သရုပ်ဖော်ရာဇဝင်

naywoon niNovember 2, 20101min02

ခင်ဗျားတို့…….

စုန်းကဝေကိုယုံကြည်ကြပါသလား

ဟုတ်ကဲ့

ကျွန်ုပ်တို့နတ်မကိုးကြပါ….။။

နေပူူပူမှာ

(ကျွန်တော်တို့တစ်တွေ)

ရေနွေးကြမ်းပူပူသောက်ကြပါတယ်…။။

လ္ဘက်ရည်ပေါ့ကျသောက်ကြတယ်..။။

သီချင်းပူပူ(မြူးမြူးကြွကြွ)နားထောင်ကြတယ်..။။

အရိပ်အာဝါသမရှိတဲ့

လမ်းမပေါ်မှာအဆောင်းမပါပဲ

လမ်းသလားကြပါတယ်…။။

တစ်ခါတစ်ခါချုပ်တည်းထားရတဲ့

မကျေနပ်မှုတွေကို

ဟာသဝတ္ထုတွေဖတ်ပြီး

ဒေါသတွေကိုဖောက်ခွဲပစ်ကြတယ်…။။

အမှန်တရားဆိုတာထက်

ပိုမှန်မဲ့အဖြေကိုဖော်ထုတ်ချင်ကြတယ်…..။။

ကဗျာဆန်မှုဟာ…

ကဗျာသမားရဲ့အမူအရာ

စကားလုံးများနဲ့စိတ်အေတွေးများပါပဲ…

သိပ်မထူးဆန်းကြပါ….။။

ရာသီအိုများသေဆုံးရင်

ရာသီအသစ်နဲ့ကဗျာရေးမှာပေါ့

ပကာသနကိုမုန်းကြတယ်

ဂုဏ်ဆိုတာကိုရွံ့ရှာကြတယ်

ဟန်ဆောင်မှုကိုစက်ဆုပ်ကြတယ်

ဝမ်းနဲစရာကိုလည်းရယ်မောပစ်တတ်ကြတယ်…။။

အဲ….

ပြီးတော့…စစ်ကို

ငြိမ်းချမ်းရေးလုပ်ပြီး

အချစ်ကို

ကြေညာ…ရာဇဝင်မှာ

စာတင်ရဦးမယ်..။။။

နေဝန်းနီ

2 comments

  • kopauk mandalay

    November 2, 2010 at 4:35 pm

    ပို့ထားတဲ့ကဗျာ
    မရွေးတဲ့ အယ်ဒီတာကို
    မခံစားတတ်တဲ့သူလို့
    စိတ်ထဲကနေလဲ ဆဲတတ်ပါတယ်။

    Reply

    • naywoon ni

      April 1, 2016 at 2:15 am

      ကို​ပေါက်​ ဘယ်​တုန်​းက ​တွေ့ြပြီး ​ကော်​မန်​့ သွားလဲမသိ ကျ​နော်​လည်​း ထိုနည်​း ၄င်​း ပါပဲဗျာ
      လွန်​ခဲ့ နှစ်​သုံးဆယ်​​လောက်​က ​ရေးဖြစ်​ခဲ့တဲ့ ကဗျာ ကြမ်​းတမ်​းမှု​တွေရှိ​နေ ခုလည်​း မ​ချော​မွေ့​သေးပါဘူး​လေ 🙂

      Reply

Leave a Reply

Your email address will not be published.