မြန်မာနိုင်ငံတွင်လည်း ယူရိုငွေတန်ဖိုးကျ

klnMay 12, 20101min03

ဂရိနိုင်ငံ၏ ကြွေးမြီပြဿနာကြောင့် ဥရောပတိုက်သုံး ယူရိုငွေတန်ဖိုးကျဆင်းနေရာ အဆိုပါဂယက်ကြောင့် မြန်မာနိုင်ငံတွင်လည်း ယူရိုငွေနှင့် မြန်မာငွေလဲလှယ်သည့်ဈေးကွက်တွင် ရောင်းမရ ဝယ်မရဖြစ်နေပြီး နေ့စဉ်ဈေးကျလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ငွေလဲလှယ်သည့်ဈေးကွက်မှသိရသည်။ ဥရောပသွားမယ့်လူတွေက အခုလိုယူရိုငွေဈေးကျနေတဲ့အချိန်မှာ ဝယ်ချင်ကြတယ်။ ဒါပေမဲ့ ယူရိုငွေကိုင်ထားတဲ့လူတွေကလည်း တတ်နိုင်သူကမျာတော့မရောင်းကြဘူး။ ဒါကြောင့် ဝယ်မရ၊ ရောင်းမရ ဖြစ်နေတယ်”ဟု ရန်ကုန်မြို့တွင်း အခြေစိုက်ငွေလဲလှယ်သူတစ်ဦးကပြောသည်။ ထို့ကြောင့် ယခုအခါ ယူရိုငွေကြေးလဲလှယ်သည့် ဈေးကွက်တွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပတ်ကျော်မှစ၍ ယူရိုငွေဈေးမှာ တစ်ယူရိုလျှင် ၁၃၀ဝကျပ် ကျော်ကျော်ရှိခဲ့သော်လည်း နေ့စဉ် ၂၀၊ ၃၀၊ ကျပ်မျှ ဈေးကျနေပြီး စနေနေ့ပေါက်ဈေးမှာ တစ်ယူရိုလျှင် ၁၂၀ဝ ကျပ်သာ ရှိနေကာ ဝယ်ရောင်းများမှာ နေ့စဉ်အရှုံးပေါ်နေကြောင်းသိရသည်။ မြန်မာစီးပွားရေးလုပ်ငန်းများတွင် ယူရိုငွေဖြင့် ရောင်းဝယ်ရသော လုပ်ငန်းများနည်းပါးပြီး ယူရိုငွေကိုင်ဆောင်ထားသူများမှာလည်း လူနည်းစုနှင့် ချမ်းသာသူများသာဖြစ်သဖြင့် ယခုကဲ့သို့ ယူရိုငွေတန်ဖိုးကျဆင်းနေရခြင်းများမှာ မြန်မာ့စီးပွားရေးလုပ်ငန်းအား များစွာထိခိုက်မှု မရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ကြသည်။ မြန်မာနိုင်ငံမှ ယူရိုငွေအများစုရရှိသော လုပ်ငန်းမှာ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းနှင့် ခရီးသွားလုပ်ငန်းများမှဖြစ်သည်။

3 comments

  • susunosuki

    May 12, 2010 at 5:35 am

    တို့နိုင်ငံကငွေကြေး မာနေတော့ သွင်းကုန် ဝယ်ရတာ အဆင်ပြေတာပေါ့

    Reply

  • Shwemannmay

    May 12, 2010 at 7:28 am

    အဲဒါလူချမ်းသာဒုက္ခပဲ သိပလားချမ်းသာချင်ကြဦး 😀

    Reply

  • intro

    May 12, 2010 at 7:54 am

    တို့ကတော့ ဘာယူရိုမှ မကိုင်တော့ နိုးပရော်ဘလန်… ဟီးဟီး

    Reply

Leave a Reply

Your email address will not be published.