ကျန်းမာရေး၊ ပညာရေးနှင့် ဓနဥစ္စာ (၂၀၀၁) ခုနှစ်မှာ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကျန်းမာရေးနဲ့ ဓနဥစ္စာကြွယ်ဝမှုကြားမှာ ဆက်စပ်နေတဲ့ အကြောင်းအကျိုးတရား (causal effects)များ ရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တကယ်တော့ ကျန်းမာရေးဟာ လာဘ်ကြီးတပါးဆိုသလိုပဲ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သလို၊ စီးပွားရေးတိုးတက်မှုကနေတဆင့်လဲ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ ဒီအချက်နှစ်ချက်ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အကြောင်းတရားနှစ်ခုဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ အမှီသဟဲ ပြုနေကြပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ဆုတ်ယုတ်ပျက်စီးနေတဲ့ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုမှ တိုးတက်အောင် မလုပ်နိုင်သလို အကျိုးဆက်အဖြစ် ပိုမိုဆိုးဝါးတဲ့ ယိုယွင်းပျက်စီးမှုကိုသာ ဦးတည်သွားမှာဖြစ်ပါတယ်။ လူတဦးချင်းအနေနဲ့ ကြည့်မယ်ဆိုရင်လဲ ဝင်ငွေများပြားမှုဟာ အစားအစာပြည့်စုံမှု၊ နေအိမ် အဆောက်အအုံကောင်းမွန်မှုနဲ့ ရောဂါမဖြစ်ခင် ကြိုတင်တားဆီးနိုင်မှုအပါအဝင် preventive […]
