Best Teacher (18) ဝ ထ က လ သ

TTNUOctober 26, 20111min026

Best Teacher (18)   ဝ ထ က လ သ

 

ကျမတို့ သူငယ်ချင်း သုံးယောက် ကျောက်ဆည်မြို ့နယ် မယ်ဇယ်ပင် ရွာမှာတာဝန်ကျပါတယ်။

ရောက်ရောက်ချင်း တည်းခိုရမဲ့အိမ်မှာ ပစ္စည်းတွေ ချပေးပြီးနားခိုင်းပါတယ်။ ရွာထဲက အပျို

ကြီးတစ်ယောက်အိမ်မှာ တည်းဖို့ စီစဉ်ပေးထားကြတာပါ။ ရေမိုးချိုး ပြီး ရွာလူကြီးများနဲ့တွေဆုံ

ဆွေးနွေးကြမယ် ပြောပါတယ်။

 

ရေ ဘယ်လိုချိုးရမှာပါလိမ့် တွေးနေတုန်း ရွာအပျို မလေးနှစ်ယောက် ငှက်ပျောတုံးတွေနဲ့

ရောက်လာပါတယ်။ တမုတ်မြောင်းထဲမှာချိုးရမယ်။ ရေမနစ်အောင် ငှက်ပျောတုံးတွယ်ထား

ရမယ်။ ရေစီးအောက်ဖက်မှာ သူတို့ ကာကွယ်ရပ်ထားပေးတယ်။ ကျမတို့ သုံးယောက်လုံး

တက္ကသိုလ်ရေကူးကန် ထဲက ရေသူရဲတွေဖြစ်ကြသမို့  ဘာကြာသလဲမမေးနဲ့။ မြောင်းထဲမှာ

ရေချိုးလို့ ကောင်းမှ ကောင်း။ ဒါပေမဲ့ စိုးရိမ်မကင်း စောင့် ကြည့်သူတွေ အများကြီးရှိတယ်။

ကျမတို့ (audience) နဲ့ ရေချိုး ရတာနော်၊ ဘာမှတ်တုန်း။ ( ရယ်တဲ့ပုံလေး ထည့်ချင်တာ၊ မလုပ်တတ်လို့)

 

(၉)ရက်နေ့ ညမှာပဲ လုပ်ငန်းစဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ကြပါတယ်။ နေရာ ၊စာသင်သား၊

အောက်လင်းဓာတ်မီး၊ စာသင်ခုံ စသဖြင့် ကျမတို့ မရောက်ခင်ကတည်းက ကျေးရွာ စာမတတ်

သူ ပပျောက်ရေး အဖွဲ့ ကစီမံထားပြီးသားပါ။ ကျမတို့ က နှမ်းဖြူးရုံသက်သက်ပါ။

 

ပွဲဦးထွက်ညမို့ ဆရာမလေးတွေလည်း ရင်ခုန် ချင်၊ စာသင်သားတွေလည်းတက်ကြွ၊

ရွာသူကြီးက လည်းဟန်ရေးတပြပြ၊ ကာလသား ကာလသမီးတွေကလည်း ဘုရားပွဲတမျှ

ရှိုးပြင်ကြ၊  အို..ကလေးတွေဆိုတာလည်း တစ်ရွာလုံး ရှိသမျှ အကုန်လာကြရော့သလား

ထင်ရတယ်၊ ဘာပြောကောင်းမလဲ လောကကြီး လှချက်တော့ မကျန်ပါဘူး။

 

ဒါပေမဲ့ သိပ်မလှတာက ( ဝ ထ က လ သ )ပါ။ သင်တန်းသား(၄၅) ယောက်  သင်ပေးသူ

ဆရာမ(၃) ယောက် ဆိုတော့ ဆရာ နှင့် စာသင်သား အချိုးက (၁:၁၅)  အဆင်ပြေသားပဲ။

အဆင်မပြေတာက ရွာက စာဖတ်တတ်ပြီးသား ဖြစ်တဲ့ သားတွေ သမီးတွေ ဇနီး ခင်ပွန်း တို့က

သူတို့ ဆိုင်ရာဆိုင်ရာ စာသင်သား အမျိုးကို ဘေးကနေ (Guide) ဆရာ/မ ဝင်လုပ်ပြီး ကျမတို့ အစီ

အစဉ်အရ သင်နေတဲ့ ( ဝ ထ က လ သ) အပြင် ( က ကာ ကား။ ညက ကာလသား

လာသလားတွေ )  ဝင်သင်ကြတာပါလား။ ရောက်ရောက်ချင်းဆောက်နဲ့ ထွင်းလို့ မကောင်း

သေးတော့ ကျမတို့ တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်ပြ ထားရတယ်လေ။

 

၁၀.၄.၁၉၇ဝ (သောကြာနေ့)

ကျောက်ဆည်မြို ့ ထဲ ခဏသွားပြီး စာထည့်မယ်၊ လိုအပ်တာလေးတွေ ဈေးဝယ်မယ် ဆိုတော့

စက်ဘီး(၃)စီး  ကျမတို့တည်းတဲ့ အိမ်ရှေ ့ မှာ အသင့်လာပို့ပေးထားပါတယ်။ အားနာပေမဲ့

ကျမတို့ သဘောတွေကျနေကြတာလေ။ ပြီးတော့ ကျမတို့ကို ကျွေးမွေးဧည့်ခံရေး

အစီအစဉ်ကို ရွာက ကျမတို့ မရောက်ခင်ကတည်းက တာဝန်ခွဲထားတာတွေ့ရပါတယ်။

မနက်စာ တစ်အိမ်၊ နေ့လည်စာတစ်အိမ်၊ ညစာတစ်အိမ်၊ သူကြီး အိမ်မှာ စာရင်းကပ်ပေးထား

ပါတယ်။ကျမတို့ တစ်လစာ ကျွေးရတာကို တစ်ချို ့အိမ်တွေ အားမရလို့ ထပ်ခွဲတမ်းလိုချင်

သေးတယ် ဆိုပဲ။ ဟင်းကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ ကျမတို့ မှာ စားမကောင်း

တဲ့ အနပ်မရှိခဲ့ပါဘူး။

 

အညာဟင်းတွေကလည်း စားမိရင် တစ်သက် မမေ့ရက်စရာတွေပါ။ အောက်ပြည် အောက်ရွာ

မှာ ကျမတို့ နွားနို့ ကို ဟင်းချက်စားရတယ်လို့ မသိခဲ့ကြပါဘူး ၊ မစားဖူးခဲ့ကြပါဘူး။

နွားနို့ခဲချက်ဟင်းဆိုပြီး စ စားဖူးတဲ့နေ့ က ကျမလေ အိမ်ကမောင်နှမတွေ ကျွေးချင်လိုက်တာ။

နေ့စဉ်ဟင်းမှာ မန်ကျည်းရွက်ချဉ်ရည်ကတော့ ဆရာကြီးပါပဲ။ တစ်အိမ်ကို လက်ရာတစ်မျိုး

နော ၊ တစ်ချို့အိမ်က မန်ကျည်းရွက်ချဉ်ရည် ဝါတာတာလေး ( ဆနွင်းများလို့)။ တစ်ချို့အိမ်က

မန်ကျည်းရွက်ချဉ်ရည် ခရမ်းချဉ်သီးနိုင်နိုင်ထည့်ထားလို့ ခပ်နီနီ၊ တစ်ချို့အိမ်က မန်ကျည်းရွက်

ချဉ်ရည် ကို ကန်စွန်းရွက်လေးနဲ့ ရောချက်ထားတယ်။  အို… အကုန်စားကောင်းတာပါပဲရှင်။

 

မြို့ကဆရာမလေးတွေ မိဝေးဘဝေး လာလုပ်အားပေးကြတာဆိုပြီး စားသောက်မကောင်းမှာ

လည်းစိတ်ပူကြပုံပေါ်ပါတယ်။ မရှိ ရှိတာရှာကြံချက်ကြရတဲ့ အိမ်တွေဆိုရင် စားရမှာ

အားနာလို့လေ ၊ အသားတွေမချက်နဲ့နော်၊ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်နေတာ စားရတာ

ကြိုက်တယ်။  ကျမတို့ အညာငပိချက် ကို သိပ်ကြိုက်တာ၊ ဟင်းသီးဟင်းရွက်နဲ့ သိပ် အစပ်တည့်တာ။

ဒီနေ့ အသားမစားချင်ဘူး ပဲသီးကြော်သိပ်ကြိုက်တာ ဘာညာ ကြိုပြီးဖောရှော

လုပ်ထားရပါတယ်။ သူကြီးကလည်းပြောပါတယ်၊  နည်းနည်းနွမ်းတဲ့အိမ်တွေ အကျွေး

အမွေးခွဲတမ်း မယူခိုင်းဘူး။ သူတို့ကိုယ်တိုင်က ယူချင်ကြတာတဲ့။ ကဲ မိတ်ဆွေတို့ရေ  မြို့မှာ

ဒါမျိုးမရှိဘူးနော်။

 

၁၁.၄.၁၉၇ဝ (စနေနေ့)

စာသင်တဲ့နေရာကို ကျမတို့ (၃) ယောက် တံမြက်စည်း ကိုယ်စီဆွဲပြီး သန့်ရှင်းရေးလုပ်ကြ

ပါတယ် ။ ကျမတို့ကို အမြဲလာလာကြည့်နေကျ ကလေးတပ်ဖွဲ့ ဝင်ရောက်ပူးပေါင်းကြတယ်။

သူတို့ တွေ လေ ပျော်နေတာပဲ။ ခိုးခိုးခစ်ခစ် ရယ်နေကြပုံများ မိတ်ဆွေတို့ မြင်စေချင်တယ်။

တာဝန်ကြီးကြီးမားမားကြီး ထမ်းဆောင်ခွင့်ရသလိုကို အူမြူးနေကြရှာတာ။ မမောနိုင် မပန်းနိုင်

သန့်ရှင်းရေးလုပ်နေကြတာလေ။ ခဏနေတော့ လူကြီးတစ်ချို ့  ရေဝင်ဖြန်းကြ၊ ထိုင်ခုံတွေ

နေရာချကြ ၊ ညနေစောင်း စာသင်ချိန်မစခင်မှာပဲ ဖုန်သိပ်၍  အမှိုက်ပြောင်သန့် ရှင်းနေတဲ့

…မယ်ဇယ်ပင်ရွာ မန်ကျည်းရိပ်အောက်…က ခုံဝိုင်းလေးတွေနဲ့  (ဝ ထ က လ သ) စာသင်

တန်းလေး လှသွားတော့တာပေါ့ရှင်။ ဒီတော့  နေရာအပြောင်းအလဲကြောင့် ပို စိတ်ဝင်စား တက်ကြွ

လာကြပါတယ်။ ညအခါ လသာသာ အညာရွာလေးမှာ တစ်သက် မမေ့နိုင်စရာ။

 

ဝ ထ က လ သ သင်ခန်းစာကနေ တဖြည်းဖြည်း ဝါ ထာ ကာ လာ သာ။ အဲဒီကနေ ဆက်ပြီး

ဝါး ထား ကား လား သား အထိရောက်လာပါပြီ။ ဝါကျလေးတွေ စတင် ရေးလာကြပါပြီ။

အဲဒီတုန်းကဝါကျ တစ်ချို ့  ကတော့

လာသလား။

ကာလသား။

ကာလသားလာသလား။

ကသလား။

ဝါးသလား။

လသာသလား။  ။ စသဖြင့်တွေပေါ့နော။

စာရွက်ပေါ်မှာ ကိုယ်တိုင်ရေးလိုက်ရတဲ့ မဆိုသလောက် ဝါကျလေးတွေ နဲ့ ပီတိတွေဝေနေပုံ

မျက်လုံးထဲက မထွက်တော့ပါ။ သူတို့အိမ်နံရံတွေမှာလည်း (ဝ ထ က လ သ)၊

ရွာအဝင်တမုတ်မြောင်း ပေါ်ကတံတားဘောင်ပေါ်မှာလည်း (ဝ ထ က လ သ)၊

ဦးကျည်ပွေ့ အတက်ပေါက်ပြီလို့များ ဂုဏ်ယူနေကြရော့သလား။

26 comments

  • blackchaw

    October 26, 2011 at 9:49 am

    ဆရာမကြီး။
    ဆရာကြီးဦးသုခတောင် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုပြီး
    အံ့ကျော်ကြီးကို အကယ်ဒမီရအောင် ရိုက်ပေးခဲ့ဘူးတာ မှတ်မိတယ်။
    အဲဒီတုန်းက အသုံးလုံး လှုပ်ရှားမှုမှာ ဆရာမကြီးတို့ ပါခဲ့တာ
    ဂုဏ်ယူပါတယ် ဆရာမကြီးခင်ဗျား။
    ဓါတ်ပုံလေးတွေ ရှိရင် တင်ပါဦး ခင်ဗျာ။

    Reply

    • KoNyeinChan

      October 28, 2011 at 12:03 am

      ဆရာမ.. ကျွန်တော်တို ့ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ အဲ့ဒီ ဝ ထ က လ သ ရဲ ့အဓိပ္ပါယ် အရှည်ကောက်ကို ဖြစ်နိုင်ရင် ရှင်းပြပေးစေချင်ပါတယ်.. ဗဟုသုတအဖြစ် သိချင်လို ့ပါ

      Reply

  • htoosan

    October 26, 2011 at 10:05 am

    ( ရယ်တဲ့ပုံလေး ထည့်ချင်တာ၊ မလုပ်တတ်လို့)
    ဆရာမကြီးခင်ဗျာ၊ ကျွန်တော်လည်း မထည့်တတ်လို့ လျှေက်ကြည့်ရင်းမှ အောက်ပါ link တွေ့ တော့ မှ အဆင်ပြေ သွားပါတယ် ။
    http://myanmargazette.net/writing-guidelines
    အောက်ဆုံးမှာ ပါပါတယ် ခင်ဗျာ။

    Reply

    • TTNU

      October 26, 2011 at 3:54 pm

      Htoosan ရေ
      😉
      Is that right?

      Reply

    • nozomi

      October 27, 2011 at 10:27 am

      တီချယ်ကြီးလိုပဲ ကျွန်တော်လဲ မေးဘူးတယ် ဒီမှာလဲရှိတယ်
      http://myanmargazette.net/48647/creative-writing

      ကိုထူးဆန်း ရေ ဦးဖောပို့စ် မှာ ပီအမ် နဲ့ ပတ်သက်လို့ ကိုထူးဆန်း ပြောပြတဲ့ အတိုင်း စမ်းကြည့်တာ အဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ်

      Reply

  • “ဘီလူးကြီး”ogre

    October 26, 2011 at 10:43 am

    ဘယ်သူပြိုင်လို့ လှပါတော့နိုင် ရုပ်ရှင်ကားများ
    ကြည့်နေရသလားအောက်မေ့ရတယ်..မျက်စိထဲမြင်ယောင်မိအောင်
    ရေးတတ်ပါတယ် အားပေးနေပါတယ်ခင်ဗျာ။။

    Reply

  • hmee

    October 26, 2011 at 2:00 pm

    ဆရာမ ပြောတာနဲ့ အမေ့အိမ်ကို လွမ်းလာပြီ။ အမေချက်တဲ့ နွားနို့ခဲဟင်း၊ ငါးပိထောင်းနဲ့ မန်ကြီးရွက်ကို စွယ်တော်ရွက်၊ ပိန်းရွက် သနပ်ရွက် ဖရုံပွင့်လေးတွေ ခပ်ထားတဲ့ သောင်းပြောင်း အချဉ်ဟင်း။ လွမ်းလိုက်တာနော်။ အညာကလူတွေ ဧည့်ဝတ် တကယ်ကျေပါတယ် ဧည့်သည်များ လာလို့ကတော့ ကျွေးချင်လွန်းလို့ သူတို့အချင်းချင်း ရန်တောင် ဖြစ်တာပါ။ မန်ကြီးရွက်နုချိ်န်များဆို စဉ့်အိုးနဲ့ အချဉ်တောင် သိပ်သေးတာ။ ရန်ကုန်မှာတုန်းကလည်း နွားနို့ဟင်းစားချင်လို့ နို့ဝယ်ချက်ပါတယ် ရေတွေကြည့်မို့ တခွက်တောင်မရဘူး။ 🙁

    Reply

  • TTNU

    October 26, 2011 at 3:26 pm

    Blackchawရေ ဓာတ်ပုံတွေ မရှိတော့ဘူး ၁၉၈၁ မန ္တလေးမီးကြီးလောင်တုန်းက
    တီချာ ရှိသမျှ မှတ်တမ်းတွေပစ္စည်းတွေ ပါသွားခဲ့တယ်။ အခု My Diary လေးနဲ့ လူရည်ချွန်
    မှတ်တမ်းစာအုပ်တွေသာ ကျောင်းဘီဒိုထဲမှာရောက်နေလို့ ကျန်ခဲ့တာ။
    ံHtoosan ရေ လင့်ခ် ကူးထားပြီးပြီ။လုပ်ကြည့်ပြီး အကြောင်းပြန်မယ်နော်။ ကျေးဇူးပါ။
    ဘီလူးကြီး အားပေးပြီဆိုမှတော့ ဆက်ရေးမှာပေါ့။
    မှီရေ စွယ်တော်ရွက်၊ ပိန်းရွက်၊ သနပ်ရွက်၊ ဖရုံပွင့် တွေနဲ့ …. စားကြည်ချင်လာပြီနော်။
    စိတ်ကူးနဲ့ မြည်းကြည့်ရအောင်…. ရှလူး…Yummy…yummy.

    Reply

  • pooch

    October 26, 2011 at 6:37 pm

    တီချယ် ရဲ့ Diary လေးက တော်တော်လေးကို သက်တမ်းကြာနေပြီပဲနော်… အနော်ကတော့ စနစ်တကျနဲ့ မှတ်တမ်းလေးတွေ မှတ်တတ်တဲ့ အကျင့်က အခုထိကို လုပ်လို့ မရသေးဘူး … အပျင်းထူနေတာ …
    တီချယ်ရဲ့ လူရည်ချွန် ဓာတ်ပုံလေးတွေ ရော အကုန်ပါသွားတာလား …..
    နှမြောစရာ ကြီး တီချယ်ရယ် ……

    Reply

  • windtalker

    October 26, 2011 at 8:29 pm

    ဆရာမ သာ မန်ကျီးသီးချက် နဲ ့ပုစွန်ဆိတ်သေးဆီပြန်ချက် မစားသွားရလို ့
    နို ့မို ့ဆို ၊ မပြန်ချင်ပေါင် ဖြစ်ရအောင်…ဖြစ်ခဲ့မှာ အသေချာပါဘဲ ဗျို ့

    Reply

  • padonmar

    October 26, 2011 at 9:06 pm

    TT Nu ရယ်
    အခု MRTV 3 က ဘယ်သူပြိုင်လို့လှပါတော့နိုင်ပြနေပါတယ်။
    တီတီ စာထဲက အတိုင်းပါဘဲ၊
    ပြန်ကြည့်ရင် အဲဒီခေတ်ကတောင် ပိုကောင်းနေသလိုဘဲ။
    လူရည်ချွန်၊စံပြကြက်ခြေနီ၊စံပြလုပ်သား၊အသုံးလုံး၊သန်းခေါင်စာရင်း လုပ်အားပေး၊
    ပရကိုလူတွေ နှစ်နှစ်လိုလို လုပ်ခဲ့ကြတယ်။
    အဲဒီစိတ်တွေ ဘယ်ရောက်ကုန်ကြပါလိမ့်။

    Reply

    • TTNU

      October 26, 2011 at 9:27 pm

      ဟုတ်တယ်နော်။
      တီချာတို့ အတိတ်ကိုတမ်းတ ပစ္စုပ္ပန်ကို အားမရ အနာဂတ်ကို
      ကြောင့်ကျ မိတာများ နေပြီလား မသိတော့ပါဘူး ပဒုမ္မာရယ်။
      တို့ ငယ်ငယ်တုန်းကလေ လို့ ပြောလိုက်ရင် မြေးတွေကအစ
      ကြည့်ပုံတစ်မျိုးပါပဲ။

      Reply

  • TTNU

    October 26, 2011 at 9:11 pm

    Pooch ရေ
    နှမြောစရာ အကောင်းဆုံးက ဘွဲ့နှင်းသဘင်ပုံတွေ၊ ဖောင်ကြီးBC ရတဲ့ပုံ တွေ၊
    မင်္ဂလာဆောင်ပုံတွေ၊ ဒုတိယ အကြိမ် ပြန်လုပ်လို့ မရတာတွေပေါ့။
    ကို ဝင်းထောလခါ ရေ
    အဲဒါ ကျုပ်အကြိုက်ဆုံးဟင်းတွေပါ့။

    Reply

  • blackchaw

    October 26, 2011 at 9:15 pm

    ဆရာမကြီးခင်ဗျား။
    ဒီကွန်းမန့်ကို ၃ ကြိမ်မြောက်ပြန်ရိုက်ပြီး တင်နေတာပါ။
    ကိုပေ တက်မလာခင်ကတည်းက တင်နေတာ ဘယ်လိုမှ မရဘူးဗျာ။
    ကျွန်တော်တို့ ငယ်ငယ်က လူရည်ချွန်ဆိုရင် သိတ်အားကျတာ။
    ငပလီ တို့ဘာတို့ လေ့လာရေးနဲ့ အပန်းဖြေခရီး သွားကြရင်
    သတင်းစာမှာ ဖေါ်ပြတယ်လေ။
    အဲဒီအတွေ့အကြုံလေးတွေ ဖတ်ချင်ပါတယ် ဆရာမကြီးခင်ဗျား။
    မှတ်မိသလောက်လေး ရေးပြပါဦး။

    Reply

    • TTNU

      October 26, 2011 at 9:36 pm

      Blackchawရေ
      တီချာတို့ လူရည်ချွန် Group ရှိတယ်။ Member လူရည်ချွန်တွေမှ
      ဝင်ရေးလို့ရပေမဲ့ မည်သူမဆို ဝင်ဖတ်လို့ရပါတယ်။ ကိုယ့် FB မှာ
      လူရည်ချွန်ရှိရင် ဝင်ဖတ်ပါ။လူကြီး( VIP) တွေလည်း
      ရေးကြပါတယ်။ သူတို့တွေထဲမှာ ၅ထပ် ၆ထပ်ကွမ်းတွေ
      ကလောင်စွမ်းထက်ကြပါတယ်။

      Reply

  • kai

    October 27, 2011 at 4:38 am

    မြန်မာစာက သင်ရအင်မတန်လွယ်တယ်လို့.. မှတ်မိတယ်..။
    စကားသာတတ်ရင်.. တရက်၂ရက်လောက်နဲ့…. ရေးတတ်တယ်လို့ ထင်တာပဲ..။ ဆရာကြီးဦးသံဗျင် တီထွင်တယ်လို့.. ထင်တာပဲ..။

    စကာမစပ်တီချယ်ရေ..
    ရွာတွေမှာချောင်းမြောင်းထဲ ရေဆင်းချိုးတယ်ဆိုတာ.. ဘယ်လိုကြီးလည်း..။
    ပုံမှန်ရွာသူတွေချိုးတယ်ဆိုရင်.. ထမီနဲ့လား…. တကိုယ်လုံးချွတ်ချိုးသလား… သိချင်လို့ပါ..။

    စာတချို့ထဲ.. ထမီကို..ခေါင်းကနေ..ရေထဲဆင်းသလောက် အသာလေးချွတ်.. လယ်ပင်းလောက်ရေနစ်မှ… ကမ်းပါးပေါ် ထမီပစ်တင်လိုက်တယ် ဖတ်ဖူးလို့…။ 😆

    Reply

    • Foreign Resident

      October 27, 2011 at 6:14 am

      အဲ ဒီတခါတော့ သူကြီး ပိန်းသွားပြီ ။

      ” ထမီကို..ခေါင်းကနေ..ရေထဲဆင်းသလောက် အသာလေးချွတ်..
      လယ်ပင်းလောက်ရေနစ်မှ… ကမ်းပါးပေါ် ထမီပစ်တင်လိုက်တယ် ”

      အဲလိုဆိုရင် ကမ်းပါးပေါ် ထမီပစ်တင်လိုက်ရင်
      အတက်ကြတော့ ဘယ့်နှယ့် လုပ်မလဲဗျ ။

      အဘသိသလောက် ကမ်းပါးပေါ် ထမီပစ်မတင်ဘူးဗျ ။
      ထမီ နှင့် ခေါင်းပေါင်းလိုက်ကြတာ ။

      Reply

      • KoNyeinChan

        October 28, 2011 at 12:00 am

        ဗျို ့အဘ… ကျွန်တော်လည်း ငယ်ငယ်တုန်းက ရွာမှာနေတုန်းကြားဖူးတယ်.. ရေထဲ သူကြီးပြောသလို ဆင်းတဲ့အကြောင်းလေးပေါ့.. အတက်မှာတော့ ညပိုင်းမှတက်မယ်ထင်တယ် (ပဲကြီးရေစိမ်ထားသလိုဖြစ်နေလောက်ပြီ :D).. ဟိုးအလျင် ပို ့စ်တစ်ခုမှာ ကိုအောင်ပု မန်းထားတာရှိခဲ့ဘူးတယ်.. သူ ခြုံပုတ်အကွယ်ကနေ မိန်းမပျိုတွေ ချောင်းဖြတ်ကူးတာကို ရှုစားတဲ့အကြောင်း.. သူလိုလူမျိုး လက်ထဲ ဗီဒီယို ကင်မရာရောက်သွားလို ့ကတော့………… 😀

        Reply

  • thit min

    October 27, 2011 at 6:49 am

    ကျနော့မှာသူငယ်ချင်း ကိုဝင်းထိန် ဆိုတာရှိတယ်။
    သူ့အဖေက အသားမဲတော့ ရင်းနှီးသူတွေက ကုလားလို့ခေါ်တယ်။

    အဲဒီ ဝ ထ က လ သ ဆိုတာကို ကျနော်တို့က
    ဝင်း ထိန် ကု လား သား လို့အော်ခဲ့ကြတာပေါ့နော်။

    ထမင်းကြွေးတဲ့အကြောင်းကိုဖတ်ရတော့ မြန်မာလူမျိုး(အရှေ့တောင်အာရှကလူ)တွေရဲ့ မြို့ပြ နဲ့တောနေ
    ကွာခြားမှု ကျယ်ပြန့်လာရခြင်း Widening urban-rural disparities ကို Paper ရေးဘို့စဉ်းစားနေတုံး Idea
    တခု Cultural/ Social norms အနေနဲ့ ဆင့်ပွါး အတွေးတွေရလိုက်လို့ …………..
    ကျေးဇူးပါ ဆရာမကြီးရေ။

    Reply

    • TTNU

      October 28, 2011 at 12:41 am

      ဆရာသစ်ရေ
      ဝင်းထိန်အဖေက ကုလားမဟုတ်ရင် အားနာစရာကြီးနော်။
      Widening urban-rural disparities အတွက် နည်းနည်းလေးပိစိလေး
      ထောက်ကူရတယ် ဆိုရင်ပဲ ဝမ်းသာပါတယ်။ ဒါပေမဲ့ အခုခေတ် သိပ် မကွာခြား
      တော့ဘူးနော်။ TV, Video တွေ ကြောင့် မြို ့…. ကျေး ခြားနားမှု မwidenတော့ဘူး
      ထင်တယ်။ ( နှမ်းဖြူးခြင်း):)

      Reply

  • MaMa

    October 27, 2011 at 7:10 am

    တီချယ်ကြီးရဲ့ အလှက ဆရာကြီး ဦးသုခအလှထက် ပို အနုစိတ်နေသေးတယ်။။ ဒီစာကိုရေးရင်း တီချယ်ကြီးလည်း အသက်၂၀-၂၅လာက် ပြန်ဖြစ်မသွားဘူးလား။ 😀
    ကျမတို့တော့ ကျောင်းတုန်းက သူငယ်ချင်းတွေဆုံကြရင် ကလေးတွေပြန်ဖြစ်သွားတတ်ကြလို့။ 😀

    Reply

  • ကြောင်ကြီး

    October 27, 2011 at 11:26 am

    ဒီဖက်ခေတ်မှာသာ အသုံးလုံးစီမံချက်လို ကျောင်းသားတွေကို တောရွာအနှံ့ကွင်းဆင်းခွင့် ပေးလိုက်ရင် နောက်ထပ် ရှစ်လေးလုံး လူထုအုံကြွမှုတခု ထပ်ဖြစ်စေရမယ်လို့ ကြောင်အမြီးနဲ့ အလောင်းအစားလုပ် ပြောရဲတယ်။

    Reply

  • etone

    October 27, 2011 at 3:32 pm

    တီချယ်ကြီးတို ့စာ သင်တဲ့ နှစ်တုန်းက ကိုယ်တွေ မွေးတောင် မမွေးသေးဘူး ဟီးဟီး 😀
    ရုပ်ရှင်ထဲမှာသာ မြင်ဖူးတာ … တကယ်သွားရတဲ့အခါ အဆင်ပြေပါ့မလား ရုပ်ရှင်ကြည့်ပြီး တွေးပူမိသေးတယ် … ။ ရွာသားထဲမှာရော ကိုချစ်စရာလို (ဦးအံ့ကျော်)လို ပေကပ်ကပ်လူမျိုးရှိသလားဟင် … ။ ဘလက်ဘုတ်တွေကရော ထမင်းစားပွဲကြီးကို သစ်ပင်မှာ ရိုက်ထားသလိုလား … အဟီး 😛 အတွေ့ကြုံဆန်းလေး ရေးပြတာ ကိုယ်တိုင်ရောက်သွားသလိုပါပဲ … ။

    ဒါနဲ့ တီချယ်ကြီးတို့ရေ ချိုးတော့…ရေက…စီးနေတာနော် … ။ ဘာရယ်မဟုတ်ဘူး … ရေစီးသန်တဲ့ဘက်က ရပ်နေတဲ့လူတွေကိုတွေးမိသွားလို့ …. ရေဆိုတာ စီးနေတော့ .. ဟီးဟီး :mrgreen:

    မန်ကျဉ်းရွက်တွေ မပါမဖြစ်နေ့တိုင်းစားတယ်ဆိုတော့ …. အိမ်သာကရော အဆင်ပြေရဲ့လားဟင် …. ။ ကျွန်မကတော့ ဘယ်နေရာရောက်ရောက် … အိမ်သာ အဆင်ပြေပါ့မလားဆိုတဲ့ အတွေးမျိုး တွေးတတ်လို့ … သိချင်သွားတာ 🙂

    Reply

  • TTNU

    October 28, 2011 at 12:33 am

    ကိုငြိမ်းချမ်းရေ
    ဝ ထ က လ သ ဆိုတာ မြန်မာစာဗျည်း(၃၃) လုံးထဲမှာ
    စာလုံးဝိုင်းနဲ့ အလွယ်ဆုံးရေးလိုရတဲ့ မှတ်မိလွယ်တဲ့ Letters တွေပေါ့။
    စာမတတ်သူ ပ ပျောက်ရေး ပရောဂျက်အတွက် ပညာရေးသုတေသန ဗျုရိုက
    စာအုပ်ထုတ်ပေးပါတယ်။
    ဆရာခိုင်ရေ
    ထမီရင်ရှားနဲ့ချိုးပါတယ်ကွယ်။ အဲဒီခေတ်က T-Shirts, Quarto-Pants တွေ ဘာမှ
    မရှိသေး၊ မဝတ်သေး တဲ့ ကာလ လေကွာ။ ကို FR ပြောသလို
    (အဘသိသလောက် ကမ်းပါးပေါ် ထမီပစ်မတင်ဘူးဗျ ။
    ထမီ နှင့် ခေါင်းပေါင်းလိုက်ကြတာ) ဆိုသလိုလည်းမဟုတ်ဘူး။လုံချည် ဝတ်ရက်ပဲ ရေကူးကြတာ။
    မခိုင်မှာတော့ စိတ်ပူစရာရှိတာပေါ့လေ။ Naked တော့ မချိုးပါဘူး။ မြောင်းက
    လူတွေအများမြင်ရတယ်။ ဘယ်သူမှ ဒါကို အာရုံပြုပုံမရဘူး။ မြင်နေကျ ဖြစ်လို့ထင်ပါ့။

    Reply

  • TTNU

    October 28, 2011 at 1:00 am

    မမ၊ ကိုကြောင်ကြီး၊ အိတုန် တို့ရေ
    မမရေ မန်းဂဇက်မှာ အသက်အကြီးဆုံးကြီးဖြစ်ပြီး ကလေးတွေနဲ့ ဆွေးနွေးနေရတာကိုက
    စိတ်အတော် နုစေတယ်ကွယ်။ ပျော်နေမိတယ်။
    ကိုကြောင်ကြီးရေ
    ထောက်ခံပါတယ်။ ဒါကြောင့် ရပ်ပစ်တာလားမှ မသိ?? လောင်းကြေးထပ်စရာ ကျုပ်မှာကြောင်အမြီးမရှိဘူးတော်။ ကြိမ်လုံးတော့ရှိတယ်။
    အိတုန်ရေ ဆက်ရေးမဲ့ အပိုင်းတွေမှာ ကိုမြိုင်ဆိုတဲ့ ကတ်ဖဲ့ တစ်ယောက် အကြောင်းပါမယ်။
    အိမ်သာက တီချာတို့ နေတဲ့ အိမ်က အပျိုကြီးတစ်ယောက်တည်းအိမ် ဆိုတော့ သန့်ပါတယ်။
    တီချာနဲ့ သမီးနဲ့တူတယ်။ တစ်နေရာရာသွားရင် အဲဒါ ဒုက္ခတစ်ခုပါ့။ တစ်ရက်နှစ်ရက်တော့
    ချုပ်ပြီ။ စကားမစပ် အိတုန်ရေ။ သမီးcomment ထဲမှာပါတဲ့ အရုပ်လေးတွေ
    ဟိုတစ်နေ့ကလုပ်လို့ရသေးတယ်။ ဒီနေ့ ကိုသစ်မင်း comment ကို ပြန်ရေးတော့
    မပေါ်တော့ဘူး။ သင်ပေးပါဦး။ 🙂 🙂

    Reply

    • TTNU

      October 28, 2011 at 1:08 am

      ဟောတော့ အိတုန်ရေ ရသွားပြီ။ ဆရာသစ်ဆီမှာနှမ်းဖြူးခြင်း 🙂 လို့ရေးပြီး
      အရုပ်မပေါ်တာနော်။ အုပ်ချုပ်သူဆရာခိုင်ရေ Sorry ပါနော်။

      Reply

Leave a Reply to htoosan Cancel Reply

Your email address will not be published.