မင်းသားမင်းသမီးမတက်ရောက်နိုင်တဲ့ အမေရိကရဲ့ မြန်မာ့ရုပ်ရှင်ပွဲတော်

kaiJuly 14, 20101min02
Myanmar Film Festival Poster

အောက်မှာ အီလဲဗန်းမီဒီယာက သတင်းဖေါ်ပြထားပါတယ်။
အဲဒီသတင်းနဲ့ဆက်စပ်ပြီး နည်းနည်းလေကန်ဝေဖန်မလို့ပါ။

မြန်မာရုပ်ရှင်ပွဲတော်(Myanmar Film Festival)ကကျင်းပလာတာ ၃နှစ်(၃ကြိမ်)ရှိပြီဆိုပါတော့။ အကယ်ဒမီချိုပြုံး၊ ဒါရိုက်တာမီးပွား တို့ ပြီးခဲ့တဲ့နှစ်တွေကလာခဲ့တာပါ။ ဒီနှစ်တော့ ဘယ်သူလာမလည်း လေရောင်ပိတ်ကားပေါ်ကြည့်ရမှာပါပဲ။ လေရောင် ဆိုတာက ဘာမှမရှိတာမို ့အရာမထင်ဘူးလည်း ဆိုချင်ဆိုပေါ့။ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်ကအမေရိကသံရုံးက ခပ်ကြမ်းကြမ်းလေး ဗီဇာတွေပေးပြီး။ ခပ်ကြမ်းကြမ်းလေး ဆွဲပြန်ကိုင်နေလို့ပါ။

ဟုတ်မှာပေါ့။ (Tourist Visa)နဲ့ဝင်လာ အမေရိကတခွင်လှည့်လည်စဉ်လုပ်ပြီး အင်တာတိန်းတွေလုပ်ကြတာမို ့အမေရိကအစိုးရငွေရမဲ့ P1 Entertainment Visa လျှောက်ပြီးမှလာရင် အစိုးရ အခွန်ငွေပိုရတဲ့အပြင် အမေရိကမြေပေါ်က ဝင်ငွေအခွန်ကိစ္စဘာဘာညာညာတွေလည်း အတိအကျ စာရင်းပေါက်မှာမို ့ဖြစ်မယ်ထင်တာပါပဲ။Tourist Visaထက်စာရင် Entertainment Visaကငွေသိသိသာသာပိုကုန်ပြီး အချိန်လည်း ကြာတာမို ့ပါ။
ဒါပေမဲ့ ပွဲသွင်းတယ်ဆိုတာကလည်း နာမယ်ကြီးသလောက် ငွေကျန်တဲ့အလုပ် မဟုတ်တာမို ့ ဗီဇာကြေးနည်းနည်းပိုပေးရရင်ပဲ ပွဲလုပ်ရသူတွေခမြာ အသက်တွေအောင့်ထားရတာကလည်း အမှန်..။ တကယ်က မြန်မာပြည်ကအနုပညာရှင်တွေလည်း ငွေမကုန်ပဲ လည်လည်သွားရ၊ ခေါ်တဲ့သူတွေလည်း အလုပ်ပျက်ချိန်တွေအတွက် ငွေလည်းကျန်ပျော်လည်းပျော်ရတာမို ့လုပ်နေကြတာပါ။ အမေရိကန်တွေက မြန်မာအနုပညာရှင်တွေကို ဟောလိဝုဒ်ကလူတွေလို သိန်း-သန်းချီရနေတယ်များ ထင်နေသလားတော့ မသိပါခင်ဗျား။ မြန်မာအနုပညာရှင်တွေခမြာမလည်း ယူအက်စ်လာကာမှ မြန်မာပြည်တွင်းရှာတာလောက်တောင် ဝင်ငွေမရှိပဲ ဖြစ်နေတယ်ဆိုတာ သံရုံးကလူတွေ မသိကြလေသလား…

အဲ…လိုရင်းပြန်ဆက်ရရင်..။
တတိယအကြိမ်မြန်မာရုပ်ရှင်ပွဲတော်ကို လုပ်နေတဲ့အသင်းက အန်ပီအို တခုပါပဲ။
( NetMAA)ဖြစ်ပါတယ်။ သူတို့ဝက်ဘ်ဆိုက်က ( www.NetMAA.org)ဖြစ်ပြီး အဲဒီမှာလည်း တင်ထားတာတွေသွားကြည့်နိုင်ပါတယ်။
မြန်မာ့ရုပ်ရှင်ပွဲတော်မှာ ပြမှာက ၂ကားပါ။ ဖလိုင်ယာရထားတာမို ့အဲဒီမှာ သေချာကြည့်နိုင်ပါတယ်။ ဘယ်သူက ဘာလို့ကျန်သွားသလဲတော့ မမေးနဲ့နော..။
အဲဒီပွဲ အမေရိကန်တွေလည်း လာကြည့်ကြမှာမို ့Mနိုးတော့ တော်တော်ပြောရမယ်ထင်ပါတယ်။ ရုပ်ရှင်ပွဲတော်ဆိုတာမှာ တကယ်က ဒါရိုက်တာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားမင်းသမီးတို့က အပြင်ထွက်ရှင်းပြကြရတာမဟုတ်လား..။
ဒါပေမဲ့ သူ(Mနိုး)က ယူအက်စ်မှာ ရုပ်ရှင်နဲ့ပါတ်သက်ပြီး ကျောင်းပြီးထားတာမို ့အိုကေမယ်ထင်တာပါပဲ။ ဘယ်လောက်လုပ်ထားသလဲဆိုတော့ အထဲကမင်းသားမင်းသမီးအကျီ င်္တောင် ဟိုဟိုဒီဒီ ဘရန်းဒ်နိမ်းတွေ။ ဒီဇိုင်နာအကျီ ်တွေမသုံးထားတာပါတဲ့။ မူပိုင်ခွင့် အဲဒီလောက်တောင် အလေးထားရပါတယ်..။

ရွှေပွဲလာတွေရဲ့မှတ်ချက်တွေနဲ့ အခြေအနေကောင်းတယ်ထင်ရင် အမေရိကရုပ်ရှင်ပွဲတော်တွေ တက်သွားနိုင်တာမို ့ တကယ်ကောင်းရင် ၊တကယ်လွတ်ရင်၊ တကယ်ဆုရဖို့လည်း လမ်းကြောင်းမှန်တဲ့လုပ်ရပ်လို့ဆိုချင်ပါတယ်။

အဲဒီလိုနဲ့ မြန်မာရုပ်ရှင်ကားတွေ …ဟီးဟီးဟားဟား ကလိထိုးရယ်၊ တိုင်ပါတ်မူး၊ ဆင်းရဲသား ဒီဇိုင်နာပစ်စည်းဝတ် တာတွေလျှော့ပြီး…အရည်အသွေးတိုးတက်လာတာ မြင်ရမယ်လို့ မျှော်လင့်မိပါတယ်။

စောင့်ကြည့်ကြသေးတာပေါ့နော..။

===

‘ပုံပြင်ဟောင်း’ဇာတ်ကားကို အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် Myanmar Film Festival တွင်ပြသမည်

‘ပုံပြင်ဟောင်း’ ဇာတ်ကားအား အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် Myanmar Film Festival တွင် ဩဂုတ်လ ၁၅ ရက်နေ့၌ ပြသရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ယင်းဇာတ်ကားအား ရိုက်ကူးသည့် မြန်မာလူငယ်ဒါရိုက်တာ Mနိုး ဦးဆောင်၍ ပြသရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

”ကျွန်တော်ပါဝင်ထားတဲ့ ပုံပြင်ဟောင်းဆိုတဲ့ ဇာတ်ကားလေးကို အမေရိကန်နိုင်ငံက Myanmar Film Festival မှာ သွားပြီးပြသမှာပါ။ အဲဒီမှာအရင်တုန်းက ကျန်စစ်မင်းရုပ်ရှင် ဇာတ်ကားနဲ့ ကြိုးတန်း ရုပ်ရှင်ဇာတ်ကားတို့လည်း သွားရောက်ပြသခဲ့ဖူး ပါတယ်။ ဒါကြောင့် ကျွန်တော့်ကား လေးကို သွားရောက်ပြသခွင့်ရတဲ့အခါ အရမ်းပဲဝမ်းသာဂုဏ်ယူပါတယ်။ ဒီကားရဲ့ဇာတ်လမ်းလေးက ဆန်းသလို ကျွန်တော်လည်း ထူးထူးခြားခြားဇာတ်ကောင်စရိုက်လေးနဲ့ ပါဝင်ထားပါတယ်။ အဲဒီမှာပြသပြီးရင်တော့ ပြည်တွင်း မှာပြသသွားမှာပါ”ဟု သရုပ်ဆောင် ကျော်ကျော်ဗိုကပြောပြခဲ့သည်။

‘ပုံပြင်ဟောင်း’ ဇာတ်ကားတွင် ချစ်သူနှင့်ခွဲခွာရသောကြောင့် စိတ်ထိခိုက်ခံစားနေရသူ မိန်းကလေးတစ်ဦး နှင့် လူငယ် စာရေးဆရာလေးတစ်ဦး တို့ဆုံစည်းကြရာမှ တစ်ဦးကိုတစ်ဦး နှစ်သိမ့်အားပေးရင်း စာရေးဆရာ လူငယ်လေးက မိန်းကလေးအား ချစ်မြတ်နိုးမိလာသည့်အခါ မိန်းကလေး အားထားရစ်ခဲ့သည့်ချစ်သူမှာ ပြန်လည် ပေါ်ပေါက်လာသည့်အခါ ကြုံ တွေ့ရသည့်ဖြစ်ရပ်များကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်း ဇာတ်ကားသည် အမေရိကန်နိုင်ငံ တက္ကသိုလ်တွင် ဒါရိုက်တာသင်တန်း တက်ရောက်သင်ကြားလျက်ရှိသည့် မြန်မာလူငယ်ဒါရိုက်တာ Mနိုး၏ ဇာတ်လမ်းဇာတ်ညွှန်းနှင့် ရိုက်ကူးမှု ဖြစ်ပြီး ကျော်ကျော်ဗို၊ မိုးဟေကို၊ မေ တို့ အဓိကပါဝင်ထားသည်ဟု သိရှိရသည်။

Myanmar Film Festival တွင် ‘ပုံပြင်ဟောင်း’ဇာတ်ကားပြသရာ၌ အမေရိကန်နိုင်ငံရောက် မြန်မာ ပရိသတ်များအပြင် Mနိုးနှင့် အတူ တွဲဖက်ပညာသင်ကြားခဲ့သည့် တက္ကသိုလ်မှ ကျောင်းသူကျောင်းသား များအားလည်း ဖိတ်ကြားပြသသွားရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံမှ ကျော်ကျော်ဗိုနှင့် မိုးဟေကို တို့ တက်ရောက်ရန် မူလက ဖိတ်ကြားထားခဲ့သော်လည်း မိုးဟေကိုမှာမူ မတက်ရောက်ဖြစ်ဘဲ ကျော်ကျော်ဗို သည်လည်း တက်ရောက်ရန် မသေချာသေးကြောင်း သိရပါသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=3770:—myanmar-film-festival-&catid=61:local&Itemid=133

News Credit: Eleven Media Group

2 comments

  • etone

    July 14, 2010 at 10:22 am

    မိုးဟေကိုက အမေမပါလို့မသွားဖူးဆိုလားပဲ 😀

    Reply

  • kopauk mandalay

    July 14, 2010 at 12:08 pm

    ဘာခုမှကြောက်ပါပြီလဲလို့ဆိုတဲ့ သီချင်းလေးကို သွားသတိရလိုက်တာနော်

    Reply

Leave a Reply

Your email address will not be published.