တစ်ယောက်ထဲသာချစ်

julykoDecember 29, 20111min03

အသိုင်းဝိုင်းတွေ

ဂုဏ်ပုဒ်တွေကြားထဲမှာ

ငါခေါင်းမဖော်နိုင်အောင်မြုပ်နေပီ

ချစ်သူရယ်..

ဒီလိုနဲ ့ပဲ ငါတို ့ဝေးကြရတော့မှာလာ

ညနေခင် အလှတွေ

မနက်ခင်းရဲ ့အမှတ်တရတွေက..

လေလိုပဲ လွင့်မျှောသွားတော့မှာလာ.

နေ ့တိုင်း ကြိုပေးရတဲ့ ကားဂိတ်လေး..

ဆောင်ပေးနေကြ ထီးလေးက

ငါ့အခန်းထောင့် မှာ..

အထီးကျန်စွာ…

မိုးရွာတိုင်းသတိရသလို

နေ ့တိုင်းလဲ ငါနှလုံးသားမှာ

မရပ်စဲသော မျက်ရည်မိုးတွေက.

အတိုင်ထက်အလွန်..

တစ်ယောက်ထဲသာ စွဲစွဲလန်းလန်းချစ်ခဲ့တော့

ငါတစ်ယောက်တည်းပဲရူးနေရပီပေါ့

ကျေနပ်ပါတယ်..

ငါမျှော်လင့်ချက်က

မင်းနဲ ့ ပြန်ဆုံမယ့်နေ ့လေးကိုပါ…..

တစ်ဘဝစာဝေးရင်.

ငါတော့…….

မင်းကြောင့်…….

အဲ့နေရာလေးမှာပဲ…

3 comments

  • ငပေါက်ဖော်

    December 29, 2011 at 8:50 pm

    ရာသီတွေပြောင်း နှစ်တွေလဲ ဟောင်းခဲ့ပြီ မောင်ရေ
    လွမ်းလို ့ကောင်းနေတုန်းပဲလား
    ခုထိ နယူးမရှာတာလား..မတွေ ့တာလား
    ဘာလား..ညာလား.

    Reply

  • ဂျူလိုင်ကို
    ငိုနေတဲ့မိုးလိုပါဘဲလား။
    ရှေးကသီချင်းစာသား
    ဘယ်အငြိုးနဲ့မိုးတစိမ့်စိမ့်ရွာ ဆိုသလို
    လွမ်းနေသို အလွမ်းတွေတိုးအောင်
    မိုးကိုလူဆိုးရေ………………………..
    မင်းနဲ့တို့ကိုမိုးပေးဘူးတဲ့
    ိထီးကလေးကတော့
    အခန်းထောင့်မှာ
    ငြိမ်သက်နေဆဲ့………………….

    Reply

  • windtalker

    December 31, 2011 at 2:03 pm

    မိုးရွာရင် မိုးရေချိုးမယ်
    မေမေလာရင် နို ့စို ့မယ်
    ဖေဖေလာရင် အုန်းသီးခွဲစားမယ်…

    Reply

Leave a Reply

Your email address will not be published.