မင်းအတွက် ငါ

Nan ShinAugust 29, 20111min09

လည်ပတ်တယ်

ငါ့ရဲ ့နှလုံးသားတွေ

ဝိုင်ယာတွေထဲမှာရော လေထုထဲမှာပါ

မင်းကိုလွမ်းရင်းလည်ပတ်နေတယ်………….။


ရက်ရောတယ်

ငါ့ရဲ ့နားလည်မှုတွေ

Network ထဲမှာရော ရပ်ကွက်ထဲမှာပါ

မင်းကိုခွင့်လွှတ်ရင်း ရက်ရောနေတယ်…………..။

ပေးပစ်လိုက်တယ်

ငါ့ရဲ ့အကြင်နာတရားတွေ

နီးနီးလေးမှာရော ဝေးဝေးကြီးမှာပါ

မင်းကိုယုယရင်း ပေးပစ်လိုက်တယ်…………………။

ရယူလိုက်တယ်

မင်းရဲ ့ရက်စက်မှုတွေ

ခပ်ကြမ်းကြမ်းရော ခပ်နုနုပါ

မင်းကို ငဲ့ကွက်ရင်း ရယူလိုက်တယ်…………….။

ခွင့်လွှတ်တယ်

မင်းရဲ ့အမှားတွေ

ကြီးကြီးမားမားတွေရေား သေးသေးမွှားတွေကိုပါ

မင်းကို မေတ္တာတရားတွေ ပေးရင်း ခွင့်လွှတ်လိုက်တယ်………..။

ချစ်ပစ်လိုက်တယ်

မင်းရဲ ့ခန္ဓငါးပါးလုံးမှာ

ဆံဖျားလေးတွေရော ခြေသည်းလေးတွေကိုပါ

မင်းကို အသက်စွန် ့ပြီးတော့ကိုချစ်ပြစ်လိုက်တယ်…………..။

တောင်းပန်တယ်

လုံးဝပစ်မသွားဖို ့

ယခုဘဝမှာရော နောက်ဘဝမှာပါ

မင်းကို ဒူးထောက်ရင်း တောင်းပန်တယ်………….။

ရေးသားသူ။   ။နန်းရှင်

9 comments

  • မီးမီး သော်

    August 29, 2011 at 11:45 pm

    ပစ်မသွားပါဘူးတဲ့ နန်းရှင်ရေ။ဟိ ဟိ ကိုယ့်ရည်းစားကိုသေချာပြောပြပေါ့။

    Reply

  • koyinmaung

    August 29, 2011 at 11:57 pm

    ခုဘဝတင်မဟုတ်ဘူး
    နောက်ဘဝထိမိုက်အုံးမယ်လို့
    ပြောတာထင်တယ်
    မိုက်ပကွာ နန်းရှင်ရယ်။။

    Reply

  • Shwe Ei

    August 30, 2011 at 12:49 pm

    အော် နန်းရှင်ဘဝက ခံဘက်ကချည်းဘာလား။ ကျွတ်ကျွတ် သနားစရာ။

    Reply

  • etone

    August 30, 2011 at 1:50 pm

    ဖတ်ရင်း ဇဝေဇဝါဖြစ်မိတယ် … နန်းရှင်က ယောကျာ်းလား မိန်းမလား ။ 🙄
    ဟိုတနေ့က ငွေမက်ပို့စ်ကတော့ ယောကျာ်းပါ … အခုတော့လည်း .. မိန်းမလိုလို … ခြေသည်းလက်သည်းလည်း ဆိုရော.. ယောကျာ်းပြန်ဖြစ်သွားရော .. ဟွန့် နားလည်ရခက်တယ် … :mrgreen:

    Reply

  • zawmaung

    August 30, 2011 at 2:15 pm

    Think as dual.

    Reply

  • cobra

    August 30, 2011 at 3:50 pm

    ပွဲကတစ်ဖက်သတ်ချည်းဖြစ်နေတယ်
    ကြည့်မကောင်းဘူး။

    Reply

  • nature

    August 30, 2011 at 7:31 pm

    ဒူးထောက်တောင်းပန်ရင်းပြောလိုက်တယ်… ကျွန်တော်မျိုးကြီးသေသင့်ပါတယ်လို့။.. 🙂

    Reply

  • ကြောင်ကြီး

    August 31, 2011 at 8:48 am

    ထောက်ဘူးကွ ဒူး
    ပုတ်ဘူးကွ ပေါင်
    ငြိမ်ဘူးကွ xx
    လှန်ဘူးကွ ဖင်
    ကုန်းဘူးကွ ခါး
    နာဘူးကွ ဗိုက်
    မှောက်ဘူးကွ ရင်
    ခင်းဘူးကွ ကျော
    မြှောက်ဘူးကွ လက်
    ထမ်းဘူးကွ ပုခုံး
    ငုံ့ဘူးကွ ဇက်
    ရှုဘူးကွ နှာခေါင်း
    တိုက်ဘူးကွ သွား
    ဖွင့်ဘူးကွ ပါးစပ်
    နမ်းဘူးကွ ပါး
    ထောင်ဘူးကွနား
    ဖွင့်ဘူးကွ မျက်စိ
    ခံဘူးကွ ခေါင်း
    ညှပ်ဘူးကွ ဆံပင်…။

    Reply

Leave a Reply

Your email address will not be published.