Mouse မရှိတဲ့အခါ Mouse လိုမျိုး Keyboard ကိုသုံးမယ်

we R oneSeptember 16, 20111min02

Mouse မရှိတဲ့အခါသာမန်အသုံးပြုချင်တာလောက်ကတော့ Tab key ကနေသွားနိုင်ပါတယ် Mouse လိုမျိုး Keyboard ကို သုံးချင်တယ်ဆိုရင်တော့ အောက်မှာရေးပြထားသလို အသုံးပြုနိုင် ပါတယ်။ 

  • Alt+Shift+Num Lock(Alt ကီးရယ်+ Shitf ကီးရယ် ၊ ညာဘက်ခြမ်းမှာရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက်နှိပ်ပါ။
  • Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Setting ထဲသို့ ဝင်ပါ။
  • Use Mouse Key မှာ Check box On ပေးရပါမယ်။
  • ပြီးရင် ဘေးက Setting ထဲသို့ထပ်ဝင်ပါ။
  • Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
  • ပြီးရင် Ok လို့ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး ခတ်ထားပါက Number Lock Key ကို တစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေး ပျောက်သွားအောင် လုပ်နိုင်ပါတယ်။
    အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ်ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
  • နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
  • Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက (-)key ကို နှိပ်ပေးရပါမယ်။
  • အဲဒီအချိန်မှာ နံပါတ်တွေရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။
  • နဂိုမူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt+Shift+Num Lock ကိုပြန်နှိပ်ပါ။
www.blog.myanmars.net

2 comments

  • cum min

    June 19, 2012 at 4:41 pm

    ဂွတ်……

    Reply

  • mayjuly

    June 19, 2012 at 4:51 pm

    အိုခေ အိုခေ..
    သိတော့သိတယ် အသေးစိတ်မသိတော့ လုပ်လို့မရဘူးဖြစ်နေတာ..
    ခုမှပဲ ဂဃဏန သိရတော့တယ်..
    ွှအကြီးကြီး ရှဲ ပါနော် .. 😛

    Reply

Leave a Reply

Your email address will not be published.