မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များ ကြိုတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရ

klnMay 13, 20101min02

မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များ ကြိုတင်ရောင်းချသွားမည်ဟု သိရသည်။ မြန်မာ့လေကြောင်းလိုင်းသည် လေယာဉ်လက်မှတ်များကို ယခင်က တစ်ပတ်ကြိုတင်ရောင်းချခဲ့ဖူးခြင်း ရှိသော်လည်း လေယာဉ်အခက်အခဲကြောင့် တစ်ရက်ကြိုတင်ရောင်းချခြင်းသာပြုလုပ်ခဲ့သည်။ လက်ရှိတွင်မူ လေယာဉ်သစ်များထပ်တိုး၍ ခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်သောကြောင့် ကြိုတင်လေယာဉ်လက်မှတ် ရောင်းချသည့် စနစ်ကိုကျင့်သုံးမည်ဖြစ်ကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူကဆိုသည်။ ကြိုတင်လက်မှတ် ရောင်းချခြင်းကိုရန်ကုန်မြို့အပြင်နယ်မြို့ကြီးများ၌ ပါရောင်းချသွားရန်ရှိပြီး ခရီးသည်စီးနင်းနိုင်မှုအပေါ် မူတည်၍ မြန်မာ့လေကြောင်းလိုင်းမှ ပြေးဆွဲရာ ခရီးစဉ်များ၏ မြို့များတွင်ပါ ကြိုတင်လက်မှတ်ရောင်းချပေးသွားရန် ရှိကြောင်းတာဝန်ရှိသူကဆိုပါသည်။ “အခုလက်မှတ်တွေကို ကြိုရောင်းမယ်။ ခရီးသည်တွေအဆင်ပြေမယ်။ လေကြောင်းလိုင်းလည်း အဆင်ပြေတယ်။ လောလောဆယ်ရန်ကုန်နဲ့ ခရီးသွားများတဲ့မြို့တွေမှာ ပဲရောင်းပေးဦးမယ်။ နောက်တော့မှ ခရီးစဉ်ပြေးဆွဲရာမြို့တွေ အကုန်လုံးမှာပါ ရောင်းသွားဖို့ရှိတယ်” ဟု ၎င်းကရှင်းပြခဲ့ကြောင်း သိရသည်။

2 comments

  • banban

    May 13, 2010 at 6:09 am

    လေယာဉ်အသစ်တွေထပ်တိုးပီး ပြေးဆွဲမှာဆိုတော့…လေယာဉ်ခတွေကရော အရင်အတိုင်းပဲလား…. ထပ်တိုးဖို့ရှိသေးလား…

    Reply

  • susunosuki

    May 16, 2010 at 5:24 am

    တိုးတက်လာတာတွေ
    ဝမ်းသာရတယ်
    ဗီဇာတွေလဲ ချက်ချင်းထုတ်ပေးတယ်

    Reply

Leave a Reply

Your email address will not be published.