မျက်တောင်မွေးတဆုံးမကြည့်ဘဲမျက်စိတဆုံးကြည့်ကြပါစို့

ဤ. ပြည်ထောင်စု မြန်မာနိုင်ငံတော်သား၊ဗုဒ္ဓဘာသာ

ဝင်များနှင့် တိုင်းရင်းသား မွတ်စ်လင် တို ့မှာ ညီအကိုချင်းချာ တွေဖြစ်ကြပါလျှက်၊“ကုလားလူမျိုးဘဲ၊ဗမာလူမျိုးဘဲ”ဟူသော၊လူမျိုးရေးပြဿနာကြောင့် သာရေး၊နာရေး တို ့မှာတဦးနှင့်တဦး ခပ်စိမ်းစိမ်း ဖြစ်နေကြသည်ကိုတွေ ့ရ၏။
တဖန်၊ဘာသာရေးနှင့်ပတ်သက်၍ တဦးနှင့်တဦး သူ ့ဘာသာ ကသာသည်၊ငါ့ဘာသာက မြတ်သည် ဟူသောပြဿနာများကြောင့် ပေါင်းသင်းဆက်ဆံရေးတို ့မှာ ခပ်တန်းတန်း ဖြစ်၍နေသည်ကိုမြင်ကြရပေလိမ့်မည်။
လူတစ်မျိုးနှင့်တစ်မျိုး၊တဘာသာနှင့်တဘာသာ မကျေနပ်သော အချက်များရှိခြင်းမှာ ဓမ္မတာသဘောပင်ဖြစ်လေသည်။သို ့ရာတွင် လူမျိုးတူ၊ဘာသာတူချင်းမှာပင် အချို ့အယူအဆ အချက်အချို ့၌ အယူအဆ ချင်းကွဲပြားနေကြသည်ကိုထောက်ရှုသော် လူမျိုးကွဲ၊ဘာသာကွဲ တို ့အဖို ့အဆန်းမဟုတ်တော့ပါ။
လောကီရေးရာနှင့်ပတ်သက်၍ ဖြစ်စေ၊လောကုတ္တရာရေးနှင့် ပတ်သက်၍ဖြစ်စေ၊ရှုပ်ထွေးပေပွနေသော ပြသနာတစ်ခုကိုရှင်းလင်းနိုင်ရန်မှာ အမြင်မှန်လိုအပ်ပါသည်။ထိုအမြင်မှန်ရမှ နားလည်မှုရောက်ပါမည်။နားလည်မှုမှသည် ကျေနပ်မှု ပေါ်ထွက်လာပါလိမ့်မည်။ဤကဲ့သို ့ကျေနပ်မှုရသောအခါ၊တဖက်နှင့်တဖက် အပြစ်မမြင်ဘဲ အချစ်စိတ်ဝင်လာရမည်မှာ ပြောပြနေစရာမလိုတော့ပါ။
သို ့ဖြစ်ပါ၍ ဤ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်းရှိတိုင်းရင်းသားတို ့စည်းလုံးရေး၊ ညီညွတ်ရေးနှင့် ချစ်ကြည်ရေးတို ့ကို အထူးလိုအပ်နေသည့်အချိန်အခါမျိုးမှာ တိုင်းရင်းသားချင်း၊တဖက်နှင့်တဖက်၊အဆင်မပြေဖြစ်နေသော လူမျိုးရေးနှင့် ဘာသာရေးပြဿနာကို ကို

(၁)သဘာဝယုတ္တိ
(၂)သာဓကယုတ္တိ
(၃)ဒေသနာ့ယုတ္တိ များနှင့်ကိုက်ညီအောင် ရေးသားဖြေရှင်းရလျှင် အမြင်မှန်ရကြ၍ အေးချမ်းသာယာသော ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်မည်မှာ မလွဲဧကန်ဖြစ်ပါတော့သည်။

15 comments

  • oakermg

    October 20, 2011 at 6:51 pm

    တစ်ကယ်တော့.. အင်း.. ဘယ်လို ဝင်ရေးမမှန်း မသိတော့တာ အမှန်..
    ပီပြင်အောင် ဆွေးနွေးနိုုင်မဲ့ ရွာသူရွာသား တစ်ယောက်ယောက် ကိုမျှော်ပါနော့….။

    Reply

  • ပေါက်ဖော်

    October 20, 2011 at 7:43 pm

    ကိုသန်းထွဋ် ပြောသလိုပါပဲ..
    ဘာပဲဖြစ်ဖြစ် အပြန်အလှန် နားလည်မှုလေးတွေ ရှိသင့်တယ်
    အစွန်းမရောက်ကြစေချင်..ဘူး…ဗျ

    Reply

  • naymin

    October 20, 2011 at 7:49 pm

    အစွန်းရောက်ရင် ဂျောက်ထဲသို့ ကျသွားပါမယ်၊ ခြုံငုံယူဆ တွေးခေါ်ကြရင်
    အဆင်ပြေ ချောမွေ့နိုင်မှာဖြစ်ပါတယ် ။

    Reply

  • တကယ်တော့ ကျွန်တောတို ့ပြည်သူတွေ သွေးကွဲနေမယ်၊တစ်ဦးပေါ်တစ်ဦး ရန်စောင်နေမယ်ဆိုရင် အုပ်ချုပ်သူတွေ၊အာဏာရူးတွေရဲ ့အကြိုက်ဖြစ်သွားပါလိမ့်မယ်။ဒါကိုဘဲ divide and rule လို ့ခေါ်တယ်မဟုတ်လား။အဲတော့ ကျွန်တော်တို ့အားလုံးအမြင်ရှင်းဖို ့လူသား
    ကိုတန်ဖိုးထားတတ်ဖို ့ရာ အရေးသိပ်ကြီးပါတယ်။ကျဉ်းမြောင်းသေးသိမ်တဲ့ မျက်ကန်းတစ္ဆေ စိတ်တွေကို ဘေးဖယ်ပြီး အားလုံးညီညွတ်ဖို ့
    ရာ တိုက်တွန်းလိုပါတယ်။ဘဘ ဗိုလ်ချုပ်ပြောဖူးတဲ့ စကားလေးက အားလုံးသော လူသားတွေသတိတရနဲ ့မှတ်ယူ၊လိုက်နာ၊ပြုကျင့်သင့်ပါတယ်။

    လူမှာအရေးကြီးဆုံး နှစ်ခုပဲရှိတယ်။
    *အဲဒါကကိုယ်ကျင့်တရားရယ်
    *အမှန်တရားကိုမြတ်နိုးမှု (love of truth) ရယ် ဒါဘဲဖြစ်တယ်။
    (ဗိုလ်ချုပ်အောင်ဆန်း)

    Reply

  • ပြောရင်လဲ လွန်တယ်ထင်မယ်.. မပြောရင်လဲ တာဝန်မကျေရာကျမယ်
    တိုင်းရင်းသားလို့သုံးရင် မွတ်စ်လင်လို့ မသုံးသင့်ဘူး၊ မွတ်စ်လင်ဆိုရင်လဲ တိုင်းရင်းသားမဟုတ်ဘူးဗျို့

    အချိုးချကြည့်ကြရအောင်..
    တိုင်းနဲ့ပြည်နယ်(၁၄)ခု၊ ဘယ်နေရာမှာ မွတ်စ်လင်တွေအများဆုံးနေထိုင်လဲ? အစ္စလာမ်ဘာသာကိုးကွယ်ကြသူတွေရဲ့ အနွယ်တော်တွေက ဘယ်မျိုးနွယ် အစစ်တွေလဲ? ရှင်းရှင်းနဲ့ ဘွင်းဘွင်းပြောရရင် ရခိုင်ပြည်နယ်ကနေ နည်းပေါင်းစုံနဲ့ ဝင်လာတဲ့ ဘင်္ဂါလီ အနွယ်တွေပဲမလား၊ မြန်မာအမျိုးသမီးတွေကို နည်းပေါင်းစုံနဲ့ သိမ်းသွင်း၊ ခြေကုပ်ရယူလာတဲ့သူတွေကို တိုင်းရင်းသားမျိုးနွယ်ထဲမှာ စာရင်းသွင်းပေးရမှာလား? ဘာသာရေးမှာ ပျော့ပြောင်းတဲ့ဘာသာက လူတိုင်းလက်ခံနိုင်ပေမယ့် အစွန်းရောက်ဝါဒကိုတော့ လက်မခံနိုင်ဘူး မောင်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ပါ.. မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ မွတ်စ်လင်တိုင်းရင်းသားလို့တော့ မသုံးနှုန်းပါနဲ့..

    အာဖဂန်နစ္စတန်ဘာဖြစ်ခဲ့လဲ၊ ကျွန်းစုလေးပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှား ဘာဖြစ်သွားလဲ… အဲဒါတွေကို ကျုပ်တို့ သတိထားတယ်.. လက်ရှိ မြန်မာနိုင်ငံက ပထမတန်းစား ဘာသာရေးမှာချို့ယွင်းတာတွေရှိတယ်၊ ဒါပေမယ့် ကျုပ်တို့ အသားကျနေပြီ၊ ဒုတိယတန်းစား ဘာသာရေးက ပထမတန်းစား ဘာသာရေးကို အပျော့ဆွဲပေါင်းတယ်၊ အဆင်ပြေအောင်ပေါင်းတယ်၊ အတိုက်အခံမပြုဘူး၊ ဘာသာရေးခေါင်းဆောင်တွေကလဲ အမြဲဆုံးမတယ်၊ ဘယ်တော့မှ ငါ့ဘာသာမှန်တယ်ဆို ပြိုင်မငြင်းဖို့..

    အစွန်းရောက်လွန်းတာ (ဘာသာရေးဆိုတာထက် ပြန့်ပွားဖို့လုပ်နေတဲ့ ယုံကြည်သူတွေရဲ့ အပြုအမူတွေ) ကြောင့် မြန်မာမလေးတွေ ပါတ်ဝန်းကျင်နဲ့ပါ အဆက်ပြတ်စေတာ၊ ကိုးကွယ်ရာ ဘုရားနှစ်ဆူ တူတူမရှိစေတာ၊ နိုင့်ထက်စီးနင်းပြုမူတာတွေ မြန်မာ့သမိုင်းမှာ သေချာရှာကြည့်၊ မသိသေးရင် ပါတ်ဝန်းကျင်မှာ တစ်ကယ်ဖြစ်ပျက်နေတာတွေ ရှာကြည့်ရင် သိလိမ့်မယ်။ ကောင်းတာလုပ်ရင် လူတွေလက်ခံမှာပဲ။ မကောင်းတာတွေများနေရင်တော့ ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။ လူအများလက်ခံစေချင်ရင် လူအများကောင်းရာကိုလုပ်ပါ။ ဒါဆို လက်ခံလာပါလိမ့်မယ်။

    ဆိုတော့ကာ.. လိုရင်းကို အနှစ်ချုပ်မယ်ဆို တိုင်းရင်းသား မွတ်စ်လင်လို့ သုံးနှူန်းတာ သေးသေးလေးမှ လက်မခံနိုင်ပါကြောင်း…….

    Reply

    • http://www.rfa.org/burmese/news/tinoo-10142011144516.html

      ရိုဟင်ဂျာဆိုတာ ရခိုင်တိုင်းရင်းသားထဲ မှာ ရှိပါသလား။ မြန်မာနိုင်ငံ မှာ အစဉ်အဆက်နေထိုင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး စရင်းထဲ မှာ ပါပါသလား။

      ဦးတင်ဦး ပြောဆိုချက် ရိုဟင်ဂျာခေါင်းဆောင် ကန့်ကွက်
      http://www.rfa.org
      :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
      နောက်တစ်ခုက …….

      မောင်နိုင်ရဲ့ အတွးဘလော့ ထဲမှာတော့ http://maungnaing.blogspot.com/2009/02/blog-post_6925.html ရိုဟင်ဂျာဆိုတိုင်း မြန်မာနိုင်ငံသားများဖြစ်တယ်လို့ မပြောနိုင်သလို ၊ မဟုတ်ဘူးလို့
      လည်း ငြင်းလို့မရပါဘူး ။ လို့ ဖြော်ပြထားပါတယ်။

      မောင်နိုင် အတွေးများ: ရိုဟင်ဂျာ ပြဿနာအကြောင်း တစေ့ တစောင်း
      maungnaing.blogspot.com
      ရိုဟင်ဂျာဆိုတိုင်း မြန်မာနိုင်ငံသားများဖြစ်တယ်လို့ မပြောနိုင်သလို ၊ မဟုတ်ဘူးလို့လည်း ငြင်းလို့မရပါဘူး ။….ထောက်ခံပါတယ်..အတွေးအခေါ် လေးတွေ နှစ်သက်မိပါကြောင်း.ဒါက ရိုဟင်ဂျာနဲ ့ဆက်နွယ်မှုကိုပြောရမယ်ထင်လို ့ပါ။ဒါမှမဟုတ်ရင် ကိုရှုူံးပြောနေသလို ဘဂါင်္လီတွေပါဆိုပြီး
      ဝါးလုံးရှည်ကြီးနဲ ့သိမ်းကျူံးပြောသလိုဖြစ်နေမှာမို ့ပါ။သေသေချာချာလေး ဖတ်ရင် နားလည်မယ်ထင်ပါတယ်။ဘာလို ့လဲဆိုတော့ MG ကဆရာတွေရော၊ဆရာမတွေပါ ကျွန်တော့်ထက်ပိုတတ်သိနားလည်ကြမှာပါဗျာ။
      ::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::.ဒီစာအုပ်ကတော့ ရခိုင်ဆိုတာဘာလဲ၊ရိုဟင်ဂျာဆိုတာဘာလဲ၊ဘဂါင်္လီကဘယ်လို၊တိုင်းရင်းသား မွတ်စလင်မ်တွေက ဘယ်လိုပါဆိုတာနားလည်လာပါလိမ့်။ဖတ်ကြည့်စေချင်ပါတယ်။

      http://www.scribd.com/doc/20436681/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%98%E1%80%9A%E1%80%B9%E1%80%9E%E1%80%B0%E1%80%9C%E1%80%B2-%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC-%E1%80%98%E1%80%9A%E1%80%B9%E1%80%9E%E1%80%B0%E1%80%9C%E1%80%B2 ကို ဆက်လက် လေ့ လာကြည့်ပါ။

      ရခိုင် ဘယ်သူလဲ ? ရိုဟင်ဂျာ ဘယ်သူလဲ ?
      http://www.scribd.com
      ဗိုလ်မှူး ထွန်းကျော်ဦး (အငြိမ်းစား) က ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန ကင်းလွတ်ခွင့်ပြု အမိန့်အမှတ် န/သ-၀၆၆ ဖြင့် ရေးသား ထုတ်ဝေခဲ့သော ရခိုင် ဘယ်သူလဲ ? ရိုဟင်ဂျ… by Kyauk Taw Family in History, Research, and rohingya

      Reply

  • kanjosan

    October 21, 2011 at 8:04 am

    မြန်မာနိုင်ငံသားများ ဘာသာ၊ လူမျိုးမခွဲခြားဘဲ စည်းလုံးရမယ် ဆိုရင် ပိုပြီး သင့်တော်မယ်လို့ ထင်ပါတယ်…

    Reply

  • ကြောင်ကြီး

    October 21, 2011 at 10:38 am

    ပြောတဲ့အတိုင်းဖြစ်ဖို့ဆိုရင် အနည်းစုက အများစုကိုလေးစား အများစုက အနည်းစုကိုစာနာမှ ရမယ်ထင်တယ်။ နှစ်ဖက်စလုံးက ပညာတတ်ရမယ်၊ မျက်စိကြီးနားကြီး ဖြစ်ရမယ်။ ဘာသာရေး အစွန်းမရောက်ဖို့ အပေါ်ယံကြော ကိုးကွယ်ဆည်းကပ်မှုတွေကို ရှောင်ကြဉ်ရမယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ နှစ်ခုကိုပဲ ဥပမာထားပြောရင် ဗုဒ္ဓဘာသာဝင်များကလည်း ဘာသာတရားကို အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ နိုင်ငံရေးစကားလုံးနဲ့ အမြတ်မထုတ်သင့်သလို မွတ်စလင်များကလည်း ကိုယ့်ဘုရားကလွဲရင် ကျန်တာဘာလုပ်လုပ် ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ် စိတ်ဓာတ်ကို ပြင်ရမယ်။ နဲနဲ့ထပ်တိုးပြောရရင် ဗုဒ္ဓဘာသာဝင်များကလည်း ဘုရားဟောအတိုင်း လိုက်နာနေထိုင်ကြမှ (အနည်းဆုံးတော့ သီလလုံဗျာ) လက်မထောင်ကြရင်၊ မွတ်စလင်များကလည်း သူတို့ဘုရားပြောခဲ့သလို အားလုံးအပေါ် တပြေးညီ လိုက်နာစောင့်ထိန်းနေကြရင် (ဥပမာ အစ်နေ့မှာ နွားသတ်ပူဇော်တဲကအခါ ကျမ်းလာအတိုင်း သံပြားကိုမီးရှို့ ဗလာခြေနဲ့တက်နင်းပြီးမှသတ်၊ ဒါမှမဟုတ်လဲ နွားမသတ်ခင် ကိုယ့်ရင်သွေးကို အရင်ဆုံး သတ်ဖို့လုပ်ပြ၊ ဗျုန်းဆိုကောင်းကင်က အလင်းရောင်ပေါ်လာပြီးတာမှ နွားကိုသတ်) ပြသနာ အတော်နဲသွားမယ်။ ဒါ့အပြင် ခေတ်ကာလနဲ့ မလျော်ညီတော့တဲ့ အပြုအမူ အကျင့်စရိုက်များကိုလည်း နှစ်ဖက်စလုံးက ပြင်နိုင်ရမယ်။ မတူညီတာတွေ ဖြစ်လာတဲ့အခါ နားလည်ခွင့်လွှတ်တဲ့စိတ်မွေးနိုင်ရမယ်။ (ဥပမာ – ဘာသာမတူတဲ့ စုံတွဲတွေ အိမ်ထောင်ကျရင်)။ ဒါတွေဖြစ်နိုင်မလား…….. 🙄 အားလုံးဖြစ်တယ်မဆိုနိုင်တောင် ပညာတတ် အမြင်ကျယ်ရင် အခြေအနေကို အကောင်းဆုံးထိန်းသိမ်းသွားနိုင်သူတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ ဒါတွေအတွက် ဖွံ့ဖြိုးမှုနိမ့်ပါးနေတဲ့ နယ်စပ်နဲ့ကျေးလက်ဒေသတွေမှာ အဆင်သင့် ဖြစ်ပြီလား….. 🙄 မြင်တွေ့သလောက်တော့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အထွေထွေ မကျေနပ်မှုများကနေ တအုပ်စုနဲ့တအုပ်စု ပိုမိုဝေးကွာလာနေသလိုပဲ။ တိုးတက်လာတဲ့ ဆက်သွယ်ရေး နည်းပညာများက အခွင့်အလမ်းများ ဖန်တီးပေးသလို ရပ်ဝေးမှာရှိတဲ့ အရင်ကလက်လှမ်းမမှီနိုင်တဲ့ ပင်မအုပ်စုနဲ့ ဆက်သွယ်မိပြီး ပိုခေါင်းမာ အစွန်းရောက်အောင်လည်း တွန်းပို့တတ်ပါတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာမို့ ဒီကိစ္စဖြေရှင်းရန် အတော်ခက်ပါကြောင်း………..

    Reply

    • Arkar11

      October 24, 2011 at 7:16 pm

      ကိုကြောင်ကြီးခင်ဗျား
      ”..အစ်နေ့မှာ နွားသတ်ပူဇော်တဲကအခါ ကျမ်းလာအတိုင်း သံပြားကိုမီးရှို့ ဗလာခြေနဲ့တက်နင်းပြီးမှသတ်၊ ဒါမှမဟုတ်လဲ နွားမသတ်ခင် ကိုယ့်ရင်သွေးကို အရင်ဆုံး သတ်ဖို့လုပ်ပြ၊ ဗျုန်းဆိုကောင်းကင်က အလင်းရောင်ပေါ်လာပြီးတာမှ နွားကိုသတ် …” ဆိုတဲ့ယူဆချက်ဟာ မှားယွင်းနေပါတယ်ခင်ဗျား… အစ်နေ့ actual meaning ကတော့..
      ”Festival of Sacrifice” or “Greater Eid” is an important religious holiday celebrated by Muslims worldwide to commemorate the willingness of Abraham (Ibrahim) to sacrifice his son Ishmael (Isma’il) as an act of obedience to God, before God intervened to provide him with a ram to sacrifice instead.[1] The meat is divided into three parts. The family retains one third of the share; another third is given to relatives, friends and neighbors; and the other third is given to the poor and needy…
      ဘာသာရေး နဲ့ပတ်သက်ပြီးဆွေးနွေးမယ်ဆိုရင် တစ်မျက်နာ နှစ်မျက်နာ နဲ့ ပြီးမှာမဟုတ်ပါဘူး…အရမ်းကျယ်ပြန့်ပါတယ်…ဒါကြောင့် မဆွေးနွေးတာဘဲကောင်းပါတယ်…
      မြန်မာပြည်မှာ မွတ်စလင်ဆိုတာ ဘိုးတော်ဘုရားလက်ထက်တည်းကရှိတာပါ…သိချင်ရင် wiki link
      http://en.wikipedia.org/wiki/Islam_in_Burma မှာ ဖတ်ကြည့်နိုင်ပါတယ်…
      တိုင်းပြည်အတွက်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ မွတ်စလင်တွေလည်းရှိခဲ့ပါတယ်..
      အာဇာနည်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရာဇတ်နဲ့သူ့ရဲ့ကို်ယ်ရံတော် ရဲဘော်ကိုထွေး တိုု့ ကို တာမွေမွတ်စလင်သင်္ချိုင်းမှာ ယနေ့ထိတွေ့နိုင်ပါသေးတယ်…အရင်အစိုးရတွေက မြန်မာမွတ်စလင်တွေရဲ့သမိုင်းကို အစဉ်တစိုက်ဖုံးဖိခဲ့တဲ့အတွက် ပြည်သူတွေမသိတာပါ…ဒါမှ လိုအပ်ရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ရန်တိုက်ပေးလို့ရမှာကိုး….အကြိမ်ကြိမ်လည်း ရန်တိုက်ခံခဲ့ပြီးပါပြီ…
      အဓိကပြောချင်တာကတော့ ဘာသာတစ်ခုအကြောင်းသေချာမသိဘဲနဲ့ မကောင်းကြောင်းမပြောဖို့ပါ…

      Reply

  • တကယ်တော့ ကမ္ဘာပေါ်မှာ မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အီရတ်တို ့၊လစ်ဗျားတို ့ကအာဏာရူးတွေ ဆဒမ်ဟူစိန်၊ကဒါဖီတို ့လို လူတွေကြောင့် မွတ်စလင်တွေနဲ ့အခြားဘာသာဝင်တွေ ဝိဝါဒပိုပြီး ကွဲပြားသွားစေခဲ့ပါတယ်။တကယ်ကို ဘာသာရေးအကြောင်းထဲထဲဝင်ဝင်နဲ ့နှိုက်နှိုက်ချွတ်ချွတ် ယုံကြည်သူတွေမှာအာဃတ တရားကင်းပြီး အေးငြိမ်းပါတယ်။ခုတော့ အာဏာရှင်တွေ တဖြေးဖြေး ကျဆုံးနေပါပီ။ဆဒမ်လဲကြိုးပေးခံရပြီးပြီ၊ကဒါဖီလဲ သေ၊ဘင်လာဒင်လဲကြွ၊အေးချမ်းသင့်သလောက်အေးချမ်းပီပြောရပါမယ်။ဒါပေမယ့်ဗျာ တရုတ်ပေါက်ဖော်ဆီမှာ တိုင်းပြည်ကို စတေးခံရောင်းစားခဲ့တဲ့ သန်းရွှေနဲ ့စစ်အုပ်စု တဖွဲ ့သားလုံးကို ဘုရားရှင်ဘဲ ဒဏ်ခတ်ဖို ့တောင်းဆိုရတော့မယ်။

    Reply

    • ကြောင်ကြီး

      October 22, 2011 at 10:13 am

      အီရတ် ဆက်ဒမ်ဟူစိန်၊ လစ်ဗျား ကဒါဖီ၊ ဆီးရီးယား အာဆတ် တို့လို့ အာဏာရှင်တွေကြောင့် မွတ်စလင်ဘာသာ နာမည်ပျက်တာ မဟုတ်ဘူး။ သူတို့က အာဏာရူးပေမဲ့ ခေတ်မှီ အနောက်တိုင်းဆန်တယ်။ အီရန်၊ ဆော်ဒီအာရေဗျတို့က မူလာဘုန်းကြီးတွေ၊ သူတို့လက်ဝေခံ အစွန်းရောက်ဝါဒီတွေရဲ့ တစောက်ကန်းလုပ်ရပ်ကြောင့်သာ မွတ်စလင်တွေ မျက်နှာပန်းမလှ ဖြစ်နေတယ်ထင်တယ်။ နိုင်ငံတခုသည် သူနဲ့ထိုက်တန်တဲ့ အစိုးရကိုပဲရတယ် ဆိုတော့ ပြောရရင် ဒီးမိုး ဒီလေနဲ့ ဒီရေ …… 🙄

      Reply

  • villager

    October 22, 2011 at 10:37 am

    အရမ်းဖတ်လို့ ကောင်းပါတယ် ၊
    ဆက်လက်ဆွေးနွေး ပေးကြပါဦး၊
    ခုထိ ဖတ်ကြည့်နေတာ ဝါးတားတား ဖြစ်နေသေးလို့ပါ ။

    Reply

  • mzm

    October 24, 2011 at 5:21 pm

    ကျနော်အကြံပေးချင်တာက အခုဒီပို့စ်ရေးတဲ့ကာယကံရှင်ကိုယ်တိုင်ကောလက်တွေ့ဒီလိုသဘောထားကြီးကြီး
    ဆက်ဆံနိုင်ရဲ့လား? ကိုယ်တကယ်လက်တွေ့ကျင့်သုံးနိုင်မှပြောဆိုရေးသားတာပိုကောင်းမယ်ထင်ပါတယ်။
    အသံကောင်းမဟစ်ပဲနဲ့ပေါ့၊အယူဝါဒချင်းမတူတာကိုလိုက်ညှိနေဖို့ဆိုတာလွယ်မယောင်နဲ့ခက်၊တိမ်မယောင်နဲ့
    နက်၊ဆိုသလို တကယ်တမ်းမလွယ်တဲ့ကိစ္စပါ။

    Reply

  • windtalker

    October 24, 2011 at 7:42 pm

    ခရီးများ အဆုံးထိလျှောက်….အားဟာ
    ခရီးများ အဆုံးထိလျှောက် …

    Reply

Leave a Reply to ပေါက်ဖော် Cancel Reply

Your email address will not be published.