ကောင်မလေးရေ…..
မင်းပေးတဲ့ အပြုံးချိုချိုတွေကို ကြည်နူး
ငါ့ရ ဲ ့…. ခံစားချက်တွေလဲ
အသက်ဝင်ခဲ့ဖူးတယ်။
ကောင်မလေးရေ……
မင်းပေးတဲ့ သတိရစရာတွေကို စဉ်းစား
ငါ့ရဲ ့…. အိမ်မက်တွေလဲ
နုပျိုလန်းဆန်းခဲ့ဖူးတယ်။
ကောင်မလေးရေ…..
မင်းပေးတဲ့ ဂရုစိုက်မှုတွေကို စားသုံး
ငါ့ရဲ ့…. နှလုံးသားတစ်စုံလုံးလဲ
(ဟိုးအရင်ကထက်) ရဲရင့်ခဲ့ဖူးရဲ ့။
ကောင်မလေးရေ….
မင်းပေးတဲ့ နားလည်မှုတွေကို ခံစား
ငါ့ရဲ ့…. ရင်တစ်ခုလုံးလဲ
အချစ်စိတ်နဲ ့ပြည့်နေခဲ့ဖူးတာပေါ့။
အခုတော့ ကောင်မလေးရေ…..
မင်းပေးတဲ့ ဥပက္ခာတွေအောက်မှာ
ငါ့ရဲ ့…. မျှော်လင့်ချက်ကမ်းပါး
ပြိုလဲခဲ့ရပြီပေ့ါ။

ခံစားအားပေးသွားပါတယ်နော်…..
မျှော်လင့်ချက်ကမ်းပါးတွေက
တဝုန်းဝုန်းပြိုလဲ…
မနက်ဖြန်တွေလည်း တိတ်ဆိတ်..
စကားလုံးမဲ့ ကောင်းကင်ကြီးကပြိုကျ..
ပွင့်ထွက်သွားတဲ့ မနေ့ကစကားတွေမှားသွားလားးး
( အဟဲ….ကဗျာလေးဖတ်ပီး ရေးလိုက်မိတယ်နော်)
မင်းပေးတဲ့ ဂရုစိုက်မှုတွေကို စားသုံး
ငါ့ရဲ ့…. နှလုံးသားတစ်စုံလုံးလဲ
(ဟိုးအရင်ကထက်) ရဲရင့်ခဲ့ဖူးရဲ ့။
အခုတော့ အဝေးမှာရှောင်ပုန်းနေပြီလား…………
တောင်ငူသား ဝတုတ်လေးက တနှစ်ပြည့်ခါနီးမှ ကွန်းမန်းတွေနဲ့ ပိုစ်ပြန်တက်လာပါလား။