မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပုိင္ေလးDecember 29, 20111min02

       မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား

         နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုသည် ဝါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။

Eleven မှ ကူးယူဖော်ပြပါသည်…………..

 

2 comments

  • htoosan

    December 29, 2011 at 12:32 pm

    မြန်မာတရုတ်ရေ . သူကြီး အား ကူညီတဲ့ အနေနဲ့ မတင်ခင်မှာ သူများတွေ တင်ပြီးပြီလား တစ်ချက်လောက် ကြည့်ပေးပါနော် .. သူကြီး ခမျာ သူ့ဆာဗာ ကြီး လေးမသွားအောင် ကြံနေရလို့ပါ။

    Reply

  • Thel Nu Aye

    December 29, 2011 at 1:14 pm

    အောင်မယ်လေးဟဲ့။ ဘာများထူးလဲလို့အသည်းမသန်ဖွင့်ကြည့်တာ။ ဘာမှလဲမဟုတ်ဘူး။ မနက်လင်းအားကြီးထဲကသိတယ်။

    Reply

Leave a Reply

Your email address will not be published.