ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် မထသ – အုပ်ချုပ်ရေးမှူးများ ပြောင်းလဲသင့်ပြီး……

Joker GyiOctober 20, 20111min04
-
ပြောင်းလဲပေးရန်

ပြောင်းလဲသင့်ပြီး………

19.10.2011 ဗုဒ္ဓဟူးနေ့ 1:30 အချိန်ခန့် တောင်းပန်ခရိုင်း မထသ-  ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) အောင်မြင့် မထသ- ဌာန ခွဲ ( ၅) မှ ဗိုလ်ကြီး(ငြိမ်း) ကျော်စိုးမိုးတု့ိအဖွဲ့သည် တွံတေးမှ လှိုင်သာယာ အဝိုင်းသို့  ပြေးဆွဲနေသည့်    ကက / ( Taxi)  ယဉ်ငယ်များ ခရီးသည်များ အမြန် လွယ်ကူစွာ လာနိုင်ရေးအတွက် ညှိနိုင်ဈေးနှင့် 11.10.2011 ရက်နေ့တွင် စတင်ပြေးဆွဲလျက် ရှိခဲ့ပါသည်။ ကက/( Taxi ) ယဉ်ငယ်များ ပြေးဆွဲခြင်းကို ရန်ကုန်တိုင်း တောင်းပိုင်းခရိုင်းမထသ- ဒုတိယ ဗိုလ်မှူးကြီးအောင်မြင့်( ငြိမ်း ) မထသ – ဌာနခွဲ (၅) ဗိုလ်ကြီးကျော်စိုးမိုး (ငြိမ်း) တို့မှ တွံတေး လှိုင်သာယာ ကို ပြေးဆွဲနေသည့်( Taxi ) များ မပြေးဆွဲရန် တားမြစ်ခဲ့ပါသည်။ ကျွန်တော်တို့ တွံတေး ကက / (Taxi) ယဉ်ငယ်များ တွံတေးမှ လှိုင်သာယာသို့ ပြေးဆွဲ ခွင့် မရှိဘူးလား?   ( Taxi ) များပြေးဆွဲခြင်းကို မထသ- မှ တားမြစ်ပိုင်ခွင့် ရှိပါသား?   ခေတ်နဲ့အညီ မထသ/ လူကြီး မင်းများ ပြောင်းလွဲသင့်ပါသည်။

  တွံတေးမြို့နယ် ကက / Taxi ကော်မတီအဖွဲ့

 

 

ပထမပို့တင်တာမှာ စားလုံးပေါင်းမှားသွားတဲ့အတွက် ခွင့်လွှတ်ပါ ခင်ဗျား အခုပို့ကို နောက်ထက်တစ်ခါ ထင်တင်ပေးပါတယ်………..

 

4 comments

  • Joker Gyi

    October 20, 2011 at 8:39 pm

    ပထမပို့တင်တာမှာ စားလုံးပေါင်းမှားသွားတဲ့အတွက် ခွင့်လွှတ်ပါ ခင်ဗျား အခုပို့ကို နောက်ထက်တစ်ခါ ထင်တင်ပေးပါတယ်………..

    ( ထင်)လို့ရေးတဲ့နေရာမှာ (ထပ်)လို့ ပြင်ဖတ်စေချင်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ် ပို့ကိုလဲတစ်ခါမှမတင်းဖူးဘူး ဒါပထမဦးဆုံးတင်ဖူးတာပါ အမှားများပါသွားရင်ခွှင့်လွှတ်ပေးပါခင်ဗျ……..

    Reply

  • ကြောင်လတ်

    October 20, 2011 at 9:41 pm

    တွံတေးကိုအရမ်းသတိရတယ်။
    တွံတေးလမ်းတွေကောင်းပြီလားဗျာ။
    ဟိုတုန်းကဂျစ်ကားတွေကို တွဲလွဲခိုလိုက်ပြီး
    ရည်းစားလေးကိုသွားသွားတွေ့ရတာအခုထိ
    မမေ့နိုင်သေးဘူး။လမ်းတွေကလည်းကြမ်းပါ့။
    အခုဆိုသူတစ်ယောက်အိမ်ထောင်တွေဘာတွေကြပြီး
    သားသားမီးမီးလေးတွေမွေးနေလောက်ရောပေါ့။

    Reply

  • Joker Gyi

    October 21, 2011 at 9:04 am

    လမ်းတွေလား အရမ်းကောင်းပေါ့ တွံတေး ဒလ သွားရင် စားထားတဲ့ထမင်း က ဘယ်နာရောက်သွားလဲမသိဘူး ………

    Reply

  • လင်းဝေကျော်

    October 21, 2011 at 4:47 pm

    မထသ ဆိုပြီး မဆီမဆိုင် အဲဒီ ကောင်တွေကို စားပေါက်ထွင်ဖို့ ခန့်ကတည်းကိုက အမှား။
    နောက်ပြီး ပေးစားကမ်းစား ငြိမ်ငြိမ်ထိုင်မစားပဲ သူများတွေ အများပြည်သူတွေ ဒုက္ခရောက်အောင် လျှောက်လုပ်နေကြတာက တော်တော်ကို မိုက်ရိုင်းတဲ့အလုပ်။
    လွပ်လပ်တဲ့ စီးပွားရေး စနစ်ကြီးကို လုပ်ပေးနေတာမှာ ကားတောင် လွပ်လပ်စွာ ဆွဲခွင့်မရှိဘူးလား။
    တွံတေး မြို့နယ်အုပ်ချုပ်ရေးရုံးကတဆင့် တိုင်းအစိုးရ ထိရောက်အောင် စာတင်ပေါ့။

    Reply

Leave a Reply

Your email address will not be published.