ဂါဒီးယန်း သတင်းစာကြီးက The Lady ရုပ်ရှင်ကိုဝေဖန်လိုက်ခြင်း

နွယ်ပင်September 16, 20111min05

ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဘဝအကြောင်း The Lady ရုပ်ရှင်ကတော့ ပေါ့ပေါ့ပျက်ပျက်နဲ့ ဘာခံစားချက်မှလည်းမပေး၊ သာမန် အရပ်သူတယောက်ရဲ့ ရုပ်ရှင်ကား တကားမျိုးထက် ဘာမှ မပိုဘူးလို့ The Guardian သတင်းစာက ဝေဖန်ပါတယ်။

စကားပြောခန်းတွေက အသက်မပါ၊ သရုပ်ဆောင်ချက်တွေကလည်း ခံစားချက် ကင်းမဲ့နေလို့၊ ရုပ်သံဇာတ်လမ်းတွဲ အဖြစ်နဲ့တောင် ပရိတ်သတ်ရဖို့ ခက်မယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီနှစ်ထဲမှာ အချာဆုံး ဇာတ်ကားတွေဖြစ်တဲ့ Madonna ရိုက်ကူးတဲ့ W.E ရုပ်ရှင်။ Roland Emmerich ရဲ့ Anonymous။ အခု The Lady ရုပ်ရှင်သုံးကားမှာ The Lady က အချာတကာ့ အချာဆုံးလို့ ဆိုပါတယ်။

ဇာတ်လမ်းဖွင့်ဖွင့်ချင်း ၁၉၄ရ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အခန်းနဲ့ စလိုက်တာကိုက ဒီဇာတ်ကားနဲ့ မဆိုင်သလိုပဲလို့ မှတ်ချက်ပေးပါတယ်။ တခါ အဲဒီကနေ ၁၉၉ဝ ပြည့်လွန်နှစ်တွေဆီကို ခုန်ကူးသွားပြီး၊ အောက်စ်ဖို့ ဆေးရုံက အခန်းတခန်း၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲလစ် (David Thewlis) တယောက် နောက်ထပ် အလွန်ဆုံး ၅ နှစ်ပဲ အသက်ရှင်ရတော့ မယ်ဆိုတဲ့ သတင်းဆိုးကို ကြားတဲ့ ဇာတ်ဝင်ခန်း။

အဲဒီနောက် မိုက်ကယ်အဲလစ်ရဲ့ အမွှာဖြစ်တဲ့ David Thewlis က မိုက်ကယ် အဲလစ်ဆီကို လူနာလာကြည့်ဖို့ရောက်လာ။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ခေါ်ဖို့ အကြံပြုတာကို မိုက်ကယ်အဲလစ်က မကြား။ လွန်ခဲ့တဲ့ ၁ဝ နှစ်က ယောက္ခမဖြစ်တဲ့ ဒေါ်ခင်ကြည် အသည်းအသန်ဖျားတဲ့ အချိန်ကို ပြန်ပြောင်း သတိရတဲ့ နောက်ကြောင်းပြန် ပြကွက်တွေဆီ ရောက်သွား။

နောက် ၁၉၈ဝ ပြည့်လွန်နှောင်းပိုင်းနှစ်တွေ…။

မြန်မာပြည်မှာ အဓိကရုဏ်းတွေဖြစ်လာတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပညာတတ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ဖို့ မေတ္တာရပ်နေကြတဲ့အချိန်၊ တဖက်မှာ အစိုးရကလည်း ဒီမိုကရေစီ လှုပ်ရှားမှုကို ရက်ရက်စက်စက်နှိမ်နင်းနေ။

ဇာတ်လမ်းက အောက်စဖို့နဲ့ မြန်မာပြည်၊ နောက်တခါ မြန်မာပြည်က လူထုတွေ တခဲနက် ထောက်ခံနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းထောင့်ဆိုင်တဆိုင်မှာ စပျစ်သီးခြောက်ဝယ်နေပုံရတဲ့ မိုက်ကယ် အဲလစ်တို့ကို တလှည့်စီ ပြပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲလစ်တို့ရဲ့ ဘဝနောက်ကြောင်းတွေ ဘာတခုုမှ မပါတာပါ။ နောက်ထပ် ဘာမှ စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေ မပါတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်က လူထု ခေါင်းဆောင် ဖြစ်လာ၊ ဒါကို မိုက်ကယ်အဲလစ်က ထောက်ခံ။ ထောက်ခံတာကလည်း ဘောလုံးပွဲ တပွဲကို အားပေးသလိုမျိုး။ တဘဝလုံး အန္တရာယ်ကျရောက်တော့မယ့် လှလှပပ (ဇနီးသည်) တယောက်ကို ထောက်ခံတဲ့ ပုံစံမျိုးမဟုတ်။

ဇာတ်လမ်းထဲက ဆွေးနွေးချက်တွေက တိုနှံ့နှံ့၊ ကလီရှေး။ ဗိုလ်ချုပ်ကြီးကိုလည်း အာဃာတကြီးကြီး၊ အယူသည်းသည်းနဲ့ ဗေဒင်ဆရာ ညွန်ကြားတဲ့အတိုင်း ဆုံးဖြတ်ချက်တွေ ချတတ်တဲ့ ယူဂန်ဒါသမ္မတဟောင်း Idi Amin ပုံစံမျိုး ပုံဖော်၊ ဒါတွေပါပဲတဲ့..။

ဒေါ်အောင်ဆန်းစုကြည်က အနစ်နာခံတဲ့လမ်းကို ဘာကြောင့်ရွေးပြီး၊ ခင်ပွန်းဖြစ်သူက ဘာကြောင့် ခွင့်ပြုသလဲဆိုတာတွေကိုလည်း ရုပ်ရှင်တကားလုံးမှာ တခါမှ ရှင်းမပြ။ မှန်ကန်တဲ့ လုပ်ရပ်ဆိုရင် ဘာကြောင့် မှန်ကန်မှန်းလဲ ပရိသတ်က မသိရ။

ဒေါ်အောင်ဆန်းစုကြည် အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Michelle Yeoh ရဲ့ သရုပ်ဆောင်ချက်က မြင့်မြတ်ပေမယ့် ထီးထီးကြီး။ မင်းသား David Thewlis က ကြိုးစားပေမယ့်လည်း ဇာတ်ရုပ်နဲ့ သူနဲ့က မလိုက်ဖက်။

အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကို ဇာတ်လမ်းထဲမှာ ဇာတ်လမ်းကျောရိုးနဲ့ မဆီလျော်ဘဲ ဂွကျကျထည့်ထားတဲ့ ကိစ္စအပြင်၊ ဒီဇာတ်လမ်းထဲက မိဘနဲ့ သားသမီးတွေကြားက ဆက်ဆံရေးပြကွက်တွေကလည်း လက်ခံနိုင်စရာ မရှိဘူးလို့ သဂါဒီယန်းက မှတ်ချက်ပေးပါတယ်။

တကယ်တမ်း အသက်ဝင်တဲ့ ဇနီးမောင်နှံအကြောင်းရိုက်တဲ့ ဇာတ်ကားက အသက်ဝင် နေဖို့ကောင်းပေမယ့် အခု The Lady ရုပ်ရှင်ကို ရိုက်ထားပုံကို ကြည့်လိုက်ရင်၊ ဇာတ်ကားနာမည်ကိုတောင် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် စူပါစတား အိမ်ရှင်မ Aung San Suu Kyi: Housewife Superstar လို့သာ နာမည်ပြောင်း သင့်တယ်လို့ သဂါးဒီးယန်းက ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။

တနင်္လာနေ့ (စက်တင်ဘာ ၁၂) မှာတော့ The Lady ကို ကနေဒါရုပ်ရှင်ပွဲတော်မှာ စပြပါတယ်။ မကြာခင်မှာ တကမ္ဘာလုံးကို ရုံတင်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို သရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Yeoh ကတော့ မီဒီယာနဲ့ ပရိသတ်ကအားပေးရင် အော်စကာဆုရဖို့ မျှော်မှန်းထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောဖူးပါတယ်။

မြန်မာသရုပ်ဆောင်တွေအတော်များများလည်း ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထားကြတာရယ်၊ မြန်မာပြည်အကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားဖြစ်လို့ မြန်မာပရိတ်သတ် အတွက်တော့ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကား ဆိုတာကတော့ သေချာပါတယ်။

မြန်မာလူထုခေါင်းဆောင်ကိုလည်း အားနာပါရဲ့…။ တကယ်ကြည့်ပြီး တော့မှပဲ ဂါးဒီးယန်းသတင်းစာက ပြောတဲ့အတိုင်း ဟုတ်မဟုတ်၊ ကိုယ်တိုင် အကဲဖြတ်ကြပါတော့ဗျို့…။

ညီစောလွင်

ရည်ညွန်း — www.guardian.co.uk

5 comments

  • နွယ်ပင်

    September 16, 2011 at 10:01 am

    မြန်မာပြည်သူတစ်ယောက်အနေနဲ့ မြန်မာလူထုခေါင်းဆောင် အမေစုအကြောင်းကို ရိုက်ပြထားတဲ့
    ဇာတ်ကားဖြစ်လို့ The Lady ဇာတ်ကားကို အရမ်းကြည့်ချင်နေခဲ့တာပါ ….
    အခုလို ဂါဒီးယန်း သတင်းစာကြီးက ဝေဖန်ပြလိုက်တော့ စိတ်ထဲ တစ်မျိုးတောင်ဖြစ်သွားတယ်
    ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ကို ဒီဇာတ်ကားရောက်လာရင်တော့ ကြည့်ဖြစ်အောင်ကို ကြည့်ရမယ် ….

    Reply

  • blackchaw

    September 16, 2011 at 10:26 am

    တရားဝင်တော့ ကြည့်ခွင့်မရလောက်ဘူးထင်တယ်။ ရောက်တော့ ရောက်လာမှာပါ။

    Reply

  • pan pan

    September 16, 2011 at 10:38 am

    ဇာတ်ကားက ဇာတ်ကားပါပဲ
    ဘယ်လိုပဲဝေဖန်ဝေဖန် ကြည့်ချင်ပါတယ်
    သူတို့ထောက်ပြတဲ့အချက်တွေလည်း ဂရုတစိုက်ကြည့်သွားမှာပါ (ကြည့်ခွင့်ရခဲ့ရင်)
    အမေစုအကြောင်း ရိုက်ပြထားတဲ့ဇာတ်ကားက ဇာတ်ကားအရ၊ အနုပညာအရ ဘယ်လိုပဲချာတယ်ပြောပြော
    အမေစုကို ဘာမှမထိခိုက်စေဘူးလို့ ယုံကြည်ပါကြောင်း…….။။။
    (ကျွန်မကတော့ ထိုဝေဖန်မှု အမေစုနှင့် မသက်ဆိုင်)

    Reply

  • ဆူး

    September 16, 2011 at 1:08 pm

    အဲဒီကားလေး ကြည့်ကြည့်ချင်နေတာ.. ဘယ်လိုတွေလဲတောင် မသိဘူး။
    စိတ်ပျက်စရာကြီး ရေးထားတာ..
    ရွာသားကြီးတွေလည်း ကြည့်ပြီးရင် နည်းနည်း ဖောက်သည်ချပေးပါအုန်း။
    အပိုင်ဝယ်ထားတဲ့ လူရှိရင်လည်း ကြည့်လို့ရအောင် ဟိုဟိုဒီဒီ တင်ပေးပြီး လင့်လေးပါလေး ရှဲပေးကြအုန်းနော်။

    Reply

  • မီးမီး သော်

    September 16, 2011 at 1:30 pm

    အရမ်းကြည့်ချင်ပါတယ် ဆိုမှနော်။လုပ်ချလိုက်ပီ ဂါးဒီရန်းကတော့။
    အမှန်တော့ ဒီမိုကရေစီ အင်အားစုတွေမှာ ရှိစုမဲ့စု အင်အားလေးနဲ ့ရိုက်ရတာလေ။နောက်ပြီးတော့ အမေစုရဲ ့ဘဝသရုက်ကိုဖော်တဲ့နေရာမှာ ဟော်လီးဝုဒ်မှာ ဆုရဖို ့အတွက်ထက် ပြည်သူ ့အတွက် ပိုရည်ရွယ်ခဲ့လို ့နေမှာပါ။ဂါးဒီးရန်း သတင်းစာက သတင်းစာမို ့လို ့သူဝေဖန်ချင်သလိုဝေဖန်ပိုင်ခွင့်ရှိပါတယ်။ဒါပေမယ့် ကမ္ဘာမှာရှာပါး တဲ့ဒီလို အမေစုလို ့နိုဘယ်ဆုရှင်တစ်ယောက်ကို ကျွန်မတို ့တန်ဖိုးထားဂုဏ်ယူလျှက်ပါ။

    Reply

Leave a Reply

Your email address will not be published.