ရယ်မောပျော်ရွှင်စေလိုချင်ငှာ

Mobile HouseAugust 25, 20116min06

ကြီးလေ ကြိုက်လေ

အလွန်ချမ်းသာသော အသက် ၆၅ နှစ်ခန့်အရွယ်ရှိ သူဌေးကြီးတစ်ဦးသည် အသက် ၂ဝ နှစ်ခန့် ရှိသော မိန်းကလေး တစ်ဦးကို ချစ်ရေးဆိုရန်အတွက် သူငယ်ချင်းဖြစ်သူနှင့် တိုင်ပင်လေသည်။

သူဌေးကြီး – ငါ ဒီမိန်းကလေးကို လိုချင်တယ်ကွာ … ဘယ်လိုပြောရရင် ကောင်းမလဲ … ငါ့အသက်ကို ၄၅ နှစ်လို့ လျှော့ပြောရင် အဆင်ပြေ နိုင်ပါ့မလား။

သူငယ်ချင်း – မင့်အသက်ကို ၉ဝ လိုပြောရင် ပိုပြီး အဆင်ပြေမယ်ကွ …….။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြပါသည်)

နောက်ဆုံးဆန္ဒ

အသည်းအသန် ဖြစ်နေသော လူမမာ တစ်ဦးအား ဆရာဝန်တစ်ဦး ကုသနေစဉ် လူနာ၏ အခြေအနေသည် သိပ်မကောင်း၍ ဆရာဝန်သည် လူနာအား အမှန်အတိုင်း ဖွင့်ပြောရန် ဆုံးဖြတ်ပြီး

ဆရာဝန် – ခင်ဗျား ဘယ်သူနဲ့ တွေ့ချင်လဲ ပြောပါ … .။

လူမမာနား ကပ်၍ နားထောင်သော အခါ လူမမာထံမှ “ ဟုတ်ကဲ့ ဆရာ ” ဟူသော အသံတိုးတိုးကို ကြားရလေသည်။

ဆရာဝန် – ဘယ်သူလဲ ပြောလေ။

လူမမာက အနည်းငယ် ပို၍ ကျယ်သော အသံဖြင့် “ တစ်ခြား ဆရာဝန် ” ဟု ပြောလိုက်လေသည်။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

ဒါလားဟဲ့ ကောင်းကင်ဘုံ

တခါက နှစ်ပေါင်း ၅ဝ ကြာ ပေါင်းသင်းခဲ့ကြသော လင်မယား နှစ်ယောက် အနက် ယောကျာင်္း သေဆုံးသွားလေသည်။ ဇနီးဖြစ်သူသည် ပရလောကနှင့် လူဝင်စားခြင်းကို ယုံကြည်သူ ဖြစ်သည်။
ထို့ကြောင့် တမလွန်မှ သူ့ယောကျာင်္းနှင့် အဆက်အသွယ် ရရန် အမြဲတစေ ကြိုးပမ်းသည်။ တစ်ညတွင် သူ့ယောကျာင်္း အသံကို ထူးဆန်းစွာ ကြားရသည်။

မိန်းမ – ရှင်အဲဒီမှာ ဘယ်လိုနေလဲ ။

ယောကျာင်္း – တကယ်ပဲကွာ ….. ပြောရရင် ယုံမှာ မဟုတ်ဘူး။ လှလိုက်တဲ့ ကောင်းကင်၊ ရေကလဲ ပြာလဲ့ ကြည်နေတာပဲ။ မျက်လုံးညိုကြီးတွေနဲ့ အရမ်းချစ်စရာ ကောင်းတဲ့ သတ္တဝါတွေလဲ အပြည့်ပဲ။

မိန်းမ – ကောင်းကင်ဘုံဆိုတာ ရှင်ပြောသလို တစ်ခါမှ မကြားဖူးဘူး။

ယောကျာင်္း – ကောင်းကင်ဘုံ ဟုတ်လား မင်းကို ဘယ်သူက ကောင်းကင်ဘုံ အကြောင်း ပြောနေလို့လဲ။

မိန်းမ – ရှင် ခုနက ပြောနေတာတွေက ကောင်းကင်ဘုံ အကြောင်း မဟုတ်ဘူးလား။

ယောကျာင်္း – ငါက နွားဖြစ်နေတာဟ။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူကို ဖော်ပြပါသည်)

သားနဲ့ အမေ

သား – သား စာမသင်ချင်တော့ဘူး အမေ …. ။
အမေ – ဘုရားရေ ….. ဘာဖြစ်ရ ပြန်တာလဲ …။
သား – အီတလီမှာ အရမ်းသိ၊ အရမ်းတတ်ရင် အသတ်ခံရတယ်လို့ ညက သတင်းမှာ ကြားလိုက်ရလို့လေ …။

(စာရေးဆရာတင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

ဟား ဟား ဟီး ဟီး

ရယ်သောသူသည် အသက်ရှည်၏ လို့ ဖတ်ဖူးတာပဲ။ ဟုတ်လားမဟုတ်လား ရယ်ပြီး အသက်ရှည်နေတဲ့ လူတွေရှိရင် မေးကြည့်ပေါ့။ ဟီး…..ဟီး…။ အောက်က ကာတွန်းတွေ ဖတ်ပြီး မရယ်နဲ့နော်………။ ရယ်နေရင် အသက်ရှည်နေအုံးမယ်။


ရယ်မောပျော်ရွှင်စေလိုချင်ငှာ

နောက်တစ်နေ့ ရုံးပိတ်ရက် စနေနေ့ဆိုတော့ ညက ၂းဝဝ ထိုးတဲ့အထိ အင်တာနက် ကြည့်ဖြစ်ပါတယ်။ မိမိဘလော့ဂ်ကို ကြည့်ရှုသည့် မိတ်ဆွေများ အသိပညာ ဗဟုသုတအပြင် ပျော်ရွှင် ရယ်မောနိုင်ရန် အတွက် ရယ်မော စရာလေးများ ရှာအုံးမည်ဟု စိတ်ကူးဖြင့် ရှာဖွေခဲ့တာပါ။ ဘလော့ဂ်ကြည့် မိတ်ဆွေများ ပျော်ရွှင်ရယ်မော နိုင်စေရန် အတွက် ဓါတ်ပုံ၊ ကာတွန်း၊ animation များ ရှာဖွေဖော်ပြ လိုက်ပါတယ်။ မိမိရှာဖွေ ဖော်ပြထားသော ပြကွက်များသည် ဘလော့ကြည့် မိတ်ဆွေများ ရယ်မောမည် ဆိုပါက ရှာဖွေ ဖော်ပြရကျိုး နပ်မည်ဖြစ်ပါကြောင်း….။

6 comments

  • moethidasoe

    August 25, 2011 at 12:29 pm

    အီတလီမှာ အရမ်းသိ တတ် ရုံနဲ့ သေတာ
    ဒီမှာ အရမ်း (ရှေ့နောက်မကြည့်) ပြောမိတာနဲ့ ???
    ဒါပေမယ့်လဲ သိချင် ရယ်ချင်လို့ ဝင်ဖတ်သွားပါတယ်

    မှတ်ချက် ။ ။ မျက်လုံးညိုတွေတော့ မတွေ့ပါဘူး

    Reply

  • manawphyulay

    August 25, 2011 at 12:36 pm

    အောက်က ကာတွန်းတွေကိုတော့ မမြင်ရသေးတာ ကွန်နက်ရှင်ကြောင့်လား…. မပါလာတာလား မပြောတတ်ဘူးနော်… တချို့ဟာသတွေက မရယ်ရဘူး။ ဘာလို့လဲဆိုတော့ အကြောင်းအရာ စုံလင်အောင်မပါဘူးလေ….

    Reply

  • မီးမီး သော်

    August 25, 2011 at 1:14 pm

    ဟုတ်ပါတယ် ။ကွန်နက်ရှင်ကြောင့်များလား မသိပါဘူး။ပုံတွေက ပေါ်မလာသေးဘူး။ရီစရာလေးတွေအတွက် ကျေးဇူးပါ။ဟာသ လေးတွေပေမယ့် နွားဘဝရောက်ရတဲ့အဖြစ်၊ဆရာဝန်တွေချွတ်ချော်ကြပုံတွေကိုပီပြင်အောင်ထောက်ပြနို်င်ပါတယ်—-

    Reply

  • pooch

    August 25, 2011 at 1:32 pm

    ဘာပုံမှ မတွေ့ ဘူး .. connection ကြောင့်ဖြစ်မယ်ထင်တယ်…

    Reply

  • pan pan

    August 25, 2011 at 1:38 pm

    “ဟား ဟား ဟီး ဟီး” ပြီးတော့
    “ရယ်မောပျော်ရွှင်စေလိုချင်ငှာ” ဆိုတော့ ရယ်ရတော့မယ်မှတ်တာ ဘာမှလည်း ထပ်မတွေ့တော့ဘူး

    Reply

  • blackprince72

    August 25, 2011 at 3:56 pm

    sorry ပါ ။ကွန်နက်ရှင်ကျ သွား လို့ ပါ ။

    Reply

Leave a Reply

Your email address will not be published.