ရဲ့ မော်လီကျူးတွေဟာ အပ်ချောင်းပုံလေးတွေဟာ ပုတီးကိုသီထားတဲ့ပုံဖြစ်ပါတယ်၊ ကျောက်ကပ်ဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယိထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့နေရာဖြစ်ပါတယ်၊ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့  Djenkolic acid အဆိပ်တွေဟာ သွေးထဲကိုအရင် ရောက်ပါတယ် ၊ပြီးမှ အသည်းကို ရောက်ပါတယ်၊ အဆိပ်တွေဝင်လာရင် ပြယ်အောင်လုပ်ပေးတာ အသည်းကဖြစ်ပေမဲ့ တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ အသည်းကမဖျက်စီးနိုင်ပါဘူး။  အဲဒီတော့ နောက်ဆုံးကျောက်ကပ်ကနေစွန့်ထုတ်ဖို့ ကြိုးစားပါတယ်၊ ဒါပေမဲ့ ခုန အပ်ချောင်းပုံ အဆိပ်လေးတွေက ကျောက်ကပ်ရဲ့  glomerulus နဲ့ tubule  လို့ခေါ်တဲ့ […]


ခင္ခJuly 23, 20121min09
ပဲ အမျိုးအစားများစွာရှိပါတယ်၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကလည်း လူ့ကျန်းမာရေးကို အထောက်အကူပြုပါတယ်၊ အဲဒီထဲမှက ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲမှာတွေ့တဲ့ ပဲနှင့်အစေ့အချို့မှ ကျန်းမာရေးကိုဘယ်လို အကျိုးဖြစ်စေလဲဆိုတာ ဗဟုသုတအဖြစ်ဝေဌရေးသားပေးပါရစေ။ ပဲတီစိမ်း – ကိုယ်တွင်းအပူအပုပ်ရှင်းထုတ်ပေး၊ ဆီရွှင်ပြီး အဖောအရောင်ကျစေတယ်၊ နေပူလျှပ်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ သက်သာစေတယ်၊ အသားအရေနဲ့ အတွင်းကလီစာတွေကို ရွှမ်းစိုစေတယ်၊ သရက်ရွက်ကိုအားပေးတယ်၊ သွေးရည်ထဲ ကိုလက်စထရောနဲ့ အဆီဓာတ်တွေစုပုံတာကို ရှင်းထုတ်ပေးနိုင်လို့ နှလုံးနဲ့ သွေးကြောရောဂါများ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ပဲနီလေး – ကျောက်ရောဂါ၊ နှလုံးရောဂါနဲ့ ရေဖျဉ်းစွဲရောဂါတွေကို သက်သာစေတယ်၊ ပဲနီလေးမှအစာအမျှင်ဓာတ်ကြွယ်ဝစွာပါလို့ ဝမ်းမှန်စေတယ်၊ သွေးတွင်းကအဆီဓာတ်နဲ့ အချိုဓာတ်ထိန်းပေးတယ်၊ သွေးတိုးကျစေတယ်၊ ကိုယ်တွင်းအဆိပ်အပုပ်များရှင်းထုတ်ပေးပြီး ကင်ဆာရောဂါ ကာကွယ်ပေးတယ်၊ အဆီချပိန်ကျစွမ်းရှိတယ်၊ ပဲနီလေး အစားများရင် ကိုယ်တွင်းအပူကြီးတတ်လို့ သင့်တင့်စွာသာ စားသင့်ပါတယ်။ ပဲပုပ်ပဲ – သွေးထဲကအဆီကိုထိန်းညှိခြင်း၊ […]


ခင္ခJuly 21, 20121min05
လူသားတိုင်း အဖေ အမေ ဆိုတဲ့မိဘရှိကြပါတယ်၊ အိမ်ထောင်စုတစ်ခုမှာ မိဘစုံစွာနဲ့ သားသမီးတွေဘဝကိုဖြတ်သန်းကြတာရှိသလို အဖေနဲ့ဘဲကြီးပြင်းခဲ့ ရတာတွေ အမေနဲ့ဘဲကြီးပြင်းခဲ့ရတာတွေ အဖေရောအမေရောမရှိဘဲ ရုန်းကန်ရတာတွေရှိကြပေမယ့် မိမိကိုလူလောကကြီးရောက်ဖို့ အတွက်တော့ အဖေ၊အမေဆိုတဲ့ မိဘရှိကြပါတယ်၊ ဖခင်ဖြစ်တဲ့ အဖေတွေဟာ ယောက်ျားသားတွေဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေးကို အိမ်ပြင်ပတွင် တာဝန်ယူလုပ်ကိုင်ရှာဖွေကြရတာ သဘာဝအရ ရှိကြသည့်အတွက် သားသမီးတွေဟာ မိခင်ဖြစ်တဲ့အမေတွေနဲ့ အနေများကြရတာပါ၊ သို့သော် အဖေတွေ ဘာလုပ်တယ် ဘယ်လိုနေတယ် ဘယ်အတန်း အစားဆိုတဲ့ အဖေရဲ့လုပ်ရပ်တွေအားလုံးမဟုတ်တောင် ရာခိုင်နှုန်းအတော်များများသည် သား၊သမီးတွေအပေါ်မှာ အရိပ်သဖွယ်ရှိနေတတ်တယ် ဆိုတာ ပြောချင်တာပါ၊ အဖေတစ်ယောက်က အချိန်ပြည့်အရက်မူးနေပြီး အရပ်ထဲသောင်းကျန်းဆိုးပေနေတဲ့ သားသမီးတွေရဲ့ မျက်နှာလေးတွေဟာ ရွှင်ပြနေဖို့ နေနေသာသာ မျက်နှာခက်ထန်ခြင်း၊ အလိုမကျခြင်း၊ ရှက်စိတ်လွှမ်းခြင်း၊ အားတုံအားနာဖြစ်နေခြင်း၊ စိတ်အားငယ်ခြင်းတိုနဲ့ သာရှိနေတတ်ကြပါတယ်၊ ကိုယ်ညက မူးပြီးအရပ်ထဲဆဲဆိုသောင်းကြမ်းထားတဲ့အဖေရဲ့ သမီးတစ်ယောက် […]


ခင္ခJuly 20, 20121min08
တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း မှာ တပ်မတော်(စစ်တပ်)ဆိုတာရှိကြပါတယ်။ အဲဒီတပ်မတော်ထဲဝင်ရောက် တာဝန်ထမ်းဆောင်ကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စသည့် စစ်သည်တွေအားလုံးဟာ တိုင်းပြည်အတွက်အရေးကြုံလာတဲ့အခါ မိမိအသက်ကို ပဓာနမထားကြဘဲ အသက်ကိုစွန့်လွှတ်စွန်စား တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေဖြစ်ကြမှာပါ၊ အဲဒီလို မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက်စွန့်လွှတ်စွန့်စားသည် စစ်သည် သူရဲကောင်းတွေကို တိုင်းပြည်ကအသိမှတ်ပြုချီးကျူးကြတာကိုလည်း သတင်းတွေ၊ မီဒီယာတွေနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာ တွေ့မြင်ကြပါလိမ့်မယ် ထင်ပါတယ်။ အခုဟာက ဖော်ပြခဲ့တဲ့ စစ်သည်တွေတော့မဟုတ်ပါဘူး မိမိအသက်ကိုပဓာနမထားကြသူတွေကတော့ မန္တလေးမှာ ယာဉ်စည်းကမ်းမလိုက်နာဘဲ ဆိုင်ကယ်စီးရင် ဆိ်ုင်ကယ်စီးဦးထုပ်မဆောင်းဘဲ သွားလာကြသူများဖြစ်ပါတယ်၊ များသောအားဖြင့် လူငယ်လူရွယ်တွေများသလို တစ်ခါတရံလူကြီးပိုင်းတွေပါ တွေ့ရတတ်ပါတယ်၊ ကျွန်တော်တော့ ဘယ်လိုမှစဉ်းစားမရဘူး၊ မတော်တဆဆိုတာ ကြိုတင်ဖုန်းဆက် အကြောင်းကြားပြီးမှ တွေ့ရတဲ့ကိစ္စမဟုတ်ဘူးလေ၊ မနေ့က ကိစ္စရှိလိုညနေခင်းလောက် မြို့ထဲကားနဲ့ရောက်လာရင်လှမ်းတွေ့လိုက်ရတဲ့ မြင်ကွင်းက  ၇၃လမ်း […]


ခင္ခJuly 20, 20121min06
ဇူလိုင်လ ၁၉ ရက်နေ့  မနေ့ကမနက် ၈ နာရီလောက် မြန်မာ့ရုပ်မြင်သံကြားဖွင့်ကြည့်တော့ ၆၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ရန်ကုန်မြီု့ အာဇာနည်ဗိမ္မာန်ကနေ တိုက်ရိုက်ထုတ်လွင့်တာကို ကျွန်တော့်သက်တမ်းတလျောက်မှာ ပထမဆုံးတွေ့မြင်ခဲ့လိုက်ရပါတယ်။ မြန်မာနိုင်ငံခေတ်အဆက်ဆက် ညပိုင်းသတင်းကျမှသာ အာဇာနည်နေ့ကျင်းပပုံကိုစောင့်ကြည့်ခဲ့ရတာ အခုတော့ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်တွေ့ရပြီပေါ့၊ နောက်နှစ်တွေလည်း အခုလိုမျိုးအဓွန့်ရှည်စေကြောင်းဆန္ဒဖြစ်မိပါတယ်။ လောကမှာ ဖခင်ဆိုတာ အဆင်မပြေတဲ့အကြောင်းတစ်စုံတစ်ကြောင့် မေ့ထားချင်တယ်၊ စကားထဲ ထဲ့မပြောချင်ပေမယ့် အရွယ်ရောက်လို့ကျောင်းစတက်ရင် ကျောင်းပုံစံမှာ အဖအမည် ဘယ်သူလဲမေးခံရမယ် ဖြည့်ရမယ်၊ ဒီလိုဘဲ နိုင်ငံသားဖြစ်ကြောင်းမှတ်ပုံတင်လုပ်မယ် အဖအမည် ဘယ်သူလဲ မေးကြပြန်ရော၊ ကိစ္စရပ်တစ်ကြောင့် အမှု့အခင်းဖြစ်တယ် အဖ ဦး————၏သား/သမီး အမည် ဦး/ဒေါ်/ကို/မောင်/မ——–လို့ခေါ်ဝေါ်ဆိုကြပြန်ရော၊ အရပ်ထဲ မင်းဘယ့်သူ့သားလဲလို့ မေးရင် ဖခင်ဘယ်သူလည်းလို့ရည်ရွယ်မေးကြတာများပါတယ်၊ ဆိုလိုတာက ဖခင်ဟူသည် ပြစ်ပယ်၍ရကောင်းတာမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးလို့ ကဗျည်းတင် […]