ပုဂ္ဂလိကပိုင် မြန်မာ့ကြယ်ငါးပွင့်သဘောင်္လုပ်ငန်း၏ ကမ်းရိုးတန်းခရီးစဉ်များ၌ လက်မှတ်ဈေးနှုန်းများ ခရီးစဉ်အလိုက်သုံးဆမှ ခြောက်ဆခန့်အထိ မြင့်တက်သွား

klnMay 13, 20101min02

ပုဂ္ဂလိကပိုင် မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်း၏ ကမ်းရိုးတန်းခရီးစဉ်များ၌ လက်မှတ်ဈေးနှုန်းများ ခရီစဉ်အလိုက်သုံးဆမှ ခြောက်ဆခန့် အထိမြင့်တက်သွားကြောင်း သာကေတရှိမြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းကမ်းရိုးတန်းလက်မှတ်အရောင်းဌာနမှ စုံစမ်းသိရှိရပါသည်။ မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းမှ ရန်ကုန်၊ ကိုကိုးကျွန်းမြိတ်နှင့်ကော့သောင်းကမ်းရိုးတန်း ခရီးစဉ်များပြေးဆွဲပေးလျက်ရှိပြီး ပုဂ္ဂလိကကုမ္ပဏီအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်လက်မှတ်ဈေးနှုန်းများ စတင်မြင့်တက်ခဲ့ကြောင်း၊ ယခုလ ၁၄ရက်နေ့၌ မြစ်ကြီး နား သဘောင်္ဖြင့်ထွက်ခွာမည့် ရန်ကုန်၊ ကိုကိုးကျွန်း၊ မြိတ်နှင့်ကော့သောင်းခရီးစဉ်တွင် မြင့်တက်သွားသည့် နှုန်းထားများဖြင့် စတင်ရောင်းချခဲ့ကြောင်းသိရသည်။ မေလ ၁၄ရက်နေ့တွင် ထွက်ခွာမည့် ခရီးစဉ်အတွက် လက်မှတ်များကို မေလ ၁၁ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး လက်မှတ်ဈေးနှုန်းများ မြင့်တက်မှုကြောင့် လက်မှတ်ရောင်းချသည့်ရက်ကို ထွက်ခွာမည့် ရက်ထက်ပိုမို စောစီးစွာ ရောင်းချခဲ့ကြောင်း အဆိုပါလက်မှတ်အရောင်းဌာနမှစုံစမ်းသိရှိရသည်။ “လက်မှတ်ဈေးတွေမြင့်သွားတော့ခရီးသည် သိပ်မရမှာစိုးလို့ သုံးရက်လောက်ကြိုရောင်းခဲ့တာပါ။ နောက်ပိုင်းမှာတော့ သဘောင်္ထွက်မဲ့ ရက်ထက်တစ်ရက်ပဲကြိုရောင်းသွားမှာပါ” ဟုလက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “အခု သဘောင်္ခတွေဈေးတက်တာကိုဘာမှမပြောချင်ပါဘူး။ တက်ထားတဲ့ဈေးနှုန်းအတိုင်းပဲဝယ်နိုင်မယ်၊ ပြီးတော့ ဝန်ဆောင်မှုကိုလည်း ပေးထားတဲ့ဈေးနဲ့ကိုက်ညီအောင် ဒီထက်နည်းနည်းပိုကောင်းအောင်တော့ ပေးစေချင်တယ်။ သဘောင်္အိပ်ခန်းအပြင် အဆင်တွေကအစပေါ့” ဟု ခရီးသည် တစ်ဦးကပြောပြသည်။ ထိုသို့ ခရီးသည်လက်မှတ်ဈေးနှုန်းများမြင့်တက်ခဲ့သည့် နည်းတူလက်ဆွဲတန်ဆာခမှာလည်း ယခင်က ၁ပေါင်လျှင် ငွေကျပ် ၅ကျပ်နှုန်းထားမှ ၂ဝ ကျပ်နှုန်းထားသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

2 comments

  • Shwemannmay

    May 13, 2010 at 6:02 am

    ပုဂ္ဂလိကကိုလွှဲပေးပြီဆိုကတည်းက ဝန်ဆောင်မှုတော့မသိဘူး ဈေးတွေကတော့ခုန်တက်မှာ အသေအချာပဲ ။

    Reply

  • susunosuki

    May 16, 2010 at 5:18 am

    ပုဂ္ဂလိကကိုလွှဲပေးပြီးတော့ နိုင်ငံခြားထွက်ရတဲ့ သဘောင်္သားတွေကို နိုင်ငံတကားနှုန်းအတိုင်ပေးမယ်ဆိုလို့ ဝမ်းသာမိတယ်
    ခုတော့ဈေးစတက်ပြီပေါ့

    Reply

Leave a Reply to Shwemannmay Cancel Reply

Your email address will not be published.