ကိန်းဂဏန်းများဖြင့်လှည့်စားခြင်း

gyinkalayNovember 3, 20111min03

သူငယ်ချင်းတွေအချင်းချင်း.. အပျင်းပြေပဲဖြစ်ဖြစ် မျက်လှည့်သဘောမျိုးပဲ ဖြစ်ဖြစ်ပေါ့…ကစားလို ့ရတဲ့နည်းလေးတစ်ခုပါ ။  ပထမဦးဆုံး သူငယ်ချင်းတစ်ယောက်ကို ဂဏန်း 5 လုံး (သို ့) 6 လုံးပါသော ကိန်းကြီးတစ်ခုကို စာရွက်ပေါ်တွင်ရေးခိုင်းလို်က်ပါ ။ကို်ယ်က တော့ တခြားဖက်လှည့်နေပေါ့ ။ ရေးပြီးရင် အဲဒီကိန်းတွေအားလုံးကိုပေါင်းခို်င်းလို်က်ပါ။ ပေါင်းပြီးရင် ကိန်းကြီးထဲက နေပြီးတော့ အဲဒီပေါင်းလဒ် အဖြေကို နုတ်လိုက်ပါ။ အဖြေတစ်ခု ထွက်လာပါလိမ့်မည်။ အဲဒိအဖြေကို မေးသူက မသိပါ။ အဲဒီအဖြေထဲကမှ ကြိုက်ရာဂဏန်း တစ်လုံးကို ဝိုင်းထားခို်င်းလို်က်ပါ။ နောက်ဆုံး ဝိုင်းထားတဲ့ ဂဏန်းကလွဲ လို ့ကျန်တဲ့ ဂဏန်းတွေ ရွတ်ပြခိုင်းရုံနဲ ့ဝိုင်းထားတဲ့ ဂဏန်းဟာ ဘာလဲ ဆိုတာ သိနိုင်တဲ့ နည်းဖြစ်ပါတယ်။

 

လျှို ့ဝှက်ချက် – အဖြေမှာ ထိုသူ ရွက်ပြသော ကိန်းများအားလုံးကို စိတ်ထဲတွင်ပေါင်းလို်က်ပါ. ထို်ပေါင်းလဒ်ထက်ကျော်လွန်အောင် 9 အလီ ကိုရွတ်ဆိုပါ။ ပေါင်းလဒ်ထက်ကျော်သော 9 အလီထဲမှ ပေါင်းလဒ်ကို နုတ်ပါ. ထိုနုတ်လဒ်သည် ထိုသူ ဝိုင်းထားသော နံပါတ်ဖြစ်သည်။

 

ဥပမာ – 836946 အားလုံးပေါင်းလဒ်မှာ . 36 ရသည်။

836946 – 36 = 83 (6)910 (နုတ်လဒ်)

6 မှ လွဲလို ့ကျန်ကိန်းများပေါင်းလဒ်သည် 21 ရသည်။ 21 ထက်ကျော်သော 9 အလီမှာ 27ဖြစ်သည် .ထိုု ့ကြောင့်

27-21=6 သည် ဝိုင်းထားသော ကိန်းဖြစ်သည်။

မှတ်ချက် ။ ဆရာ စက္ကောမ မျက်လှည့်နည်းပညာထဲ မှေကောက်နုတ်ထားပါသည်။

3 comments

  • etone

    November 4, 2011 at 9:25 am

    တယ်ဟုတ်ပါလား … ရုပ်တည်နဲ့ ဖောကြည့်ဦးမှ 😀

    Reply

  • khinmintatthu

    November 4, 2011 at 2:50 pm

    မဆိုးဘူးပဲ…

    Reply

  • windtalker

    November 4, 2011 at 9:43 pm

    မှီငြမ်း ဆိုလဲ မှီငြမ်း ။ ကူးယူ ဆိုလည်း ကူးယူတော့ လုပ်ပါ မောင်ရာ

    Reply

Leave a Reply

Your email address will not be published.