အောက်ကစာကို အီးမေးလ်နဲ့ရထားလို့ တင်ပေးတာပါ။ အင်္ဂလိပ်လိုဆိုတော့ ဘိုလိုဖတ်ကြပေါ့နော..။ အီးမေးလ်နဲ့လက်ခံရထားတဲ့ အဖေရေးတာရော သမီးငယ်တွေရေးတာပါ တင်ပေးလိုက်ပါတယ်။သား၊သမီးတွေက ယူအက်စ်မှာမွေးကြတာဖြစ်ပေမဲ့ မြန်မာကဗျာကိုတောင် ပြီးခဲ့တဲ့နှစ်က အယ်လ်အေလာတုံး အလွတ်ရွတ်ပြသွားနိုင်ကြတာပါ။အခုလောက်ဆို ပါဌိလိုများဖတ်နေကြပြီလားတော့မသိ…။ အခုလည်း ၁၃နှစ်သမီးက ၁၃မိုင်ပြေးပြမယ် ဆိုပါတယ်။ အဲ..မနှစ်ကလည်း ပြေးတာပါပဲ။ မန္တလေးဂေဇကထဲတောင် သတင်းထည့်ပေးဖူးပါတယ်။ ဓါတ်ပုံက သမီးငယ်ဟန်စုယဉ်ရဲ့ မနှစ်ကပုံပါ။ သူ့အသက်ကလေးနဲ့ ပြေးလို့ လူတွေဝိုင်းဆုချလှူတန်းကြတဲ့ငွေကို အားလုံးပြန်လှူမှာဖြစ်ပါသတဲ့။ စာမှာဖတ်ရတဲ့အတိုင်းဆိုရင် မြန်မာပြည်က ပြောင်းခိုသူ ( Refugee)တွေကို လှူမှာလည်းပါပါတယ်။ ဆိုတော့…ကျုပ်တော့ အသက်ကြီးမှ ၁၃မိုင်လည်း မပြေးနိုင်တော့ပါဘူး။ အဲဒီလိုနဲ့ ရံပုံငွေလည်း မရှာနိုင်ပါဘူး။ သူများတွေလှူဖို့ပဲ (မီဒီယာလုပ်နေတဲ့သူဖြစ်တာမို )့တိုက်တွန်းရင်း ရွာဆော်ကြီးလုပ်လိုက်ရပါတယ်။ ကဲ..ပြေးမလား..လှူမလား… Dear Friends, My there children will be […]
