etoneNovember 2, 20101min00
http://freedomnewsgroup.com/2010/11/02/%E1%80%96%E1%80%84%E1%80%B9%E1%80%A1%E1%80%90%E1%80%AF-%E1%80%90%E1%80%95%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%80%99%E1%80%B2%E1%80%86%E1%80%BC%E1%80%9A%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9/ အပေါ်က လင့်ကလေးကိုသွားကြည့်ပါဦး စိတ်ဝင်စားဖွယ်ရာသတင်းကိုတွေ့မှာပါ ။


etoneNovember 2, 20101min00
/* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} ဒီဇင်ဘာ၂၄ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းမည့် Fashion Seminar တစ်ခုအား ဂျပန်နိုင်ငံ ခုရမ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးလာရောက်ပြောပြမည်ဖြစ်ကြောင်းသိရသည် ။ အဆိုပါပွဲကို ဒီဇိုင်နာ သက်နှင်းအေးက စီစဉ်မှာဖြစ်ပြီး စိတ်ပါဝင်စားသူများနှင့်ဒီဇိုင်းပညာရှင်များ အခမဲ့တက်ရောက်နိုင်ကြောင်းသိရသည်။ လာရောက်ဟောပြောမဲ့ပုဂိ္ဂုလ်ဟာ ပထမအကြိမ်ဖြစ်တဲ့အတွက် သူတို့ဆီမှာ သင်ပြပေးတဲ့သင်ရိုးညွှန်းတမ်းတွေ ဖန်တီးမှူအစိတ်ပိုင်းအတွေးခေါ်တွေကို သေချာပြသပေးမှာဖြစ်ပါတယ်လို့ သတင်းရရှိပါတယ် ။


etoneNovember 2, 20101min00
ဒီတခါပြောပြမဲ့အဖြစ်ပျက်လေးက ဇွန်လ ၈ရက်နေ့က ဖြစ်ခဲ့တာပါ ။နေရာကတော့ ကြည့်မြင်တိုင်ကမ်းနားလမ်းမှာပေါ့ … ။ အချိန်ကတော့ ည၈နာရီဝန်းကျင်ပါ … ။ ~~~~~~~~~~~~~~****************~~~~~~~~~~~~~~ ကမ်းနားလမ်းပေါ်၊ ညဈေးမှတ်တိုင်အနီးက ငှက်ပျောတန်းဆိပ်နဲ့ နီးတဲ့ ကမ်းပါးကလေးကတော့ ညနေတိုင်းလိုလို အတွဲတွေ၊ ကလေးတွေ၊ စွန်လွှတ်သူတွေ ၊ လူလတ်ပိုင်းတွေလမ်းလျှောက်သူတွေနဲ့ စည်ကားနေပါတယ် ။ ညနေ နေဝင်သွားတာကို ကမ်းပါးကနေ ထိုင်ပြီးကြည့်ရတာ အရသာတစ်မျိုးပါ ။ လေလေးဖြူးဖြူးနဲ့ တော်တော်လေးကို သာယာတဲ့နေရာမျိုးပါ တနေ့တာ အမောပမ်းတွေက လေပြေလေးနဲ့အတူလွင့်ပါးသလိုလိုပါပဲ ။ ပိုက်ဆံတောင်းတဲ့ကလေးများ ဘေးမှာမရောက်လာရင်ပဲ အဲ့ဒီညနေလေးက အတော်သာယာပါတယ် ။ အရင်ကဆိုရင် ရုံးဆင်လို့အိမ်ပြန်ရင်အိမ်တန်းမပြန်ပဲ အဲ့ဒီမှာ ထိုင်ပြီး လေညှင်းခံပါတယ် ဝယ်သွားတဲ့မုန့်တွေထိုင်စားတယ်ပေါ့ သူများအတွဲတွေဘာလုပ်နေလဲဆိုတာလည်း မသိမသာ ရှိုးတယ်ပေါ့ ။ 😀 […]


etoneNovember 2, 20101min05
Iphone အသုံးပြုသူများအား ရုပ်ဆိုးမှူကို တိုင်းတာပေးမည့် application software တစ်ခုကို အမေရိကန်နိုင်ငံ  ၊ အရီးဇိုးနားပြည်နယ်မှ ပါဒပ် ပါဂျန်း  တဲလ်မန်း  ကုမ္ပဏီ  က တီထွင်လိုက်ကြောင်းသတင်းရရှိသည်။ ဖုန်းပြောဆိုစဉ် ထိုသူဧ။်ရုပ်ရည်ကို ဓါတ်ပုံရိုက်ထားပြီး application software သုံးကာ တိုင်းတာခြင်းဖြစ်သည် ။ ထိုစနစ်ကို ugly meter ဟုသတ်မှတ်ပေးထားပြီး တိုင်းတာခြင်းအဆင့် 1 မှ 10ထိရှိသည်ဟုဆိုသည် ။ အဆင့်10 ရသူသည် ရုပ်အလွန်ဆိုးသည်ဟု မှတ်ချက်ချနိုင်သည် ။


etoneNovember 2, 20101min00
အသိပညာဗဟုသုတမရှိလို့ပဲလား ဘဝင်မြင့်အောက်ခြေလွတ်တဲ့လူတန်းစားတွေများလာလို့ပဲလားတော့မသိပါဘူး  မကြာခဏဆိုသလို စိတ်ကသိကအောက်ဖြစ်စရာလေးတွေကြုံကြုံနေရပါတယ် ။ မနေ့ကအဖြစ်ပျက်လေးကိုလည်း ပြောပြချင်သေးတယ် ဘော်ဒါတို့လည်း ကိုယ့်လိုမကြုံရအောင် ရှောင်ကွင်းသွားလို့ရတာပေါ့ ။ တနေ့က သူငယ်ချင်းတယောက်နဲ့ ၃၂လမ်းထဲက စိန်ကြယ်ဆိုတဲ့ပုံနှိပ်တိုက်ကို ရောက်သွားတယ် ။ သွားတဲ့ရည်ရွယ်ချက်ကတော့ သူငယ်ချင်းက သူ့လုပ်ငန်းအတွက်ကြော်ငြာမဲ့ ပန်းဖလပ်သွားလုပ်ပါတယ် ။ တခြားဆိုင်တွေက ညွှန်လို့အဲ့ဒီဆိုင်ကိုရောက်သွားတာပါ ။ ပန်းဖလပ်အခုရေနဲ့ ပုံနှိပ်ခတွေတွက်ချက်တော ့ လျှော့ဈေးများရနိုင်မလားမေးတော့  ဆိုင်ရှင် တရုတ်က ပြောပါတယ် ဈေးသက်သာချင်ရင် ဘယ်ဆိုင်ကိုသွားဆိုပြီး ပါးစပ်ထဲရှိတဲ့နာမည်ရွတ်ပြပါတယ် ။ (သူပြောတဲ့လမ်းထပ်မှာရှိတယ်ဆိုတဲ့ဆိုင်ကို နောက်မှသွားရှာတာ တစ်ကယ်လည်းရှိမနေပါဘူး အချွန်နဲ့သက်သက်မလိုက်တာပါ ) ။ ငွေလည်း နည်းနည်းပဲကွာမှာပါဆိုပြီး တဆိုင်ဝင်တစ်ဆိုင်ထွက် inquiry မလုပ်ချင်တာနဲ့ အဲ့ဒီမှာပဲအပ်လိုက်ပါတယ် ။ အပ်လိုက်တဲ့ပန်းဖလပ်အခုရေကို တွက်ပြီးဈေးယူပါတယ် ။ဥပမာ ကိုယ်က အရွက် ၂၀ဝ […]


etoneNovember 1, 20101min01
မလေးရှားစီးပွားရေးလုပ်ငန်းရှင်များမှ မော်တင်ဈေးဟောင်းနေရာတွင် နိုင်ငံတကာအဆင့်တန်းမှီ ဟိုတယ် ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည် ။ အဆိုပါနေရာသည် အချက်ခြာကျသော မင်းရဲကျော်စွာလမ်းပေါ်တွင် တည်ရှိပြီး မျက်နှာစာသည် UMFCCI ရှိသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၊ စီးပွားရေးလုပ်ငန်းရှင်များလာရောက်တည်းခိုရန် ရည်ရွယ်သည်။ ဤနယ်မြေသည် စည်ပင်သာယာပိုင်နယ်မြေဖြစ်သဖြင့် ဖက်စပ်အကျိုးတူပူးပေါင်းလုပ်ကိုင်မည်ဟုသတင်းရရှိသည် ။


etoneNovember 1, 20101min01
Codes for the cars seem quite technically compliant A U D I :Another Ugly Deutsche Invention B M  W :Brings Me Women F I A T :Failure in Italian Automotive Technology F O R D :Fast Only Rolling Downhill S A A B :Shape Appears Ass-Backwards H Y U N D A I :Hope You […]


etoneNovember 1, 20101min0
Castellammare   di  Stabia ဆိုတဲ့ အီတလီနိုင်ငံ ပင်လယ်ကမ်းစပ်မြို့လေးမှာ မီနီစကတ် နှင့် တိုကပ်လွန်းသော ဘောင်းဘီတို ၊ ဂျင်းပန်များ ဝတ်ဆင်မှူ တားမြစ်တော့မည်ဖြစ်ကြောင်းသိရသည်။ မြို့ပြရဲ့စည်းစနစ်ကျမှူပြုပြင်ပေးရာရောက်ပြီး လူမှူကျင့်ဝတ်များကို ထိန်းသိမ်းပေးရာရောက်စေရန် ရည်ရွယ်၍တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။ ဒဏ်ကြေးကို EUR 25 နဲ့  EUR 500 သတ်မှတ်ထားပြီး စည်းကမ်းဖောက်ဖျက်သူများမှ ပေးဆောင်ရမည်ဟုလည်းသိရသည်။ အမြင်မတင့်တယ်သော မတော်တရော် အဝတ်စားအားလုံးကို ပိတ်ပင်များဖြစ်ကြောင်းလည်းသိရသည် ။ ထို့အပြင် အများပြည်သူပိုင်နေရာ မှာ အနှောက်ယှက်ပေးသော အပြုမူမျိုး အပြောအဆိုမျိုးကိုလည်း မကြာမီတွင် တားမြစ်လာဦးမည်ဟု သိရသည်။ မြန်မာနိုင်ငံမှာလည်း ဘစ်ဂနီဖက်ရှင်ဖြစ်မလာခင် အဲ့ဒီလိုထိန်းသိမ်းတာမျိုးလုပ်သင့်နေပြီနော ်… အထူးသဖြင့်မိဘတွေ ၊ အစ်ကိုတွေ ၊မောင်တွေက နီးစပ်ရာကိုထိန်းသင့်နေပြီ ။


etoneNovember 1, 20101min07
ရန်ကုန်မြို့အတွင်း အဆင်မခြင်မောင်းနှင်ခြင်းကြောင့်လည်းကောင်း၊ ရုံးသွားရုံးပြန်ချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်နေသော ယာဉ်လိုင်းကြပ်ခြင်းကားပိတ်ဆို့ခြင်းများကို အဆင်ပြေစေရန်အတွက် ဗဟိုထိန်းချုပ်ဌာနမှ Red – Light   Running System အသုံးပြု၍ ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည် ။ ရန်ကုန်မြိုကတွင် မီးပွိုင့်ပေါင်း တစ်ရာကျော်ရှိသည့်အနက် ယဉ်ပိတ်ဆို့မှူများသော မီးပွိုင့် ၃၆ခုခန့်အား network များဖြင့်ချိတ်ဆက်ကာ အင်တာနက်မှတဆင့် အဆိုပါစနစ်အသုံးပြု၍ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ယာဉ်စည်းကမ်း  ထိန်းသိမ်းရေးကြီးကြပ်မှု  ကော်မတီ  ရန်ကုန်   တိုင်းနဲ့  ပူးပေါင်းပြီး company ကြီးသုံးခုက အဆိုပါစနစ်တပ်ဆင်ခြင်းလုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။


etoneNovember 1, 20101min00
တစ်နှစ်လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်နေကြဖြစ်သော အင်္ဂါဂြိုလ်နှင့် ဗုဒ္ဓဟူးဂြိုလ်ပူးမှူသည် ယခုနှစ်တွင် နှစ်ကြိမ်ဖြစ်ပေါ်မည် ဟု သိရသည် ။ ပထမတစ်ကြိမ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင်ဖြစ်ပြီး ဒုတိယအကြိမ်မှာ ဒီဇင်ဘာ ၁၄ရက်တွင်ဖြစ်ပေါ်မည်ဟုသတင်းရရှိသည် ။ နိုဝင်ဘာလ ၂၁ရက်တွင် ပထမဂြိုလ်ပူးမှူဖြစ်ပေါ်မည့် အချိန်သည် ညနေငါးနာရီ နှစ်ဆယ်ခန့်မှ ခြောက်နာရီနှစ်ဆယ်ခန့်အထိ တစ်နာရှိမျှကြာမည်ဟုခန့်မှန်းရပြီး ဒုတိယ ဖြစ်စဉ်သည် ဒီဇင်ဘာလ ၁၄ရက် ညနေငါးနာရီ လေးဆယ့်ငါးမိနစ်ခန့်မှ ခြောက်နာရီ နှစ်ဆယ်ခန့်အထိ နာရီဝက်ကျော်ခန့်ကြာမြင့်မည်ဟု သိရသည်။


etoneNovember 1, 20101min03
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကွန်ဒိုမီနီယံတိုက်ခန်းတွေကို မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံသားခံယူစရာမလိုပဲ အမည်ပေါက်ဖြင့် ဝယ်ယူ၍ရပြီဖြစ်ကြောင်းသိရသည်။ ဗန်ကောက်မြို့ရှိ အထပ်၃ဝရှိသောအဆောက်အအုံ ကွန်ဒိုတိုက်ခန်းများနှင့် အထပ်၄၃ထပ်ရှိသောအဆောက်အအုံ တစ်ခုဧ။်အခန်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါအဆောက်အဦများတွင် အခန်းပေါင်းကိုးရာကျော်ခန့်ပါဝင်သည်ဟု လည်းသိရသည်။  အရစ်ကျငွေချေစနစ်ဖြင့်လည်း ပေးချေနိုင်ပြီး ပထမဆုံး ၁ဝ %ကိုပေးချေ၍ ကျန်၁၅%ကို ငါးကြိမ်ခွဲပေးနိုင်ကြောင်းသိရသည် ။ နောက်ဆုံး ကျန်ငွေ ၇၅%ကိုတော့ အခန်းသော့အပ်သောနေ့တွင် အကြေပေးချေရမည်ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းမှာ တစ်ပေပတ်လည်လျှင် ဘတ် တစ်သောင်းမှ တစ်သောင်းကျော်အထိရှိကြောင်းသိရသည်။ ပြည်ပသို့ဈေးဝယ်ထွက်သော လူအများဝယ်ယူရန်စိတ်ဝင်စားလျှက်ရှိကြောင်းသိရသည်။


etoneNovember 1, 20101min02
2010 ကမာ္ဘဖလားဘောလုံးပွဲစဉ်များတွင် နာမည်ကြော်ကြားခဲ့သော ရေဘဝဲလေးပေါလ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းက ဂျာမဏီနိုင်ငံ ဘာလင် မြို့ရှိ ငါးပြတိုက်တွင် သေဆုံးသွားပြီဖြစ်ကြောင်းသိရသည် ။ ရေဘဝဲလေး ပေါလ်သည် ယခုသေဆုံးချိန်တွင် အသက်၂နှစ်သာရှိသေးကြောင်းသတင်းရရှိသည်။ (ရေးထားတာ ပြီးခဲ့တဲ့အပတ်ကတည်းက ပုံတင်လို့မရလို့အခုမှပဲတင်ဖြစ်တော့တယ် ။ )


etoneNovember 1, 20101min00
ကဲကြည့်ကြပါဦး မြန်မာမတွေ ခေတ်ပျက်နေပုံအကြောင်းကို …။ ဒီပုံတွေက မလေရှားနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ ဖျော်ဖြေခဲ့တဲ့မြန်မာမတွေရဲ့ ဝတ်ဆားဆင်ယင်ပုံပါ ။ ဒီပုံပို့တဲ့လူကတော့ မြန်မာမတွေ မလေးမှာအဲ့ဒီလို ဝတ်တာ အံ့အားသင့်နေပုံရတယ် ။ ဒီမှာလည်း အဲ့ဒီလို အဆင်ယင်မျိုး နေ့ခင်းကြောင်တောင်တောင် ဝတ်နေကြပြီဆိုတာ ပြည်ပရောက်မြန်မာတွေမသိသေးပဲကိုး ။