Web အကြောင်း တစေ့တစောင်း

manawphyulayNovember 2, 20101min00

၁၉၈၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ခပ်ငယ်ငယ် ရူပဗေဒဓာတ်ခွဲခန်းဌာန (CERN) တစ်ခုမှ Web ကို မွေးဖွားပေးလိုက်ပါတယ်။ ကွန်ရက်ကြီးတစ်ခုပေါ်တွင် document များကို သက်ဆိုင်ရာ ချိတ်ဆက်မှု Link များနှင့်အတူ ‘hypertext’ process ကို အသုံးပြုပြီး information management system တစ်ခုကို ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Tim Berners-lee က ပထမဦးဆုံး ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူနှင့်အတူ Robert Cailliau တို့သည် Web  ၏ မူလပုံကြမ်းကို အကောင်အထည်ဖော်ကာ တင်ပြပေးခဲ့ခြင်း ဖြစ်ပြီး အများ၏ လက်ခံဆောင်ရွက်မှုနှင့်အတူ ဖြစ်ပေါ်လာသော Web ၏ အစပိုင်း နှစ်အတော်ကြာအထိ Webpage များမှာ text ဖြစ်သာ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရေတွက်မယ်ဆိုရင် Websever ၅ဝ ခန့်ရှိခဲ့ပါတယ်။ Web ကြီးထွားမှု အရှိန်အဝါကိုလည်း ၁၉၉၂ ခုှစ်မှ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၁၉၉၂ ခုနှစ်မှာ ပထမဆုံး graphical browser (NCSA Mosaic) ကို စတင်မိတ်ဆက်လာခဲ့သောကြောင့် ဖြစ်ပါတယ်တဲ့။ ထိုအချိန်မှစပြီး သုတေသနလုပ်ငန်း အသိုင်းအဝိုင်းက ပြင်ပမှာရှိတဲ့ ထုထည်ကြီးမားတဲ့ ဆက်သွယ်မှုတွေ ရှိလာစေနိုင်သော mass media ကို ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။ Web ဖွံ့ဖြိုးတိုးတက်တဲ့ ကိစ္စအဝဝကို Massachusetts Institute of Technology (MIT) မှာရှိတဲ့ အပျော်တမ်း ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုမှ World Wide Web Consortium (W3C) အမည်နှင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်စွာ လေ့လာလိုပါက www.inria.fr/Actualites/ cailliau-fro.html ဒါမှမဟုတ် wdvl.com/internet/history သို့မဟုတ် www.w3c.org/history.html တို့မှာ ဝင်ရောက်လေ့လာနိုင်ပါကြောင်း…..

Leave a Reply

Your email address will not be published.