kaiApril 17, 20141min014
၁၃၇၅ကုန်လို့.. ၁၃၇၆ ရောက်ပါပြီဗျို့..။ မင်္ဂလာရှိကြပါစေဗျို့…။ ကျမ်းမာချမ်းသာကြပါစေဗျို့..။


kaiApril 12, 20141min011
ပုရိသနှင့်ဣတ္ထိယ လောကတွင်အဖို၊အမဟူ၍လိင်အရခွဲခြင်း၂မျိုးရှိသည်။ တိရိစ္ဆာန်များတွင်တော့ တီကောင်ကဲ့သို့လိင်အင်္ဂါ၂မျိုးတွဲနေသောသတ္တဝါတချို့ရှိသည်ဖတ်ဖူးပါသည်။ သတ္တဝါတခုတွင် ကျားမလိင်တွဲရှိနေပါလျှင် တိုးတက်ရာ၊စိတ်လှုပ်ရှားစရာ အားပြိုင်ညှိခြင်းရှိမည်မဟုတ်ပေ၊ လူသားတွင်  မိန်းမအင်္ဂါ၊ ယောကျင်္ားအင်္ဂါမပါသူကို “နပုန်းပဏ္ဍုတ်”ခေါ်၍ ၂မျိုးလုံးပါသူကို “ဥဘတောဗျည်း”ဟုခေါ်လေသည်။ ကျားနှင့်မ ၂မျိုးသာရှိသည်တွင် လူ့သမိုင်းယဉ်ကျေးမှုတလျှောက်ကျားနှင့်မကိုခွဲခြားဆက်ဆံခြင်း ဖိနှိပ်ချုပ်ချယ်ခြင်းခေတ်များရှိခဲ့ဖူးသည်။ ရှိနေဆဲဟုလည်းဆိုနိုင်သည်။ ရောမခေတ်တွင် စစ်ထွက်ယောကျာ်းများသည် မိန်းမများကိုခွဲခြားဆက်ဆံကြသည်ဟု ဖတ်ဖူးသည်။ ကလေးမွေးပေးနိုင်သောသတ္တဝါတရပ်အထိပင်စံထားသူများလည်းရှိပေသည်။ ထို့ကြောင့် ယောကျာ်းအချင်းချင်း လိင်ဆက်ဆံခြင်းထွန်းကားဟန်ရှိကာ ကျွန်မင်းစပါတာကတ်နှင့်စစ်မင်းအလက်ဇန္ဒားတို့၏ဘဝမှတ်တမ်းများက ဤအချက်ကို မီးမောင်းထိုးပြသည်ဟုဆိုချင်သည်။ ထိုခေတ်၏”ဂေး”ဟူသည် ယခုခေတ်နှင့်တွေးမြင်စဉ်းစားပုံ လုံးဝခြားနားမည်ဟုယုံကြည်မိပါ၏။ ထိုမှသည်.. ဒုတိယကမ္ဘာစစ်ကြီးက စစ်ထဲသွားနေသောယောကျာ်းတို့၏အလုပ်နေရာများကို မိန်းမတို့လုပ်ဖြစ်သွားရန်အတွက်တွန်းပို့ခဲ့သည်။ စစ်ကြီးပြီးခေတ်တွင်တော့ စစ်ကြောင့်လျှော့သွားကျသွားသော ကျားများနေရာအတွက် အစားထိုးဖြည့်ရန်  ကျားကလေးငယ်အများစုသာ မွေးထုတ်ပေးရသော မိခင်များအဖြစ်ရောက်စေခဲ့သည်။ မိခင်များကြောင့်ပင် အမျိုးသားတို့ဤဒွန္နယာ၌ဖြစ်တည်ရှိကြသည်မဟုတ်ပါလော။ ဘာသာရေး ကမ္ဘာ့ဘာသာကြီး၄ရပ်၏ ဥသျှောင်များတွင် ပုရိသများကိုသိပ်သည်းလျှက်တွေ့ရပေသည်။ ဘာသာကြီးတို့တည်ထောင်ရာ အစမူလနှစ်များတွင် စစ်နှင့်သူ၏ပဋိပက္ခများဖြင့်သာ ကစားရပေရာ  အင်အားသုံးနိုင်သည့် […]


kaiApril 10, 20141min020
နာဂရီအက္ခရာ (သက္ကတဘာသာ)၊ ကဒံဗအက္ခရာ (ပါဠိဘာသာ)၊ ပျူအက္ခရာ (ပျူဘာသာ)၊ မွန်အက္ခရာ (မွန်ဘာသာ)စတဲ့ ဘာသာလေးမျိုးနဲ့ ရေးသားထားတဲ့ ပေတောကျောင်းတိုက်အတွင်းမှာ တွေ့ရှိရတဲ့ ကျောက်စာနဲ့ ပတ်သက်တဲ့ ဖိုရမ်ကို (၂၀၁၄)ခုနှစ် ဧပြီ(၇)ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖိုရမ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းဆွေက တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ဖိုရမ်ကို တက်ရောက်လာတဲ့ ပညာရှင်များက ကျောက်စာပါ အက္ခရာတွေကို ဖလှယ်ကာ ဘာသာပြန်ဆိုမှုတွေကို အခြားကျောက်စာတွေနဲ့ နှိုင်းယှဉ်ရှင်းလင်းခြင်း၊ ပျူကျောက်စာမျက်နှာကို ဖတ်ရှုလေ့လာ ဘာသာပြန်ဆိုခြင်း၊ ပေတောကျောင်း ကျောက်စာရဲ့ တောင်ဘက်မျက်နှာ အက္ခရာပုံ လေ့လာချက်တွေကို ရှင်းလင်းခြင်း စတာတွေကို ပညာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဖိုရမ်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ […]


kaiMarch 12, 20141min010
ဖေ့ဘုတ်မှ စာများကို ကူးယူပါသည်။ သမိုင်းမှတ်တမ်းကျန်ရစ်အောင်ပါ..။ မတ်လ မော်ကွန်း ၁၉၈၈ ခု မတ်လ (၁၃)ရက်နေ့တွင် အာဏာရှင်တို့၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသား ဖုန်းမော် ကျဆုံးခဲ့သည်။ ပဉ္စမနှစ် ကျောင်းသား စိုးနိုင်သည် ဒဏ်ရာဒဏ်ချက်များ ကြောင့် ဧပြီလ (၅)ရက်နေ့တွင် ကျဆုံးခဲ့ပြန်သည်။ သတင်းကြေညာချက်များ၌ ဖုန်းမော်သည် ခိုက်ရန်ဖြစ်ပွားမှုမှ ရရှိသော ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က အာဏာရှင် အစိုးရသည် သတင်းအမှောင်ချ၍ သတင်းမှားကို ဖြန့် ဝေခြင်း ၊ သမိုင်းအချက်အလက်များအား တိမ်းစောင်းစေခြင်း စသည် တို့ကို ပြုလုပ်လေ့ရှိသည်။ တကယ်တမ်းပြောရမည်ဆိုလျှင်၊ စက်မှုတက္ကသိုလ်မှ အာဇာနည်ကျောင်းသား ဖုန်းမော် နှင့် စိုးနိုင် တို့ စစ်အာဏာရှင် အစိုးရ၏ […]


kaiMarch 11, 20141min016
သားသတ်လွတ်၊ သက်သတ်လွတ်၊သတ်သတ်လွတ်။ သားသက်လွတ် မည်သို့ဆိုကြစေ၊ အသက်ရှိသည့်သတ္တဝါ၏အသားမှလွတ်ကင်းရမည်ဟုဆိုလိုရင်းဖြစ်ပါသည်။ သတ္တဝါ၏အသားမစားရန်ဖြစ်၏။ အချို့မှာ ဥ၊နို့ထွက်ပစ္စည်းများကိုစားသုံးနိုင်ပါသည်။ အချို့မှာ ကြက်ဥမစားရ၊ အချို့မှာမူ နို့ထွက်ပစ္စည်းများမျှမသုံးဆောင်ရပေ။ အချို့မှာ တိရိစ္ဆာန်ထွက်ပစ္စည်းများကိုထိစပ်သုံးစွဲခြင်းမပြုရပေ။ ထိုမှသည် ပညတ်မီးလွတ်၊ ဝစီပိတ်တို့ကျင့်ကုန်သည်အထိသည်လည်းရှိ၏။ ဘယ်ကစ မြန်မာတို့၏ယဉ်ကျေးမှုဓလေ့သည် အိနိ္ဒယမှဗုဒ္ဓဘာသာကိုအခြေခံသော ယဉ်ကျေးမှုဖြစ်ရကား ဗုဒ္ဓတရားတော်လာစာများ အသိအတွေ့များမှကောက်သည်ဆိုနိုင်ပါသည်။ ဗုဒ္ဓမပွင့်ခင်ကတည်းက ဟိန္ဒူသာသာနာရှိပြီးဖြစ်ကာ ဗြဟ္မဏအယူရှိသူအချို့မှာ အသားမစား၊ မီးလွတ်သမားများရှိသည်ဟုဖတ်ဖူးသည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင်လောက်တွင် ဂျိန်းသာသနာလည်းရှိပြီးဖြစ်၍ ဂျိန်းဘာသာဝင်တို့သည် ဥမစား နို့နှင့်ထွက်ကုန်မစား ကြက်သွန်ဖြူနီကိုမျှပင်မစားသော ဟင်းသီးရွက်စားသမားများလည်းဖြစ်ကြကုန်၏။ မြန်မာတို့၏သက်သတ်လွတ်မှာမူ နို့၊ဥအပါအဝင်တိရိစ္ဆာန်ထွက်ပစ္စည်းမစားပေ၊ သို့သော် တိရိစ္ဆာန်ထွက်သုံးကုန်များကိုမူထိတွေ့အသုံးပြုကြနိုင်လေသည်။ နတ်ကိုးကွယ်မှုကိုယူ၍ ဝက်သားသာလျှင်မစားသည့်သူများရှိသလို ဟိန္ဒူအယူကိုယူပြီး အမဲသားသာလျှင်ရှောင်သည့်ပုဂ္ဂိုလ်များလည်း များနေလေသည်။ ဒေဝဒတ် ဒေဝဒတ်။ ။ “ရဟန်းအားလုံး သက်ထက်ဆုံး သက်သတ်လွတ်သာ စားကြပါစေ၊ ငါး၊ အမဲကိုစားသော ရဟန်းအား အပြစ်ရောက်ပါစေ။” […]


kaiMarch 3, 20141min043
ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးဖောက်လုပ်ရန် ဒေါ်လာနှစ်ဘီလျံ အတိုးဖြင့်ချေးမည်ဟု တရုတ်က မက်လုံးပေး ကမ်းလှမ်း၊ ဦးစားပေး ဖောက်လုပ်မည့် လမ်းပိုင်းများကိုပင် တရုတ်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ သဘောတူသတ်မှတ်ပြီး ဖြစ်ကြောင်းသိရ.. = Ellen DeGeneres tweeted this pic on twitter and people has been retweeted almost two millions around the world now. This pic proved that they all are down to earth people as same as like their fans despite of their […]


kaiFebruary 19, 20141min016
ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ တူမောင်ညို (၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရ ရက် )   မတရားမှုနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုမှန်သမျှကို သမ္မတပဲဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ် ဖြစ်၊ ကာချုပ်ပဲဖြစ်ဖြစ်၊ ခေါင်းပေါင်း ပေါင်းထားတဲ့ပြည်ထောင်စုဝန်ကြီးက ကျူးလွန်တာပဲဖြစ်ဖြစ်၊ ယူနီဖောင်းဝတ်ထားတဲ့ စစ်ဗိုလ်စစ် သား၊ ရဲဗိုလ်ရဲသားက ကျူးလွန်းတာပဲဖြစ်ဖြစ်၊ သင်္ကန်းခြုံထားတဲ့သူက ကျူးလွန်တာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြရပါလိမ့် မယ်။ စွမ်းအားရှင်ပြည်ထောင်စုဝန်ကြီးက ရိုင်းစိုင်းရမ်းကားပြီးတဲ့နောက် သင်္ကန်းဝတ်စွမ်းအားရှင်တွေရဲ့ ခြိမ်းခြောက်ရမ်းကားမှုတွေ အစီအရီပေါ်ပေါက်လာပါတယ်။ ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ ဗိုလ်ရွှေမန်းလွှတ်တော်က  ဒီဖြစ်ရပ်တွေကို အရေးယူဆောင်ရွက်မှုမပြုတဲ့ အပြင် ရိုင်းစိုင်းရမ်းကားသူတွေဘက်ကနေ အကာကွယ်ပေးနေပါတယ်။ သဘောရိုးနဲ့ပြောတာပါတဲ့။ ဒီလိုပြောတာဟာ ရိုင်းစိုင်းရမ်းကား မှုတွေကို အားပေးထောက်ခံတာပါပဲ။ မြောက်ဥက္ကလာမှာ သင်္ကန်းဝတ်စွမ်းအားရှင်တစ်စုက မောင်ကိုနီနဲ့ ကိုမြအေးတို့ကို ခြိမ်းခြောက်အနိုင်ကျင့်ပြီး ပြည်ထောင်စုနေ့ စာပေဟောပြောပွဲမဟောပြောရဘူးဆိုပြီး […]


kaiFebruary 11, 20141min047
ဤကမ္ဘာမြေဝယ် တန်ဖိုးအရှိဆုံးအရာများကိုအလကားရသည်ဟု ရှေးစာတခုကဆိုသည်။ ဥပမာ။ ။ ရေနှင့်လေ..။ မိခင်သဘာဝ၏ တုံ့ပြန်ချက် ၂၀၁၄နှစ်ဆန်းပိုင်းတွင် အမေရိကား၏ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊တောင်ပိုင်းဒေသတို့၌ဆီးနှင်းပွင့်မုန်တိုင်းများအတွဲလိုက်ဝင်ချလာခဲ့ပါသည်။ ဆီးနှင်းထုသည် တပေမှ၁၈လက်မ အထိစံချိန်တင်ကျခဲ့ပြီး ဇန်နဝါရီပထမ၃ပါတ်အတွင်းတွင်ပင် လေယဉ်ခရီးစဉ်ပေါင်း ၃၃၀၀ဝကျော်ဖျက်သိမ်းလိုက်ရကြောင်းနှင့် ၂၀၁၃နှင့်၂၀၁၂ ဇန်နဝါရီ ၂နှစ်ပေါင်းစာထက်များသေးကြောင်း သတင်းများတွင်ဖတ်ရပါသည်။ တချိန်တည်းတွင် အမေရိကား၏ကယ်လီဖိုးနီးယားပြည်နယ်ကား ရာစုနှစ်တခုသမိုင်းစံချိန်တင်သွေ့ခြောက်မှုနှင့်ရင်ဆိုင်နေရကာ ပြည်နယ်အရေးပေါ်အခြေအနေ ကြေငြာလိုက်ရပြီး ရေအသုံးပြတ်တောက်မည့်အန္တရာယ်တို့ရင်ဆိုင်နေကြရသည်။ အချက်အလက် ယခုနှစ်၏ တိုင်းပြည်အခြေပြမိန့်ခွန်းတွင် သမ္မတအိုဘားမားက ကမ္ဘာပူနွေးလာမှုသည် အငြင်းပွားနေစရာမဟုတ်တော့ပဲအချက်အလက်( Fact )ဖြစ်သည်ဟုပြောခဲ့သည်။ ကမ္ဘာပူနွေးလာမှုကြောင့်အာတိတ်စက်ဝိုင်းဖက်မှအရေပျော်ကျနေသည့်ရေခဲပြင်ကြီးများသည် ပင်လယ်ရေကိုမြင့်တက်စေကာ ပင်လယ်ကမ်းခြေမြို့များကို ခြိမ်းခြောက်နေပါသည်။ လူသားရာဇဝင်တွင်မကြုံစဖူးထူးသော အာတိတ်ဝင်ရိုးစွန်းဖြတ်ဖေါက်ထွက်နိုင်သည့် ခရီးတိုပင်လယ်ကူးသင်္ဘောရေလမ်းကြောင်းသစ်များပင်ထွက်ပေါ်လာတော့မည်ပြောနေကြရသည်။ ဥတုရာသီအပြောင်းအလဲကိုမှီသော ဤအချက်အလက်တို့ကို အခြေပြုလုပ်နိုင်သော စီးပွားရေးလုပ်ငန်းတို့ထောင်တက် အသစ်ဖွဲ့လာနိုင်ကြပြီ။ အလုပ်အကိုင်အခွင့်အလန်းသစ်တို့လည်းထွက်လာပါသည်။ ဟိမဝန္တာတောင်ကြောတွင်တော့ ရေခဲ့ပြင်ကြီးများအချပ်လိုက် အပြင်လိုက်ပျော်ကျနေကြပေရာ လွန်ခဲ့သောနှစ် ၅ဝမှဓါတ်ပုံနှင့်ယခုနှစ်ပိုင်းမှဓါတ်ပုံတို့ နှိုင်းယှဉ်ပြသခြင်းတို့ဖြင့်အချက်အလက်တို့ကို […]


kaiFebruary 4, 20142min01
Meet the Intelligence Community Online The United States Intelligence Community (IC), an integrated network of agencies that work together to protect our nation’s security, is seeking a culturally diverse, technologically savvy and skilled workforce for exciting careers in a number of fields. Join us at the IC Virtual Career Fair to explore career opportunities, chat […]


kaiFebruary 3, 20142min024
Jan 31, 2014 2:08pm Justin Bieber Deportation Petition Gets White House Attention The White House is gearing up its diplomatic machinery to respond to the latest international issue — a petition to deport bad boy pop star Justin Bieber. “That response will come I’m sure relatively soon,” White House Press Secretary Jay Carney said today. […]