မိမိ၏ (ဝိပဿနာဉာဏ်)သည်သာ မိမိ၏ အားကိုးရာ

ဒီနေ ့ ကဗျာဆရာတွေ ရွာထဲဝင်လာကြပြီး
ကဗျာတွေရေးနေကြလေရဲ ့
ကဗျာဆရာတွေရဲ ့ကဗျာတွေကို ဖတ်ပြီးတော့လည်း
သဘောကျမိပါရဲ ့

                                                                                                                                                                          ငါ့နယ်နော်
ကဗျာလေးတစ်ပုဒ်တောင်မရေးတတ်ရန်ကောလို ့
မာန်မဲဖို ့ရာ ကိုယ့်ကိုယ်ကို
ဆဲဆိုရန်အခက်သား
အူကြောင်ကြောင်ပေါတောတောနဲ ့
လူမလေးခွေးမခန် ့တာက အကြောင်းကြီးဟုတ်ဘူး
မသေခင်ဉာဏ်(ဝိပဿနာဉာဏ်) ဦးရစေဘို ့
ကိုယ့်ကိုယ်သာ ဆုံးမရပေလိမ့်
သူသူငါငါ အဖိုးတန်ရာတွေကို ဆွေးနွေးနေကြသည့်အလယ်
ငါမတော်ရာတွေနဲ ့အော်နေတာ မသင့်ပါဘူး
ငြိမ်းချမ်းခြင်းကိုရစေဘို ့
ဤသို ့နှယ်သံဝေဂရစေသား
( ပိန္နဲသီးမွှာတွေ လွန်စွာချိုကြပါလည်း ထိုမွှာချိုတို ့အလယ် ငါတည်းဟူသော အူတိုင်မှာမူ မချိုပါတကား )

5 comments

  • kopauk mandalay

    November 2, 2010 at 4:34 pm

    ပိန္နဲသီးအသား ချိုပင်ချိုသော်ငြားလဲ
    လက်ကို ဆီမလူး မိသော်
    အစေးကပ်တပ်တပ် ခွာရန်အလွန်ခက်ပါသည်။

    ပိန္နဲသီးအသားချိုပင်ချိုသော်ငြား
    သုံးမရတဲ့ အဆန် အတန်ပင်ကြီးတတ်ပါသည်။

    ပိန္နဲသီးအသားချိုပင်ချိုသော်ငြား
    အရွေးမှားလို့ အပျော့သီးနဲ့ငြားရင်
    စားပင်စားသော်ငြား ချွဲတဲတဲနဲ့ စိတ်လဲညစ်ရပါသည်။

    ထိုကြောင့်ပင်တောင်းပန်ချင်
    အပင်ကျွမ်းကျင်သူများခင်ဗျား
    မပျော့မချွဲ အထဲမှာအစေ့မပါ
    ဆီမလူးသော်လည်းလက် အစေးမကပ်
    ဒီလိုပိန္နဲသီးမျိုးများ
    ထွင်တတ်ရင် ထွင်ပေးကြပါ။

    Reply

  • winkyawaung

    November 2, 2010 at 5:07 pm

    ဆရာအောင်ပု ဘယ့်နယ် ကိုယ်က တရားမရတာကို ပိန္နဲသီးဆွဲပြီး ထည့်နေရတာလဲ..ဆရာ..။ မြန်မာပြည်က မြတ်ခိုင် ကတော့ တရားရှာ.. ထောင်မှာတွေ့၊ တဲ့ဗျာ.။ ဆရာကိုပေါက် စကားနဲ့ ငှါးပြောပါရစေ..။ နှိုင်းစရာမရှိ။ မလွမ်းစကောင်း..လွမ်းစကောင်းကွယ်..

    Reply

  • bigcat

    November 3, 2010 at 12:15 am

    ပိန္နဲသီးပြီးတော့ ဒူးရင်းသီးလေး လုပ်ပါအုံး ဆြာပု။

    Reply

  • weiwei

    November 3, 2010 at 3:48 am

    မူးမူးနဲ့ ပိန္နဲသီးအူတိုင် စားမိပုံပေါ်သည် ….

    Reply

  • ဆူး

    November 3, 2010 at 6:11 am

    ပိန္နဲအူတိုင်.. အဆီကပ်လည်း နုတုန်း အခါ ပြုတ်လိုက်ရင်သော်..
    တို့စရာကောင်း ဟင်းကောင်းတခွက် စားရလတ္တံ…..

    ပိန္နဲအစိ ကြီးပင်သော်လည်း သူဆင်းရဲနဲ့ ကလေးသူငယ် ပြုတ်၍စားသော်
    ဝမ်းဗိုက် အစာအိမ် ပြည့်တင်းက တင်းတိမ်စေအံ..

    ပိန္နဲ အသားပျော့နေသော်လည်း အချိုအမှန် ရှိနေခဲ့ရင်
    စားကောင်း ဝါးပျော်.. ဝမ်းဝ လတ္တံ..

    ပိန္နဲ အစေး စေးကပ်မှုကို စိုးရွှံ့ခဲ့သော်..
    ဆိုင်က ဝယ်စား.. အသားကြီးဘဲ စားရလတ္တံ..

    Reply

Leave a Reply

Your email address will not be published.