ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမတ္တအကြံပေးရဲ့ အိတ်ဖွင့်ပေးစာ…

သမတ္တအကြံပေး ဦးမြင့်

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်လာနဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးအတွက် Myanmar Development Resource Institute -MDRI  မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ငံတော်သမတ္တအကြံပေးလည်းဖြစ်တဲ့ ဦးမြင့်က ပြည်သူထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒိနေ့ ဖြန်ချီလိုက်ပါတယ်။

ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာအဆိုပြုထားပါတယ်။

ရန်ကုန်တက္ကသိုလ် ဆိုတာ ပြည်သူတရပ်လုံးက ပိုင်ဆိုင်တဲ့ အမျိုးသား အမွေအနှစ်ဖြစ်ကြောင်း၊ရန်ကုန်တက္ကသိုလ် သမိုင်းဦးကာလမှာ အာရှတိုက်က အကောင်းဆုံးဖြစ်ခဲ့ကြောင်း၊အကြီးအကျယ်ဆုံး တက္ကသိုလ်တွေထဲက တစ်ခု ဖြစ်ခဲ့တဲ့အကြောင်း၊

အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်တွေနဲ့ အသွေးရောင်စုံတွေ လွင်ပြယ်ခဲ့ရတဲ့ အောကင်းတွေကို ပေးစာမှာ ဖော်ပြပေးခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ဘွဲ့လွန် ပုံမှန်အတန်းတွေ ပြန်သင်ကြားဖို့၊၁၉၉ဝ ပြည့်နှစ်ပိုင်းတွေကက စပြီး ကျောင်းသူ ကျောင်းသား ကင်းမဲ့သွားတဲ့ အဆောင်တွေမှာ အဆောင်သူ၊အဆောင်သားတွေ ပြန်ထာထားဖို့ ကိုလည်း ရေးထားပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ စာပြန်သင်နိုင်အောင် အဲဒီလို အဆိုပြုထားတဲ့အပြင် တက္ကသိုလ်ရဲ့ သမိုင်း၊လက်ရှိတက္ကသိုလ်ရဲ့ အခြေအနေတွေကို ပြောဆိုရေးသား တင်ပြပေးဖို့နဲ့ ရန်ကုန်တက္ကသိုလ်ကို အရင်လို ဂုဏ်သိက္ခာမျိုး ပြန်ရရှိဖို့ လုပ်ငန်းစီမံကိန်း ရေးဆွဲ အကောင်ထည်ဖော်ရေး အကြံပြုကြဖို့ကိုလည်း တင်ပြထားပါတယ်။

ဒီလို အရင်က ဂုဏ်သိက္ခာ အတိုင်း ပြန်လည်တည်ဆောက်ဖို့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးကိုလည်း ဦးမြင့်ရဲ့ ပေးစာမှာ ရေးသားထားပါတယ်။

မူရင်းလင့်…http://www.rfa.org/burmese/news/rangoon-university-u-myint…

ဒီအဆိုကို အပြည့်အဝထောက်ခံပါတယ်။ ကိုလင်းဝေရေ…တက္ကသိုလ်ကျောင်းကြီး ပြန်လည် အသက်ဝင်လာအောင် မန်းဂေဇက်မှ နိုးဆော်ကြပါဆို့ခင်ဗျား….

တန်ဖိုးကိုနားလည်မှတန်ဖိုးရှိမှာပါ။ တန်ဖိုးရှိအောင်လည်းတန်ဖိုးသိဖိုလိုအပ်ပါတယ်။

ဒါမှလည်း မြန်မာပြည်ကဘွဲ့ဆိုရင်လူတိုင်းလေးစားအထင်ကြီးနိုင်မှာပါ၊ နို့မဟုတ်ရင်တော့ မြန်မာပြည်က ရိုးရိုးဘွဲ့ရဆိုရင် သူများတိုင်းပြည်တွေမှာ အလုပ်ကြမ်းသမားများနည်းတူအလုပ်လုပ်နေရအုံးမှာပါပဲ။

ဘာမဟုတ်တဲ့ စင်္ကာပူလိုတိုင်းပြည်ကတောင် စားပွဲထိုး၊ပုဂံဆေး၊သန်ရှင်းရှေကို ဘွဲ့ရမှတဲ့ ရင်နာတတ်ရင် လဲသေဖို့ပဲကောင်းပါတော့တယ်။(ဒါတောင် ဒေး တက်ပြီးရတာဖြစ်ရမယ်)…

14 comments

  • ထုံးဘဲဥ

    May 20, 2012 at 9:56 pm

    အာရှမှာ ထိပ်တန်းအဆင့်ကိုပြန်ရောက်အောင်တော်တော်ကြိုးစားရအုံးမယ်၊
    ဒို့နိုင်ငံ နောက်ကျကျန်နေတာကိုမြင်ရတိုင်း စစ်ခွေး Aလိုးကောင်တွေကိုသတ်ချင်တယ်
    (ယခင် စစ်အာဏာရှင် ခွေးသူတောင်းစားများကို ရည်ရွယ်ပြီးပြောတယ်) ဒင်းတို့ကြောင့် နိုင်ငံတကာမှာ အောက်ကျနေတာ

    Reply

  • စာမျက်နှာ(၇)မျက်နှာပါတဲ့ စာကိုဖတ်လိုက်မိပါတယ်။ခုလို ပြန်အသက်သွင်းမယ်ဆိုတာ ကြား
    ရတော့ ဝမ်းသာပါသဗျ။

    Reply

  • Khaing Khaing

    May 21, 2012 at 9:54 am

    ဒါမျိုးကို အပြည့်အဝထောက်ခံပါတယ် ….. ရန်ကုန်တက္ကသိုလ်ကြီးကိုလည်း ပြန်လည်အသက်ဝင်စေချင်တာ ကြာပါပြီ တက္ကသိုလ်ကျောင်းသူဘဝကိုဖြတ်သန်းခဲ့ရပေမယ့် ရန်ကုန်တက္ကသိုလ် (မြကျွန်းညိုညို)မှာ မခိုလှုံခဲ့ ရတာ အရမ်းရင်နာတယ် …… ကိုလင်းဝေပို့စ်မှာတောင် စိတ်ကူးယဉ်ခဲ့မိသေးတယ် ……. ကိုသုညရေ ဒါမျိုးသတင်းလေးတွေကို ရှယ်ပေးတာ ကျေးကျေးပါ ………

    Reply

  • မှော်ဆရာ

    May 21, 2012 at 12:25 pm

    ရန်ကုန်တက္ကသိုလ်ကိစ္စလဲ ဖြစ်သင့်ပါတယ်
    နောက်တစ်ခုက ဒေး / ဒစ်စတန့် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို အစိုးရက သင့်တင့်သော (အပြင်ဆောင်တွေထက် မနဲလွန်း ၊ မများလွန်းသော ) လခနဲ့ အဆောင်ပေးသင့်ပါတယ်..။
    အဆောင်မှုး အဆောင်ချုပ် စည်းကမ်းစနစ်တကျနဲ့ လွပ်လပ်စွာ နေခွင့်ရှိသော အဆောင်များ ဖြစ်စေချင်တယ်..
    တက္ကသိုလ်မှာ ကျောင်းသူများ ကျောင်းသားများ ပျက်ဆီးရခြင်း အဓိက အကြောင်းရင်းတစ်ချက်မှာ အပြင်ဆောင်များမှာ ကြိုက်သလို နေလို့ရခြင်းကလဲ တစ်ချက်ဖြစ်နေပါတယ်…။

    Reply

  • Shwe Tike Soe

    May 21, 2012 at 1:20 pm

    တက္ကသိုလ် အငွေ.အသက်အစစ်အမှန်ကို ပြန်လည်ခံစားရမယ်ဆိုတော့ ဝမ်းသာမိပါတယ်… အပြောမဟုတ်ပဲ တကယ်လုပ်ဖြစ်ပါစေလို. ဆုတောင်းရမှာပါပဲ……..

    Reply

  • kai

    May 21, 2012 at 1:24 pm

    ကျုပ်အကြိမ်ကြိမ်ရေးခဲ့ဖူးတဲ့.. ကျောင်းသားသမဂ္ဂအဆောက်အဦးကိစ္စ.. ပြန်ရေးရမယ်..
    ပျော်ပျော်ပါးပါး.. အုပ်မြစ်ချပြီး ..ပြန်ဆောက်သင့်တယ်..

    ထိပ်တန်းဦးစားပေးပေ့ါ..
    ကျန်တာအကုန်.. မိုးပေါ်ကကျလာလိမ့်မယ်..။ :mrgreen:

    Reply

    • ဗိုက်ကလေး

      May 21, 2012 at 7:00 pm

      ပြန်ရေးမယ်ချို မြန်မြန်ရေး
      လေအရင်မပေးနဲ ့
      ဒါဗျဲ.
      ညှင်း..ညှင်း..ညှင်း..

      Reply

      • kai

        May 22, 2012 at 8:10 am

        ပျော်ပျော်ပါးပါး.. အုပ်မြစ်ချပြီး ..ပြန်ဆောက်သင့်တယ်..

        ရေးပြီးပြီလေ…
        ပြီးတော့.. သမဂ္ဂနဲ့တက္ကသိုလ်ကို ဖျက်စီးခဲ့သူတွေက.. ပြန်တောင်းပန်သင့်တယ်..။
        လက်ရှိသမဂ္ဂနဲ့.. တာဝန်ရှိသူတွေကလည်း ကျေအေးပြီး အလုပ်တူတူတွဲလုပ်သင့်ပါတယ်..

        ယူအက်စ်တက္ကသိုလ်တွေမှာ.. ဆရာလုပ်နေတဲ့.. မြန်မာဇာတိနွယ်တွေရှိပါတယ်..။
        သူတို့ကို အကူအညီတောင်းပြီး.. ဆရာတွေပြန်ခေါ်ရင်း.. တက္ကသိုလ်ဘဝ မြှင့်သွားရမှာပါ…

        Reply

  • ရွာစားကျော်

    May 21, 2012 at 4:16 pm

    နိုင်ငံတကာ အလယ်မှာ
    ရင်ကော့ ခေါင်းမော့ပြီး သွားနိုင်တဲ့ ဘဝကို
    အမြန်ပြန်ရောက်ချင်လှဘီဗျာ..

    Reply

  • Gipsy

    May 21, 2012 at 7:03 pm

    ဟုတ်ပါလေ့ဗျာ… အဲဒီအခြေအနေမျိုး ကြားခွင့်လေးရချင်နေမိတာပါ…
    ကိုကျော်ပြောခဲ့သလို… ဆယ်နှစ် နဲ့ ရနိုင်မလား….။

    Reply

  • MaMa

    May 21, 2012 at 7:20 pm

    စာအုပ်နီလေးကိုင်ပြီးကမာ္ဘ့အလယ်မှာ ခေါင်းမော့သွားနိုင်တဲ့ မြန်မာပြည်ကတိုးရစ်ခေတ်ကို ရောက်တော့မယ်ထင်ပ့ါ။ 🙂

    Reply

  • ထုံးဘဲဥ

    May 22, 2012 at 12:34 pm

    ဟိုးးးးး တစ်ချိန်ကိုလိုနီခေတ်က သင်တဲ့ ကျွန်ပညာရေးဆိုတာ သခင်တွေအများကြီးမွေးထုတ်ပေးနိုင်တယ်နော်….
    အခု ကျနော်တို့ သင်ရတဲ့ သခင်ပညာရေးကတော့ ကျွန်တွေ အများကြီး မွေးထုတ်ပေးနေတယ်ဗျ
    ရင်နာစရာဗျာ…………

    Reply

  • မောင်သုည

    May 23, 2012 at 2:27 pm

    ဟုတ်ပါတယ်ကိုခိုင်ရေ…ကျနော်တို့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းအစ ကျောင်းသားသမဂ္ဂဆိုတာကို သမိုင်းထဲက ထုတ်ပယ်ပြစ်လို့မရပါဘူး…ကျနော်တို့ ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ဖို့အတွက် အားလုံးရဲ့ ဆန္ဒသဘောထားတွေကို သိသာထင်ရှားအောင်ဖေါ်ဆောင်ဖို့လိုအပ်ပါပြီ။

    Reply

  • Bu Gyi

    May 23, 2012 at 6:02 pm

    ဟုတ်ပါတယ် ကိုသုညရေ ကျနော်တို့ ကျောင်းသားသမဂ္ဂ ကိုအမြန်ဆုံး ပြန်လည်တည်ဆောက်
    ဖို့ဆန္ဒ ပြုပါတယ်ခင်ဗျာ …….

    Reply

Leave a Reply

Your email address will not be published.