etoneOctober 27, 20101min00
Gtalk Poem ဆိုတဲ့ခေါင်းစဉ်နဲ့ 2009လောက်ကတည်းက အင်ဘောက်စ်ထဲရောက်လာတဲ့ ကဗျာလေးကိုသဘောကျလို့ ပြန်တင်ပေးလိုက်တယ်။ ကဗျာရေးသူက ဘယ်သူလည်းမသိပေမဲ့ အရေးသားပြောင်မြောက်လို့ လေးစားမိပါတယ် ။


etoneOctober 27, 20101min010
မေးလ်ထဲကို ရောက်နေတာ ၂ရက်လောက်ရှိပါပြီ ။ ကော်နက်ရှင်က သိပ်မကောင်းလို့ တင်လို့မရသေးတာ ။ ဘယ်သူကများ ရိုက်ထားပါလိမ့် ။ တကယ်ဆိုရင် နိုင်ငံတော်အလံတင်တဲ့အခန်းအနားမှာ ဝတ်စုံပြည့်သပ်ရပ်စွာဝတ်ဆင်သင့်တာပေါ့… အခုတော့ ရေချိုးခန်းစီး ဖိနပ်လိုမျိုးပါလား ။ သတိမမူမိပဲဝတ်မိတာလား ရေတွေနဲ့ချောနေလို့ပဲလားကတော့ ဝတ်တဲ့လူကိုယ်တိုင်ပဲသိမှာပါ ။ ဒီဓါတ်ပုံကလည်း အပြင်လူရိုက်လို့မရပါဘူး ။ သူတို့ထဲက နိုင်ငံတော်အလံသစ်တင်အခန်းနားမှာပါတဲ့လူထဲက တယောက်ရိုက်ပြီး ဖြန့်တာဖြစ်နိုင်ပါတယ် ။


etoneOctober 27, 20101min08
နာရီသံကတစ်ချက်ချက်နဲ့ရွှေ့လျားနေသည်  အချိန်ကား ဆယ့်တစ်နာရီလေးဆယ် ….. အိပ်ချင်လာသယောင်ဖြစ်နေသောကြောင့် ကော်ဖီပူပူးလေးတစ်ခွက်ထဖျော်လိုက်တယ် ။ ပြီးတော့ စာကြည့်စားပွဲကိုပြန်ထိုင်စာကျက်ဖို့ ပြင်ပါတယ် ။ တစ်ညနေလုံးစာထိုင်ကျက်ရတာငြီးငွေ့နေသော်လည်း မဖြစ်မနေစာကျက်ရမည်ဟုစိတ်တင်းကာ အာရုံစုစည်းပြီး စာကျက်နေပါတော့တယ်။ အိမ်ရှိအိမ်သားများအားလုံး အိပ်နေပေပြီ ။ ညကလည်း ပိုပို၍ညဉ့်နက်လာသည် စာတိုးတိုး ညည်းသံကလွှဲ၍ တခြား ဘာအသံမှမကြားရအောင်ပင် တိတ်ဆိတ်လွန်းလှသည် ။ ညနေကတည်းက ထိုင်ကျက်နေရ၍ညောင်းချိနေသဖြင့် စာကျက်တာ ခဏရပ် ခါးကိုနည်းနည်းမတ်ပြီး လက်ဆစ်တွေကိုတဖျောက်ဖျောက်ချိုးမိပါတော့တယ် ။ ကော်ဖီနံ့သင်းသင်းလေးကို ရှုရှိုက်ရင်း နံရံပေါ်က နာရီကိုကြည့်တော့ ဆယ့်နှစ်နာရီစွန်းစွန်းဖြစ်နေပြီ သန်းခေါင်ယံတောင် ကျော်ပါပကောလား… ။ ဟူး…….. သက်ပြင်းတစ်ချက်ချလိုက်ပြီး တခြားဘာသာရပ်တွေဆက်ကျက်ရန်စာအုပ်တွေလှန်လှောရင်း… ရှူရှိုက်မိလိုက်သည်က အနံ့သင်းသင်းလေးတစ်မျိုး သေချာတာက ကိုယ့်ဆီကမဟုတ်တာ ….။ ဘယ်သူများတရေးနိုးကြီးထပြီးရေမွှေးဆွတ်ပါလိမ့်…. “အမ်….ဘယ်သူမှလည်းမရှိဘူး ။အားလုံး အိပ်နေဆဲပါလား … “မွှေးနံ့လေးက […]


etoneOctober 26, 20101min00
CHINA ASEAN EXPO 2010ပြ ပွဲတွင် မြန်မာ့လက်ရာစစ်စစ်ဖြစ်သော မြန်မာနိုင်ငံတွင် ဒုတိယအကြီး ဆုံးသော ကြေးဆွမ်းအုပ်ကြီးကို ရောင်းချရန်ပြသခဲ့ကြောင်းသိရသည်။ သိရိမြန်မာလက်မှူပညာလုပ်ငန်းမှ ကြေး ဆွမ်းအုပ် ပြုလုပ်ရန်အကြံရခဲ့ပြီး  ရောင်းရသည်ဖြစ်စေ၊မရောင်းရသည်ဖြစ်စေ မြန်မာ ယဉ်ကျေးမှူ လက်ရာကိုကမာ္ဘက သိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ထိုကြေးဆွမ်းအုပ်ကြီးကို ပညာရှင် ခုနစ်ယောက်တို့က အချိန်တစ်လယူ၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အရွယ်အစားမှာ အမြင့်၆ပေ ၊ ကိုယ်ထည် အချင်း ၂ပေခွဲရှိပြီး အလေးချိန်မှာ ၁၅.၅ ပိသာရှိကာ သယ်ယူရလွယ်အောင် အ ပိုင်း များခွဲပြီး ဖြုတ်ရလွယ်အောင်ပြုလုပ်ထားပါတယ် ။ ထိပ်ခွန်ကနေ အောက်ခြေအထိအပိုင်း ၁၄ပိုင်းရှိကြောင်းသတင်းရရှိသည်။


etoneOctober 25, 20101min00
အောက်တိုဘာလ(၂၁)ရက်နေ့တွင် ရုရှားနိုင်ငံ ဘိုင်ဂူနော အာကသယာဉ်လွတ်တင်ရေးစခန်းမှနေ၍ ဆက်သွယ်ရေးဂြိုလ်တု ခြောက်လုံးကို အာကာသထဲသို့ လွှတ်တင်နိုင်ခဲ့သည်။ ဆိုယုဒ်ဇ် ဒုံးပျံဖြင့်အာကသသို့သယ်ဆောင်သွာခြင်းဖြစ်ပြီး မော်စကိုစံတော်ချိန် ကိုးနာရီဆယ့်မိန်စ်ကျော်ခန့်တွင် အောင်မြင်စွာလွတ်တင်နိုင်ခဲ့သည်။ ကမာ္ဘတစ်ဝန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် ကူညီဆောင် ရွက်ပေးမည်ဖြစ်ပြီး ကြိုးမဲ့တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းများအတွက်လည်း ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို ပေးသွားနိုင်မည်ဖြစ်သည်။


etoneOctober 25, 20101min036
သွားရင်လာရင်းတွေ့လိုက်ရတဲ့ မဂ္ဂဇင်းစာအုပ်ရဲ့မျက်နှာဖုံးတစ်ခုကြောင့်တော်တော်လေး အံ့အားသင့်သွားပါတယ် ။ Now မဂ္ဂဇင်းစာအုပ်ရဲ့မျက်နှာဖုံးကြောင့်ပါ။ တိုကပ်လွန်းတဲ့ ဘောင်းဘီကိုဝတ်ထားတဲ့မြန်မာမိန်းကလေးပုံနဲ့ပါ ။ စင်ပေါ်ရောက်ရင် တွန့်လိန်ကတတ်တဲ့ ဂျင်းနီးပါ ။ ရင်လှုပ်ကရမှာ ပေါင်ကားကရမှာ မရှက်တဲ့ မြန်မာအမျိုးသမီးသရုပ်ဆောင်ပါ ။ ဒီလောက်လူငယ်တွေအတွေးမှား အယူမှားပြီး လွန်လွန်ကဲကဲဝတ်ဆင်နေကြတာ မီဒီယာတွေနဲ့သရုပ်ဆောင်တွေရဲ့စနက်လည်းမကင်းပါဘူး ။ စာပေစစ်ဆေးရေးက ဒီလိုပုံမျိုးထုတ်ဝေခွင့်ပေးတာ အံ့ဩစရာကောင်းပါတယ် ။အတွင်းစာတွေပဲစစ်ပဲ ကာဗာကိုမကြည့်တာလား။ သရုပ်ဆောင်ကလည်း  ပေါ်ပေါ်ထင်ထင်ဝတ်ရဲတာရဲတင်းလွန်းပါတယ်။ ထုတ်ဝေသူတွေကပဲ ဒီလိုဝတ်ပေးပါတောင်းဆိုတာလား ။ မင်းသမီးကပဲရွေးတာလား အတိကျမသိပေမဲ့တော်တော်ကြီး ခေတ်လွန်နေပါတယ် ။ရှေးခေတ်ကမြန်မာအမျိုးသမီးများဟာ အရှက်ကိုအသက်နဲ့တောင်လဲခဲ့ကြသည်အထိအရှက်အကြောက်ကြီးမားပါတယ် ။ သို့သော်လည်း ဤခေတ်အယူမှား အမျိုးကောင်းသမီးများမှာ အတုမြင်အတတ်သင်၍ ကိုရီးယားမင်းသမီးများသယောင်၊ မြန်မာရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်များသယောင် ယိုသူမရှက်မြင်သူရှက်စရာ အဝတ်အစားများနှင့်လူပုံအလယ်တွင် ဝတ်ဆင်သွားလာနေကြပါတယ်။ မိဘ၊ ဆွေမျိုး ၊ အစ်ကို ၊ညီများကလည်း မဆုံးမသည့်အလျှောက် […]


etoneOctober 25, 20105min02
အီးမေးလ်(၁) Good day dear friend I am the Head of Operations in Mevas Bank, Hong Kong. I have a business proposal in the tune of US$22.700.000 to be transferred to an offshore account with your assistance if willing. I do solicit for your assistance in effecting this transaction,I intend to give 30% of the total […]


etoneOctober 25, 20101min05
ဓါတ်ခဲအမျိုးစားကောင်းတစ်ခုအကြောင်းသတင်းပေးချင်ပါတယ် ။ နိုင်ငံပေါင်းခြောက်ဆယ်ကျော်က အသုံးပြုနေပြီး မြန်မာနိုင်ငံတွင် ယခုအခါမှတင်သွင်းလိုက်သော eneloop ဓါတ်ခဲပါ ။ ကမာ္ဘတဝန်း ဓါတ်ခဲအလုံးရေ ၁၃ဝသန်းကျော်အထိရောင်းချခဲ့ပြီးဖြစ်ကြောင်းသိရသည်။ဓါတ်ခဲကို SANYO မှတင်သွင်းခဲ့ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကုန်ပစ္စည်းမိတ်ဆက်ပဲပြုလုပ်ခဲ့ကြောင်းသိရသည်။ ၎င်းဓါတ်ခဲသည် အကြိမ်ပေါင်း ၁၅၀ဝခန့်ပြန်လည် အားသွင်းအသုံးပြုနိုင်သည်ဟုလည်း ထိုမိတ်ဆက်ပွဲတွင် ကြေညာသွားခဲ့သည် ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှူနည်းပါးပြီး အသုံးခံသော ဓါတ်ခဲဖြစ်သည်ဟုလည်း မိတ်ဆက်သွားခဲ့သည်။


etoneOctober 25, 20101min01
အောက်တိုဘာ ၂ဝရက်နေ့တွင် ပေါက်ကွဲခဲ့သော ကိုလံဘီယာမီးတောင်ကြောင့်ဒေသခံလူ အယောက်၂၅ခန့်ဒဏ်ရာရခဲ့သည် ။အဆိုပါမီးတောင်သည်အာဗိုလီတက်စ်မြို့အနီးတွင်ရှိပြီး ၎င်းမြို့သည် ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းတွင်ရှိသည် ။ မီးတောင်မှ ချော်ရည်နှင့်မီးကျီခဲများ စတင်ထွက်ပေါ်ချိန်သည် အောက်တိုဘာ ၁၉ရက်နေ့တွင်ဖြစ်ပြီး ညအချိန်ခန့်ဖြစ်သည်ဟုသတင်းရရှိသည် ။ မီးတောင်ပေါက်ကွဲမှုကြောင့်ဒေသခံတို့ပြောင်းရွေ့ခဲ့ရပြီး အပိုင်းစထိမှန်မှူကြောင့်လူ၂၅ယောက်ခန့်ဒဏ်ရာရခဲ့သည်။


etoneOctober 22, 20101min01
တရုတ်ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အာဆီယံ ၁ဝ နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့်ပသည့်ပွဲဖြစ်သော ခုနစ်ကြိမ်မြောက်တရုတ်-အာဆီယံကုန်ဆီပြပွဲကို ယခုလ ၂ဝရက်နေ့မှ ၂၄ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့တွင် ကျင်းပခြင်းဖြစ်သည် ။ အဆိုပါ ကုန်စည်ပြပွဲကို အောက်တိုဘာ ၁၉ရက်နေ့ ညနေအချိန်၌ ဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ ဖွင့်ပွဲအပြင်အဆင်သည် ထူးခြားဆန်းသစ်လှပနေပြီး နေကြာပန်းပွင့်မြောက်မြားစွာနဲ့ဆင်ယင်ထားသည် ။ ရွှေတိဂုံဘုရားပေါ်တော်ကိုလည်း နေကြာပန်းအလယ်တွင်ဝင့်ထည်စွာပူဇော်ထားသောမြင်ကွင်းသည်လည်း ဆန်းပြားနေသည်။ မြန်မာနိုင်ငံမှကုန်သည်အချို့နှင့်အတူ သတင်းထောက် ၂ယောက်လိုက်ပါသွားသည်ဟုသိရသည် ။ ပုံကတော့မထည့်တော့ဘူး တင်ရတာစိတ်မရှည်လို့ ။


etoneOctober 22, 20101min00
မိန်းမ တစ်ယောက်ရဲ့ အသက်ကို ဘယ်လို ခန့်မှန်းသလဲ အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။ ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။ “ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား” “၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။ “အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅ဝ […]


etoneOctober 22, 20101min00
အိုင်စီချစ်တဲ့ပရိတ်သတ်များအတွက် IC ရဲ့ နှစ် နှစ်ဆယ်ပြည့်မြောက်ဖျော်ဖြေပွဲကို အမျိုးသားကဇာတ်ရုံမှာ အောက်တိုဘာလ 23 ရက်နေ့ညနေ၌ ကျင်းပမယ်လို့ သတင်းရရှိပါတယ် ။ သီချင်းအမျိးစားစုံလင်စွာ သီဆိုဖို့ပြင်ဆင်ထားကြောင်းလည်းသိရသည် ။ အနှစ်20 ပြည့်ပွဲလေးကို ဘယ်လိုထူးထူးခြားခြား တင်ဆက်မလဲဆိုတာ ပရိတ်သတ်က အထူးပဲစိတ်ဝင်စားနေကြပါတယ် ။ IC ရဲ့ ပင်တိုင်အဆိုတော်များအပြင် ဖိတ်ကြားထားတဲ့အနုပညာရှင်များလည်း တတ်ရောက်မည်ဖြစ်ကြောင်းသိရသည်။ လက်မှတ်နှုန်းထားများမှာ တစ်သောင်းခွဲ ၊ တစ်သောင်းနှင့် ခုနစ်ထောင် ကျပ်ဟုသတ်မှတ်ထားသော်လည်း ပွဲစားအချို့ ကြိုတင်လက်မှတ်များအပေါ် အမြတ်တင်မှုများရှိကြောင်းလဲသိရသည်။


etoneOctober 22, 20101min06
04B GIRI အမည်တပ် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ရခိုင်ပြည်နယ်အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်။ ဒီကနေ့မနက်ကဖြစ်နေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့ည(၉)နာရီခွဲအချိန်မှာ မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်နေပါတယ်။ လေတိုက်နှုန်းတစ်နာရီ (၇၅)မိုင် အထိရှိနိုင်ပါတယ်။ အန္တရာယ်ကြီးတဲ့ အဆင့်ရောက်နေပါပြီ။ လေသာမက အထူးသဖြင့် ရေတက်ပါတော့မယ်။ အခုမုန်တိုင်းကို မနက်ဖန် (၂၂-၁၀-၂၀၁၀)ရက်နေ့ နေ့ခင်းပိုင်းကစပြီး သတိထားရပါ့မယ်။ ညနေ(၃)နာရီလောက်စပြီး ဆိုးလာနိုင်ပါတယ်။ ဖြတ်မယ်လို့ခန့်မှန်းးတဲ့နေရာက ကောျက်ဖြူမြို့အနီးက ဖြစ်ပါ့မယ်။(အမြဲ Update လုပ်ပါ့မယ်။) ရေက မုန်တိုင်းဖြတ်မယ့်နေရာ(ဆိုပါစို့ လောလောဆယ် ကျောက်ဖြူပေါ့ဗျာ)ရဲ့ အောက်ဖက် (မုန်တို်င်းလမ်းကြောင်းကို မျက်နှာမူရင် ညာဖက်ခြမ်း)မှာ ရေတွေတက်ပါ့မယ်။ မုန်တို်င်းဖြတ်တဲံ နေရာရဲ့အောက် မိုင်(၂၀-၃၀)အတွင်း အဆိုးဆုံးဖြစ်ပါ့မယ်။ လက်ရှိလေတိုက်နှုန်း တစ်နာရီ(၇၅)မိုင် နဲဆိုရင် (၅)ပေမှ (၆)ပေ လောက်အများဆုံးပါဘဲ။ ရေက […]