အလေးပြု ခံထိုက်ပါရဲ့လား ဘကြီးအောင်

koyin sithuSeptember 13, 20121min011

ကျွန်တော်တို.ရေကြောင်းပညာသိပ္ပံ ယခု ရေကြောင်းကောလိပ် (လာသမျှ လူကောလွတ် ရသမျှှလိပ်လိုယက်ပြီးယူ) တက်ခဲရစဉ်ကအရမ်းကိုပျော်ဖို.ကောင်းခဲ့ပါတယ်။ အယင်တုန်းကတစ်နှစ် ယခု နှစ်နှစ်ပြီးယင် Cadet သင်တန်းပြီးလို.ကျောင်းဆင်းပွဲ လုပ်ကြပါတယ်။ဒါက နှစ်စဉ် မတ်လလောက်မှာ ပို.ဆောင်ရေးဝန်ကြီး အဆက်ဆက် တက်ရောက်လာပြီး ကျောင်းဆင်းတပ်ခွဲတွေ စစ်ကျောင်းပုံနဲ. ဝန်ကြီးကို ချီတက်အလေးပြုကြပါတယ်။တကယ်ကို ကြည်နူးကျေနပ်စရာကောင်းတဲ့မြင်ကွင်းတွေပါပဲ။ ကျောင်းသားတွေကလည်းမိမိတို.ရဲ့ ဝန်ကြီးကို ဒီလိုစစ်ကျောင်းပုံနဲ.ချီတက်အလေးပြု နိုင်ဖို.အတွက် လနဲ.ချီပြီး စစ်ရေးပြသင်ခန်းစာတွေကို အပင်ပမ်း အဆင်းရဲခံပြီးလေ့ကျင့်ခဲ့ကြတာပါ။ ဒီလိုအရာရှိလောင်းပေါင်းများစွာတို.က လေးစားမှူ.အပြည့်နဲ. အလေးပြုခံရတဲ့ အတွက် လေးစားဂုဏ်ယူမိပါတယ် ဘကြီးအောင်။

အရာရှိလောင်းတွေရဲ့ ဘဝဟာ အခုဆိုပိုပြီး ပြင်းထန် ခက်ခဲလာပါပြီ ဘကြီးအောင်။ ကျောင်းဆိုယင်လည်း အယင်လို တစ်နှစ်ထဲမဟုတ်ပဲ ၂ နှစ်တက်ရတော့ အချိန်ကုန်တယ် ငွေကုန်တယ် လူတွေပိုပြီး ပင်ပမ်းတယ်။ ပြီးတော့သင်္ဘောမှာလည်း လခလေးတွေက နည်းလာတော့ မစားရက် မသောက်ရက် စုဆောင်းပြီး နှစ်နဲ.ချီ ကုန်းမြေမထိရပဲ ဆင်းရဲပင်ပမ်းစွာ အလုပ်တွေလုပ်ကြရပါတယ်။ ဘကြီးအောင်ကတော့ သင်္ဘောမလိုက်ဖူးတော့ မြန်မာသင်္ဘောသားတွေ နိုင်ငံတကာမှာ ဘယ်လိုမျက်နာငယ်နဲ. ပင်ပမ်းစွာ အလုပ်လုပ်ရလဲဆိုတာ နားမလည်နိုင်လောက်ဖူးထင်ပါတယ်။

 

ကိုရင်တို့ကို မွေးထုတ်ပေးခဲ့သော

အင်းဒါတွေထားပါတော့ ကျောင်းဆင်း အရာရှိလောင်းလေးတွေခမျှာအခုတော့ ဆိုက်ကားနင်းနေရပါတယ် ကြုံရာအလုပ်တွေဝင်လုပ်နေကြရပါတယ် ဘကြီးအောင်။ ဒါငါနဲ.ဘာဆိုင်သလဲဆိုယင် ဘကြီးအောင် အလေးပြု.ခံတဲ့ ကျောင်းတော်ကြီးက အရာရှိစာမေးပွဲ (OOW Mate )တွေကို ဘာအကြောင်းပြချက်မှမပေးပဲ နောက်တစ်ပါတ်လာစုံစမ်းပါဆိုပြီး မျှော်လင့်ချက်တွေပေးပြီး ပိတ်ထားခဲ့တာ တစ်နှစ်ကျော်နေပါပြီ။ မယုံကြည်သူတွေ MMMC ကျောင်းဖုန်းနံပါတ်က လိုင်းခွဲ ၁၂ဝ ကိုဆက်ပြီးမေးကြည့်ပါ ပိုသေချာချင်ယင် ကျောင်းကိုသွားမေးကြည့်ပါ။ သူတို.လေးတွေခဗျာ အရမ်းဖြူစင်သန်.ရှင်းတဲ့ ငွေဖြူအနည်းငယ်စီစုဆောင်းပြီး ကျောင်ဖွင့်ချိန်ကို စောင့်လာခဲ့တာ နှစ်ချီကြာနေပါပြီ။ ပြီးတော့နောက်ပိုင်း ကောလိပ် ဖြစ်ချိန်က စပြီး ကျောင်းသားလေးတွေဟာ ကျောင်းတက်ချိန် (၂) နှစ်ဖြစ်သွားတဲ့အတွက် သူတို.တွေ OOW တက်ပြီးစာမေးပွဲ ဖြေတဲ့အချိန်မှာ အယင် လို ကျောင်းအကြာကြီး တက်စရာမလိုပဲ Refresher Course ကို (၄) လလောက်ပဲတက်ခိုင်းပြီး ဖြေခိုင်းမယ်ဆိုပြီး သတင်းတွေကြားခဲ့ပါသေးတယ်။ ဘာလို.လဲဆိုတော့ သူတို.က စာသင်ချိန်မတရားများတော့ OOW Course တွေပါ အကုန်သင်ပေးလိုက်တယ်လို. ကြားမိပါတယ်။အခုတော့ နေရာတိုင်းက ဘာဘာ ဘာမှမသိလုပ်နေကြတော့ ဘကြီးအောင် အနေနဲ့ စဉ်းစားစေချင်ပါတယ် ကိုယ်ကိုယ် လေးစားမှူ.တွေနဲ. အလေးပြုပေးခဲ့တဲ့ ကျောင်းသားလေးတွေ သင်တန်းကြေးက ဘယ်လိုရှာရမလဲ မသိဖြစ်နေတော့။  သူတို.လေးတွေဟာဒီသင်ရိုးတွေကို ပဲ နှစ်ခါထပ်သင်ရမယ် ဆိုယင် ဘကြီးအောင်ရဲ့ ပညာရေးစနစ်က လူတွေနားမလည်နိုင်တဲ့ ပညာရေးစနစ်များဖြစ်နေလို.လား။ ဒီ့ထက်ပိုသေချာချင်ယင် သူတို.လေးတွေကို အခုကျောင်းမတက်စေပဲ အခုကို စာမေးပွဲကို တရားမျှမျှ စစ်ကြည့်လိုက်ပါ ၈၀% အောင်စေရမယ်လို.ရဲရဲကြီးအာမခံပါတယ်။ ဒါဆိုဘကြီးအောင်အနေနဲ.သူတို.လေးတွေကို ကုန်းပေါ်မှာနောက်ထပ် နှစ်တွေအကြာကြီး အချိန်ကုန်အောင်ထပ်လုပ်နေတာ သင့်တော်ပါရဲ့လား။ တိုင်းပြည်ရဲ့ဝင်ငွေတွေလည်း လူ.စွမ်းအားအရင်းအမြစ်တွေလည်း အလားကားဆုံးရှုံးနေတာတော်တော်ကြီး များခဲ့ပါပြီ နောက်ထပ်ဒီလို ဆုံးရှုံးမှူ.တွေကို ဘကြီးအောင်လည်း လိုချင်မှာမဟုတ်ဖူးဆိုတာ ကျောင်းသား အရာရှိလောင်းလေးတွေ လေးစားစွာ အလေးပြုရကြိုးနပ်အောင်ဆောင်ရွက်ပေးသင့်တယ်ထင်ပါတယ်။

သင်ရိုး ညွန်းတမ်းတွေကို နှစ်ခါထပ်သင်တာ ရေကြောင်းကောလိပ်ပဲရှိတယ်လို.ထင်ပါတယ်။

 

စဉ်းစားမိတာလေးကိုရေးလိုက်မိတာပါ

မှားတာရှိယင်တောင်းပန်ပါတယ်

 မောင်ယော

 

11 comments

  • သစ် တည်

    September 13, 2012 at 7:19 pm

    ဘကြီးအောင် ညာခဲ့မိပါတယ်……

    Reply

    • ကိုရင်စည်သူ

      September 13, 2012 at 7:21 pm

      ကိုသစ်တည်ရေ ပထမဆုံးကွန့်မန့်အတွက် ကျေးဇူးပါဗျာ…
      အခုလောလောဆယ် ရန်ကုန်မှာ စာမေးပွဲဖြေဖို့ ထိုင်စောင့်နေရတဲ့
      သူငယ်ချင်းတွေ ကိုယ်စား ခံစားပြီး တင်ပြပေးထားတာပါနော့… :mrgreen:
      ဘကြီးတွေကတော့ … သိတဲ့အတိုင်းပဲ… ဆင်ဖမ်းပေးမယ် ကျားဖမ်းပေးမယ်နဲ့…
      အောက်က သင်္ဘောသီးတွေတော့.. မျောက်ကုတ်ခံနေရပီ… 😥

      Reply

      • မောင်ပေ

        September 13, 2012 at 8:39 pm

        သင်္ဘောသီးလောက နဲ ့မသိပေမယ့်
        ဘကြီးတွေ မစပုံကြမ်းတာကိုတော့ မှတ်သွားကြောင်း ရယ်ပါ

        Reply

  • paukpauk

    September 13, 2012 at 9:47 pm

    အဲလိုတစ်ကယ်ပဲ ဖြစ်စေခဲ့တာဆိုရင် ဝန်ကြီးကော တာဝန်ရှိသူတွေပါ နှုတ်ထွက်သင့်ပါပြီ။ တိုင်းပြည်အတွက်အလုပ်လုပ်နေပါတယ်ဆိုတာ….
    ဘယ်လိုမှလက်ခံနိုင်စရာမရှိပါ။

    Reply

  • အရီးခင်လတ်

    September 14, 2012 at 4:16 am

    တစ်ခါက အဲဒီ သင်တန်းဆင်းပွဲ ကို တက်ခဲ့ဖူးတယ်။
    အလွမ်းတွေ အပြည့် မျက်ရည်ဝေ ၍ ဖတ်သွား ပါတယ် ကိုရင်လေးရယ်။ 🙁

    Reply

  • Thu Wai

    September 14, 2012 at 9:00 am

    စာမေးပွဲဖြေမယ်ဆိုပြီး ပိုက်ဆံလေးစုပြီး သင်္ဘောပေါ်ကဆင်းလာလိုက် စာမေးပွဲကိုစောင့်ရင်း ပိုက်ဆံကုန်သွားလို့ ရေထဲပြန်ဆင်းပြေးရလိုက် တစ်ခါပြန်စုပြီးလာလိုက် သင်တန်းတွေတက် ပြီးစာမေးပွဲပိတ်ထားလို့ ရေထဲပြန်ဆင်းပြေးသွားလိုက် လုံးလည်ချာလည်သင်္ဘောသား

    Reply

  • ကြောင်ကြီး

    September 14, 2012 at 9:34 am

    ဘကြီးအောင်
    ပွဂျီးမောင်
    စပြီးဖျောင်
    ညတီးပြောင်
    လဖီးထောင်
    ဂွနှီးစောင်
    ဝဟီးပေါင်
    ငါ့လခွီးကြောင်..။

    Reply

  • TNA

    September 14, 2012 at 3:16 pm

    အင်းခေတ်ပျက်မှာလူလာဖြစ်တယ်လို့ပဲပြောရတော့မလိုဖြစ်နေတော့တာပါပဲ။ နေရာတိုင်းပါပဲ။ လူပဲပြောင်းတာ မူမပြောင်းဘူးဆိုတဲ့ အောက်မြီးဆွဲတွေရဲ့စကားကမှန်နေပြီထင်တယ်။

    Reply

  • aung moethu

    September 14, 2012 at 4:51 pm

    အောင်မလေးဗျာ အောင်မလေးလေး……. ဘကြီးအောင်ဆိုလို့ ကျတော်ဖြင့် လန့်သွားတာပဲ….. ကျတော့်ကို ဘကြီးအောင်လို့ ခေါ်နေကြတော့ ကျတော့်ကိုပြောတာလားမှတ်တယ်…. ဟူး တော်ပါသေးရဲ့။ အင်း သဘောင်္သားလိုင်းနဲ့ပတ်သက်ရင် ကျတော်လည်း သိပ်နားမလည်ဘူး ကျတော့်ညီလေးလည်း ရေကြောင်းကောလိပ်တက်နေတာ ကျောင်းသာ ပီးသွားတယ် ခုထိ ဘာသင်တန်းတွေ တက်နေရလဲမသိပါဘူး..။

    Reply

  • hlwan htet

    November 23, 2012 at 3:13 pm

    ဟုတ်ပါတယ်ဗျာ။ ကျွန်တော်လည်း စာမေးပွဲ ဖြေဖို့ စုလာလေးတွေ ဖြေရမယ့်အချိန် ထိုင်စောင့်ရင်း လုံးပါးပါးသွားလို့ နောက်တစ်ခေါက်အပေါ် ကို ပြန်ရောက်သွားတာ….

    Reply

  • jullies cezer

    November 23, 2012 at 5:09 pm

    ဘကြီးေအောင်ရေ ဒီကစောင့်နေသူဖြစ်နေပြီလို့ …….

    Reply

Leave a Reply

Your email address will not be published.