ရယ်မောဖွယ် ဟာသလေးများ

Mobile HouseAugust 25, 201114min03

ဟုတ်သားပဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

“သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ ” လို့ မေးလိုက်တယ်။ ကျွန်တော်က

” လေမထွက်အောင်လို့ပေါ့ကွာ ” လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

” ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး ” တဲ့။

 

သူ့အဖြေ

ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။

တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။

ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။

တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။

 

 

ကာတွန်းကြည့်ရင်း










တစ်ကျွန်းပိုင် ဘုရင်ကွနော်

 

ငါနော် …. သေချင်တယ်

ဆင်းရဲလွန်းလို့ သေချင်တယ်။ သေတာပဲကောင်းတယ်။ အခုပဲ ကြိုးချသေတော့မယ် ….

 

 

ငါလာကယ်မယ်ကွ

ဟာ လူတစ်ယောက် ရေနစ်နေပါလား။ လက်မှာ ဘာပါလိမ့်။ နာရီ အကောင်းစားပဲ ….။ ငါလာကယ်မယ်ကွ။

3 comments

  • မီးမီး သော်

    August 25, 2011 at 1:08 pm

    ရေနစ်နေပါတယ် ဆိုမှနော် လက်က နာရီကို မြင်နိုင်အောင်မြင်သေးတယ်။၅၀ဝတန်နာရီလောက်ဘဲဝယ်ပတ်တော့မယ်။ဟိဟိ။အနက်ရောင်မင်းသားလေး ကတော့ ရတတ်ပါပေတယ်။ကျေးဇူး. နော် xie xie

    Reply

  • pan pan

    August 25, 2011 at 1:51 pm

    နားမလည်တော့ဘူး
    စာတွေက တဝက်တပျက်တွေဖြစ်နေသလားလို့ 🙄

    Reply

  • blackprince72

    August 25, 2011 at 3:57 pm

    sorry ပါ ။ကွန်နက်ရှင်ကျ သွား လို့ ပါ ။

    Reply

Leave a Reply to မီးမီး သော် Cancel Reply

Your email address will not be published.