ဆရာမ နုနုရည်(အင်းဝ) ကိုရီးယား စာပေဆွေးနွေးဝိုင်း ဟောပြောချက် အသံဖိုင်

mandalaywithNovember 4, 20111min01

ဆရာမ နုနုရည်(အင်းဝ) ကိုရီးယား စာပေဆွေးနွေးဝိုင်း ဟောပြောချက် အသံဖိုင်ပါ။

အောက်တိုဘာလ ၃ဝရက်နေတွင် ဘူဗြောင်းရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံကာ စာပေဆွေးနွေးဝိုင်း ပြုလုပ်ခဲ့သည်။ ထို စာပေ ဆွေးနွေးဝိုင်းတွင် ဆရာမ နုနုရည်(အင်းဝ)က ̏ ကဗျာဆရာတယောက် မွေးဖွားခြင်း˝ ဟူသည့် ခေါင်းစဉ်ဖြင့် ဟောပြော ခဲ့ပြီးနောက် စာပေ ဆွေးနွေးဝိုင်းသို့ တက်ရောက်လာသည့် စာပေမြတ်နိုးသူ ပရိတ်သတ် များမှ ဆရာမအား မိမိတို့ သိလိုသည့် စာပေအနုပညာ အကြောင်းများအား မေးမြန်း ဆွေးနွေးခဲ့ကြသည်။ စာပေဆွေးနွေးဝိုင်းကို နေ့လည် ၃နာရီမှ ၆နာရီထိ ကျင်းပခဲ့

ဆရာမ နုနုရည်(အင်းဝ)သည် ကိုရီးယား ကဗျာဆရာ အဖွဲ့တခု၏ ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရရက်နေ့က ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ အောက်တိုဘာလ၂၉ရက်နေ့တွင် ကိုရီးယား ကဗျာဆရာ အဖွဲ့၏ အစီအစဉ်အရ အီလ်ဆန်မြို့တွင် ကျင်းပခဲ့သည့် စာတမ်းဖတ်ပွဲသို့ တက်ရောက်ကာ စာတမ်းဖတ်ကြားခဲ့သည်။

နိုဝင်ဘာ ၅ရက်နေ့တွင် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး နိုဝင်ဘာလ အတွင်း ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပမည့် စာပေဟောပြောပွဲများတွင်လည်း ဆရာ ချစ်ဦးညို၊ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) တို့နှင့် အတူ သွားရောက် ဟောပြောရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

info by ko Lu Chit

 

One comment

  • mandalaywith

    November 4, 2011 at 2:09 am

    ဆရာမ နုနုရည်(အင်းဝ) ကိုရီးယား စာပေဆွေးနွေးဝိုင်း ဟောပြောချက် အသံဖိုင်ပါ။

    http://soundcloud.com/koluchitkorea/track

    Reply

Leave a Reply to mandalaywith Cancel Reply

Your email address will not be published.