နာမည်ရ ပန်းချီဆရာများ၏ပန်းချီကားများ ပုံတူကူးရောင်းချမှုများပေါ်ပေါက်

klnMay 12, 20101min01

ပြည်တွင်းရှိ နာမည်ရှိဈေးကွက်ရ ပန်းချီဆရာများ၏ ပန်းချီကားများကို ပုံတူကူးချ၍ ရောင်းချမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့၏ အဓိကပန်းချီဈေးကွက်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ဈေးရှိ ပန်းချီအရောင်းဆိုင်တစ်ချို့တွင် ၎င်းတို့၏ ပန်းချီလက်ရာများကို ပုံတူကူးချထားသော ပန်းချီကား ရောင်းချမှုများ တွေ့ရှိရသည့်အတွက် နာမည်ရပန်းချီဆရာအချိုမှ မြန်မာ့ပန်းဆယ်မျိုးမူပိုင်ခွင့် ထိန်းသိမ်းရေး ကော်မတီသို့ တိုင်ကြားမှုများရှိခဲ့ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့တိုင်ကြားရာတွင် စာဖြင့်ရေးသားပေးပို့သည့် တိုင်စာတစ်စောင်ရရှိခဲ့ပြီး၊ ပန်းချီဆရာ (၇)ဦးခန့်မှ ကိုယ်တိုင်နှုတ်ဖြင့် တိုင်ကြားမှုရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါ ပုံတူကူးချ ရေးဆွဲခြင်းများသည် ဈေးကွက်ရပြီးသား ပန်းချီကားများကို အဓိကပြုလုပ်မှုများကြောင့် သိရပြီး၊ ရေးဆွဲသူ၏ လက်မှတ်တစ်ခုသာ ပြောင်းလဲထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ပန်းဆယ်မျိုး မူပိုင်ခွင့်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီးနောက် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ထိုကဲ့သို့သော က်ိစ္စများမှာ တစ်နှစ်လျှင် လေးငါးခုခန့်ရှိခဲ့သည်။

One comment

  • susunosuki

    May 12, 2010 at 5:43 am

    တို့ဆီမှာ ကူးစရာရှားလို့ ပန်းချီကားကိုတောင်ကူးသူတွေပေါ်ပေါက်နေတာ
    မကောင်းဘူး
    သက်ဆိုင်ရာ အနေနဲ့ ထိထိရောက်ရောက်အရေးယူသင့်တယ်

    Reply

Leave a Reply

Your email address will not be published.