ကျွန်တော်ဖတ်မိသော အတွေးစများ(၃)

SonnyAugust 29, 20111min04

ရဝေနွယ်(အင်းမ) ရေး တဲ့ ( ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ) စာအုပ်ထဲကပါ၊  ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ ။  လိုရင်းကတော့    “သူခိုးနဲ့ဝိပဿနာ၊ ဝိပဿနာနဲသူခိုး” ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ထင်စရာရှိပါတယ်။ “ငါသူခိ်ုးပဲ   ငါသူခိုး ပဲ” ဆို  ပြီး ကိုယ့်ကိုယ်ကိုစိတ်ဓာတ် တွေကျနေစရာ မလိုပါဘူး၊ သူခိုးဝိပဿနာ တရားအားထုတ်ရင် တရားထူးနိုင်သေးတယ် လို့ ဆိုထားပါတယ်၊

ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း

ငါးသူခိုး  ဝါးသူခိုး၊ အချိန်သူခိုး  ပန်းတိမ်သူခိုး၊ ငွေသူခိုး  ရွှေသူခိုး၊ လင်သူခိုး  အကြင်သူခိုး၊ အတွေးသူခိုး အရေးသူခိုး၊ မြေသူခိုး  ရေသူခိုး၊ လူသူခိုး မူသူခိုး၊  အာဏာသူခိုး  သာယာသူခိုး၊ ပစ္စည်းသူခိုး  ချစ်တီးသူခိုး၊ အနိုင်ကျင့်သူခိုး  ပိုင်ဆိုင်ခွင့် သူခိုး ၊ အလေးသူခိုး  ဆေးသူခိုး၊ ဖောက်ထွင်းသူခိုး  စောက်ပျင်းသူခိုး (sorry for the offensive language) သူခိုးကြီး  သူခိုးငယ် များ အားတက်စရာပါ။  ဆက်မခိုးပဲ  ဝိပဿနာ တရားအားထုတ်ရင်  တရားထူးရ နိုင်သေးတယ် တရားမရတောင်  ခဏတော့စိတ်ကောင်း  မွေးမြူနိုင် သေးတာပေါ့ နော…

ဆရာတော် ရဝေနွယ် (အင်းမ) အား ဦးခိုက်လျှက်။

 

 

4 comments

  • Kaung Tal Kewl

    August 30, 2011 at 7:20 pm

    ်ု့စိတ်ခံစားမှုသူခိုးတွေလည်းရှိသေးတယ်။

    Reply

  • TTNU

    August 30, 2011 at 9:03 pm

    သူခိုး ဖြစ်ခဲ့ပေမဲ့ ဝိပဿနာ အချိန်မီ ကျင့်ကြံ အားထုတ်နိုင်မယ်ဆိုရင် အကျိုးထူးရ စေတယ် ဆိုတဲ့ အသိစိတ် ကို ပေးဝေငှ နိုင်တာ အလွန် အကျိုးရှိတဲ့ စာစုလေး ဖြစ်ပါပေတယ်။
    အကောင်းဆုံးမဖြစ်ခဲ့ပေမဲ့ ကောင်းအောင် ကြိုးစားကျင့်ကြံ နိုင်ဖို့ သတ္တိ လူတိုင်းမှာလိုအပ်တာ အမှန်ပါပဲ။
    ဝိပဿနာ ဆိုတာ တကယ်ပြောမယ်ဆိုရင် တော့လဲလွယ်မယောင်နဲ့ အတော် ခက်တဲ့ အားထုတ်မှုတစ်ရပ်ပါ။
    သူခိုးဖြစ်စေ ၊သူကြွယ်ဖြစ်စေ၊ စရဏ အား များများ ထည့် နိုင်ဖို့ သဒ္ဓါ အရင်းခံ ကြရမှာ မဟုတ်ပါလားကွယ်။

    Reply

Leave a Reply to မီးမီး သော် Cancel Reply

Your email address will not be published.