အရွဲ့တိုက်

သူရႆဝါMay 11, 20101min01

“အရွဲ့တိုက်”

ခင်ဗျားတို့ရဲ့မျက်လုံးတွေဟာ

ကျွန်တော့်ဆီက ယူတပ်ထားတာမဟုတ်ဘူးဆိုတော့

ကျွန်တော်မြင်နေရတာဘာလဲဆိုတာကို

ခင်ဗျားတို့သိကြမှာမဟုတ်ဘူး

ကျွန်တော့်ရှေ့တည့်တည့်မှာ မြူခိုးတံတိုင်း

အဲဒီထက် ခင်ဗျားတို့ပိုရိုင်းတယ်

ကျွန်တော်က တစ်နေ့ရွှေတစ်နေ့ငွေဆိုရင်

ကျွန်တော့်ကို ရွှေမရှားငွေမရှားလို့သတ်မှတ်ပါ

ခင်ဗျားတို့ဝတ်ဆင်ထားတဲ့ ဝတ်လစ်စလစ်စကားများ

အထပ်ထပ်ချွတ်ချလိုက်

ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်မသွားရင်

နောက်လူတစ်သိုက် စိုက်စိုက်ရိုက်မယ်

ဝါးအစည်းကိုဖြေချလိုက်တဲ့ခင်ဗျားတို့ပါးစပ်နဲ့

ကျွန်တော့်ကို စည်းလုံးညီညာအောင်ကြောင်းဖြာလို့မပြောပါနဲ့

တိတ်တိတ်လေးနေမယ်

ကျွန်တော်ရှက်တတ်တယ်

ပတ်ပတ်လည်မှာ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ပြန်ချိန်ထားတဲ့သေနတ်တွေ . . . . . . ။

သူရဿဝါ

မေ ၁၁ ရက် ၊ ၂၀၁ဝ ခုနှစ်

One comment

  • susunosuki

    May 11, 2010 at 3:14 pm

    တစ်ခုခုကိုပြောချင်နေတယ်လို့ထင်တယ်
    ကဗျာတစ်ခုလို`ကဗျာ ဆရာကကဗျာဆရာလိုပဲတွေးတယ်´

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.