ရေဘဝဲလေး Paul သေပြီ

etoneNovember 1, 20101min02

2010 ကမာ္ဘဖလားဘောလုံးပွဲစဉ်များတွင် နာမည်ကြော်ကြားခဲ့သော ရေဘဝဲလေးပေါလ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းက ဂျာမဏီနိုင်ငံ ဘာလင် မြို့ရှိ ငါးပြတိုက်တွင် သေဆုံးသွားပြီဖြစ်ကြောင်းသိရသည် ။ ရေဘဝဲလေး ပေါလ်သည် ယခုသေဆုံးချိန်တွင် အသက်၂နှစ်သာရှိသေးကြောင်းသတင်းရရှိသည်။

(ရေးထားတာ ပြီးခဲ့တဲ့အပတ်ကတည်းက ပုံတင်လို့မရလို့အခုမှပဲတင်ဖြစ်တော့တယ် ။ )

2 comments

  • ဆူး

    November 1, 2010 at 6:51 am

    ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အဖြေမှန်အောင် ခန့်မှန်းရင်း ကမ္ဘာကျော် ခဲ့သော ဂျာမဏီနိုင်ငံမှ ရေဘဝဲလေး ပေါ သည် လွန်ခဲ့သောညက တမလွန်ဘဝသို့ လွန်မြောက် ကူးပြောင်း သွားပြီ ဖြစ်ကြောင်း စိတ်မကောင်းဖွယ် သတင်း ကြားသိခဲ့ရသည်။

    Stefan Parwoll ၏ သခင်ဖြစ်သူ Oberhausen Sea Life Center မှ မန်နေဂျာဖြစ်သူ စတိဖင်ပါဝဲလ်က ပြောကြားခဲ့သည်မှာ “ပေါ အသက်ရှင်နေထိုင်ခဲ့တဲ့ သက်တမ်းတစ်လျောက်မှာ အောင်မြင်ကျော်ကြားမှုက ကမ္ဘာ့ဖလားဘောလုံး ပွဲကြီးနဲ့ထပ်တူ လူတိုင်းရဲ့ အမှတ်ရစရာ အဖြစ် ဇာတ်လမ်းကောင်း တစ်ပုဒ်အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ညက ပေါဟာ ပုံမှန် သေရိုးသေစဉ် အတိုင်းဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တမလွန်ဘဝကို ကူးပြောင်းသွားခဲ့ပါတယ်။ အများအားဖြင့် ရေဘဝဲတွေရဲ့ သက်တမ်းဟာ ၂ နှစ်လောက်သာ ရှိကြပါတယ်။ အခုဆိုရင် ပေါကို အမှတ်တယ အနေနဲ့ အဏ္ဏဝါ ပြခန်းမှာ ပေါကိုယ်စားပြု ရေဘဝဲ ရုပ်ထုကလေးကို ကမ္ဘာ့ဖလား အထိမ်းအမှတ် ရုပ်ထုနဲ့ တွဲပြီး ထားရှိပါတယ်။ နောင်တစ်ချိန်မှာ တွေ့မြင်ရသူတွေ အတွက် အမှတ်ရစရာ တသစရာ အဖြစ် ထားရှိပေးသွားမှာ ဖြစ်ပါတယ်။ ပြခန်းအနေနဲ့ ပေါ အတွက် မြေမြုပ်သဂြိုလ်ဖို့ သေးငယ်တဲ့နေရာ တစ်ခုကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

    လာမည့်နှစ်တွင် ပေါ၏ ဘဝဇာတ်ခုံ ဇါတ်လမ်းစုံကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူး ထုတ်လွှင့်ရန် အတွက်လည်း စီစဉ်ထားပြီဖြစ်သည်။

    Reply

  • ဆူး

    November 1, 2010 at 6:55 am

    အဲဒီ သတင်း တွေ့တာကြာပြီ.. နက်နက်မကောင်းတာနဲ့.. မတင်ဖြစ်တာ..
    ဆူးရမဲ့ ၁၀ဝ အီးတုံး ယူသွားလို့.. ၁ဝဖိုးရအောင် မန်းလိုက်သည်။ ဟီးဟီး..

    Reply

Leave a Reply

Your email address will not be published.